Pages

Wednesday, September 23, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် အကျိုးဆောင် ရှေ့နေများတောင်းဆိုထား။...။

ဓာတ်ပုံ....ကိုထင်ကျော်

အောက်တိုဘာလ ၂ရက်နေ့တိုင်းတရားရုံးမှ အယူခံအမိန့်မချမှတ်မှီ အဆင်သင့်ပြင်ဆင် ထားနိုင်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် ပြည်ထဲရေးဝန်ကြီးဋ္ဌာနသို့ တောင်းဆိုထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

....အန်ကယ်တို့ ရှေ့နေအဖွဲ့ လာမည့် အောက်တိုဘာလ ၂ရက်နေ့မှာ.... ချမှတ်မယ့် အယူခံအမိန့် အပေါ် အဆင်သင့် ပြင်ဆင်ထားနိုင်ဖို့ အတွက်ရယ်...... နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့.... စည်းကမ်းချက် ၈ချက်ထဲက မရှင်းလင်းတဲ့ ....ကိစ္စသက်ဆိုင်ရာ အာဏာပိုင်တွေဆီ တင်ပြဖို့ပါ။ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ကိုတွေ့ခွင့်ရဖို့ တောင်းဆိုထားပါတယ်။.....

.....လွတ်မြောက်လာတဲ့ ...နိုင်ငံရေးအကျဉ်းသား တွေထဲမှာ အန်ကယ် လက်ခံရရှိတဲ့ ...စာရင်းအရ...၁၁၉ဦးရှိပါတယ်.။ အဲ့ဒီအထဲမှာ NLD က ၃၉ဦးပါပါတယ်။ အကျဉ်းသား ၇၀၀၀ကျော်ထဲက လွတ်မြောက်လာတဲ့ ဦးရေကိုတွက်ကြည့်ရင် နောက်ဆက်တွဲ ကျန်သေးတယ် ယူဆရပါတယ်။ အခု NLD ဗဟိုလူမှု အထောက်အကူပြု အဖွဲ့က ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဆေးကုသပေးတာတွေ၊ ငွေကြေး ထောက်ပံ့ပေးတာတွေ ပြုလုပ်ပေးနေပါတယ်.....ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၈ရက်နေ့က စစ်အစိုးရမှ အကျဉ်းသား ၇၁၁၄ဦးကို ပြန်လည်လွတ်ပေးမည် ဟုပြောဆိုခဲ့ပါတယ်။ ထိုအထဲမှ နိုင်ငံရေးအကျဉ်းသားဦးရေ ၁၂၇ဦးစာရင်းကို AAPP (http://www.aappb.org/) မှာဖော်ပြပါရှိပါတယ်။ နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းကျော်လွှားနိုင်ဖို့ နဲ့ ၂၀၁၀ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအာလုံး မလွှတ်ပဲနဲ့ ပြေလည်နိုင်မှာ မဟုတ်ကြောင်း ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။..။

သတင်း...ဒီမိုဝေယံ

23sep,2009

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။