ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် လျှောက်လဲချက်ကို ယနေ့ မနက်၁၀နာရီ၌ စတင်ကြားနာခဲ့ပြီး ညနေ၅နာရီ မှာပြီးဆုံးကာ မနက်ဖြန် ၁၀နာရီသို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။
" ဒီနေ့ အမှုလျှောက်လဲချက်မှာ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ တို့အတွက် လျှောက်လဲချက်ကို အန်ကယ်တို့ ရှေ့နေ ဦးလှမျိုးမြင့်က လျှောက်လဲချက်ပေးပြီး မစ္စတာယက်တော အတွက်ကတော့ ဦးခင်မောင်ဦးက လျှောက်လဲချက်ပေးပါတယ်။ ၁၂ နာရီမှာ Break Time ပေးပြီး ၁နာရီမှာ ပြန်စပါတယ်။ ၁နာရီမှာ အစိုးရရှေ့နေ ဦးမြင့်ကြိုင်က လျှောက်လဲချက် ပေးပါတယ်။ ညနေ ၅နာရီ ထိုးသွားတဲ့ အတွက် မနက်ဖြန် မနက် ၁၀နာရီကို ပြန်ချိန်းလိုက်ပါတယ် ။မနက်ဖြန်မှာ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ တို့အတွက် ရှေ့နေတွေ လျှောက်လဲချက် ပေးဖို့နဲ့ အစိုးရရှေ့နေ ဦးမြင့်ကြိုင်ရဲ့ လျှောက်လဲချက်ကို အန်ကယ်တို့က Reply ပြန်လုပ်ရပါမယ်။ "
" အန်ကယ်တို့ ဒီနေ့ တရားရုံးကို စာတစောင်တင်ပါတယ် စာကတော့ ဟိုတုန်းက နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးညွန့်မောင်ရှိန် က Working Group (Human Right)အဖွဲ့က မေးမြန်းချက်ကို ပြန်လည်ဖြေဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတာမဟုတ်ပါဘူး။ ခေတ္တခေါ်ဆောင် ထားခြင်းသာ ဖြစ်တယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အနေနဲ့ စာထုတ်ထားတာရှိတယ်။ ဒီအမှုနဲ့ပတ်သတ်ပြီး နိုင်ငံခြားရေးရုံးကို သက်သေ လာလျှောက်လဲဖို့ ခေါ်ယူခွင့်ပြုဖို့ တရားရုံးကို စာတင်ထားတယ်။ "
ယနေ့ အင်းစိန်တရားခွင်သို့ ပြီးခဲ့သည့် သောကြာနေ့က တက်ရောက်ခွင့် ရခဲ့သည့် ဥရောပ နိုင်ငံ၅နိုင်ငံမှ အပ နိုင်ငံတကာမှ သံတမာန် ၂၀ ကျော်ခန့်တက်ရောက်ခွင့် ရရှိပြီး စကားပြန်များလည်း ပါဝင်ကြောင်းသိရှိရပါသည်။...။
သတင်း။......။ဒီမိုဝေယံ

" နောက်တချက်က ဒေါ်စုရဲ့ ညွှန်ကြားချက်ဖြစ်တဲ့ ဒီလ ၂၃ရက်နေ့ မြန်မာ့အလင်း သတင်းစာ ဆောင်းပါးတခုမှာ ဒေါ်အောင်ဆန်းစုကြည် ပြစ်မှုကျူးလွန်လို့ တရားစွဲခံရတယ်လို့ ရေးထားတယ်။ ပြစ်မှုကျူးလွန်တယ်ဆိုတာ တရားရုံးကပဲ ပြောပိုင်ခွင့်ရှိတယ်။ အပြင်လူက ပြောပိုင်ခွင့်မရှိဘူး အပြင်လူက ပြောတယ်ဆိုတာ တရားရုံးအပေါ် လွှမ်းမိုးရာရောက်တယ်။ အဲဒါကြောင့် ဒေါ်စုဟာ တရားရုံးရဲ့ အကာအကွယ်ကို အပြည့်အဝမရသလို ဖြစ်နေတယ်။ အဲဒါနဲ့ပတ်သတ်ပြီး ဒေါ်စုက လိုအပ်သလို ဥပဒေအရ ဆောင်ရွက်ရန် ညွှန်ကြားပါတယ် " ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
ယနေ့ အင်းစိန်တရားခွင်သို့ ပြီးခဲ့သည့် သောကြာနေ့က တက်ရောက်ခွင့် ရခဲ့သည့် ဥရောပ နိုင်ငံ၅နိုင်ငံမှ အပ နိုင်ငံတကာမှ သံတမာန် ၂၀ ကျော်ခန့်တက်ရောက်ခွင့် ရရှိပြီး စကားပြန်များလည်း ပါဝင်ကြောင်းသိရှိရပါသည်။...။
သတင်း။......။ဒီမိုဝေယံ
်
No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။