ကြာကြာဝါးမယ့်သွား ဘာစားစား အရိုးကြည့်ရှောင်ဟေ့...
ယနေ့ဂျပန် သတင်းရုပ်သံများမှ ၁၉၆၁ခုနှစ်က နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး
အာဏာရှင် ဦးနေဝင်း လက်ထက်မှ စ၍ ရပ်နားခဲ့ကာ ၅၂နှစ်ကြာမှ ပြန်လည်
ကျင်းပခဲ့တဲ့ “2013 Miss Universe Myanmar" ပြိုင်ပွဲနှင့်အတူ ဆုရရှိခဲ့သည့် မိုးစက်ဝိုင်ရဲ့ သတင်းဓာတ်ပုံအား ဖော်ပြပါရှိခဲ့သည်။ယနေ့ အင်တာနက် နောက်ဆုံးသတင်းတွေမှာတော့
တက္ကသိုလ်များ ချန်ပီယံလိဂ်ဖွင့်ပွဲမှာ “2013 Miss Universe Myanmar" မိုးစက်ဝိုင် တက်ရောက်တဲ့ သတင်းနဲ့အတူ ချန်ပီယံဆုရ အသင်းအား နေရွှေသွေးအောင်မှ
မှသိန်း ၅၀ ဆုချီးမြှင့် မည်ဆိုသည့် သတင်းဓာတ်ပုံများ တက်လာခဲ့သည်။
အဆိုပါ နေရွှေသွေးအောင်နှင့် 2013 Miss Universe Myanmar မိုးစက်ဝိုင်တို့ ယှဉ်တွဲ ဓာတ်ပုံများ တက်လာပြီးနောက်ပိုင်းမှာ ဖေ့စ်ဘွတ်ခ် ပရိသတ်များမှ ဆုရရှိမှုအတွက် ဝေဖန်မှုတွေ ရှိလာသလို Vote ပေးမပေး ဝေဖန်ချက်မျိုးစုံ ထွက်လာခဲ့သည်...။
မည်သို့မျှ ဝေဖန်ချက် မပေးလို သို့ပေတည့် ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို အာဏာရှင် မြေးဖြစ်သူနှင့် အတူပေါ်ထွက်လာသည့် ဓာတ်ပုံမှတ်တမ်းများသည် မိုးစက်ဝိုင် ပရိသတ်တွေ အတွက် မျက်စိစကားမွှေး ဆူးစရာ ဖြစ်ခဲ့ရသည်..။
ထို့အတူ တက္ကသိုလ်များ ချန်ပီယံလိဂ် ဖလားသည်လည်း အာဏာရှင် မြေးဖြစ်သူ၏ ဖလားအဖြစ် ဆန့်ကျင်ဘက် အသွင်သဏ္ဍာန် အရောင်စွန်းထင်းခဲ့ရသည်။
ပြည်သူ၏ ထောက်ခံမှုသည် ရေရှည်တည်တံ့ခိုင်မြဲ၏။ အာဏာရှင်၏ ထောက်ခံမှုသည် တခဏသာ ဖြစ်သည်...။ အခန့်မသင့်လျှင် နာမည်ပါ ပျောက်ပျက် သွားနိုင်သည်..။
မည်သို့မျှ မဝေဖန်လို စိုင်းထီးဆိုင်၏ ပလက်ဖောင်းမင်းသား သီချင်းထဲက စာသားလေးတပိုဒ် သွားသတိရမိသည်..။ ကြာကြာဝါးမယ့်သွား ဘာစားစား အရိုးကြည့်ရှောင်ဟေ့တဲ့..။
သို့သော် ၅၂နှစ်ကြာမှ မြန်မာနိုင်ငံကိုယ်စားပြု ပြန်လည် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ Miss Universe ပြိုင်ပွဲအတွက်တော့ ပထမဦးဆုံး အကြိမ် ဖြစ်သည့်အတွက် ကမ္ဘာ့အလည်မှာ မျက်နှာ မငယ်ရလေအောင် ယခင်ဆုရရှိသူတွေအတိုင်း စိတ်ဓာတ်ရေးရာအရ Voteပေးသင့်သည်ဟု ယူဆမိသည်..။
“2013 Miss Universe Myanmar"ဆုရှင် မိုးစက်ဝိုင်အနေဖြင့် ပြည်သူမေတ္တာလည်း ခံယူပါ ထို့အတူ အာဏာရှင်နဲ့ ငွေကြေးရှင်တွေရဲ့ အရိုးကိုလည်းကြည့်ရှောင်ပါ..။ ထန်းသီးကြွေခိုက် ကျီးနင်း မခံရလေအောင် ဂရုပြုအပ်ပေသည်...။
ကြာကြာဝါးမယ့်သွား ဘာစားစား အရိုးကြည့်ရှောင်ဟေ့...
ဒီမိုဝေယံ
မိမိမြင်တွေ့ရသည့် ရှုထောင့်တခုကတော့ တက္ကသိုလ်များ ချန်ပီယံလိဂ်
ဖလားသည်လည်း အာဏာရှင် မြေးဖြစ်သူ၏ ဖလားအဖြစ် ဆန့်ကျင်ဘက် အသွင်သဏ္ဍာန်
အရောင်စွန်းထင်းခဲ့ရသည်ဟု မြင်မိသည်..။
ဓာတ်ပုံ Credit Popular Journal
ပေါ်ပြူလာ ဂျာနယ် သတင်း...
တက္ကသိုလ်များ ချန်ပီယံလိဂ်ဖွင့်ပွဲအား အောက်တိုဘာ ၅ ရက်နေ့  ၃း၃၀ နာရီက
ရန်ကုန်ယူနိုက်တက် အသင်းပိုင် မြက်ခင်းတုကွင်းတွင် ကျင်းပရာရန်ကုန်တိုင်း
ဝန်ကြီးချုပ်ဦးမြင့်ဆွေ တက်ရောက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်အတူ
အားကစားဝန်ကြီးဋ္ဌာနပြည်ထောင်စုဒုတိယ၀န်ကြီး ဦးသောင်းထိုက်၊ ဗိုလ်ချုပ်မှူးကြီး
(ငြိမ်း) ဦးသန်းရွှေ ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်(ဖိုးလပြည့်)တို့ က
အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။
“2013 Miss Universe Myanmar မိုးစက်ဝိုင် မှ တက္ကသိုလ်များ
ချန်ပီယံလိဂ်ဆုဖလားကြီးကို အဖွင့်ပွဲစဉ်အခမ်းအနားတွင်
ပရိသတ်များရှေ့မှောက်သို့ သယ်ဆောင်ပေးမည်ဖြစ်ကြောင်း”
ဟုတင်ကြိုအသိပေးခဲ့တဲ့အတိုင်း
ပြိုင်ပွဲချီးမြှင့်မည့် တက္ကသိုလ်များ ချန်ပီယံလိဂ်ဆုဖလား အား
ပူပူနွေးနွေး Miss Universe Myanmar ဆုရှင် မိုးစက်ဝိုင်
ကပြိုင်ကားဖြင့် ကွင်းတစ်ပတ်ပတ်ပြီး သယ်ဆောင်လာကာ
ဆုဖလားကိုစင်မြင့်ထက်သို့ သယ်ယူပို့ ဆောင်ပေးခဲ့ပါသည်။
ဖွင့်ပွဲနေ့ တွင် ဆေး(၁) နှင့် WYTU တို့ စတင်ယှဉ်ပြိုင်ကစားကြပြီး
အဆိုပါ ပြိုင်ပွဲတွင် ချန်ပီယံဆုရအသင်းအား ကိုနေရွှေသွေးအောင်
မှသိန်း ၅၀ ဆုချီးမြှင့် မည်ဟု လည်းသိရပါသည်။
ရန်ကုန်ယူနိုက်တက်ကွင်း၊တက္ကသိုလ်ကွင်းနှင့် ပဒုမ္မာကွင်းတို့ တွင်
ယှဉ်ပြိုင်ကစားကြမည့်တက္ကသိုလ်များ ချန်ပီယံလိဂ်ဘောလုံး
အားကစားပွဲကိုအောက်တိုဘာ ၂၇ ထိကျင်းပမည်ဖြစ်ကြောင်းသိရသည်။
၁။ရွှေရုပ်တု (တန်ဖိုး - 700 US$)။၂။ရွှေဖိနပ်ဆု (တန်ဖိုး - 320 US$)။
၃။ကြယ်တံဆိပ်ရုပ်တု (တန်ဖိုး - 165 US$) ။၎။လည်ဆွဲတံဆိပ်ပြားများ (၁ခုလျှင် - 5 US$ )-ဖြစ်ပြီးဆုတံဆိပ်များအားလုံးကို စင်ကာပူနိုင်ငံမှ
သီးသန့်မှာယူတင်သွင်းထားခြင်းဖြစ်ပြီး နှစ်ရှည်လများခံစေရန် သတ္တုဖြင့်ပြုလုပ်ထားကြောင်းလည်းUniversities Champions League ဆုတံဆိပ်များ၏တန်ဖိုးကိုUniversities Champions Leagueမှသိရပါသည်။
Photo ZMT,credit-Universities Champions League,Ko SaiSai, ဒီမိုဝေယံ



နေရွှေသွေအောင် ဆိုတဲ့အကောင်က ဘာကောင်မို့
ReplyDeleteဒီလောက်နေရာပေးနေရတာလဲ။
ဘယ်သူ့ကြောက်နေရတာလဲ။
လက်ရှိအာဏာပိုင်တွေက သွားလေသူ လဒူကြီးကို
ကြောက်နေရတုန်းလား။
အာဏာရှင်လက်တံ က ဘယ်အထိ ရှည်နေအုံးမှာလဲ
ပြည်သူတွေက ဒီလိုပဲ လက်ပိုက်ကြည့်နေတော့မှာလား
ဘာကောင်တွေမိုလို့ ဒီလောက် အရေးပေးနေရမှာလဲ
ကဲ-
မောင်းထုတ်ကြစို့။
ဒီဆော်တော့ နာမည်ပျက်တော့မယ်။ ။
ReplyDeleteမမိုးစက်ကိုအရမ်းသဘောကျတာအဲဒီလိုတော့မပာုတ်လောက်ပါဘူးနော်၊
ReplyDeleteစောက်ကြောက်တွေ အရည်မရ အဖတ်မရ တနာရီ ၃၀၀ ပေးပြီး အင်တာနက်မှာ အော်နေ ရေးနေကြတယ် ၊ မင်းပထွေးလေးက မင်းတို.ကို စောက်ဂရုတောင်မစိုက်ဘူး ၊ မင်းတို. သူ.ကို လုပ်ဖို မပြောနဲ. မင်းတို.တွေ.ချင်တာတောင်တွေ.လို. ရမှာမဟုတ်ဘူး ။စောက်ရူးထမနေကြနဲ.တော. ။
ReplyDeleteအပေါ်က စစ်ခွေး...
ReplyDeleteငရွှေမြေးခွေးကောင် ဘက်ကနေ ဟောင်ပေးဖို့
မင်းပထွေးတွေက မင်းကို ဘယ်လောက် ပေးထားလဲ....
ခွင့်မလွှတ်နိုင်တဲ့ ပြဿနာ အစစ်က မိုးစက်ဝိုင် က နေရွှေသွေးအောင် နဲ့ လူပုံအလယ်မှာ ပွဲထွက်ခဲ့လို့ပါ
ReplyDeleteစစ်အာဏာရှင်ကို မုန်းတီးသူတွေထဲမှာ အသိတိမ်သူတွေကလွဲလို့ အလေးအနက်ရှိသူတွေက ဘာဖြစ်လို့ မိုးစက်ဝိုင် ကို ကန့်ကွက်နေကြသလဲ။
မိုးစက်ဝိုင် က တရုတ် ဖြစ်နေလို့လည်း မဟုတ်ဘူး။ ဘောလုံးကွင်းထဲ ပြိုင်ကား စီးလို့လည်း မဟုတ်ဘူး။ နောက်ဆုံး မစ္စယူနီဗာ့စ် ဆု ကို ငွေနဲ့ ပေးဝယ် လိုက်တယ် ဆိုရင်တောင် ခွင့်လွှတ်ပေးလို့ ရတယ်။
တကယ် ခွင့်မလွှတ်နိုင်တဲ့ ပြဿနာ အစစ်က စစ်အာဏာရှင် သန်းရွှေ ရဲ့ မြေး ဟိုကောင်လေး နေရွှေသွေးအောင် နဲ့ လူပုံအလယ်မှာ ပွဲထွက်ခဲ့တာပဲ ဖြစ်တယ်။ အဲဒီကနေမှ ညောင်မြစ်တူးရင်း ပုတ်သင်ဥတွေ ဆင့်ကဲ ဆင့်ကဲ ပေါ်ကုန်တာပါပဲ။
အခု ထိပ်တိုက်တွေ့နေ တာကလည်း နေရှင်နယ်လစ်နဲ့ လစ်ဘရယ်တွေ မဟုတ်ဘူး။ ထိပ်တိုက်တွေ့နေတာက စစ်အာဏာရှင်ကို အလေးအနက်မုန်းတီးတဲ့ ပြည်သူတွေနဲ့ ကျေးတော်မျိုး ကျွန်တော်မျိုး အုပ်စု တို့ပဲ ဖြစ်တယ်။
ဒီတော့ ကြားထဲက ဟိုကလေးမ မိုးစက်ဝိုင် မြေဇာပင် ဖြစ်ရတာ စိတ်မကောင်းပါဘူး။ ဒါပေမယ့် နောင်မျိုးဆက်တွေ စစ်အာဏာရှင် အသိုင်းအ၀ိုင်းနဲ့ ပလူးပလဲ မဖြစ်ရဲဖို့ သင်ခန်းစာတော့ ပေးနိုင်ပါလိမ့်မယ်။
ဇင်သော်နိုင်
ReplyDeleteဟုတ်ပါတယ်
မိုးစက်ဝိုင်က ကြားထဲက ခံရတာပါ
မိုးစက်ဝိုင် ကို မုန်းတာ မဟုတ်ပါဘူး
တရုပ်လူမျိုးကို မုန်းတာ မဟုတ်ပါဘူး
တစ်ကယ်မုန်းတာက
အာဏာရှင် အာဏာရူး အသိုင်းအဝိုင်းနဲ့
ဒီကောင်တွေ သက်ဆိုးရှည်အောင်
ကူညီပေးခဲ့တဲ့ တရုပ်အစိုးရနဲ့
သူတို့ရဲ့ လုပ်ရပ်တွေပါ
ဒါကြောင့်
မိုးစက်ဝိုင် ကို မမုန်းပေမယ့်
တရုပ်လူမျိုးကို မမုန်းပေမယ့်
မိုးစက်ဝိုင် ကို vote တော့ ပေးမည်မဟုတ်ပါ
ReplyDeleteနေရွှေသွေးအောင်က Miss Universe Myanmar မိုးစက်ဝိုင် နဲ့ လူချင်း သိတာ မသိတာ၊ Miss ကို နေရွှေသွေးအောင် က ဖိတ်ကြားတာ မဖိတ်ကြားတာတွေက အဓိက ပြသနာ မဟုတ်ဘူး...
အဲ့ဒီ ကျက်သရေမရှိတဲ့ နေရွှေသွေးအောင် ဆိုတဲ့ လူတယောက်ရဲ့ ဖြေရှင်းချက်ကို စိတ်လဲ မဝင်စားဘူး...
အဲ့.. စိတ်ဝင်စားတာက Miss တယောက်လုပ်နေပီး ဘယ်ကိစ္စဟာ လုပ်သင့်တဲ့ကိစ္စ ဘယ်ကိစ္စဟာ မလုပ်သင့်တဲ့ ကိစ္စလို့ ခွဲခြား မဆုံးဖြတ်နိုင်တဲ့ မိုးစက်ဝိုင် ဆိုတဲ့ အဲ့ဒီ အမျိုးသမီးရဲ့ အသုံးမကျတဲ့ ဦးနှောက်ပဲ...
အဲ.. ဒိထက် ဒိထက်ပိုပီး အဓိကကျတဲ့ ပြသနာက မိုးစက်ဝိုင် ဆိုတဲ့ အသုံးမကျတဲ့ အမျိုးသမီးက Miss ဖြစ်နေတာပဲ. အသုံးမကျတဲ့ မိုးစက်ဝိုင် Miss ဖြစ်ပီးနောက် သူ လုပ်သမျှ အသုံးမကျတဲ့ ကိစ္စတိုင်းဟာ မြန်မာအမျိုးသမီးတိုင်းကို လာရိုက်ခတ်နေတာပဲ...
အကယ်၍ အသုံးမကျတဲ့ မိုးစက်ဝိုင် သာ Miss Universe Myanmar မဟုတ်ဘူး ဆိုရင် သူ့ဘာသူ နေရွှေသွေးအောင် မယားငယ် မကလို့ သန်းရွှေ မယားငယ် ပဲ ဖြစ်နေဖြစ်နေ.. အလကား ပျော်တော်ဆက်ပဲ ဖြစ်နေဖြစ်နေ.. ဘယ်မြန်မာ မိန်းကလေးမှ မိုးစက်ဝိုင် ကို စိတ်မဝင်စားဘူး...
ကြာပါတယ်.. အဲ့ဒီ အသုံးမကျတဲ့ မိုးစက်ဝိုင် ဆိုတဲ့ အမျိုးသမီးခေါင်းက Miss Universe Myanmar crown ကို ပြန်ဖြုတ်လိုက်တာ အကောင်းဆုံးပဲ...
မြန်မာနိုင်ငံက မိန်းမတိုင်း မိုးစက်ဝိုင် လို မိန်းမမျိုး မဟုတ်ဘူး ဆိုတဲ့ မခံချင်စိတ်က အဓိက ဆိုတာကို အဲ့ဒီ အသုံးမကျတဲ့ မိုးစက်ဝိုင် ဆိုတဲ့ အမျိုးသမီး အနေနဲ့ နားလည်နိုင်တဲ့ အရည်အသွေး ရှိပုံမရဘူး...
သိုး ကလေး
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်
ReplyDeleteနောက်ဆုံးတော့ အဖြေပေါ်တာဘဲ၊ ဖိုးလပြည့် ကြိုက်လို့  မိုးစက်ဝိုင် က Miss Universe Myanmar 2013 ဖြစ်ရတာဘဲ။
တက္ကသိုလ်များ ချန်ပီယံ လိဂ် ဖွင့်ပွဲ အခမ်းအနားမှာ ဖိုးလပြည့်က ကိုယ်တိုင် ဒိုင်းဆုပေးရတာ အားမရဘဲ၊ ပွဲထုတ်တဲ့ ပုံစံဖြစ်နေတော့ မြင်မိတာက - မြောက်ကိုရီးယားက အဖေ့အရှိန်အ၀ါနဲ့ နေရာယူပြီး ထင်ရာစိုင်းနေတဲ့ Kim Jong-Un က သူ့ ရဲ့  မဟေသီ Ri Sol-Ju ကို နေရာတကာ ပွဲထုတ်ပြခဲ့တာနဲ့  သွားပြီး တူနေပါတော့တယ်။
သန်းရွှေရဲ့  မြေး နေရွှေသွေးအောင်ရဲ့  မိန်းမပျိုလှလှလေးတွေကို ခြေတော်ကောက်ချင်တဲ့ အကျင့်ကြောင့် နီးစပ်စွာ ရင်းရင်းနှီးနှီး ပေါင်းသင်းနေတဲ့သူတွေ သိကြတဲ့ အချင်းချင်းတောင် မရှောင်တဲ့ သစ္စာမရှိတဲ့ လုပ်ရပ်ကြောင့် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအပြင်၊ ယခုလည်း Miss Universe Myanmar 2013 မဖြစ် ဖြစ်အောင် စီစဉ်ပြီး လုပ်ခဲ့မှုအပေါ် SkyNet ကလည်း တွန်းပေးတယ်၊ အင်တာနက်ကနေ မဲပေးနိုင်အောင်လည်း နေရွှေသွေးအောင်နဲ့  နီးစပ်သူတွေက စတင် တွန်းပေးကြတယ်။
နောက်ဆုံးတော့ Miss Universe ကို မဖြစ် ဖြစ်အောင် တွန်းပို့ လိုက်ကြတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်တဲ့ စစ်မှန်တဲ့ အရည်အချင်းထက် ဖိုးလပြည့်အကြိုက် Miss Phoe La Pyae တော့ ဖြစ်သွားရရှာပါပြီ။
ရိုးသားစွာ ၀ိုင်းအားပေးကြတဲ့ သူတွေရဲ့  အားပေးမှုတွေလည်း ဖိုးလပြည့်ကို ကြက်ဥ ၀ိုင်းကျွေးကြတဲ့ အားပေးသူတွေ ဖြစ်မှန်းမသိ ဖြစ်သွားကြပါပြီ။
ဒီထက် ပိုဆိုးတာကတော့ သန်းရွှေရဲ့  မြေးဖြစ်သူ နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်ဟာ ယခုလက်ရှိ သိန်းစိန်တို့  ရွှေမန်းတို့  မင်းအောင်လှိုင်တို့ ကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့ တောင် မအောက်မေ့ဘဲ အဖိုးဖြစ်သူ သန်းရွှေရဲ့  အာဏာပါဝါနဲ့  ထင်ရာစိုင်းနေဆဲဆိုတာ ပိုပြီး ပေါ်လွင်စေတာပါဘဲ။
မြန်မာပြည်ကြီး ပြောင်းလဲသွားပြီ … ဘာလည်းဆိုတော့ သန်းရွှေ ပေါ်ပေါ်တင်တင် အုပ်ချူပ်တဲ့ ခေတ် မဟုတ်တော့ပါဖူး၊ သန်းရွှေရဲ့  မြေးက ပေါ်ပေါ်တင်တင် ထင်ရာလုပ်တဲ့ ပြောင်းလဲမှု ခေတ်သို့  ပြောင်းလည်းသွားခြင်း ဖြစ်ပါတော့တယ် ဆိုတာပါ။
မြန်မာနိုင်ငံကြီး ဘာဖြစ်နေပါပြီ ပြောဆိုနေကြတဲ့ သိန်းစိန်တို့ က အစ နောက်ဆုံး ပြောနေကြသူ ဘယ်သူမဆိုအနေနဲ့  သန်းရွှေရဲ့  မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်ရဲ့  ထင်ရာစိုင်း လုပ်ရပ်တွေ မြန်မာပြည်မှာ ဖြစ်ပေါ်နေသေးသ၍ သန်းရွှေလက်အောက် ဖြစ်နေသေးတယ်ဆိုတာ ပြသနေတာဆိုတာရယ်၊ သန်းရွှေ မပြောနဲ့  သန်းရွှေရဲ့ မြေး နေရွှေသွေးအောင်ရဲ့  အဟွာကိုတောင် မ နေရသေးတယ်ဆိုတာ ငြင်းချင်ကြပါသေးသလား။
သြော် … မြန်မာပြည်ကြီး ပြောင်းလဲနေပါပြီ …..
နစ်နေမန်း
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်
မှန်လိုက်တာဗျာ
ReplyDeleteသန်းရွှေက မင်းတို့ကောင်တွေ ငါ့ကိုမပြောနဲ့ ငါ့မြေးအဆင့်ကိုတောင် မင်းတို့ကြောက်နေရမယ်လို့ မိုးစက်ဝိုင် က တဆင့် ပြောနေသလိုပဲဗျာ။
သိန်းစိန် သမ္မတ ဆိုတာ ရုပ်ပြတင်ထားတာပါ။ ဖိုးလပြည့် အရွယ်မရောက်သေးလို့ ရင်ခွင်ပိုက်သမ္မတ လုပ်နေရတာဖြစ်တယ်။
နေဝင်း ခေတ်တုန်းက နေဝင်းမြေးတွေကို ခင်ညွန်တို့ ဘောမနေရသလိုမျိုး ခုလည်း သန်းရွှေ တင်ပေးထားလို့ နေရာရနေသူတွေက သန်းရွှေမြေး ဖိုးလပြည့်ဘောကို မနေရတာ မြင်ကြပြီမဟုတ်လား?????
သန်းရွှေမြေး ဖိုးလပြည့် က ဘောလုံးပွဲလုပ်ပြီး ခွပ်ဒေါင်းကို နားရွက် တံတွေးဆွတ်ပြထားတယ်၊
ReplyDeleteခရိုနီသမီးကို မယ်စကြာဝဠာအတွက်ပွဲထုပ်ပေးပြီး စစ်သားဂုဏ် ခရိုနီဂုဏ်တွေ ချီးမွမ်းခန်းတွေ တင်လာတယ်-
ဒါဆိုရင် သဘောပေါက်
ကြားထဲက မမိုးစက် နာမည်ပျက်တယ်
ReplyDeleteထိုင်းမယ် ဖိလစ်ပိုင်မယ် အကုန် ဗုတ်တယ် ရွှေသွေးခွေးကောင် (ဖိုးလမိုက်) က ကြိုရွေးပြီး စစ်ခွေးတွေ ထောက်ခံနေတဲ့ ဘိန်းသူဌေး ခရိုနီ သမီး မိုးစက်ဝိုင် က လွဲပြီး သူနဲ့  နီးတဲ့  မယ်တိုင်းကို အကုန်ဗုတ်တယ်
ReplyDeleteဘော်ဒါတွေကိုလဲ ထိုင်းမယ် ဖိလစ်ပိုင်မယ် ကို ဗုတ်ခိုင်းတယ် ကျောင်း က ဖောရိန်းဖရန့် တွေကိုလဲ ဗုတ်ခိုင်းတယ်
ဘိန်းသူဌေး ခရိုနီ သမီး မိုးစက်ဝိုင် ကို စစ်အစိုးရ က ရွေးထားတာလို့  ပြောလို့  မြန်မာမယ် မိုးစက်ဝိုင် ကို ကျောင်း က ဖောရိန်းဖရန့် တွေက ချဉ်နေကြတယ် ဟားဟားဟား
ReplyDeleteစာနာတတ်ကြပါစေ
===========
မိုးစက်ဝိုင်ကို ထောက်ခံနေသူတွေထဲမှာ
အာဏာရှင်ဘက်သားတွေ တော်တော်များများတွေ့တယ်။...
သူတို့ပြောတာလေး တွေ့မိပါတယ်။ ဘာတဲ့ ...
'မြန်မာလူမျိုးဂုဏ်တက်ဖို့ မိုးစက်ဝိုင်ကို အားပေးရမယ်'
တဲ့။ ဒါကို မဆွေးနွေးလိုပါဘူး။ တစ်ခုတော့ ပြောမယ်
အခု မိုးစက်ဝိုင်သွားပြိုင်တာ Miss Universe နော်
ခင်ဗျားတို့ သူ့ကို Miss Universe မရစေချင်ဘူးလား
ရစေချင်တယ်လို့ ဖြေမှာပဲ။ ဒါဆို ဆက်မေးမယ်။ ဘာလို့ရစေ့ချင်လဲ
အထက်ကအတိုင်း ဖြေမယ်ထင်တယ်။
'တိုင်းပြည်ဂုဏ်တက်အောင်' ဟုတ်လား။
ဒါဆို Miss Universe နဲ့ Nobel ဆု ဘယ်ဟာက ကမ္ဘာမှာပိုသိက္ခာရှိသလဲ
ဒီလောက်ကြီး နှိုင်းတာတောင် မအပ်မရာ နှိုင်းသလိုဖြစ်သွားပါပြီ
နည်းနည်းလျှော့ပြောမယ်။ Miss Universe နဲ့ မာလာလာ
ဘယ်သူက ပိုသိက္ခာရှိမယ် ထင်သလဲ။
အေး၊ ကျနော်တို့ဆီမှာ မာလာလာတွေ အများကြီးရှိတယ်။
ဒေါ်နော်အုန်းလှ၊ ဒေါ်ဖြူဖြူသင်း၊ ကိုမင်းကိုနိုင်၊ ကိုကျော်သူ စသဖြင့်
သူတို့ရထားတဲ့ အဆင့်အတန်းမြင့်လှစွာသော
ကမ္ဘာအဆင့် ဆုတံဆိပ်တွေကိုကြည့်စမ်းပါ။
မာလာလာနဲ့ အသာလေးနှိုင်းလို့ရတယ်။
မာလာလာလို့ပြောရင် ကလေးမလေးနဲ့နှိုင်းတယ်ဘာညာ အစဆွဲထုတ်ဦးမယ်။
ကျနော်ပြောချင်တာက ဂုဏ်သိက္ခာအကြောင်းပါ။
Miss Universe နဲ့ဆို မနှိုင်းသာလောက်အောင် မြင့်ကြသပေါ့ဗျာ။
ဒါပေမဲ့ သူတို့ဟာ ... အခု
“မြန်မာလူမျိုးဂုဏ်တက်ဖို့ မိုးစက်ဝိုင်ကို အားပေးရမယ်”
ဆိုပြီး ဆော်သြနေသူတွေထဲက တစ်ချို့ရဲ့ ပါးစပ်ဖျားမှာ
နှစ်ပြားမတန်အောင် အပြောခံခဲ့ကြရတယ်။
ကျနော်တို့ကိုတောင် ဒေါ်စုကို ထောက်ခံလို့တဲ့။
အဖွားကြီး ထမိန်နားခိုချင်နေတဲ့သူတွေ ... တဲ့
သူက ကျနော်တို့အတွက် အမေပဲလေ။ ပြီးတော့
သူ့ကြောင့်ကျနော်တို့ဘယ်လောက် ကမ္ဘာ့အလည်မှာဂုဏ်တက်ရသလဲ?
ပြန်နှိုင်းလိုက်ဦးမယ်ဗျာ။
ကမ္ဘာမှာ Miss Universe ဆိုတာ အလွန်ဆုံးနာမည်ကြီးမှ တစ်နှစ်ပါ။
ဘယ် ကမ္ဘာ့ခေါင်းဆောင်မှလဲ Miss Universe ကို အလေးမထားပါဘူး
အခု မိုးစက်ဝိုင်ကို ၀ိုင်းအားပေးလို့ ရရင် အင်တာနက်မယ်ပါပဲ။
Miss Universe ဆုကတော့ကျနော်တို့ လဲ,သေနေအောင်အားပေးလဲ
သူ အရည်အချင်းရှိမှ ရမှာ။
ကျနော်တို့မြန်မာပြည်က မြန်မာမကြီးတစ်ယောက်ဟာ
ကမ္ဘာမှာ ရနိုင်ခဲလှသော Nobel ဆုကြီးရထားတယ်ဗျာ
ကမ္ဘာ့ခေါင်းဆောင်တွေကလဲ သူ့ကို
(လူငယ်စကားပြောရင်) 'ဂါ' ကြတယ်ဗျာ။
ဒီတော့ ... ကျနော်တို့က သူ့ကြောင့် မာန်ဝံ့တယ်ဗျာ။
သူ့ကို သိပ်ချီးကျူးတယ်ဗျာ။ သူ့ကို တန်ဘိုးထားတယ်ဗျာ။
ဒါ တို့တိုင်းပြည် ဂုဏ်တက်စေတဲ့ အဆောင်လက်ဖွဲ့ကြီးပဲ
... ဆိုတဲ့သဘောမျိုး အလေးအမြတ်ပြုကြတယ်ဗျာ။
မိုးစက်ဝိုင်သာ Miss Universe ရလာကြည့်စမ်း
ဟိုလူတွေ ဘယ်လောက် ပျော်မလဲ။
အဲဒီလိုအချိန်များ မိုးစက်ဝိုင်ကို တစ်ခွန်းလောက်ပြောမိကြည့်
ဘယ်လောက် ဆတ်ဆတ်ခါမလဲ။
အေး၊ ကျုပ်တို့က အဲဒီထက် မနှိုင်းအပ်မနှိုင်းရာဖြစ်လောက်အောင် မြင့်တဲ့
Nobel ဆုရှင်ကြီးကို မိုက်မိုက်ရိုင်းရိုင်းတွေ အဆဲခံရတော့
ဆတ်ဆတ်ခါတယ်ဗျာ။ အသည်းနာတယ်ဗျာ။
ကိုယ့်တိုင်းပြည်အတွက် ဒီလောက်ဂုဏ်တက်စေတဲ့လူကို ဆဲနေတာ
ဒီလူတွေ ဒီတိုင်းပြည်သားမှ ဟုတ်ရဲ့လားလို့တောင် ထင်တယ်ဗျာ။
ReplyDeleteမိုးစက်ဝိုင်ကို vote ပေးဖို့မပေးဖို့အတွက်.. အငြင်းပွားနေတာကို တွေ့ရတယ်..
vote ပေးဖို့ မပေးဖို့ ဆိုတာကတော့... ကိုယ့်ဆန္ဒအရပေါ့.....
တစ်ချို့အမြင်ကလဲ... မြန်မာလူမျိုး ဂုဏ်တက်ဖို့...ပေးသင့်တယ်ပေါ့လေ...
ဒါပေမဲ့ တစ်ခုတော့ သတိပေးချင်တယ်..
ဒေါ်အောင်ဆန်းစုကြည်ကို .. တိုင်းမ် မဂ္ဂဇင်းရဲ့ ဆယ်နှစ်အတွင်း သြဇာအရှိဆုံးဆုအတွက် Vote ပေးကြတုန်းက...
လေဒီဂါဂါ စတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြိုင်ဖက်တွေကို. Vote ပေးကြဖို့ လိုက်ဆွယ်နေတဲ့..
လဒူတွေရဲ့ ..status တွေကို ဖတ်ဖူးကြမယ် ထင်ပါတယ်...
အဲဒီအချိန်မှာ သူတို့စိတ်ထဲမှာရော.. .မြန်မာ ဆိုတာ မရှိဘူးလား ?
ဒေါ်အောင်ဆန်းစုကြည်ကို vote လုပ်တာက
တိုင်းပြည်ရဲ့ Image အတွက်.. vote လုပ်တာပဲ မဟုတ်ဘူးလား..?
လူချင်းလဲ ကွာတယ်..၊
ပြိုင်ပွဲချင်းလဲ ကွာတယ်..၊
ပြိုင်ဘက်ချင်းလဲ ကွာတယ်..၊
connection ချင်းလဲ ကွာတယ်..
တကမ္ဘာလုံးက အာရုံစိုက်တာချင်းလဲ..
အများကြီး ကွာတယ်နော်...
ထူးဆန်းတာက..
အဲဒီတုန်းက ဒေါ်စု ကို လက်မခံတဲ့သူ အများစုဟာ..
အခု မိုးစက်ဝိုင် ဘက်က လော်ဘီ လုပ်နေကြလေရဲ့...
Shwe Pa Yit
ReplyDeleteမော်စကိုမြို့၊ ရုရှနိုင်ငံ
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်
ရုရှနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပသော ၆၂ ကြိမ်မြောက် ၂၀၁၃ မယ်စကြာဝဠာပြိုင်ပွဲတွင် ဗင်နီဇွီးလားမယ် Gabriela Isler က မယ်စကြာဝဠာဘွဲ့ ဆွတ်ခူးသွားသည်။
ဒုတိယဆုကို စပိန်မယ်၊ တတိယဆုကို အီကွေဒေါ မယ်၊ စတုတ္ထဆုကို ဖိလစ်ပိုင်မယ်၊ ပဉ္စမဆုကို ဘရာဇီးမယ်တို့က ဆွတ်ခူးသွားသည်။
နောက်ဆုံးအဆင့် ယှဉ်ပြိုင်သော မယ် ၁၆ ဦး မှာ ကော့စတာရီကာမယ်၊ ယူကရိန်းမယ်၊ တရုတ်မယ်၊ အီကွေဒေါမယ်၊ ဗြိတိန်မယ်၊ အင်ဒိုနီးရှားမယ်၊ ဗင်နီဇွီးလားမယ်၊ ဒိုမီနီကန်မယ်၊ ပွာတိုရီကိုမယ်၊ စပိန်မယ်၊ အမေရိကန်မယ်၊ နီကာရာဂွာမယ်၊ ဆွစ်ဇာလန်မယ်၊ အိန္ဒိယမယ်၊ ဘရာဇီးမယ် နှင့် ဖိလစ်ပိုင်မယ် တို့ ဖြစ်သည်။
ဖိုးလပြည့် ရွေးချယ်သည့် မြန်မာစစ်တပ်ကိုယ်စားပြုမယ် ဘိန်းသူဌေး ခရိုနီသမီး မိုးစက်ဝိုင်မှာ နောက်ဆုံးအဆင့် ယှဉ်ပြိုင်သော မယ် ၁၆ ဦးထဲတွင် မပါဝင်ကြောင်းသိရသည်။
အင်တာနက်မှ မဲပေးပြီး ရွေးသော ပရိသတ်အကြိုက်ဆုံးဆု (People's Choice Award)ကို မြန်မာစစ်တပ်ကိုယ်စားပြုမယ် ဘိန်းသူဌေး ခရိုနီသမီး မိုးစက်ဝိုင် ရရန် စစ်သားများ၊ ကြံ့ဖွတ်များ တာဝန်တရပ်အဖြစ် လုပ်ဆောင်ခဲ့ကြသည်။
မိုးစက်ဝိုင် People's Choice Award ဆု ရစေရန် မြန်မာစစ်သားများ၊ ကြံ့ဖွတ်များနှင့် သမိုင်းကိုမေ့လွယ်ပြီး နိုင်ငံရေးခံယူချက်မရှိသော မြန်မာများက အပြင်းအထန် မဲပေးကြသော်လည်း မရဘဲ ဖိလစ်ပိုင်မယ်က ရသွားသည်။
နိုင်ငံအများစုကလူများက မိမိနိုင်ငံမှ မယ်ကို People's Choice Award ရစေရန် ထပ်တလဲလဲ မဲပေးခြင်းကို စိတ်မဝင်စားသည့်နည်းတူ ဖိလစ်ပိုင်လူမျိုးများသည်လည်း ဖိလစ်ပိုင်မယ်ကို စိတ်ပါလက်ပါ မဲမပေးခဲ့ကြပါ။
သို့သော် အာဏာရှင်ဆန့်ကျင်သူ မြန်မာများက စစ်တပ်ကိုယ်စားပြုမယ် ဘိန်းသူဌေး ခရိုနီသမီး မိုးစက်ဝိုင် မရစေရန် ဖိလစ်ပိုင်မယ်ကို အားတက်သရော မဲပေးကြသဖြင့် ဖိလစ်ပိုင်မယ်က People's Choice Award ဆုကို ရသွားသည်။