တပ်မတော်အတွင်း အဓမ္မစေခိုင်းမှုများကို တိုင်ကြားခြင်း
တပ်မတော် (ကြည်း) အရာရှိစစ်သည်ဇနီးတစ်ဦး (ပေးစာ)
သို့
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး၊ နေပြည်တော်
နေ့စွဲ။ ။ ၆.၁၁.၂၀၁၃
အကြောင်းအရာ။ ။ တပ်မတော်အတွင်း အဓမ္မစေခိုင်းမှုများကို တိုင်ကြားခြင်း
ကျွန်မက တပ်မတော်(ကြည်း)မှ အရာရှိတစ်ယောက်ရဲ့ ဇနီးဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးက ILO အဖွဲ့အစည်းကို အဓမ္မ စေခိုင်းမှုများ ပပျောက်စေရမည်ဟု ကတိပေးခဲ့တာ ကြားသိရတော့ ကျွန်မတို့ ကာကွယ်ရေး ၀န်ကြီးဌာနက စစ်သည်ဇနီးသည်တွေမှာ အလွန်ပင် အားတက်ခဲ့ရပါတယ်ရှင်။
ဒါကြောင့်လည်း တပ်ရင်းကော်မတီက ချမှတ်ထားတဲ့ အလုပ်တွေကို အတင်းအဓမ္မလုပ်ခိုင်းရုံသာမက လူကြီးကတော်တွေရဲ့ ဝေယျာဝစ္စနဲ့ အိမ်မှုကိစ္စတွေကိုပါ အစေခံသဖွယ် သဘောထားပြီး အဓမ္မခိုင်းစေခံနေရတဲ့ ကျွန်မနဲ့ ကျွန်မကဲ့သို့ ဘ၀တူ တပ်မတော်သားတွေရဲ့ အိမ်သူ ဇနီးမယားတွေ ခံစားနေရတဲ့ ဒုက္ခတွေကိုရော နိုင်ငံတော်သမ္မတကြီး သိရှိပြီး လိုအပ်သလို ကြည့်ရှု စောင့်ရှောက် ပေးနိုင်ပါစေရန် ယခုလို စာရေး တိုင်ကြားလိုက်ရခြင်းဖြစ်ပါတယ်။
သမ္မတကြီးရဲ့ အစိုးရသစ် တက်လာတဲ့အချိန်ကစလို့ အခုအချိန်အထိ တပ်တွေမှာ အရင်ထက် ပိုဆိုးနေပါတယ်။ အရပ်ဘက်အာဏာမရှိတော့တဲ့အခါ တပ်တွေထဲမှာပဲ အာဏာလိုက်ပြနေကြပါတယ်။ တပ်ရင်းမှာ စစ်သည် မိသားစုတွေ တပ်နေပျော်စေဖို့ဆိုပြီး တာဝန်တွေပေးထားပေမယ့် တကယ်တော့ အဲဒီတာဝန်တွေကို မဖြစ်မနေ ကျေပွန်အောင် လိုက်ပြီးလုပ်ဖို့ဆိုတာ အခက်အခဲတွေ အများကြီးရှိနေပါတယ်။ အရာရှိကတော်တွေ တပ်မှာလိုက်မနေရင် ယောက်ျားဖြစ်သူကို ရာထူးတိုးမပေးဘူးဆိုပြီး ခြိမ်းခြောက်ပြီး အတင်းလိုက်နေခိုင်းပါတယ်။
လူကြီးလာစစ်တဲ့အချိန် မရှိမှာစိုးလို့ဆိုပြီး ကျွန်မတို့ကို ဘယ်ကိုမှ ပေးမသွားပါဘူး။ တပ်မတော်လေ/ရေ တို့မှာတော့ အဲဒီလို အတင်းခြိမ်းခြောက်ပြီး လိုက်နေခိုင်းတာ မရှိဘူးလို့ သိရပါတယ်။ ကျွန်မတို့မှာ သူတို့ရဲ့ လခစားဝန်ထမ်း၊ အမှုထမ်းတွေ မဟုတ်ပေမယ့် သူတို့ပေးတဲ့တာဝန်၊ ခိုင်းတဲ့အလုပ်မှန်သမျှ ငြင်းခွင့် လုံးဝ (လုံးဝ) မရှိပါဘူး။ အထက်လူကြီးတွေနဲ့ ဇနီးတွေကို အမြဲကြောက်နေရပါတယ်။
ခင်ပွန်းဖြစ်သူရတဲ့ လစာနဲ့ မလုံလောက်တဲ့အတွက် သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ရှေ့ရေးအတွက် တစ်ဖက်တစ်လမ်းက ၀င်ငွေလေးရအောင်လည်း လုပ်ခွင့်မရှိပါဘူး။ အစိုးရအလုပ်လုပ်နေတာဆိုရင် နည်းနည်းသည်းခံပေမယ့် ကိုယ်ပိုင်စီးပွားရေးအလုပ်တွေ အခြားကုမ္ပဏီ အလုပ်တွေဆို လုံးဝမလုပ်ရဘူးလို့ အမိန့် ထုတ်ထားပါတယ်။ အပြင်အလုပ်လုပ်နေရင်လည်း အလုပ်က အတင်းထွက်ခိုင်းပါတယ်။ ကျွန်မတို့မှာ ကိုယ့်အလုပ်ကိုယ် လုပ်ခွင့်မရဘဲ တပ်အလုပ်တွေပဲ အဆူအဆဲ မခံရအောင် မနားမနေ လုပ်နေပါတယ်။ လစဉ်ပုံမှန် အစည်းအဝေးတွေ၊ အပတ်စဉ် ဆွေးနွေးပွဲတွေ၊ ဆန္ဒခံယူပွဲတွေလုပ်ရပါတယ်။
အရာရှိဇနီးတွေ၊ စစ်သည်ဇနီးတွေအားလုံး မပျက်မကွက် တက်ရပါတယ်။ ဘာအကြောင်းပြချက်နဲ့မှ ပျက်ကွက်လို့မရပါဘူး။ ပျက်ကွက်ရင် အရေးယူခံရပါတယ်။ တပ်တွင်း စုပေါင်းသန့်ရှင်းရေးလုပ်ရပြီး အင်အားဘယ်လောက်နဲ့ လုပ်ခဲ့ပါတယ်ဆိုတာတွေ တင်ပြရပါတယ်။။ ရဲဘော်ဇနီးတွေ လုပ်အားပေးမလာရင် ရုံးတင်ခံရပါတယ်။ ရဲဘော်တွေရဲ့ သားသမီးတွေ စာမေးပွဲ အောင်ချက်ကိုလည်း လစဉ်တင်ပြရပြီး အောင်ချက်နည်းရင် ကျွန်မတို့ကို တာဝန်မကျေဘူးဆိုပြီး အဆူခံရပါတယ်။ မူကြိုကျောင်းမှာ ကလေးတွေကို အာဟာရကျွေးဖို့အတွက် ကျွန်မတို့ကို မုန့်ဟင်းခါးရောင်းပြီး ငွေရှာခိုင်းပါတယ်။
မိဘကသင်ပေးခဲ့လို့ မိမိပညာနဲ့လုပ်ခွင့်ရတဲ့ ဂုဏ်ရှိတဲ့ အလုပ်ကနေထွက်ခဲ့ရပြီး အခုတော့ ကျွန်မတို့မှာ အထက်အမိန့်အရ လမ်းဘေး ဈေးသည်ဖြစ်နေရပါတယ်။ ပြီးတော့ လပြည့်/လကွယ် အဖိတ်၊ ဥပုသ်နေ့တိုင်း ဓမ္မာရုံမှာ မဖြစ်မနေ ၀တ်ရွတ်ဖို့ တာဝန်ရှိပါတယ်။ ဘာသာရေးအတွက် ၀တ်ရွတ်ရတာ ရည်ရွယ်ချက်ကောင်းပေမယ့် တစ်ခါတစ်ရံ အထက်အမိန့်အရ ယတြာချေဖို့ ပဌာန်းရွတ်ပွဲတွေ လုပ်ရပါတယ်။ သဒ္ဓါတရားမပါဘဲ အောင့်သက်သက်နဲ့ လုပ်ရတဲ့အတွက် ကျွန်မတို့မှာ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဖြစ်နေရပါတယ်။
ယောက်ျားတွေ တပ်မှာမရှိလဲ ကျွန်မတို့မှာတော့ တပ်မှာပဲ နေရပါတယ်။ သီတင်းကျွတ် ကျောင်းပိတ်ရက်တို့ သင်္ကြန်ပိတ်ရက်တို့မှာလည်း တပ်မှာ အလုပ်တွေရှိတယ်ဆိုပြီး ခွင့်မပေးလို့ ဘယ်မှသွားလို့မရပါဘူး။ မိဘနေမကောင်းလို့ မိဘအိမ်ပြန်ပြီး ပြုစုချင်တာ၊ လူမှုရေးကိစ္စ ဘာသာရေးကိစ္စနဲ့ သွားချင်လာချင်တာတောင် သွားခွင့်မရပါဘူး။ ခွင့်ရမှ သွားရလာရပါတယ်။ စနေ၊ တနင်္ဂနွေဆိုတာ တရားဝင်ရုံးပိတ်ရက်ဖြစ်ပေမယ့် ကျွန်မတို့အတွက်ကတော့ အားလပ်ရက်ဆိုတာ မရှိပါဘူး။
ကျမတို့မှာ ထွက်ပေါက်မရှိ ဖြစ်နေပါတယ်။ ဒီလို တရားမျှတမှုမရှိတဲ့ အမိန့်တွေက ဗိုလ်ချုပ်ကတော်တွေကိုတောင် တော်တော်ဒုက္ခ ပေးပါတယ်။ ကျမတို့ဆိုပိုဆိုးပေါ့။
နောက်ပြီး အထက်ဌာန အကြီးအကဲတွေနဲ့ သူတို့ ဇနီးတွေ တချိန်လုံး တပ်စစ်ဆိုပြီး လာနေပါတယ်။ သူတို့အားနေလို့ လာနေကြတာလို့ပဲ ထင်ပါတယ်။ သူတို့ကသာ အားနေတာ တပ်မှာနေတဲ့သူတွေက မအားရပါဘူး။ သူတို့ လာတဲ့အခါတိုင်း ကျွန်မတို့မှာ အလွန်အမင်း စိတ်ဒုက္ခရောက်ကြရပါတယ်။
လူကြီးလာတဲ့အချိန်ကနေ ပြန်သွားတဲ့အချိန် အထိ မိမိရဲ့ မိသားစုကိစ္စတွေကို လုံးဝပစ်ထားလိုက်ရပြီး ဘာမှအမှားအယွင်းမရှိအောင် အထူးသတိထားပြီး စိုးရိမ် ထိတ်လန့်စွာနဲ့ နေနေရပါတယ်။ ကျွန်မတို့မှာ ချက်ရေးပြုတ်ရေး ဧည့်ခံရေးအပြင် အခိုင်းအစေများသဖွယ် သဘောထား ဆက်ဆံခံနေရပါတယ်။ အဲဒီအချိန် ကျွန်မတို့ရဲ့ သားငယ်သမီးငယ်လေးတွေ နေမကောင်းဖြစ်နေတာတောင်မှ အနီးကပ် ပြုစု စောင့်ရှောက်ခွင့် မရပါဘူး။
လူကြီးတွေရဲ့ သားသမီးတွေ အလည်အပတ်ဆိုပြီး လိုက်လာကြရင်လည်း စိုးရိမ် ထိတ်လန့်စွာနဲ့ပဲ စောင့်ရှောက်ပေးရပြီး ဝေယျာဝစ္စများ လုပ်ကိုင်ပေးရပါတယ်။ အိမ်မှာ ဖျားနေတဲ့ မိမိရင်သွေးကိုတော့ ဖြစ်သလို ပစ်ထားခဲ့ရပြီး လူကြီးသားသမီးတွေကိုတော့ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးရတဲ့ မိခင်ဖြစ်တဲ့ ကျွန်မတို့မှာ အလွန် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရပါတယ်။ ကျွန်မတို့ကို စိတ်တိုင်းကျ ခိုင်းစေလို့ အားမရတဲ့အခါတိုင်း ခင်ပွန်းဖြစ်သူတို့ကို အထက်အရာရှိက အကြောင်းရှာပြီး အရေးယူတာ၊ ထိုးကြိတ်တာတွေ လုပ်ပါတယ်။
လူကြီးကတော်တွေနဲ့ ပြောဆိုဆက်ဆံရရင်လည်း ဒူးတုပ်ပြီး ခစားရသလို ဆက်ဆံရပါတယ်။ အဲဒီလိုမဟုတ်ရင် ဂါရ၀မရှိဘူးလို့ စွပ်စွဲပါတယ်။ တချို့က မညှာမတာ ဆဲတတ်ပါသေးတယ်။ ကျွန်မတို့ရဲ့ မိဘတွေက လူ့အောက်မကျအောင် ပညာတွေသင်ပေးခဲ့ပေမယ့် အခုတော့ ကိုယ်ထမင်းကိုယ်စားပြီး သူများကို အစေခံသဖွယ် ဒူးထောက်ခစားရ၊ ပြောဆိုဆက်ခံ ခိုင်းစေခံနေရတာ ရင်နာလွန်းလို့ပါ။ ယူထားမိတဲ့ယောက်ျားကို ချစ်လွန်းလို့သာ သည်းခံနေတာပါ။ စစ်တပ်ဆိုတာကြီးကို စိတ်ကုန်နေတာ တော်တော်ကြာပါပြီ။
အခုဆို တပ်တွေမှာ အခြေအနေ အရမ်းဆိုးနေပါတယ်။ ရဲဘော်တွေကိုလည်း ကိုယ့်တပ် သက်သာ ချောင်ချိရေး ကိုယ့်ဖာသာလုပ်ရမယ်ဆိုပြီး လယ်ကွင်းထဲက တစ်နေကုန်မတက်ရတဲ့သူနဲ့၊ တစ်နေကုန် နွားကျောင်း၊ ကျွဲကျောင်းရတဲ့သူနဲ့ မအားလပ်အောင်ခိုင်းထားပါတယ်။ ညဘက်လည်းကင်းစောင့်ရပြီး မနက်ဘက်လည်း တပ် သန့်ရှင်းရေးအတွက် မြက်ခုတ်ရ တောရှင်းရ လုပ်ရပါတယ်။ လူကြီးလာစစ်ရင် ရှင်းပြီးသားလမ်းပေါ်ကို သစ်ပင်ပေါ်က သစ်ရွက်ကြွေကျလာတာကိုတောင် ခွင့်မလွှတ်တတ်ပါဘူး။
အိမ်ရှေ့ပူတော့ အိမ်နောက်မချမ်းသာ ဆိုသလို ယောက်ျားတွေမှာပူနေတော့ ဇနီးမယားများမှာလည်း အလွန်ပင် စိတ်ဆင်းရဲနေကြရပါတယ်။ ယောက်ျားတွေကလည်း ကိုယ့်မိန်းမကို လူကြီးကတော်တွေများ ဆူလေပြောလေမလားဆိုပြီး ပြန်ပူနေကြရပြန်ပါတယ်။ ဒီလိုဖြစ်နေတာတွေဟာ ဘယ်မြို့ ဘယ်တပ်ရယ်လို့ ခေါင်းစဉ်တပ်စရာမလိုအောင် တပ်တိုင်းတပ်တိုင်း ခံစားနေကြရတာဖြစ်ပါတယ်။
ရဲဘော်တွေခမျာ နားချိန်စားချိန်မရှိအောင် အလုပ်တွေ ခိုင်းခံနေရပေမယ့် လစာကတော့ မလောက်ငစမြဲပါပဲ။ ယောက်ျားရဲ့လစာနဲ့ မလုံလောက်တဲ့အခါကျတော့ မိသားစုရဲ့ စားဝတ်နေရေးကို မိန်းမဖြစ်သူကပဲ ဖြေရှင်းရပါတယ်။
ရဲဘော်ဇနီးတွေခမျာ ကောက်ရိတ်ချိန် ကောက်ရိတ်၊ ကြုံရာကျပန်းဝင်လုပ်၊ စက်ရုံတွေမှာဝင်လုပ်နဲ့ မိသားစု စားဝတ်နေရေးအတွက် ဘက်စုံကနေ ထောက်ကန်ပေးနေရပါတယ်။ ကျွန်မလည်း သူတို့ရဲ့အခက်အခဲတွေကို သိနေပေမယ့် အထက်အမိန့်အရ ရင်နာနာနဲ့ ခိုင်းစေနေရပါတယ်။
နေ့စဉ် မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ တပ်သားတွေရဲ့ ဇနီးမယားတွေကို ပရိတ်ကြီးတို့ ပဌာန်းတို့ အလွတ်ကျက်ခိုင်းပြီး ပြိုင်ပွဲတွေလည်း လုပ်ရပါတယ်။ ရဲမေတွေမှာ သူတို့မိသားစု ၀မ်းရေးအတွက် အလုပ်သွားမလုပ်ရဘဲ ဘုရားစာထိုင်ကျက်နေရပါတယ်။ အလုပ်သွားမလုပ်နိုင်တဲ့အခါ မိသားစု စားဝတ်နေရေးအတွက် အလွန်ဒုက္ခရောက်ကြရတာ မျက်မြင်ကိုယ်တွေ့ပါပဲ။
တချို့ရဲမေတွေဆိုရင် တပ်တွင်းပြိုင်ပွဲတွေ ၀င်နိုင်အောင် လနဲ့ချီပြီး စခန်းသွင်းလေ့ကျင့်ခိုင်းခံရပါတယ်။ သေနတ်ပစ်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပြေးခုန်ပစ်၊ ဂျူဒို… အစုံပါပဲ။ စားဝတ်နေရေး မပြေလည်တဲ့ကြားက ဒီလိုအတင်းအဓမ္မခိုင်းတဲ့ အလုပ်တွေ ဘယ်သူက သွားလုပ်ချင်မှာလဲ။ ကလေးတွေစားဖို့ ပိုက်ဆံလေး နှစ်ထောင် သုံးထောင်ချန်ခဲ့ပြီး သူတို့ မိသားစုကို ဖြစ်သလို ထားပစ်ခဲ့ရရင် သူတို့ရင်ထဲဘယ်လိုနေကြမလဲ။ ကိုယ်ချင်းစာတတ်တဲ့သူတိုင်း သိနိုင်ပါတယ်။ ဒါပေမယ့် အမိန့်ပေး လမ်းညွှန်သူများကတော့ ရဲမေတွေ လုပ်ချင်လား/မလုပ်ချင်လား သေချာသိအောင်မလုပ်ပါဘူး။ သူတို့စားဝတ်နေရေး ခက်ခဲသွားမလား မစိုးရိမ်ကြပါဘူး။ သူတို့မျက်နှာရဖို့ တစ်ခုထဲကြည့်ပြီး ပြိုင်ပွဲများများလုပ်နိုင်အောင် အတင်းဖိအားပေးကြပါတယ်။ ဘယ်ရဲမေမှ ဒီပြိုင်ပွဲတွေပြိုင်ပါမယ်လို့ ကတိပြုပြီး ယောက်ျားယူထားကြတာ မဟုတ်ပါဘူး။ ရွေးချယ်ခွင့် ငြင်းပယ်ခွင့်လည်း မရှိကြရှာဘူး။ ဒီလို အတင်းအကြပ် ပြိုင်ပွဲတွေ လုပ်ခိုင်းတာဟာလဲ တရားမျှတမှုမရှိပါဘူး။
ပြီးတော့ ကြက်တွေ ကြက်နာကျချိန်မှာ ကြက်မွေးခိုင်းရင် မွေးရပါတယ်။ ၀က်တွေ နားရွက်ပြာရောဂါကြောင့် တဖုတ်ဖုတ်သေတဲ့အချိန်မှာလည်း ၀က်တွေမွေးခိုင်းပါတယ်။ စားဝတ်နေရေးအတွက် စိုက်ပျိုးမွေးမြူရေးနဲ့ ဖြေရှင်းရမယ်ဆိုပြီး အိမ်ထောင်တစ်စုကို ဘာဘယ်နှစ်ကောင်ရှိရမယ်ဆိုပြီး စီမံချက်နဲ့ အတင်းမွေးခိုင်းရင်လည်း မွေးရပါတယ်။ ရဲမေတွေမှာ ရှုံးတော့မယ်ဆိုတာ သိသိကြီးနဲ့ ရှိတာလေးထုတ်ပြီး ၀ယ်မွေးရတော့တာပါပဲ။ စိုက်ပျိုးရေးဆိုလည်း မျိုးစေ့ဖိုးတောင် ပြန်မရနိုင်မှန်းသိသိကြီးနဲ့ စိုက်နေကြရတာပါပဲ။ လူကြီးဆိုသူတွေက သူတို့တပ်တွေမှာ စိုက်ပျိုးမွေးမြူရေးတွေလုပ်ပြီး အဆင်ပြေအေးချမ်းနေပါတယ်ဆိုပြီး သူတို့အထက်ကလူကြီးတွေ လာစစ်တဲ့အခါ မျက်နှာရချင်တာနဲ့ အတင်းအကြပ်ခိုင်း နေကြတာပါပဲ။
အထက်လူကြီးတွေ လာစစ်တဲ့အခါ ဘာအဆင်မပြေတာရှိလဲလို့ တာဝန်ကျေရုံ မေးပေမယ့် ကျွန်မတို့မှာ တကယ်အဆင်မပြေတဲ့အကြောင်းတွေ မတင်ပြရဲပါဘူး။ တင်ပြရင်လည်း မိမိ ခင်ပွန်းသည် ဒုက္ခရောက်မှာပါပဲ။ သူတို့အမိန့်ကို မနာခံချင်ရင်၊ သူတို့ပြောဆိုသမျှ ခေါင်းငုံ့မခံချင်ရင်၊ သူတို့ခိုင်းတာတွေ လိုက်မလုပ်နိုင်ရင် အိမ်ထောင်ရေးပြိုကွဲဖို့ပဲရှိပါတယ်။ မိသားစုဘ၀ကို တန်ဖိုးထားတဲ့ ကျမတို့မြန်မာအမျိုးသမီးတွေအနေနဲ့ လွတ်မြောက်ဖို့မမြင်ပါဘူး။ မိန်းမတွေအချင်းချင်း အာဏာပြ၊ အတင်းအဓမ္မ အမိန့်ပေးနေတာတွေ ပပျောက်စေချင်ပါပြီ။ ကျွန်မတစ်ယောက်တည်းအတွက် ပြောတာမဟုတ်ပါဘူး။ စစ်သားကိုယူမိလို့ ဒူးနဲ့မျက်ရည်သုတ်နေရသူတွေအားလုံး အတွက် ပြောတာပါ။ ဒီအကြောင်းအရာတွေဟာ ဘယ်တပ်မှာဖြစ်နေတာပါလို့ ပြောစရာမလိုလောက်အောင် နေရာတိုင်းမှာ တပ်တိုင်းမှာ တပုံစံတည်းဖြစ်ပျက်နေတာပါ။
သမ္မတကြီးရှင့်
ကျွန်မ အခုလို စာရေးသား တိုင်ကြားရခြင်းမှာ ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ ကျွန်မနှင့်တကွ အရာရှိစစ်သည်များရဲ့ ဇနီးမယားများ၊ ရဲဘော်များရဲ့ ဇနီးမယားများ ခံစားနေရသော ဒုက္ခများကို နိုင်ငံတော် သမ္မတကြီးနှင့်တကွ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ အမှန်အတိုင်း သိရှိပြီး တရားမျှတမှု မရှိသော အမိန့်နှင့် အတင်း အဓမ္မ ခိုင်းစေခံနေရတဲ့ ဘ၀များမှ လွတ်မြောက်နိုင်ဖို့ ရည်ရွယ်ခြင်းသာဖြစ်ပါတယ်။ တပ်မတော်ကို သစ္စာဖောက်ခြင်း မဟုတ်ပါ။
ကျွန်မရဲ့ ကိုယ်ရေးအချက်အလက် အပြည့်အစုံနဲ့ တိုင်ကြားရင် ပိုထိရောက်မယ်ဆိုတာသိပေမယ့် ကျွန်မရဲ့ခင်ပွန်းကို အငြှိုးအတေးထားပြီး ဒုက္ခပေးမှာကြောက်တဲ့အတွက် အပြည့်အစုံ မဖော်ပြရဲပါရှင့်။ ဒါ့ကြောင့် ယခုကဲ့သို့ မတရားသော အမိန့်အာဏာများ၊ အတင်းအဓမ္မ ခိုင်းစေမှုများ၊ ဖိနှိပ်ချုပ်ကိုင်မှုများ ပပျောက်သည်အထိ နိုင်ငံတော်သမ္မတကြီးမှ လိုအပ်သလို တည့်မတ် ထိန်းကျောင်းပေးပါရန် ယုံကြည်အားကိုးပြီး အထူးမေတ္တာရပ်ခံ တိုင်ကြားအပ်ပါတယ်ရှင့်။
ယုံကြည်မျှော်လင့်ခြင်းများစွာဖြင့်
တပ်မတော် (ကြည်း) အရာရှိစစ်သည်ဇနီးတစ်ဦး
တပ်မတော် (ကြည်း) အရာရှိစစ်သည်ဇနီးတစ်ဦး
ကျွန်ဝယ် ရာ အဆစ်ပါတယ် စစ်ကျွန်တွေ ပေါ့ စစ်ဗိုလ် ကြိုက်တဲ့ မိန်းမတွေ ဒါလေး အရင်ဖတ်ထားကျါပေါ့
ReplyDeleteဗိုလ်က တော်ဖြစ်ချင် တာကိုး ခံလိုက်ဦးပေါ့
ReplyDeleteတပ် ထဲမှာလည်း ဒီမိုကရေစီ အမူအကျင်. ၊ပြုပြင်ပြောင်းလဲရေး တွေ ပြုလုပ်ပေး သင်.ပါပြီ ။
ReplyDeleteတပ်ထဲမှာ အထက်ဖား အောက်ဖိ ရွယ်တူ ကို ပြိုင်ဖက် သဘောထားပြီး သူ့ထက်ငါ့ မျက်နှာလုပ် မြေးကို ချေးကုန်းပေးနေကျတာ သန်းရွေလက်ထက်က စလာတဲ့ အောက်တန်းကျကျ ဖော်လံဖားနည်း
ReplyDeleteယောက်ျားတော်ဖို့ အရည်အချင်းရှိဖို့မလိုဘူး
မိန်းမ ရော ယောကျာ်းပါ တက်ညီလက်ညီ ထမီလျှော် မာဆတ်လုပ်
အိမ်သာတက်ရင်တောင် ချေးကုန်းပေး မသမာနည်းနဲ့ရသမျှရှာကျွေး အထက်ကိုပေး အောက်ကို ဖိ ရဲဘော်ထမင်းလုစားနေကျတာ ရွံ့စရာ
မင်းအောင်လှိုင်နဲ့ ကြူကြူလှ ကရုပ်ရည်နဲ့ စိတ်ထား အောက်တန်းကျယုတ်မာတာ ကိုက်ညီတယ်
ReplyDeleteအထက်ဖားအောက်ဖိပြီး နေရာလုရင်း သန်းရွေနဲ့ မယ်ကြိုင်ကို သစ္စာရှိပြ အယုံသွင်းလို့ သူထက်တော်တဲ့ စိတ်ထားကောင်းတဲ့ အရည်အချင်းပြည့်ဝတဲ့သူတွေ ကို ဖယ် ကာချုပ်ဖြစ်လာတာ
မင်းအောင်လှိုင် ကာချုပ်ဖြစ်ကာစမှာ နမူနာ အနေနဲ့ သူထက် ပိုစွမ်းတဲ့ သူကို လူမထင်ခဲ့တဲ့ ထွန်းသန်း ၊တင်ငွေ ၊ ကျော်ဖြိုး တို့ကို ဖြုတ်ပြလိုက်တာ တပ်မတော် တခုလုံး အပိုးကျိုး မင်းအောင်လှိုင်နဲ့ ကြူကြူလှ ကို ကြောက်ကျတာ နာမည်ကြားတာနဲ့ ကြောက်သေးပန်းကုန်ကျပြီ
DSA ကျောင်းအုပ်ဘဝ က ဗိုလ်လောင်းတွေ ဆီက လုစားပြီးမျှစားနေကျ ဗိုလ်လောင်းတပ်ရင်းမှုးတပည့် တွေကို မတန်မရာ အကျင့်မကောင်းတာ သိသိနဲ့ ကာချုပ်ဖြစ်တော့ နေရာကောင်းတွေပေး မြှောက်စားထားတယ် သူခိုးလက်ကို စိန်ထုပ်အပ်ထားတယ်။ ခပ်တည်တည် နေတဲ့ သူတို့လို မိုးခ့ါးရေမသောက်တဲ့ ဗိုလ်ချုပ်သိုးထိန်းကိုတော့ အပြစ်မရှိအပြစ်ရှာ မနေနိုင်အောင် လုပ် ထွက်သွားရတယ် ။
ReplyDeleteတြိဂံသန်းထွန်းဦး ကားတွေ 80% ခေတ်မှာ မှောင်ခိုလုပ် ကိုယ်တိုင် တဖက်ကမ်းကနေသွင်း ထုပ် ပြီးအစီးရေ ရာချီ မှောင်ခိုချ လုပ်ချင်တာလုပ်သမျှ တပည့်ရင်းဆိုတော့ မသိသလိုနေပေးထားတယ်၊ ဘိန်းတွေ ကယ်ရီလုပ် လုပ်ကျွေးသမျှ မှိန်းစားနေတာ ကျော်ဖြိုးကိုတော့ တိုင်းမှုး အရှေ့အနောက် ဆိုတော့ တမင် ဖြုတ်ပြလိုက်တယ်
ဒုကျောင်းအုပ် ထွန်းထွန်းနောင် ကို မိန်းမ အကပ်ကောင်းလို့ အဖားကြမ်းလို့ အဘ အဘ နဲ့ ကိုယ်ဖိရင်ဖိ ညုခရာပြီး အချွဲ ကောင်းတော့ ၈၈ ကိုရာထူးပေးလိုက်တယ်
ReplyDeleteကချင်ပြည်နယ် စစ်ဆင်ရေးထိုးတော့ အာဏာနဲ့ ရာထူးကလွဲရင် ကျန်တာ ဘာကိုမှ လူလိုမသိတတ်တဲ့ ကိုယ်ချင်းစာတရားမရှိတဲ့ အထက်ဖားအောက်ကို ကန်ကျောက်အနိုင်ကျင့်တတ်တဲ့ ထွန်းထွန်းနောင်က ကချင်ရွာ လုံးကျွတ်မီးရှို့ ခွေးကြောင်တောင် မလွတ်စေရအောင်သတ်ဖြတ် ကြမ်းရမ်း ပြတော့တာပဲ
အဲဒီအချိန်မှာ ပြန်ကြားရေးက စောက်ရူးသမ္မတဘောယက်ပြီး ခွေးပါးဝ နေတဲ့ ဆိတ်ဖွားရဲထွတ် ယောက်ဖ ဇေယျာအောင်က စစ်ဆင်ရေး မအောင်မြင်လို့ မပခ မှာ မျက်နှာငယ်စိတ်ညစ်နေရချိန် မှာ ရဲထွတ်ညီမ သူဇာဝေ က လူလည်မပီပီ သူ ထမီလျှော်ချေးကုန်းပေးကျွန်ခံထားတဲ့ မပခ ကနေရျွေပိသာချိန်ဆက်သထားတဲ့ မယ်ကြိုင် ကို တက်ငိုပါလေရော
ဒါနဲ့ သန်းရျွေကြီးက သမ္မတစိန်ပြောင် ကိုခေါ် ဟေ့ကောင် ဝန်ကြီးတနေရာ အမြန်ရှာ ပေးစမ်း ဇေယျာအောင်ကိုဆိုတော့ စိန်ပြောင်လဲ မကင်းရာမကင်းကြောင်း ဇေယျာအောင် မိန်းမရဲ့ အဖားခံ ပေးတာစားဖူးတော့ ရထား ကို ခေါ် လိုက်တော့တာပဲ
ဒါနဲ့ ရက်စက်တတ် အောက်လက်ငယ်သားကို မညှာတာတတ်တဲ့ တနိုင်ငံထဲသားချင်း လူမျိုးတုံးသတ်ဖြတ်နေတဲ့ ၈၈ ထွန်းထွန်းနောင်က ရွေပုံပေါ် ထိုင် မပခ ကိုရောက်တော့တာပဲ
ReplyDeleteမပခ ဆိုတာ သူဌေးတိုင်း မပခ ကတပ်ရင်းကို ရောက်ချင်ရင် အရင်ခေတ်က ကကထူး က ခင်မောင်ဆန်းကို ရျွေ ၁၀သားပဲ ပေးရတာ
ရှေ့တန်း အမည်ခံ ကျောက်တွင်းရွှေတွင်း နယ်စပ်ဂိတ်ထိုင် ရဖို့ တပ်ရင်းတွေကနေတိုင်းမှုး ကနေ စာရေးအထိ ရွှေ ဆက်သရတာ အစဉ်အလာပဲ
ရဲဘော်တောင် ဂိတ်ထိုင်ရင် တရာအနဲဆုံး ကွမ်းတရာမဟုတ်ဘူးကွ သိန်း ချီတာ
အခုမှ ဂွမ်မော် တို့ ပညာပေးထားလို့ မပခ ကကောင်တွေ ဝင်ငွေနဲနေတာ
ဆိတ်ဖွားညီမ လူလည်မသူဇာဝေ ကအကြွေးတွေနဲ့ နှိုက်စရာ စားစရာမရှိတဲ့ ရထား မှာမနေချင်တော့ စိန်ပြောင် အိမ်နေတိုင်းသွားနားပူ ၊ မယ်ကြိုင် ကိုပူဆာ ၊သမ္မတနားက မဟုတ်တာအကြံပေးသူယုတ်မာ လူလိမ်လူညာခွေးသူတောင်းစားစိုးသိန်းကို မပခ ကနေရလာတဲ့ ရွေတွေဆက် ငိုပြတော့ စားပေါက်ဂယ်ကောင်းတဲ့ ကုမ္မဏီတွေ နိုင်ငံခြားလုပ်ငန်းတွေ ဆက်စပ်နေတဲ့ စွမ်းအင် ကို ထပ်ရွေတာပေါ့
ReplyDeleteထွန်းထွန်းနောင်ကတော့ ကချင်KIA ကို စည်းရုံးနိုင်တယ် သူလက်ထက်မှာ အောင်မြင်တာလို့ နာမည်ကောင်းယူ နောက်တဆင့် ဒုချုပ်ရာထူးမှန်းနေပြီ
လက်ရှိဒုချုပ် နဲ့ တပ်ချုပ်က မတည့်ကျဘူး
ဒါကြောင့် မှန်းနေလေရဲ့ သူ့မိန်းမ ခင်ခင်မင်းကလဲ အောင်မင်းတို့လာရင် အဘ အဘ နဲ့ တကိုယ်လုံးပစ်ပြီးပြုစုနေတာပဲ
တပ်မတော်ထဲ ဒီလို လူတွေသိပ်များတော့ လက်အောက်က အရာရှိငယ်တွေလဲ နမူနာစံပြအတုမှားကုန်တာပဲ
မပခ က တိုင်းတပ်တွေ ရွေတွင်း ကျောက်တွင်းထိုင် သစ်ခိုးခုတ် တရုတ်ကိုပို့ ဘိန်းကယ်ရီရိုက် နယ်စပ်ဂိတ် ကားမှောင်ခိုချ လုပ်စားပြီး ချမ်းသာတာမှ မပခတိုင်းမှုးစည်းစိမ်က တေဇ တောင် ငိုရတယ်
ReplyDeleteတချို့ နယ်တွေ က တပ်တွေ မှာ ရဲဘော်တွေ အကြပ်တွေ အရာရှိငယ်တွေ ကျတော့ငတ်ပြတ်ပြီး လူမွေးလူတောင်မပြောင်ကျရဘူး
တခါလာလဲ အိုးအိမ်စည်ပင်က ချထားသမျှ အကွက်သစ်ဖော်သမျှ ရန်ကုန် ၊ မန္တလေး ၊နေပြည်တော် ဒီ အခွင့်ထူးခံတွေပဲ
တိုက်ခန်း ၊ကွန်ဒိုလဲ သူတို့ပဲ
ဦးပိုင် က MEC ကချပေးသမျှ ကားပါမစ် ကားတွေ ဘိလပ်မြေ သံချောင်း စားအုန်းဆီ ဘီယာ စီးကရကိကအစ ဒီ လူစု တွေ သားသမီးတွေပဲ ရနေကျတာ ဝေစားမျှစား ကျန်တဲ့ တပ်တွင်းက လူတွေ ကို မသနားမငဲ့ညှာကျဘုး လူသားချင်းမစာနာကျတာ
သူတို့ ခြံတွေ အတွက် အလကားဖက်ဒိတ် လုပ်ရတး စနေတနင်္ဂနွေ မရှိအောင်ခိုင်းကျတာ
ရှေ့တန်းကျတော့ အငယ်တွေက ရှေ့ကတက် အသေခံ စံစားတော့ တပ်မမှုးတွေ တိုင်းမှုးတွေ ရာထူး ရတာနဲ့ မြန်မာပြည် ကို သူတို့ အမေလင် သန်းရျွေ ပိုင်ပစ္စည်းထင်ပြီး လုပ်ချင်တာ လုပ်ကျတာ ရသမျှအခွင့်အရေးယူကျတာ ထွီ
သမ္မတစိန်ပြောင် ကို တိုင်လဲ အလကားပဲ ကလေးမ
ReplyDeleteသမ္မတစိန်ပြောင် က ပြန်ပြောလိမ့်မယ် ငါ့လို့ မလှုပ်မရှုပ်မပြုတ် ပို့ဆွမ်းစားပြီး အထက်ကိုလဲ ပြန်ဆွမ်းကပ်တတ်လို့ သမ္မတ ဖြစ်လာတာပေါ့လို့ ဟားနေလိမ့်မယ် ။
မယ်ကြိုင် ဥပုဒ်အိပ်လာရင် ၁၁မှာ အနှိပ်တော်ဆက် တွေ လို လုပ်တတ်မှ မင်းလဲ ဗိုလ်ချုပ်ကတော်ဖြစ်မယ်
ဝင်းမြင့်မိန်းမရှမ်းဝတုတ်မကြီးလို ခင်မောင်သန်းမိန်းမ မေချောက်ဖုံသူရဲမ လို မြင့်ဆွေ မိန်းမ မကြင်ဌေးတို့ ကိုကိုမိန်းမ စဝ်နွန်းခွမ်ဆမ်တို့ မာမာဝေ တို့ လို့ ချေးကုန်းပေးတတ်ရမယ်
ရွှေမန်းမိန်းမ လို ကလေးထိန်း မြေးထိန်း တတ်အောင်ကြိုးစားရမယ်
တဖက်တလမ်းကလဲ မင်းယောကျာ်းက နွားမှောင်ခို ကျောက်မှောင်ခို ဘိန်းမှောင်ခို သစ်ခိုးခုတ်မှောင်ခိုချ ပြီး အရှက်မရှိကုန်သည်တွေ ၂လုံး၃လုံးဘောလုံးဒိုင်တွေ ပါ အကုန်ပေါင်းသောက်စားမူးရစ်ပြီး ဘဘ တို့အတွက် ဖာ အကောင်းစားတွေ ဆက်သတတ်ဖို့ကြိုးစားထားပေတော့ကွာ
သမ္မတစိန်ပြောင် ကို တိုင်လဲ အလကားပဲ ကလေးမ
ReplyDeleteသမ္မတစိန်ပြောင် က ပြန်ပြောလိမ့်မယ် ငါ့လို့ မလှုပ်မရှုပ်မပြုတ် ပို့ဆွမ်းစားပြီး အထက်ကိုလဲ ပြန်ဆွမ်းကပ်တတ်လို့ သမ္မတ ဖြစ်လာတာပေါ့လို့ ဟားနေလိမ့်မယ် ။
မယ်ကြိုင် ဥပုဒ်အိပ်လာရင် ၁၁မှာ အနှိပ်တော်ဆက် တွေ လို လုပ်တတ်မှ မင်းလဲ ဗိုလ်ချုပ်ကတော်ဖြစ်မယ်
ဝင်းမြင့်မိန်းမရှမ်းဝတုတ်မကြီးလို ခင်မောင်သန်းမိန်းမ မေချောက်ဖုံသူရဲမ လို မြင့်ဆွေ မိန်းမ မကြင်ဌေးတို့ ကိုကိုမိန်းမ စဝ်နွန်းခွမ်ဆမ်တို့ မာမာဝေ တို့ လို့ ချေးကုန်းပေးတတ်ရမယ်
ရွှေမန်းမိန်းမ လို ကလေးထိန်း မြေးထိန်း တတ်အောင်ကြိုးစားရမယ်
တဖက်တလမ်းကလဲ မင်းယောကျာ်းက နွားမှောင်ခို ကျောက်မှောင်ခို ဘိန်းမှောင်ခို သစ်ခိုးခုတ်မှောင်ခိုချ ပြီး အရှက်မရှိကုန်သည်တွေ ၂လုံး၃လုံးဘောလုံးဒိုင်တွေ ပါ အကုန်ပေါင်းသောက်စားမူးရစ်ပြီး ဘဘ တို့အတွက် ဖာ အကောင်းစားတွေ ဆက်သတတ်ဖို့ကြိုးစားထားပေတော့ကွာ
m.media , myanmarmuslimmedia ဆိုတဲ. ပြည်တွင်း ပြည်ပ မွတ်ဆလင် အမာခံ အကြမ်းဖက်လှုံ.ဆော်ရေးသမားတွေ OIC လာမှာကိုချိန်ကိုက်ပြီး ပြည်တွင်းမွတ်ဆလင်တွေကို သွေထိုးပေးနေတယ် ၊ အားလုံးသတိရှိကြပါ။
ReplyDeleteNLD ပါတီ ရှေ.နေ မွတ်ဆလင် လှုံ.ဆော်ရေးသမား လောက်ကောင် ဦးကိုနီကလည်း အခြေခံဥပဒေပြင်ဆင်ရေးကိုအကြောင်းပြပြီး ၁၉၈၂ ဥပဒေကိုပြင်ဆင်ဖို. မွတ်ဆလင်တွေ ကို သွေးထိုးပေပြီး ၊ သန်ခေါင်စာရင်း ကောက်ရင် ဆူပူမှုဖြစ်အောင် ဖန်တီးနေတယ် ၊ အားလုံးသတိရှိကြပါ ။
ပြည်ပြေးမီဒိယာ ဧရာဝတီအောင်ဇော်တို.လို လောက်ကောင် တွေကလည်း ၊ ပြည်တွင်း ပြည်ပ မွတ်ဆလင် အမာခံ အကြမ်းဖက်လှုံ.ဆော်ရေးသမားတွေနဲ..ပူးပေါင်းပြီး ဗုဒ္ဓဘာသာ
နဲ.မြန်မာလူမျိုးတွေကို အထင်အမြင်လွဲစေမယ်. သတင်တွေးဖေါ်ပြပြီး တဖက်ကနေ သွေးထိုမြောက်ပင်.ပေးနေတယ် ၊ အားလုံးသတိရှိကြပါ ။
m.media , myanmarmuslimmedia ဆိုတဲ. ပြည်တွင်း ပြည်ပ မွတ်ဆလင် အမာခံ အကြမ်းဖက်လှုံ.ဆော်ရေးသမားတွေ OIC လာမှာကိုချိန်ကိုက်ပြီး ပြည်တွင်းမွတ်ဆလင်တွေကို သွေထိုးပေးနေတယ် ၊ အားလုံးသတိရှိကြပါ။
ReplyDeleteNLD ပါတီ ရှေ.နေ မွတ်ဆလင် လှုံ.ဆော်ရေးသမား လောက်ကောင် ဦးကိုနီကလည်း အခြေခံဥပဒေပြင်ဆင်ရေးကိုအကြောင်းပြပြီး ၁၉၈၂ ဥပဒေကိုပြင်ဆင်ဖို. မွတ်ဆလင်တွေ ကို သွေးထိုးပေပြီး ၊ သန်ခေါင်စာရင်း ကောက်ရင် ဆူပူမှုဖြစ်အောင် ဖန်တီးနေတယ် ၊ အားလုံးသတိရှိကြပါ ။
ပြည်ပြေးမီဒိယာ ဧရာဝတီအောင်ဇော်တို.လို လောက်ကောင် တွေကလည်း ၊ ပြည်တွင်း ပြည်ပ မွတ်ဆလင် အမာခံ အကြမ်းဖက်လှုံ.ဆော်ရေးသမားတွေနဲ..ပူးပေါင်းပြီး ဗုဒ္ဓဘာသာ
နဲ.မြန်မာလူမျိုးတွေကို အထင်အမြင်လွဲစေမယ်. သတင်တွေးဖေါ်ပြပြီး တဖက်ကနေ သွေးထိုမြောက်ပင်.ပေးနေတယ် ၊ အားလုံးသတိရှိကြပါ ။
Thithtoolwin ကို share လုပ် ပေး ကြ ပါ လား
ReplyDeleteမိုက်တယ်ဗျို.နောက်ထပ်သိထားတာလေးတွေတင်ပေးပါအုံး
ReplyDeleteတပ်မှာ ဒီမို ကရေစီ မရှိဘူး ဆိုတဲ့စကား .. စစ်သား မှန်ရင် အထက်အမိန့် ကို မဖြစ်မနေ နာခံ ရမယ်.. လူကြီး ကို သိတတ်ရမယ် .. စတဲ့ ပုံစံ တွေ နဲ့ အောက်ခြေ စစ်သည် အရာရှိငယ် တွေ ကို ဖိနှိပ် ဆက်ဆံတာ တွေ တပ်ရင်း အားလုံး နီးပါး ဖြစ်နေတယ်
ReplyDeleteလပခတိုင်းမှူး ဦးညိုစောဆို ပိုတောင်ဆိုးသေးတယ် နန်းတွင်းဂေါက်ကွင်းကို လူကြီးတွေလာပြီးဆို မန္တလေးနန်းတွင်းထဲမှာ ရှိသမျှ တပ်အားလုံးက စစ်သည်တွေရဲ့ မိန်းမတွေကို ခေါ်ခိုင်းပါလေရော ဘာမှမဆိုင်တဲ့ စစ်သည်တွေရဲ့ ဇနီးတွေက အဓမ္မစေခိုင်မှုတွေ ခံနေရပါတယ် ဒါတွေကို ဘယ်သူကအရေးယူပေးမှာလဲ နောက်ပြီး အစိုးရက လစဉ်ချပေးနေတဲ့ ဖုန်းကဒ်ခွဲတမ်းတွေ တိုင်းမှူးက တပ်တွေကိုပြန်ခွဲ ပေးတာသူတို့ အမျိုးတွေ ကုန်အောင် ခွဲတမ်းယူနေတယ် ထင်ပါ တယ် တပ်တွေကို ခွဲတမ်းပြန်မချပေးတာ ၄လလောက် ရှိပါပြီး အဲ့ဒိခွဲတမ်းတွေ ဘယ်ရောက်သွားလဲမသိဘူး
ReplyDelete