သမိုင်းအမွေ အနှစ်ကို သမိုင်း အမွေ အနှစ်လို့ပဲ မြင်ကြပါ..
...ခေါင်းလောင်း ပေါ်တာ မပေါ်တာ ဆယ်တာ မဆယ်တာ ဝိဇ္ဇာတွေ သိပ္ပံတွေ မပြောလို ပေမယ့်
အသည်းယား နေတာ တခုက အကယ်၍များ ခေါင်းလောင်းပေါ်လာလို့
တို့မြန်မာတွေ ခေါင်းလောင်းကို လက်အုပ်ချီ ထိုင်ကန်တော့နေတဲ့ မြင်ကွင်း တွေ နိုင်ငံတကာ ရုပ်သံ သတင်း မျက်နှာဖုံးတွေမှာ ပါလာရင်တော့ အားလုံးဂွမ်းပြီပဲ။
နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ပါလာခဲ့ရင်တော့ တို့လူမျိုးတွေ ခေါင်းလောင်းတောင် မချန် ကန်တော့နေတယ် ဆိုတဲ့မြင်ကွင်းတွေကို ကြည့်ပြီး ဘာသာတရားတွေ မပေါ်ခင်က နေတွေ၊ လတွေ၊ တောတွေ၊ တောင်တွေ မြစ်တွေကို ကိုးကွယ်နေကြတဲ့ ကျောက်ခေတ် သံခေတ်ကလူတွေနဲ့ အနှိုင်းမခံနိုင်သလို ထေရဝါဒ ဗုဒ္ဓဘာသာ တိုင်းပြည် ဆိုတာ ဒါလားဆိုတဲ့ အဖြစ်မျိုးတော့ အဖြစ်မခံလိုပါ..။

သမိုင်းအမွေ အနှစ်ကို သမိုင်း အမွေ အနှစ်လို့ပဲ မြင်ကြပါ။
သဒ္ဓါကြည်ညိုလွန်းတဲ့ မြန်မာလူမျိုးတွေ အတွက် မြင်မိတာလေးပါ။
ဒီမိုဝေယံ

Good point! Appreciate! ဒါနဲ့ သစ်ထူးလွင်မှာ ခေါင်းလောင်းသတင်းတစ်ပုဒ်ဖတ်မိတော့ မောင်မျိုး (ဧရာဝတီ) ရေးထားတာ... လွန်ခဲ့ သောနှစ်ပေါင်း ၅၀၀ ကျော်က ကမ္ဘာ ပေါ် မှာသံ မပေါ် သေးလို့ ရွှေ ငွေ ကြေး ဘော် နဲ့ လုပ်တယ် ဆိုတာ ဖတ်မိတော့..သံ က အဲဒီတုန်းက ကမ္ဘာမှာ တကယ် မရှိသေးတာလား ရောင်ဝါးဝါးတောင်ဖြစ်သွားတယ်.. Spartacus တို့ အနော်ရထာ တို့ ဓါးတွေ ဘာနဲ့ လုပ်ပါလိမ့်..နှစ် ၅၀၀ တောင်မက တစ်ထောင်ကျော်တွေ BC တွေ..စားရေးသူမသိတာလား.. တစ်ကယ်ဘဲ သံ မဟုတ်တာလား ;-) ;-)
ReplyDelete