Pages

Monday, July 1, 2013

The Face Of Buddhist Terror ဆောင်းပါး ဖော်ပြခဲ့သည့် TIME မဂ္ဂဇင်းကို မြန်မာနိုင်ငံနည်းတူ သီရိလင်္ကာနိုင်ငံ၌ ဖြန့်ချိခွင့် ပိတ်ပင်..

The Face Of Buddhist Terror ဆောင်းပါး ဖော်ပြခဲ့သည့် TIME မဂ္ဂဇင်းကို မြန်မာနိုင်ငံနည်းတူ သီရိလင်္ကာနိုင်ငံ၌ ဖြန့်ချိခွင့် ပိတ်ပင်..

သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓဘာသာဆိုင်ရာ အဖွဲ့များက ဇူလိုင် ၁ ရက် နေ့စွဲဖြင့် ထုတ်သည့် TIME မဂ္ဂဇင်း၏ The Face Of Buddhist Terror ဆောင်းပါးအား အပြင်းအထန် ကန့်ကွက်ခဲ့ကြပြီးနောက် မြန်မာနိုင်ငံနည်းတူ သီရိလင်္ကာ အစိုးရသည် ယင်းမဂ္ဂဇင်း ဖြန့်ချိခွင့်ကို နိုင်ငံအတွင်း၌ ပိတ်ပင်သွား လိမ့်မည်ဟု သီရိလင်္ကာနိုင်ငံ၏ Colombo Telegraph သတင်းဌာနက ဇွန် ၂၈ ရက်တွင် ဖော်ပြခဲ့သည်။ ယင်းနောက် သီရိလင်္ကာနိုင်ငံ၏ Srilanka Mirror သတင်းဌာနက အဆိုပါ မဂ္ဂဇင်းကို သီရိလင်္ကာနိုင်ငံတွင် ပိတ်ပင်လိုက်ကြောင်း ဇွန် ၂၉ ရက်တွင် ဖော်ပြသည်။ သီရိလင်္ကာနိုင်ငံ၏ Bodu Bala Sena (BBS) အဖွဲ့အစည်းသည် သီရိလင်္ကာနိုင်ငံ၏ မီဒီယာနှင့် ကာကွယ်ရေး ၀န်ကြီးဌာနတို့ကို ဘာသာရေး ထိခိုက်စေသည့် ဆောင်းပါးပါဝင်သည့် အဆိုပါ မဂ္ဂဇင်းအား ဖြန့်ချိခွင့်မပြုရန် တောင်းဆိုခဲ့သည်။

ဇူလိုင် ၁ ရက် နေ့စွဲတပ်ကာ ထုတ်ဝေသည့် TIME မဂ္ဂဇင်းကို ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းသည် သီရိလင်္ကာနိုင်ငံနှင့် တိုက်ရိုက်မပတ်သက်သော အကြောင်းအရာအတွက် နိုင်ငံခြား မဂ္ဂဇင်းတစ်စောင်ကို ပထမဆုံး ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

တရားဝင် သတင်းများ ထွက်ပေါ်လာခြင်း မရှိမီကပင် Facebook စာမျက်နှာများတွင် သီရိလင်္ကာနိုင်ငံ၌ အဆိုပါ TIME မဂ္ဂဇင်းဖြန့်ချိမှုကို ပိတ်ပင်ခဲ့ကြောင်းနှင့် The Face Of Buddhist Terror ဆောင်းပါးရေး Hannah Beech ကိုလည်း သီရိလင်္ကာသို့ ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ကြောင်း သတင်းများ ပြန့်နှံ့နေခဲ့သည်။ သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်သော နိုင်ငံဖြစ်ပြီး ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ၏ ၇၀ ဒသမ ၂ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။

 ယင်းဆောင်းပါး ပါဝင်သော TIME မဂ္ဂဇင်းကို မြန်မာနိုင်ငံတွင် ထုတ်ဝေဖြန့်ချိခြင်း မပြုရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဇွန် ၂၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် အဆိုပါ ဆောင်းပါးကို မူရင်းစာစောင်အတိုင်း ဖြစ်စေ၊ မိတ္ထူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် ဟူ၍ ဖြစ်ပါသည်။

Eleven Media Group

1 comment:

  1. Turkey would rather avoid questions when asked about the government's harsh treatment of its critics and Kurdish political activists.,
    ကုလားပြဿနာကို မွတ်စလင်ကမ္ဘာမှာ ပို၍ အာရုံစူးစိုက်မှုရလာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံခြားရေးဝန်ကြိး Ahmet Davutoglu ကို ရခိုင်ဒေသကို စေလွှတ်ခဲ့သော တူရကီနိုင်ငံဟာ ကဒ်လူမျိုး နိုင်ငံရေးလှုပ်ရှားသူများအပေါ် ပြင်းပြင်းထန်ထန် ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး မေးမြန်းလာလျင် အမြဲ ရှောင်ရှားလေ့ရှိပါတယ်။

    Indonesia dissembles when asked about discrimination against its Christian minority.
    ကုလား ပြဿနာကို ငြိမ်းချမ်းစွာ ကိုင်တွယ်ပါလို့ မြန်မာအစိုးရကို တိုက်တွန်းနေတယ့် အင်ဒိုနီးရှားအစိုးရဟာ သူ့ နိုင်ငံအတွင်းက လူနည်းစု ခရစ်ယာန်ဘာသာဝင်အပေါ် ခွဲခြား ဖိနှိပ် ဆက်ဆံတယ့်အကြောင်းနဲ့ ပတ်သက်ပြီး မေးလာခဲ့ရင် အမြဲဖုံးကွယ် လိမ်ညာလေ့ ရှိပါတယ်။

    Saudi Arabia would rather not talk about women's rights at home
    မြန်မာနိုင်ငံမှာ ကုလားတွေဟာ ethnic cleansing လူမျိုးတုန်းသတ်ဖြတ်ခံနေရပါပြီလို့ အော်ခဲ့သော ဆော်ဒီအာရေ ဗျဟာ သူ့ တိုင်းပြည်မှာ အမျိုးသမီးအခွင့်အရေးအကြောင်းကို
    ပြောဆိုလေ့မရှိပါဖူး။

    while Iran continues to speak out against intervention in Syria despite mass killings by the Assad regime.
    မြန်မာနိုင်ငံမှာ ကုလားများ အစုလိုက် အပြုံလိုက်"genocide" သတ်ခံနေရပါတယ် ၊ နိုင်ငံတကာ နှင့်ကုလသမဂ္ဂတပ်များ စေလွှတ်ပြီး ကြားဝင်
    ထိန်းသိမ်းဖို့ လိုအပ်ပါတယ်လို့ တောင်းဆိုခဲ့တယ့် အီရန်အစိုးရဟာ အာဏာရှင် ဆီးရီယားသမ္မတ
    အာဆတ် အတိုက်အခံသူပုန်အမြောက်အမြားကိုသတ်ဖြတ်နေခြင်းအပေါ် ကုလသမဂ္ဂမှ ကြားဝင်ထိန်းသိမ်းပေးဖို့ ကိုတော့ အင်္မြ ကန့် ကွက်နေပါတယ်။

    But all these countries agree that the Muslim Rohingya deserve basic human rights and better treatment from the Myanmar authorities.
    ဒါပေမယ့် အဲဒီနိုင်ငံတွေအားလုံးဟာ မွတ်စလင် ကုလားတွေဟာ အခြေခံ လူ့ အခွင့်အရေးတွေ ရသင့်တယ်၊ မြန်မာအစိုးရက သူတို့ ကို ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်တယ်လို့ 
    တညီတညာထဲ သဘောတူနေကြပါတယ်။

    သတင်းအပြည့်အစုံကို ဒီမှာ ဖတ်နိုင်ပါတယ်။
    http://m.bangkokpost.com/opinion/322093 — in Cox's Bazar, Bangladesh.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။