Pages

Friday, January 3, 2014

ရပ်ကွက်အုပ်ချုပ်ရေးမှူး ကင်းမဲ့ဇုန် ထဲကျရောက်နေသော ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆေး / ငြိမ်း ရပ်ကွက်၊

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် ဆေး/ ငြိမ်းရပ်ကွက် အုပ်ချုပ်သူ ကင်းမဲ့နေခြင်းအား (တိုင်ကြားစာ)
ရပ်ကွက်အုပ်ချုပ်ရေးမှူး ကင်းမဲ့ဇုန် ထဲကျရောက်နေသော
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆေး / ငြိမ်း ရပ်ကွက်၊

ဖြစ်ပုံကဒီလိုပါ၊ လက်ရှိရပ်ကွက် အုပ်ချုပ်ရေးမှူးသည် မြို့နယ်မှ ငွေချေးငှားခြင်း အရှုပ်
တော်ပုံ၊ ခွင့်ပြုချက်မဲ့ တရားပွဲကျင်းပခြင်း အရှုပ်တော်ပုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဖိအားပေး အကျပ်ကိုင်ခြင်းကြောင့် ရုတ်တရက် နုတ်ထွက်ခဲ့ရပါသည်။

ထိုသူနုတ်ထွက်
သွားခြင်းကြောင့်မြို့နယ်မှ နောက်ထပ်မဲ အများဆုံးရသူ တစ်ယောက်ကို ယာယီခန့်ထား
လိုက်ပါသည်၊ ထိုသူသည်လည်း ခွင့်ပြုချက်မဲ့
တရားပွဲကျင်းပခြင်း၊ မြို့နယ်မှ ရပ်ကွက်
အုပ်ချုပ်ရေးမှူးကို တရားစွဲခိုင်းခြင်းကြောင့် ခန့်ထားပြီး နောက်တစ်ရက်အကြာတွင်
နုတ်ထွက်သွားခဲ့ပါသည်၊ သို့သော်လည်းကြည့်မြင်တိုင်မြို့နယ် အုပ်ချုပ်ရေးမှူးသည်
အားမလျော့သေးဘဲ သူ့ရဲ့လက်ခုပ်ထဲက မြို့နယ်စာရေး (
ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်) အား ယာယီ အုပ်ချုပ်ရေးမှူး
ခန့်၍ ဆက်လက် တရားစွဲစေခဲ့ပါသည်။

ဒီနေရာတွင်ဥပဒေ ပညာရှင်များ သုံးသပ်ကြည့်ပါ၊ တရားလိုဖြစ်သူ ရပ်ကွက်
အုပ်ချုပ်ရေးမှူးများကို တစ်ယောက်ပြီး တစ်ယောက်ပြောင်းပြီး တရားစွဲဆိုခိုင်းခွင့် ရှိပါလား၊
ကျွန်တော်တို့ ရွေးကောက် တင်မြှောက်ထားသူများကို ဘယ်က ပေါ်ပေါက်လာမှန်းမသိတဲ့
အုပ်ကြားမြက်ပေါက် မြို့နယ်အုပ်ချုပ်ရေးမှူး ဆိုသူများက အမိန့်ပေးနေသည်မှာ
သင့်တော်ပါရဲ့လား ၊ ပြည်သူများစဉ်းစားကြည့်ပါ၊

မည်သို့ပင်ဆိုစေ
ကြည့်မြင်တိုင်မြို့နယ် အုပ်ချုပ်ရေးမှူး၏ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့်
တစ်လကျော်ကြာသည့်အထိ ရပ်ကွက် အတွက်အုပ်ချုပ်သူ ကင်းမဲ့နေပါသည်။ တရားဥပဒေ
စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းခြင်းများ ပျက်ပြားကာ ရပ်ကွက်အတွင်း လူမှုရေးကိစ္စများ
မကြီးသင့်ဘဲ ကြီးလေးလာသည့် ဖြစ်ရပ်များစွာ ပေါ်ပေါက်ခဲ့ပါသည်။

ထိုဖြစ်ရပ်များစွာသည် ( မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး )
နွားနှစ်ကောင်ဝှေ့သည့်ကြား မြေစာပင် မခံနိုင်သည့်ဖြစ်ရပ်နှင့်တူပါသည်၊

ထိုဆေး/ ငြိမ်းရပ်ကွက်ထဲရှိ
ဖြစ်ရပ်များစွာထဲတွင် လူတိုင်းပြောနေတဲ့ ဖြစ်ရပ်တစ်ခုမှာ မိခင်အိုကြီးနှင့် အတူနေထိုင်
သည့် သား နှင့်သမီး ရှိသည့်အခန်းကိုသား အကြီးလုပ်သူက
အိမ်ထဲကို အတင်းသော့များ၊
တံခါးများကို ရိုက်ဖျက်ဝင်ရောက်ကာ အိမ်ရှေ့သံတံခါးနှင့် အနောက် သံတံခါးများကိုသော့ဖြင့်
ခတ်ထားသည့် ဖြစ်ရပ် ဖြစ်သည်။

၎င်းသော့ခတ်သည့် သားအကြီးဖြစ်သူ အပြင်သွားသည့်အခါ သော့များ ခတ်သွားလေ့ရှိကြောင်း သိရပါသည်၊ ကျန်ခဲ့တဲ့သားနှင့်သမီးက အပြင်ထွက်လိုသည့် အခါအပေါ်ထပ်ခိုးမှသာ အပြင်ကို
ထွက်နေရကြောင်း သိရပါသည်၊ ထိုကိစ္စကို မိခင်လုပ်သူမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို
၁.၁၂.၂၀၁၃ တွင် တိုင်ကြားထားသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရုတ်တရက်
နုတ်ထွက်သွား၍ မြို့နယ်အုပ်ချုပ်ရေးမှူးထံ မိခင်လုပ်သူ(အမေအို) ကြီးကထပ်မံ
တိုင်ကြားထားသော်လည်း မြို့နယ်မှ မည်သို့မှ အကြောင်းကြား အရေးယူဆောင်ပေးခြင်း
မရှိကြောင်းသိရပါသည်၊

ထို့ကြောင့်အမေအိုကြီးရဲ့စေခိုင်းမှုကြောင့်သားငယ်သည်
မြို့နယ် ရဲစခန်းကို တိုင်ကြားထားသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး မရှိခြင်းကြောင့်
အမိမဲ့ သားရေနည်းငါးပမာ အကြောင်းအမျိုးပြကာ နေ့ရွေ့ညရွေ့ တစ်လကျော်ကြာသည်
အထိ သော့ပိတ်ထားခြင်းကို အရေးယူပေးခြင်း မရှိသေးကြောင်း သိရပါသည်။ ထိုကြောင့်
အမေအိုကြီးသည် အိမ်သို့ဘုန်းကြီးများပင့်၍ ဆွမ်းလောင်းလှူခြင်း မပြုလုပ်နိုင်ခြင်း၊
အပတ်စဉ်သံဃာတော်များကြွနေကျဖြစ်သောတန်းဆွမ်းများကိုလောင်းလှူ
နိုင်ခြင်းမရှိခြင်း၊ ဖျားနာသည့်အခါ ဆေးခန်းသို့ သွားလာမရခြင်း၊ အရေးပေါ်ကိစ္စများ ကြုံလာပါက မည်သို့ဖြစ်မည်နည်း၊ ထိုကိစ္စများဖြစ်နေသည်ကို ဘာကြောင့် အမြန်ဆုံးအရေးယူ
ဆောင်ရွက်ပေးခြင်း မရှိရသလဲ၊ ဆောင်ရွက်ခွင့်မရှိလို့လား၊ ဥပဒေပညာရှင်များ ဝေဖန်ပေး
ပါအုံး၊ မြို့နယ်ရှိ အာဏာပိုင်အဖွဲ့ အစည်းများ ဘာလုပ်နေပါသလဲလို့ မေးချင်ပါသည်။

ပြည်သူများ ဘဝလုံခြုံရေးကို အမြန်ဆုံး ကာကွယ်ပေးဖို့ ဘယ်သူ့တွေမှာတာဝန်ရှိပါသလဲ၊
မေးချင်ပါတယ်၊ ထိုဖြစ်ရပ်သည် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့ပေါ်ရပ်ကွက်ကြီးတွင် ဖြစ်နေ
ခြင်းဖြစ်ပါသည်၊ ထိုကြောင့် ဥပဒေပညာရှင်များနှင့် ရန်ကုန်တိုင်းဒေသ ဝန်ကြီးချုပ်နှင့်
သမ္မတကြီးပင် သိသင့်သည်ထင်၍ ကြည့်မြင်တိုင်မြို့နယ် ဆေး / ငြိမ်း ရပ်ကွက်သား
တစ်ယောက်အနေဖြင့် တင်ပြလိုက်ပါသည်။

ကြည့်မြင်တိုင်မြို့နယ် ဆေး/ ငြိမ်းရပ်ကွက်သား

9 comments:

  1. အမိမဲ့သားရေနည်းငါးဆိုတဲ့စာသားကိုကျွန်တော် တော်တော်ကြိုတ်တယ်၊
    ခင်ဗျားရေးချက်ကထိတယ်ဗျာ၊ ထပ်ပို့ပေးပါအုံး။

    ReplyDelete
  2. ခင်ဗျားတို့ ရဲ နဲ့ မြို့နယ်ဥပဒေအကျိုးဆောင်ကိုရေလောင်းမှအမြန်လုပ်ပေးမှာပေါ့
    ခင်ဗျားတို့ကအုပ်ချုပ်သူကင်းမဲ့နေပြီလေ၊

    ReplyDelete
  3. ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် သိသင့်ပါတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးမရှိသော်လည်း
    မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့မသိချင်ယောင်ဆောင်မှုကြောင့် ရဲစခန်းရောက်တရားရုံ ရောက်ရတော့
    မယ့်ဖြစ်ရပ်မှာတာဝန်ရှိတဲ့မြို့နယ်အုပ်ချုပ်ရေးမှူးကိုတာဝန်ကရပ်စဲသင့်ပါတယ်။

    ReplyDelete
  4. ကျွန်တော်ထင်ပါတယ်၊ ရဲကအရေးယူဆောင်ရွက်နိုင်ပါတယ်၊ သော့တွေကိုဖြုတ်ခိုင်းလို့ရပါတယ်၊
    သူနဲ့မဆိုင်ရင်ထွက်ခိုင်းလို့ရပါတယ်၊ အခုက ဒီမိုကရေစီ ခေတ်ဆိုတာမေ့နေတာဖြစ်မယ်။

    ReplyDelete
  5. ခင်ဗျားတို့ကခွင့်ပြုချက်မရဘဲလုပ်တာကိုး၊ ဒါကြောင့် ကျုပ်တို့ကအရေးယူရတာပေါ့၊
    ဒီလိုပဲပြောမှာပေါ့၊ ဒါဆို ခင်ဗျားတို့က ဘာ ဘာသာလည်းလို့မေးချင်တယ်။

    ReplyDelete
  6. ကျွန်တော်ကဝန်ထမ်းဟောင်းပါ၊ မတရားလုပ်သူကအမှုပွဲစားတွေနဲ့ပေါင်းပြီးအမှုကိုကြာအောင်လုပ်ခိုင်းနေမယ်၊
    သူတို့ဝန်ထမ်းတွေဘက်ကလည်းအကြောင်းအမျိုးမျိုးပြပြီးကြာအောင်လုပ်နိုင်တယ်၊ ဒါပေမဲ့အခုက ဒီမိုကရေစီ
    ခေတ်ပဲ၊ သူတို့ထက်ကြီးတဲ့ဆီကိုအကြောင်းကြားပါ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ သမ္မတ အထိတောင်
    တိုင်လို့ရပါတယ်၊ မတရားအမှုတွေ ပပျောက်ပါစေလို့ဆုတောင်းပါတယ်။

    ReplyDelete
  7. တရားပွဲလုပ်တဲ့သူတွေကိုလည်းသာဓုခေါ်ပါတယ်၊ တရားစွဲတဲ့သူတွေလည်းဘေးရန်ကင်းပါစေ။

    ReplyDelete
  8. ကျွန်တော်က ဆေး / ငြိမ်း ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တစ်ဦးပါ၊ မိခင်ကိုယ်တိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဆီကိုတိုင်ထားပါတယ်၊ဒါပေမဲ့ အုပ်ချုပ်ရေးမှူးကနုတ်ထွက်သွားလို့ မြို့နယ်ကို
    တိုင်ဖို့ပြောလိုက်လို့မြို့နယ်ကိုတိုင်ထားတယ်လို့သိရတယ်၊ ဒါက မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါင်းရှောင်တာပါ၊
    သူက ပြည်သူတွေရွေးကောက်ထားတဲ့သူမဟုတ်လို့ ပြည်သူတစ်ယောက်ချင်းစီ ရဲ့ ဒုက္ခတွေကိုမသိချင်ယောင်
    ဆောင်တာပါ၊ ပြည်သူ့ ကိုယ်စားလှယ်တွေဆို ဒီလိုဘယ်လုပ်မလဲ၊ ပြည်သူတွေစဉ်းစားကြည့်ပါ။

    ReplyDelete
  9. သူရိယနေဝန်းသတင်းထောက်တွေဒီမှာသတင်းလာယူသင့်ပါတယ်၊ဒါမှဘယ်ပြည်သူတွေဘယ်လို
    အခက်အခဲရှိတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေသိအောင်ပါ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။