အရင်းစစ်တော့ အမြစ်ဘယ်ကလာ...
တလောက
လန်ဒန်မြို့ ဆန္ဒပြပွဲကမြင်ကွင်းတခုပေါ့..။ အကြမ်းဖက်သမားတွေအတွက်
လူ့အခွင့်အရေးဆိုတာ မလိုအပ်ဘူးလို့ ဆိုမလား လူ့အခွင့်အရေးနဲ့ မထိုက်တန်ဘူး
မအပ်စပ်ဘူး ဆိုလေမလား..။
ဓာတ်ပုံနဲ့ ပြောချင်တာ စပ်ဆက်ချင်မှ စပ်ဆက်ပါမယ်။
ရခိုင်မှာ ဘင်္ဂလီ အကြမ်းဖက်မှုတွေ ဖြစ်တော့.. သမ္မတကြီးရဲ့
ကျုံးသွင်းပစ်မယ်၊ လှေနဲ့ပို့မယ်၊ ကြိုက်တဲ့သူ လာခေါ် ဆင်ဖမ်းမယ်
မြင်းဖမ်းမယ် ဇလီဖာတုံး သွားကြားထိုးမယ်ဆိုတဲ့ ကတိနှုတ်ထွက် စကားတခုကို
ကြားလိုက်မိပါတယ်..။ ဒီစကားနှုတ်ထွက် စကားတွေကို အတိအကျ အကောင်အထည်ဖော်ဖို့
မြန်မာပြည်က အထင်ကရ ဆရာတော်တဦးက သမ္မတနဲ့ တွေ့ခွင့်ရချိန်မှာ တင်ပြတော့
ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးတို့ ဘာတို့ စကားတွေ
ဖြစ်ကုန်ပါသတဲ့....။ နောက်ဆုံး ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်ရိုး
ထုံးစံမရှိ.. မင်းမှာသစ္စာ လူမှာကတိဆိုတဲ့ စကားကို နင်းပြောတော့..
ကျွန်တော်တို့ ဆော်ဒီအာရေဗျကိုလည်း ကြည့်ရသေးတယ်ဗျ ဆိုပြီး
အဖျားရှူးသွားပြီး ရယ်ကျဲကျဲ လုပ်နေလေရဲ့၊ ထိုစဉ်က သမ္မတနဲ့အတူ သူရရွှေမန်းပါ
ရှိနေတာပါတဲ့..။ (မီဒီယာများ မေးမြန်းစုံစမ်းနိုင်သည်)
အဆိုပါ
တွေ့ဆုံပွဲအကြောင်း ထိုစဉ်က တွေ့ခွင့်ရတဲ့ ပါဝင်ခဲ့သူ ကိုယ်တိုင်
ပြောပြလို့ သိခဲ့ရတာပါ...။ ၂၀၀၈ အခြေခံဥပဒေကို ပြည်သူတွေ တခဲနက်
ထောက်ခံပါတယ် ဆိုပြီး ရောက်တဲ့နေရာမှာ ပြောဆိုနေသူများက မှန်ကန်တဲ့
ပြည်တွင်းအားကို အယုံအကြည် မရှိလေတော့ ပြည်ပရန်ကို ကြောက်ရွံ့နေတာ
ဆန်းတော့ မဆန်းပါဘူး။ အမှန်တကယ် ပြည်သူထောက်ခံမှု ရခဲ့တာမှ မဟုတ်တာလေ။
လွှတ်တော်ထဲရောက် ကြံဖွံ့ ဘင်္ဂလီ အမတ်(၃)ဦးဆိုတာလည်း၂၀၁၀ ရွေးကောက်ပွဲ
မကျင်းပ ခင်ကတည်းက နိုင်ငံသားမဟုတ်ကြောင်း တိုင်စာတွေ ရောက်ရှိနေပေမယ့်လည်း
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ကိုယ်တိုင် ခွင့်ပြုထားတဲ့အတွက်
ဘယ်သူမှ မစုံစမ်းရဲဘူးဆိုပဲ..။
အရင်းစစ်တော့ အမြစ်ကဆိုသလို ယနေ့
ဘင်္ဂလီပဋိပက္ခ ပြဿနာတွေမှာ အာဏာရှိသူ တရားဝင် အစိုးရဆိုသူတွေကို
အရင်မေးခွန်းထုတ်ကြပါ..။ မဲရဖို့ အာဏာရဖို့ တခုတည်းအတွက် တရားမဝင်
နေထိုင်သူတွေကို ဘယ်သူတွေ တရားဝင်ဖြစ်အောင် လုပ်ခဲ့တယ်ဆိုတာ
အားလုံးသိကြပါတယ်..။ နှစ်ပေါင်းများစွ အမြစ်တွယ်နေတဲ့ ကင်ဆာရောဂါကို
သွေးပုပ်ချဆေးနဲ့ ကုသနေတဲ့ ယခင်နဲ့ ယခု လက်ရှိ အစိုးရကို ဘင်္ဂလီကိစ္စကို
ဖြေရှင်းခိုင်းရင် အရင်းစစ်တော့ အမြစ်ကဘယ်က ဆိုတာ အဖြေပေါ်လာမှာပါ..။
နယ်စပ်တလျှောက် ခိုင်ခံတဲ့ စည်းရိုးတွေကာ လုံခြုံရေးတွေ နေ့ညမပြတ်
စောင့်ကြည့်နိုင်ဖို့ မဆော်သြကြတော့ဘူးလား၊ ဘင်္ဂလီခိုးမဝင်အောင် တင်းကြပ်တဲ့
ဥပဒေတွေနဲ့ တားဆီးကာကွယ်ရမှာ ဖြစ်သလို၊ လာဘ်စားတဲ့ ဋ္ဌာနဆိုင်ရာ
အရာရှိတွေကို အရေးယူရမှာပါ၊ တလောက ဘင်္ဂလီတွေကို သင်္ဃန်းဝတ်နဲ့ ခိုးသွင်းလာတဲ့
ဘုန်းကြီးထက်စာရင် ပိုပြီး အန္တာရယ် ကြီးမားလှတဲ့ လွှတ်တော်ထဲရောက်အောင်
တရားဝင် သွင်းယူလာတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုရော ဖြေရှင်းခိုင်းဖို့
မလိုအပ်ပေဘူးလား...။ မွေးဖွားမှုနှုန်းကို ကန့်သတ်မှု ဆိုတာနဲ့အတူ
နယ်စပ်စည်းရိုးတွေကို လုံခြုံအောင် ကာရံဖို့နဲ့ အကျင့်ပျက်ဝန်ထမ်းတွေကို
မှတ်လောက်အောင် ပညာပေးဖို့ မလိုအပ်ပေဘူးလား။ ဥပဒေတွေကို တိကျစွာ
ဆောင်ရွက်ဖို့ အရေးမကြီးပေဘူးလား..။
ရင်ဝမှာ လှံဆူးနေသူတဦးကို
လှံနှုတ်ပြီး ဆေးကုသဖို့ မကြိုးစားပဲ လှံသွားကို လုပ်တာ ဘယ်ပန်းတိမ်ဆရာလည်း
လှံတံကို လုပ်တာ ဘယ်လက်သမားလည်းဆိုပြီး စုံစမ်းနေသလို အပ်စပ်မှု
မရှိလှပါ..။ တကယ်တော့ လှံဆူးအောင် ပစ်ခတ်သူနဲ့ လှံတံကို
ပြုလုပ်ပေးသူဘယ်သူဆို အဖြေက ပေါ်နေပြီးသားပါ...။ မျက်မြင်သက်သေက မြင်တာကို
ပြောတော့ တရားခံ အဖြစ်လွှဲချဖို့ ကြိုးစားနေတာ ယနေ့မြင်ကွင်းတွေပါပဲ...။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ မေးခွန်းထုတ်တတ်ကြတဲ့ မီဒီယာတွေ
အနေနဲ့လည်း နှစ်ဘက်မျှမျှတတ ဖြစ်ရအောင် လွှတ်တော်ထဲရောက် ဘင်္ဂလီ(၃)ဦးနဲ့
၂၀၁၀ရွေးကောက်ပွဲမှာ အဖြူရောင်ကဒ်ပြားတွေ ထုတ်ပေးခဲ့မှု အပေါ်မှာလည်း
တာဝန်ရှိတဲ့ နိုင်ငံတော် သမ္မတကြီးနဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ
ဦးတင်အေးတို့ရဲ့ အဖြေကိုလည်း အများပြည်သူ သိရှိနိုင်စေရန် မီဒီယာများမှ
မေးမြန်းသင့်ပါကြောင်း..
ဒီမိုဝေယံ

ဒီ post ကို ရေးတဲ့ ခင်ဗျားကိုယ်တိုင်ကရာ နိုင်ငံနဲ့လူမျိုးကို တကယ်ချစ်ရဲ့လားလို့ မေးချင်ပါတယ် မြန်မာစိတ်ဓာတ်ပီပီ သူများလုပ်သမျှ အပြစ်ပြော တက်လာသမျှအစိုးရကို ရှိသမျှအပြစ်ပုံချ ကြမ်းပိုးကို လိပ်ဖြစ်အောင်ဖန်တီးပြီးလေသံလွှင့်တယ် ကိုယ့်လူမျိုးအချင်းချင်း သွေးစည်းဖို့ကျ စိတ်မကူးဖူး ဗိုလ်ချုပ်အောင်ဆန်းသေတာ နိုင်ငံခြားသားသတ်လို့ သေတာမဟုတ်ဘူး အသားထဲကလောက်ထွက်ပြီး အာဏာရူးတဲ့ ကိုယ့်လူမျိုးအချင်းချင်းကြောင့်သေခဲ့ရတာ
ReplyDelete