အခုစာကလေးကြော် အခုဆီထမင်း။
ဒေါ်အောင်ဆန်းစုကြည် အမှု၏ သက်သေ၂ဦး ဖြစ်သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးတို့၏ အမှုလျှောက်လဲချက်ပေးရန် ဗဟိုတရားရုံးက ယခုလ ၁၇ ရက်နေ့သို့ ရုံးချိန်းရက်ပေးအပြီး ညနေပိုင်းတွင် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ပါတယ်။
ယမန်နေ့ သောကြာနေ့ ညနေ ဗဟိုတရားရုံး အမှုရက်ချိန်းများ Notice Board တွင် ၁၇ ရက်နေ့၌ လာရောက် လျှောက်လဲချက်ပေး ရန် အမှုစာရင်း ပြန်ပါလာကြောင်း ကြားသိရပါသည်။
တောင်ကြီးမှ ရန်ကုန်သို့ ခရီးအကွာအဝေး ၂ ပါတ်။...။
NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဥပဒေပညာရှင် ဒေါ်ခင်မို့မို့၏ သက်သေလျှောက်လဲချက်ကို ယခုလ ၂၆ ရက်နေ့သို့ ရက်ချိန်းပေးခဲ့ပါသည်။တရားရုံးရဲ့ အကြောင်းပြချက် ကတော့ ခရီးဝေးလို့ပါတဲ့။...။
ဤ ခရီးနီးသလား ၂ပါတ် ကြာလာရ၏။....။
ဒေါ်စုအိမ် ရှင်းလင်းခွင့်ရပြီ။......။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အား ရှင်းလင်းခွင့်အား သက်ဆိုင်ရာမှ ခွင့်ပြုလိုက်ပြီဖြစ်၍ ယနေ့နံနက်ပိုင်းတွင် သွားရောက်နေပြီ ဖြစ်ကြောင်းကြားသိရပါသည်။...။
ဒေါ်စု အိမ်လည်း အကျယ်ချုပ် လွတ်ပါပြီ။.....။
သတင်းဒီမိုဝေယံ။
No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။