Pages

Tuesday, September 22, 2009

သစ္စာရှိကြေး။...။



သစ္စာရှိကြေး


အင်းယားကန်ဆိပ်

ကံကော်ရိပ်လမ်း

စာသင်ခန်းတွေက

(မင်းတို့ကို)

လွမ်းနေတယ်သူငယ်ချင်း

ယုံကြည်ချက်အတွက်

အသက်ဆိုတာ ဘာမှမဟုတ်ပါဘူးကွာဆိုပြီး

မနီးမှန်းသိတဲ့ခရီးကိုမှ သူငယ်ချင်း

မင်းထွက်သွားတာ ဘာလိုလိုနဲ့

ဆယ်စုနှစ် နှစ်ကြိမ်ကြာခဲ့ပြီနော်

ဒါးကိုဒါးချင်း လှံကိုလှံချင်းဆိုတဲ့

ငတေကြီးလဲ သေပြီ

ဒါပြီးရင် စစ်တန်းလျားပြန်ပါမယ်ပြောတဲ့

ငနဲယုတ်တသိုက်လဲ

မိုက်မဲပြီမိုက်လျက်ပဲ သူငယ်ချင်း၊

ပေါင်းစားလို့ ကောင်းစားနေတဲ့ ကောင်တွေလဲဒုနဲ့ဒေး။

ဒါပေမဲ့

ငါတို့ဘယ်မှာရှိရှိ

ဘယ်သူဘယ်ရောက်နေနေ

ဘယ်သူဘာလုပ်လုပ်

တို့လူထု ဒုက္ခတွေဝေးစေဖို့

ဒီငါတို့မြေ ဒီငါတို့ရေ ဒီနိုင်ငံအရေး


အဖြေမနှေး သစ္စာရှိကြေးနော်

သူငယ်ချင်း


တို့သစ္စာရှိကြေး။...။


ကဗျာရှင် မီးဒုတ်

ပေးပို့လာသူအား ကျေးဇူးတင်ပါသည်။

22sep,2009

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။