အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး ဟာ မျက်စိခွဲစိတ် ကုသမှု ခံယူရန်အတွက် ဇနီးဖြစ်သူဇနီး ဒေါက်တာ ဒေါ်တင်မိုးဝေနှင့် အတူ ယခုလ၂၈ရက်နေ့ နေ့လည် (၁၁)နာရီခန့်က စင်ကာပူနိုင်ငံသို့ ရောက်ရှိလာပါတယ်.. ဘဘဦးတင်ဦးဟာ မျက်စိအိမ်အတွင်းမှ သွေးယိုစိမ့် မှုဖြစ်ခဲ့ပြီး မျက်စိအိမ်အတွင်းပိုင်း Retina အား အဆိုပါသွေးကွက်မှ ဖုံးအုပ်သွားမှုကြောင့် ယခုကဲသို့ ခွဲစိတ်ကုသ ခံယူရခြင်းဖြစ်ပါတယ်။ မနက်ဖြန် နေ့လည် ၃နာရီမှာ.. Tang Tock Seng ဆေးရုံ၌ ခွဲစိတ်ကုသမှု ခံယူပြီး တညတာ ဆေးရုံမှာ တက်ရောက် ကုသမှာဖြစ်ပါတယ်။ အသက် ၈၃နှစ်ရှိပြီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး ဟာ ယနေ့အချိန်ထိ ဘဘဦးဝင်းတင်နဲ့ အတူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဥိးဆောင်မှု ပေးလျှက်ရှိပါတယ်။ ယခုစင်ကာပူနိုင်ငံသို့ ခေတ္တ မျက်စိကုသရန် ရောက်ရှိနေတဲ့ ဘဘဦးတင်ဦးဟာ စိတ်ရော ကိုယ်ပါ အထူးကြံ့ခိုင် ကျန်းမာလျှက်ရှိပါတယ်။
ဘဘဦးတင်ဦး ခွဲစိတ်ကုသမှု အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဖြူစင်သူတွေရဲ့ နှလုံးသားမှာ ပကာသန မလိုဘူးဆိုတာ သက်သေပေါ့ ကိုဒီမိုရယ်။
ReplyDeleteလေးစားလျှက်
ဟန်နီကို
ဘဘရဲ့အသုံးအဆောင်လေးတွေကိုကြည့်မိ၍မျက်ရေတောင်ဝဲမိပါတယ်။ ဘဘကျန်းမာစွာတိုင်းပြည်အကျိုးယခုထက်ပိုသယ်ပိုးနိုင်ပါစေ။
ReplyDelete