ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိဘုယမြို့မှာ တိုင်းရင်းသား ကချင်ဝတ်စုံနဲ့ တွေ့ရတဲ့ Gonyi Aye Kyaw - Miss Myanmar International 2013 ဂုဏ်ရည်အေးကျော်...
ခရစ်စမတ် အကြိုည တိုကျိုအလှ၊ တိုကျိုဆောင်းနှင့် အပြိုင် နန်းတွင်းဝတ်စုံနဲ့ Miss Myanmar ဂုဏ်ရည်အေးကျော်...
ယနေ့ တိုကျိုဆောင်းသည့် အေးစိမ့်လှသည်။ ခရစ်စမတ်အကြိုည တိုကျိုမြို့အလှသည်လည်း အေးဆေး တည်ငြိမ်လှပနေသည်..။ ထို့အတူ မန္တလေးသူ Miss Myanmar ဂုဏ်ရည်အေးကျော်၏ နန်းတွင်းဝတ်စုံသည်လည်း အမြင်ဆန်းလှပေသည်..။
မည်သို့ပင် ချမ်းအေးလှပါသော်လည်း ချစ်လှစွာသော ပရိသတ်များအတွက် မှတ်တမ်းတင် ရိုက်ကူးခဲ့လေသည်...။
တိုကျိုသူ၊ တိုကျိုသားများနှင့် နိုင်ငံခြားသား အချို့၏ စိတ်ဝင်စားစွာဖြင့် တဖြတ်ဖြတ် ဓာတ်ပုံ ရိုက်ကူးမှတ်တမ်းတင်ခြင်းများနှင့်အတူ အတူတကွ ဓာတ်ပုံရိုက်ကူး ခွင့်တောင်းသံများကိုလည်း ကြားသိ မြင်တွေ့ခဲ့ရသည်။
မြန်မာ့အလှမယ် အောင်မြင်မှု သရဖူဆောင်းပြီး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းသံများနှင့် အတူ ယနေ့ထူခြားလှသည့် တိုကျိုညအဖြစ် မှတ်တမ်းတင်ရစ် တော့သည်။
အွန်လိုင်း ဆုတံဆိပ်မှသည် နိုင်ငံဂုဏ်ဆောင် သရဖူဘွဲ့ဆီသို့...
ဓာတ်ပုံ ဒီမိုဝေယံ
( အောက်ကလင့်ခ်မှာ ဖိလစ်ပိုင်မယ်ကို ကျော်ဖြတ်နိုင်အောင် မျိုးချစ်မြန်မာများရဲ့ အစဉ်အလာမပြတ် Voteပေးဖို့ တောင်းဆိုရင်း) http://359906.tbits.me/?option_id=444280
No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။