U-12 Berlin International
လူငယ်ဘောလုံးပြိုင်ပွဲအတွက် ဂျပန်နိုင်ငံကိုယ်စားပြု တိုကျိုလက်ရွေးစင်
အသင်းတွင်ပါဝင်သည့် မြန်မာနိုင်ငံသား လူငယ်(၂)ဦး ယနေ့ ဂျာမဏီနိုင်ငံသို့
ထွက်ခွာ..
ဂျာမဏီ လာမယ့် သြဂုတ်လ ၁ရက်နေ့မှ ၉ရက်နေ့အထိ ကျင်းပပြုလုပ်မည့် U-12
Berlin International အသက် ၁၂နှစ်အောက် နိုင်ငံတကာလူငယ် ဘောလုံးပြိုင်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျပန်နိုင်ငံ ကိုယ်စားပြု တိုကျိုလူငယ် လက်ရွေးစင်
အသင်းသား(၁၈)ဦးတွင် ရွေးချယ်ခံရသည့် မြန်မာနိုင်ငံသား မိဘ(၂)ဦးမှ
မွေးဖွားသည့် မောင်ကောင်းဇံမရနှင့် မောင်သက်ရင်မျိုးတို့သည် ယနေ့
လေကြောင်းခရီးဖြင့် ဂျာမဏီနိုင်ငံ ဖရန့်ဖတ်မြို့သို့ ထွက်ခွာသွားကြသည်..။
နောက်ဆုံးအဆင့် အပြီးသတ် ရွေးချယ်သည့် ဂျပန်ကိုယ်စားပြု GOAL KEEPER
၅ဦးတွင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရနှင့် မောင်သက်ရင်မျိုးတို့
(၂)ဦးစလုံး GOAL KEEPER အဖြစ် ရွေးချယ်ခံရခြင်းသည် ထူးခြားမှု ဖြစ်သည်..။
ထို့ထက်ထူးခြားမှုမှာ အဆိုပါ လူငယ်နှစ်ဦး၏ ဖခင်ဖြစ်သူများမှာ ယခင် မြန်မာ့
ဘောလီဘော လက်ရွေးစဉ်နှင့် မြန်မာ့တင်းနစ် လက်ရွေးစင် အားကစားသမားများ
အဖြစ် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသူများ ဖြစ်သည်။
မောင်ကောင်းဇံမရ၏
ဖခင်ဖြစ်သူ ဦးမြတ်သူမှာ (၁၉၉၁ခုနှစ်မှ ၁၉၉၇)ခုနှစ်အထိ မြန်မာ့လက်ရွေးစဉ်
ဘောလီဘော အားကစားသမား တဦးအဖြစ်ပါဝင်ခဲ့ပြီး မောင်သက်ရင်မျိုး၏ ဖခင်ဖြစ်သူ
ဦးသက်လွင်မှာ မြန်မာ့တင်းနစ် လက်ရွေးစင် ချန်ပီယံအဖြစ် (၁၉၈၀မှ ၁၉၈၉)
အထိ နိုင်ငံ့ဂုဏ် ဆောင်ခဲ့ကြသည်။
ဂျပန်နိုင်ငံတဝှမ်း ဝင်ရောက်
အရွေးခံသည့် အသက် (၁၂နှစ်) အောက် လူငယ် လက်ရွေးစဉ် အားကစားသမား
၉၀၀ကျော်အတွင်း မြန်မာလူငယ် (၂)ဦးစလုံး GOAL
KEEPERရွေးချယ်ခံရခြင်းဖြစ်သည်။ ယနေ့ ဂျပန်ကိုယ်စားပြု
သွားရောက်ယှဉ်ပြိုင်မည့် တိုကျိုလူငယ် လက်ရွေးစင် အသင်း(၁၈)ဦးအား ဂျပန်
ဘောလုံးအားကစား အဖွဲ့ချုပ်မှ တာဝန်ရှိသူများမှ တိုကျိုလူငယ်အသင်းအား
အမှာစကားများ ပြောကြားကာ မိသားစုများမှ သွားရောက် နှုတ်ဆက်ပို့ဆောင်ကြပြီး
ဂျပန်လူငယ်များ၏ တချို့မိသားစုများ ဂျာမဏီနိုင်ငံအထိ လိုက်ပါ အားပေး
ပို့ဆောင်ကြသည်..။
အဆိုပါ ဂျပန်နိုင်ငံ ကိုယ်စားပြု တိုကျိုလက်ရွေးစဉ်
အသင်းမှ လူငယ် အသင်းသားများ အနေဖြင့် ဂျာမဏီနိုင်ငံမှာ Homestay အဖြစ်တရက်
နေထိုင်ရမှာ ဖြစ်ပြီး သြဂုတ်လ (၉)ရက်နေ့အထိ ဂျပန်နိုင်ငံ ကိုယ်စားပြု
ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်..။
ဂျပန်နိုင်ငံကဲ့သို့
အာရှဘောလုံး အင်အားကြီးနိုင်ငံမှ မြန်မာနိုင်ငံသား လူငယ်(၂)ဦးမှ ဂျပန်
လူငယ်လက်ရွေးစဉ် အဖြစ် ရွေးချယ်ခံရခြင်းသည် မြန်မာနိုင်ငံသားများအတွက်
ဂုဏ်ယူဝမ်းမြောက်ဖွယ်ပင် ဖြစ်သည်။
မှတ်ချက်.... မြန်မာနိုင်ငံသား
ဂျပန် တိုကျို လူငယ်လက်ရွေးစဉ် (၂)ဦးဖြစ်သည့် မောင်ကောင်းဇံမရနှင့်
မောင်သက်ရင်မျိုးတို့ မိသားစုများမှာ ဂျပန်နိုင်ငံသား အဖြစ်ခံယူထားခြင်း
မရှိပဲ လူငယ် ၂ဦးမှာလည်း ဂျပန်ပတ်စပို့များ ကိုင်ဆောင်ထားခြင်း မရှိသည့်
အတွက် မြန်မာနိုင်ငံသားများ အဖြစ်သာ ရပ်တည်နေဆဲ ဖြစ်သည်။ မြန်မာသံရုံးမှ
အနာဂတ် မြန်မာ့လက်ရွေးစဉ် အလားလာ ရှိသည့် လူငယ်(၂)ဦးအတွက်
မြန်မာနိုင်ငံကူး လက်မှတ်များ စီစဉ်ပေးလျှင် ကောင်းလေစွဟု
ထင်မြင်ယူဆမိသည်...။
ဒီမိုဝေယံ
ဆက်သွယ် မေးမြန်းလိုလျှင်
ဦးမြတ်သူ- မောင်ကောင်းဇံမရ ဖခင် 81+90-5521-3941 (Viber available)
ဦးသက်လွင်- မောင်သက်ရင်မျိုး ဖခင် 81+5176-2421 (Viber available)









No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။