(ကျော်သူ)
မြန်မာပြည်သူလူထုတို့အတွက်
အနစ်နာခံ ပေးဆပ်နေကြသည်ဟု ကမ္ဘာနှင့် မြန်မာမှာပါ ပြောဆိုပြီး အရပ်ဘက်အဖွဲ့အစည်းများဥပဒေ
ပေါ်ပေါက်လာရေးအတွက် ကြိုးစားပမ်းစား အကောင် အထည်ဖော် ဆောင်ရွက်နေကြသော အဖွဲ့အစည်း
(သို့) အုပ်စုတစ်စုအတွင်းရှိ သူတို့အား ကျွန်တော် မေးမြန်းလိုသည်မှာ -
·
သင်တို့သည် ဗြဟ္မစိုရ်တရားလေးပါး၏ အဓိပ္ပါယ်နှင့်
အနှစ်သာရကို သိရှိပါသလား ??
·
သင်တို့သည် ရောဂါဝေဒနာ ခံစားနေသူတစ်ဦးအား
ကိုယ်တိုင်ကိုယ်ကျ ကယ်တင်ဖူးပါသလား ??
·
သင်တို့သည် ကျောင်းသားလူငယ်လေး တစ်ဦးတစ်ယောက်အား
အသိပညာ၊ အတတ်ပညာရပ် များအား ဆုံးခန်းတိုင် စီစဉ်ဆောင်ရွက်ပေးဖူးပါသလား ??
·
သင်တို့သည် ကွယ်လွန်သွားသူတစ်ဦး၏ နာရေးကိစ္စရပ်အား
ကိုယ်တိုင်ကိုယ်ကျ ထမ်းပိုး သင်္ဂြိုဟ်ပေးမှု လုပ်ဆောင်ပေးဖူးပါသလား ??
·
သင်တို့သည် ရန်သူမျိုးငါးပါးကြောင့် ဒုက္ခပင်လယ်ကြီးထဲမှာ
နစ်မွန်းနေသူအပေါင်းတို့အား ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ ထိထိမိမိ အားပေးကူညီ လှူဒါန်းမှုမျိုး
လုပ်ဖူးပါသလား ??
·
သင်တို့သည် မြန်မာပြည်သူလူထုအပေါင်းအား မြန်မာပြည်သူလူထုတို့
လှူဒါန်းထားသော အလှူငွေ (ငွေကြေး)တို့ဖြင့် “အများပြည်သူအတွက် အများပြည်သူကောင်းမှု”
ဟူ၍ ကိုယ်ကျိုး မပါဘဲ လိပ်ပြာသန့်စွာ ပေးဆပ်မှုမျိုး လုပ်ဖူးပါသလား ??
·
သင်တို့သည် မိမိတို့ ကူညီလှူဒါန်း ဆောင်ရွက်ပေးမှု
အပေါင်းတို့အပေါ် ရဲဝံ့စွာ သစ္စာဆို အမျှပေးဝေရဲပါသလား ??
·
သင်တို့သည် ဒုက္ခရောက် ပြည်သူလူထုတို့အား စွန့်လွှတ်အနစ်နာခံ
ပေးဆပ်နေကြသော လူမသိ သူမသိ မထင်မရှား ဗြဟ္မစိုရ်လူသားများ (သို့) လူမှုရေးအသင်းအဖွဲ့ငယ်များထံသို့
သွားရောက် ခြေချပြီး သူတို့နှင့်အတူ ထပ်တူခံစားဖူးပါသလား။
အထက်ပါ အချက် (၈) ချက်လုံးဖြင့် ပြီးပြည့်စုံသော
အဖွဲ့အစည်း (သို့) အုပ်စုတစ်စုမှ အရပ်ဘက် လူ့အဖွဲ့အစည်းဥပဒေအား ဦးဆောင်ဆွေးနွေး တင်ပြမည်ဆိုပါက
ကျွန်တော် ဘာမှ မပြောလိုတော့ပေ။
မြန်မာပြည်သူ/သားတို့အတွက်၊ မြန်မာ့ (ပြည်တွင်း)လူမှုရေးအဖွဲ့အစည်းများအတွက်
ရင်လေးစွာဖြင့်
လိပ်ပြာသန့်စွာဖြင့် လူမှုရေးသစ္စာဆိုရဲတဲ့
ကျော်သူ
.jpg)
No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။