Pages

Friday, July 19, 2013

သတ္တိရှိမည် ဆိုပါက ၂၀၁၅ သမ္မတ နေရာအတွက် ယှဉ်ပြိုင်ရာ၌ မျှတစွာ ယှဉ်ပြိုင်နိုင်ရေး သူရဦးရွှေမန်း ဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား..

သတ္တိရှိမည် ဆိုပါက ၂၀၁၅ သမ္မတ နေရာအတွက် ယှဉ်ပြိုင်ရာ၌ မျှတစွာ ယှဉ်ပြိုင်နိုင်ရေး သူရဦးရွှေမန်း ဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
7.18.19
ဇူလိုင် ၁၈ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံတွင် မီဒီယာများနှင့် တွေ့ဆုံစဉ်
ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၁၅ ခုနှစ်တွင် သမ္မတ နေရာအတွက် ယှဉ်ပြိုင်ကြရာ၌ တစ်ကယ်တမ်း သတ္တိရှိသည် ဆိုပါက တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ဆောင်ရွက် ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ဇူလိုင် ၁၈ ရက်က လွှတ်တော်အတွင်းရှိ ဇဗ္မူသီရိဆောင်၊ မီဒီယာခန်းမတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် မီဒီယာများ၏ မေးမြန်းချက်အပေါ် ပြောကြားသွားခဲ့သည်။
အကယ်၍ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေအား မပြင်ဆင် နိုင်သည့်အတွက် မိမိအနေဖြင့် ဒုတိယသမ္မတသာ ဖြစ်ခဲ့မည် ဆိုပါက တရားမျှတမည် မဟုတ်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီးပါကလည်း နိုင်ငံတော် သမ္မတနေရာ အတွက် ပြည်သူမှ ရွေးချယ်သည့် မည်သူ့ကိုမဆို လက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း မျှတစွာ ယှဉ်ပြိုင်နိုင်ရေး အတွက် ၎င်းအနေဖြင့် အဖြစ်နိုင်ဆုံး၊ အမျှတဆုံးဖြစ်အောင် ကြိုးစားပေးသွားမည်ဟု ပြန်လည် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်မှ ''၂၀၁၅ ရွေးကောက်ပွဲအတွက် အားလုံးတော့ ပြင်ဆင်လို့ မပြီးသေးပါဘူး။ အခုမှစပြီးတော့ ပြင်ဆင်မှာပါ။ ဒါပေမဲ့ အန်တီတို့ကတော့ နိုင်မှာပေါ့နော်။ တကယ်ပဲ သတ္တိရှိတယ် ဆိုလို့ရှိရင် ဒီရွေးကောက်ပွဲမှာ ကျွန်မတို့က တကယ်ကို ညီညီမျှမျှ အခြေအနေပေါ်မှာ ရွေးကောက်ပွဲကို ကျင်းပနိုင်အောင် ဥက္ကဋ္ဌကြီး အနေနဲ့ အစွမ်းကုန်အောင် ဆောင်ရွက်ပေးလိမ့်မယ်လို့ ကျွန်မက ယုံကြည်ပါတယ်'' ဟု အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြားသွားခဲ့သည်။

ထပ်မံ၍ ''ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြောင်းလို့ အန်တီက ဒုသမ္မတပဲ ဖြစ်မယ်ဆိုရင် မတရားဘူးလို့ ပြောရမှာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြောင်းပြီးလို့ရှိရင် ဘယ်သူပဲဖြစ်ဖြစ် ပြည်သူက ရွေးချယ်တဲ့သူကို ကျွန်မတို့ လက်ခံမှာပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သူရဦးရွှေမန်းကလည်း ၎င်းအနေဖြင့် တရားမျှတစွာ ယှဉ်ပြိုင်မှုကို လိုလားကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် တစ်ဖက်မှ အနိုင်ရအောင် လုပ်မည်ဟု ပြောကြားလာသည့် အတွက် ၂၀၁၅ ယှဉ်ပြိုင်မှုအပေါ် ပိတ်ကားပေါ်တွင်သာ ကြည့်ပါဟု ပြောလိုကြောင်း ထည့်သွင်း ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ''လာမယ့် ရွေးကောက်ပွဲမှာ တစ်ဖက်က မိမိအနိုင်ရအောင် လုပ်မယ်လို့ ပြောပါတယ်။ ဥက္ကဌအနေနဲ့ ပြောချင်တာကတော့ ပိတ်ကားပေါ်မှာ စောင့်ကြည့်ပါ။ ခုနက ဒေါ်အောင်ဆန်းစုကြည် ပြောတယ်။ လာမယ့် ရွေးကောက်ပွဲမှာ အမျှတဆုံး ဖြစ်အောင် လုပ်ပေးပါ။ ဥက္ကဌကြီး စီစဉ်ပေးပါ ဆိုပေမယ့်လို့ အဖြစ်နိုင်ဆုံး။ အမျှတဆုံး ဖြစ်အောင် ဥက္ကဌ အနေနဲ့ ကြိုးစားပါမယ်။

ဥက္ကဌ ငယ်စဉ်ကတည်းက အမြဲတမ်း ပြိုင်ပွဲတွေကို သဘောကျပါတယ်။ ဒါပေမယ့် မျှတတဲ့ ပြိုင်ပွဲတွေကို သဘောကျပါတယ်။ တိုင်းမှူးဘ၀တုန်းက စပြီးပြောပါတယ်။ အားပေးတာက ပြိုင်ရင် နိုင်ရမယ်။ နောက်ပိုင်းကျတော့ ပြိုင်ရင် နိုင်ရမယ် ဆိုတော့ ကလေးတွေ စိတ်ထဲမှာ နိုင်ရင်ပြီးရော ကြိုက်သလို ပြိုင်မယ် ဆိုတာဖြစ်သွားမှာ စိုးတဲ့အတွက် တရားသဖြင့် ယှဉ်ပြိုင်နိုင်အောင် ကြိုးပမ်းဆိုပြီး ဒီလိုဆောင်ပုဒ် ချပါတယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကား မှန်ပါတယ်။ ဖြစ်နိုင်သမျှ တရားသဖြင့် ယှဉ်ပြိုင်တာ အကောင်းဆုံးပါပဲ။ အနိုင်အရှုံးဆိုတာ ရှိကြတာပဲ။ တရားသဖြင့် ယှဉ်ပြိုင်လို့ နိုင်တဲ့သူက ၀မ်းသာသလို ရှုံးတဲ့ သူကလည်း ဒီလိုတရားသဖြင့် ယှဉ်ပြိုင်တာ ပဲဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော် ကြိုးစားပါမယ်'' ဟု ပြန်လည် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား ရန်သူလို ဆက်ဆံနေမည် ဆိုပါက မကောင်းသည့် သမိုင်းကြောင်းကို ပြန်ရောက် သွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား


ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သည့်အခါမျှ ရန်ဖြစ်မည် မဟုတ်ကြောင်းနှင့် ရန်သူကဲ့သို့သာ ဆက်ဆံနေမည် ဆိုပါက ယခင်ကကဲ့သို့ မကောင်းသည့် သမိုင်းကြောင်းကို ပြန်ရောက်သွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
လွှတ်တော်ဝင်း အတွင်းရှိ ဇမ္ဗူသီရိဆောင်၊ မီဒီယာခန်းမ၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းဆွေတို့နှင့် မြန်မာဂျာနယ်လစ် ကွန်ရက်မှ အဖွဲ့ဝင် သတင်းထောက်များ၊ အယ်ဒီတာများတို့ တွေ့ဆုံရာတွင် သူရဦးရွှေမန်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

''သတင်းသမားတွေမေးရင် ရိုးရိုးပဲမေးပါ။ ရန်မတိုက်ပေးပါနဲ့။ ကျွန်တော်တို့ ဘယ်တော့မှ ရန်ဖြစ်မှာ မဟုတ်ပါဘူး'' ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အမျိုးသား ခေါင်းဆောင်ကြီး၏ သမီးလည်း ဖြစ်ကြောင်း၊ ထို့အပြင် စိတ်ရင်းစေတနာနှင့် အရည်အချင်းများ ပြည့်နေကြောင်း၊ ထို့အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ အထက်ကလူများ ယင်းကဲ့သို့ အချင်းချင်း ညီညွတ်နေသည် ဆိုပါက အောက်ခြေ၌ရှိသည့် ပါတီဝင်များလည်း...


တွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိနှင့် ဒေါ်အောင်ဆန်းစုကြည်မှာ ရင်းနှီးကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး ဆိုသည်မှာလည်း စာထဲတွင်သာ ရှိနေသေးပြီး လက်တွေ့ မရှိသေးကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်သည့်အခါတွင် ပါတီတစ်ခုနှင့်တစ်ခု ရန်သူလို သဘောထားပြီး ဆက်ဆံ ဆောင်ရွက်နေမည် ဆိုပါက ပြီးခဲ့သည့် အတိတ်ကာလ သမိုင်းကြောင်းကို ပြန်ရောက် သွားနိုင်သည်ဟု ထည့်သွင်း ပြောကြားသည်။
7.18.18
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းဆွေတို့ မီဒီယာများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)

''အရင်တုန်းက အင်မတန်မှ အင်အားကြီးပြီး စည်းလုံးညီညွတ်ခဲ့တာ ဖဆပလ ပါတီပါ။ အဲဒီနောက်ပိုင်း ပထစ ပေါ်လာတယ်။ နောက် ပမညတ ပေါ်လာတယ်။ အဲဒီတုန်းက ပါတီတစ်ခုနဲ့ တစ်ခုဟာ မိတ်ဖက် လုပ်ဖော်ကိုင်ဖက်လို သဘောမထားဘဲ ရန်သူလို သဘောထားပြီး ဆောင်ရွက်ခဲ့တဲ့အတွက် အဲဒီကစပြီး အမျိုးသား စည်းလုံးညီညွတ်ရေး ပျက်ပြားခဲ့တယ်။ ဒါကြောင့် ဒါတွေကို သင်ခန်းစာယူပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာတဲ့ အခါမှာ NLD ပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ ပြောရမယ်ဆိုရင် အဲဒီပါတီရဲ့ ခေါင်းဆောင် ဖြစ်သလို တစ်စိတ်တစ်ပိုင်းသော ပြည်သူလူထုရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။ ဒီပုဂ္ဂိုလ်နဲ့ ကျွန်တော်တို့ ဆက်ဆံတဲ့ အခါမှာ ရန်သူလို ဆက်ဆံနေမယ်ဆိုရင် မကောင်းတဲ့သမိုင်းကို ပြန်ရောက်သွားလိမ့်မယ်'' ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အမျိုးသား ခေါင်းဆောင်ကြီး၏ သမီးလည်း ဖြစ်ကြောင်း၊ ထို့အပြင် စိတ်ရင်းစေတနာနှင့် အရည်အချင်းများ ပြည့်နေကြောင်း၊ ထို့အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ အထက်ကလူများ ယင်းကဲ့သို့ အချင်းချင်း ညီညွတ်နေသည် ဆိုပါက အောက်ခြေ၌ရှိသည့် ပါတီဝင်များလည်း ခေါင်းဆောင်များကို ကြည့်ပြီး ညီညွတ်လာမည် ဖြစ်ကြောင်း စသည်ဖြင့် ဆက်လက် ပြောကြားသွားသည်။

သတင်း၊ ဓာတ်ပုံ EMG

4 comments:

  1. လွှတ်တော် ဥက္ကဌ ဦးရွှေမန်းကို နိင်ငံသားတယောက်အနေနဲ.အကြံပြုချင်တာကတော. ၊ တိုင်းပြည်မှာလက်ရှိဖြစ်ပျက်နေတဲ. ပြသနာတွေကို နိင်ငံရေးအမြတ်ထုတ်ဖို.မကြိုးစားဘဲ ၊ လက်ရှိနေရာကနေတတ်နိင်သလောက်ပြည်သူလူထုအတွက် အကျိုးရှိမယ်.လုပ်ငန်တွေကိုပဲ တစိုက်မတ်မတ်လုပ်စေချင်ပါတယ် ၊ ဟိုလူနဲ.ပေါင်းမယ် ၊ ဒီပါတီနဲ.လက်တွဲမယ် ၊ ပူးပေါင်းဆောင်ရွှက်မယ်ဆိုတဲ. လူပိန်းကြိုက် နိင်ငံရေးလမ်းစဉ်တွေကို ဒီခေတ် ဒီအခါမှာ ဘယ်သူမှလက်မခံတော.ဘူး ၊ အဲဒီတော.ကိုယ်.ပါတီတွင်းမှာပဲ ထောက်ခံမူရအောင်အရင်လုပ်ပါ ၊ NLD ကလည်းသူ.ပါတီလုပ်ငန်းတွေသူလုပ်နိင်ပါတယ် ၊ ဘာမှကူညီဖေးမနေစရာမလိုပါဘူး၊ ဒါမှဘဲ ကျွန်တော်တို.လို ဘယ်ပါတီမှမ၀င်တဲ. ပြည်သူလူထုတွေအနေနဲ. ဘယ်ပါတီကောင်းတယ် ၊ ဘယ်ပါတီကို မဲပေးထောက်ခံသင်.တယ်ဆိုတာဆုံးဖြတ်လိုလွယ်ကူမှာပါ ။

    ReplyDelete
  2. လွှတ်တော် ဥက္ကဌ ဦးရွှေမန်းကို နိင်ငံသားတယောက်အနေနဲ.အကြံပြုချင်တာကတော. ၊ တိုင်းပြည်မှာလက်ရှိဖြစ်ပျက်နေတဲ. ပြသနာတွေကို နိင်ငံရေးအမြတ်ထုတ်ဖို.မကြိုးစားဘဲ ၊ လက်ရှိနေရာကနေတတ်နိင်သလောက်ပြည်သူလူထုအတွက် အကျိုးရှိမယ်.လုပ်ငန်တွေကိုပဲ တစိုက်မတ်မတ်လုပ်စေချင်ပါတယ် ၊ ဟိုလူနဲ.ပေါင်းမယ် ၊ ဒီပါတီနဲ.လက်တွဲမယ် ၊ ပူးပေါင်းဆောင်ရွှက်မယ်ဆိုတဲ. လူပိန်းကြိုက် နိင်ငံရေးလမ်းစဉ်တွေကို ဒီခေတ် ဒီအခါမှာ ဘယ်သူမှလက်မခံတော.ဘူး ၊ အဲဒီတော.ကိုယ်.ပါတီတွင်းမှာပဲ ထောက်ခံမူရအောင်အရင်လုပ်ပါ ၊ NLD ကလည်းသူ.ပါတီလုပ်ငန်းတွေသူလုပ်နိင်ပါတယ် ၊ ဘာမှကူညီဖေးမနေစရာမလိုပါဘူး၊ ဒါမှဘဲ ကျွန်တော်တို.လို ဘယ်ပါတီမှမ၀င်တဲ. ပြည်သူလူထုတွေအနေနဲ. ဘယ်ပါတီကောင်းတယ် ၊ ဘယ်ပါတီကို မဲပေးထောက်ခံသင်.တယ်ဆိုတာဆုံးဖြတ်လိုလွယ်ကူမှာပါ ။

    ReplyDelete
  3. ဘုန်းကောင်းထက်August 2, 2013 at 10:49 AM

    ပြည်သူထဲက ပြည်သူသာဖြစ်တဲ့ လစာနည်း အောက်ခြေ
    ဝန်ထမ်းတွေအတွက် ဘာတွေလုပ် ပေးပြီးပြီလဲ။
    စဉ်းစားကြည့်ပါအုန်း
    လစာနဲ့ ကုန်ဈေးနှုန်း ဘယ်လိုအချိုးကျနေသလဲ
    လာဘ်ပေး လာဘ်ယူ ဘယ်သူမှမလုပ်ချင် ပါဘူး။
    မရှိလို့ ခိုးစားတာပါ။
    စဉ်းစားကြည့်ပါ အ မေ စု နဲ့ ပြည်ထောင် စုလွှတ်တော် နာယက ဦးရွှေမန်း ခင် ဗျာ

    ReplyDelete
  4. ဘယ်ပါတီ ဖြစ်ဖြစ် နိုင်ငံကောင်းဘို့လုပ်တာလို ကျွန်တော်မြင်ပါတယ် အဲဒီမှာ အမှားအယွင်းနည်းပြီး မြန်မြန်ဆန်ဆန်နဲ့ ပိုကောင်းအောင်လုပ်နိုင်တဲ့ လူကို ပိုအားပေးသင့်ပါတယ် မလုပ်နိုင်တဲ့လူကော မလုပ်တတ်တဲ့ ကျွန်တော်တို့လိုလူကော လုပ်နိုင်ဆုံးလူကို အားပေးသင့်ပါတယ် ဘာလို့လဲဆိုတော့ ကိုနိုင်ငံကောင်းစားဘို့လေ လွတ်လတ်ရေးရအောင်ကော ရပြီးတဲ့နောက်ကိုနိုင်ငံကိုထူထောင်နိုင်ဘို့ကော ဗိုလ်ချုပ်အောင်ဆန်းကို အားပေးခဲ့ကြသလိုပေါ့ ဘယ်သူဘဲဖြစ်ဖြစ် ဘယ်ပါတီဘဲဖြစ်ဖြစ် ကိုယ့်နိုင်ငံပျက်စီးအောင်တော့ ဘယ်လိုလူမှမလုပ်ကြဘူးဆိုတာယုံကြည်ပါတယ် ကောင်းဆုံးလုပ်ဆောင်နိုင်သူကို အားပေးဘိုပဲလိုပါတယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။