ဓာတ်ပုံ....http://www.pbase.com ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုစီရင်ချက်ကို လာမည့် ၃၁ရက် သောကြာနေ့ မနက် ၁၀နာရီသို့ ချိန်းဆိုလိုက် ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။
" ဒီနေ့ မနက်၁၀နာရီ တရားရုံးမှာ အန်ကယ် လျှောက်လဲချက်ပေးတယ်။ ပြီးတော့ နောက်ထပ်ရှေ့နေ ၂ယောက် ထပ်ပြီး လျှောက်လဲချက်ပေးပါတယ်။ မနေ့က တင်ထားတဲ့ နိုင်ငံခြားရေးရုံးက သက်သေခေါ်ပေးဖို့ ကိစ္စကို အကျဉ်းရုံး လျှောက်လဲချက် ပေးခိုင်းပြီး ပယ်လိုက်ပါတယ်။ လာမည့်သောကြာနေ့ မနက်၁၀နာရီမှာ အမှုကို စီရင်ချက် ချပါမယ်။ ဒေါ်အောင်ဆန်းစုကြည်က အမှုအတွက် တုံ့ပြန်ပြောဆိုဖို့ အချက်အလက် အကြံဥာဏ်တွေ ပေးပါတယ်။ လျှောက်လဲချက်အားလုံး ၁၂နာရီမှာ ပြီးဆုံးပါတယ်။ ဒေါ်စုက ဥပဒေဆိုင်ရာ အချက်အလက်တွေကို အင်္ဂလိပ်လို ရေးပါတယ်။ ဒီအမှုဖြစ်စဉ်မှာ ဥပဒေ ရှုထောင့်က ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်မှာ လုံးဝအပြစ်မရှိဘူး၊ လွတ်ကိုလွတ်ရပါမယ် "ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
ယနေ့အင်းစိန် တရားခွင်သို့ အမေရိကန်၊ဂျပန်နဲ့ စင်ကာပူ အပါအဝင် သံရုံး ၅ရုံးခန့် တက်ရောက် နားထောင်ခဲ့သည်ဟု ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါသည်။
သတင်း။...။ဒီမိုဝေယံ

No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။