သမိုင်းရိုင်းခဲ့ရတဲ့ ဒီဇူလိုင်လ
ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
ဇူလိုင်တစ်ဆယ့်ကိုး
ဆယ့်ကိုးဇူလိုင် မမေ့နိုင်မို့
မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရ
ဒီဇူလိုင်လပေါ့..
အာဇာနည်ခေါင်းဆောင်တွေက
တနိုင်ငံလုံးရဲ့ကောင်းစားရေး
အသက်ပေးဆွေးနွေးနေကြ
ဒီဇူလိုင်လမှာ
ယုတ်မာသူ ဂဠုန်စော
မဟုတ်တာတွေသူပြောပြီး
အကြံပက်စက် သူ့ရဲ့စနက်ကြောင့်
ဗိုလ်ချုပ်နှင့်တကွ အာဇာနည်တွေရဲ့သွေး
မြေမှာခခဲ့ကြရ သမိုင်းရိုင်းခဲ့ရ
ဒီဇူလိုင်လပေါ့
ကျနေရတဲ့ ပြည်သူ့မျက်ရည်
ထက်ဝေစေဖို့အကြောင်းဖန်
ဗိုလ်နေ၀င်းအကြံ ယုတ်မာပြန်တော့
မိုးပေါ်ထောင်မပစ် တဲ့တဲ့ပစ်လို့
ဒို့ကျောင်းသားတွေရဲ့သွေး
မြေမှာခခဲ့ကြရ
သမိုင်းရိုင်းခဲ့ရ ဒီဇူလိုင်လပေါ့။
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။