Pages

Wednesday, May 14, 2014

U-12 International ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျပန်လူငယ် လက်ရွေးစင် အသင်းတွင် မြန်မာနိုင်ငံသား ကောင်းဇံမရ ရွေးချယ်ခံရ..

U-12 International ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျပန်လူငယ် လက်ရွေးစင် အသင်းတွင် မြန်မာနိုင်ငံသား ကောင်းဇံမရ ရွေးချယ်ခံရ..

ဂျာမဏီ လာမယ့် သြဂုတ်လ ၁ရက်နေ့မှ ၉ရက်နေ့အထိ ကျင်းပပြုလုပ်မည့် U-12 International လူငယ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျပန်လူငယ် လက်ရွေးစင် အသင်းအတွက် အပြီးသတ် ရွေးချယ်သည့် ၂၃ဦးစာရင်း၌ မြန်မာနိုင်ငံသား
ေေ.. ကောင်းဇံမရ ရွေးချယ်ခံရကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံသား မိဘ၂ဦးမှ မွေးဖွားပြီး အသက် ၁၂နှစ်သာ ရှိသေးသည့် မောင်ကောင်းဇံမရသည် ယခုလက်ရှိ FC TOKYO အသင်းနှင့် BUDDY SOCCER ကလပ်အသင်းတို့တွင် ရှေ့တန်း တိုက်စစ်မှူးအဖြစ်အပြင် ဂိုးသမားတဦးအဖြစ်ပါ ဝင်ရောက် ကစားလျှက်ရှိပြီး အကောင်းဆုံး အားကစားသမား အဖြစ် အကြိမ်ကြိမ် ရွေးချယ်ခံခဲ့ရသည်။

ဂျပန်နိုင်ငံတဝှမ်း ဝင်ရောက် အရွေးခံသည့် အသက် (၁၂နှစ်) အောက် လူငယ် လက်ရွေးစဉ် အားကစားသမား ၉၀၀ကျော်အတွင်းမှ ရွေးချယ်သည့် ၂၃ဦးစာရင်းတွင် ဂျပန်လက်ရွေးစဉ် (Goal Keeper) အဖြစ်ရွေးချယ် ခံရခြင်းဖြစ်သည်။ ဂျပန်နိုင်ငံသည် အားကစား ထူးချွန်သူ နိုင်ငံခြားသားများအား အထူးအားပေး ပံ့ပိုးလျှက် ရှိပြီး ဂျပန်နိုင်ငံသား အဖြစ်ပါ.. အဆင့် သတ်မှတ် ပေးလေ့ရှိသည်။

ယခုကဲ့သို့ ဂျပန်နိုင်ငံ၌ အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူ မြန်မာနိုင်ငံသား တဦးအား ဂျပန်နိုင်ငံ လက်ရွေးစဉ် ဘောလုံးအားကစား တဦးအဖြစ် ရွေးချယ်ခံရခြင်းသည် မြန်မာနိုင်ငံသားအားလုံးအတွက် ဂုဏ်ယူဝမ်းမြောက် ဖွယ်ရာဖြစ်ပြီး နောင်မျိုးဆက်သစ် မြန်မာ့လက်ရွေးစဉ် အသင်းအတွက် အားထားရသည့် အားကစားသမား ပေါ်ထွက်လာခြင်းဖြစ်သည်။

ဖခင်ဖြစ်သူ ရခိုင်တိုင်းရင်းသား ဦးမြတ်သူမှာလည်း ၁၉၉၁ခုနှစ်မှ ၁၉၉၇ခုနှစ်အထိ မြန်မာ့လက်ရွေးစဉ် ဘောလီဘော အားကစားသမား တဦးအဖြစ် နိုင်ငံ့ဂုဏ်ဆောင်ခဲ့သည်..။

U-12 ဂျပန်လူငယ်လက်ရွေးစဉ် မောင်ကောင်းဇံမရနှင့် အင်တာဗျူးအားလည်း ထပ်မံဖော်ပြပေးပါမည်။
..ပြည်တွင်းမှ ဆက်သွယ် မေးမြန်းလို သူများ မြန်မာ့လက်ရွေးစဉ် ဘောလီဘော သမားဟောင်း မောင်ကောင်းဇံမရ၏ ဖခင်ဖြစ်သူ ဦးမြတ်သူထံသို့ 81+9055213941 Viber ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သတင်း၊ ဓာတ်ပုံ. 
ဒီမိုဝေယံ

2 comments:

  1. အလွန်ကိုဘဲ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။

    ကြိတ်ထားကွ။ကြိုးစားထားကွ။

    SAYA SEIN.

    ReplyDelete
  2. အထူးဘဲ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။

    ဆက်လက်လို့ ကြိုးစားကွ။ ကြိတ်ထားကွ။

ျိSAYA SEIN.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။