Pages

Saturday, June 13, 2009

ဂငယ်လေးဆူ အုတ်သစ်ထူ။( ပြန်ဖတ်လိုလျှင် click လုပ်ပါ)

ဂငယ် လေးဆူ အုတ်သစ်ထူ
ထူသည့် အုတ်သစ် ဆယ့်ကိုးနှစ်
ဆယ့်ကိုးနှစ်ကျော် တဖန်ပေါ်
ပေါ်သည့် ဦးခေါင်း နေထီးဆောင်း
ရွှေခေါင်းပြောင်ပြောင် လမ်းလယ်ခေါင်
တစ်ရောင်ထဲထွက် မင်းလည်းပျက်
ဖြစ်ပျက်စုံညီ မြန်မာပြည်
အောင်စည်သံတို့ မြည်လာပြီ...
ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်း
ခညောင်း မ လိမ့်မည် ။

ဂငယ် ၄လုံးတွင် ပြီးခဲ့သည့် နှစ်များအထိ ၂ လုံး လှုပ်ရှားလေ၏ ။ ယခုနှစ်တွင် (၃)လုံး လှုပ်ရှားလာ၏ ။

၁) ဂမ္ဘာရီ ၊
၂) ဂဗၻီရ ၊
၃) ဂျွန်ဝီလျံ ရက်ထော နှင့် အတူ
၎) အခြား ဂငယ် တစ်လုံး ပေါ်လာချိန်တွင်တော့ ...

သင်တို့ ကြိုးစင်သို့ ဆီမဆွတ်ဘဲ တက်လှမ်းကြရလိမ့်အုံးမည်။

အရေးတော်ပုံ .. အောင်ရမည်။

ကိုတေးအေးရိပ်ရဲ. ဘလော့ထဲက ပြန်ကူးယူ လာတာပါ။
ပို့စ်အဟောင်းမှာဖေါ်ပြခဲ့ဘူးပါတယ်။
ဆရာရေ စင်ကာပူဝန်ကြီးချုပ်ဟောင်း ဂိုဂျုတ်တောင် မြန်မာပြည်က ပြန်သွားပါပြီ။
အခုလည်း လှိုဏ်ဂူ တူးနေပြန်ပါပြီ။
နအဖ ဂျိုကုပ်ကြီး တို့မြန်မာပြည်က ဂန့်ပြီး ဂိုးရမယ့် ရက်ကို ကျွန်တော်တို့
မြန်မာပြည်သူတွေ စောင့်မျှော်နေပါကြောင်း။.....။

ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည်။....
လှိုဏ်ဂူ တူးလျှင် ပြုတ်နိုင်ပါပြီ။....။

2 comments:

  1. Now there has been another Gha Nge in Burma recently. Singapore Senior Minister Goh Chok Tong was in Burma for (4) days. Look like SPDC days are numbered.

    ReplyDelete
  2. မကြာခင် ဂျိုကုပ်ကြီးတွေ ဂိန်ပါတော့မယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။