အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၂၇.၉.၈၈ခုတွင် စတင်တည်ထောင် မွေးဖွားခဲ့သည့် ၂၇.၉.၂၀၁၀ နေ့တွင် (၂၂ ) နှစ်တိတိ ပြည့်ခဲ့ပါပြီ။ အဖွဲ့ချုပ်ကိုစတင်တည်ထောင်ခဲ့သူ ဂုဏ်သရေရှိ ပညာတတ် ပြည်သူ့ခေါင်းဆောင် ကောင်းတို့ကြောင့် ယနေ့ထက်တိုင် တည်မြဲအောင်မြင် ကျော်ကြား နေခြင်းပင်ဖြစ်သည်။ အဖွဲ့ချုပ် ( ၂၂ ) နှစ်ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားကို ဒုဥက္ကဌ ဘဘဦးတင်ဦးနေအိမ်တွင် ပါတီဝင် အင်အားမြောက်များစွာဖြင့် ပျော်ရွှင် ၀မ်းမြောက် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ အခမ်းအနား အစီအစဉ်အရ ဦးစွာနိုင်ငံတော်နှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း အစရှိသည့် နိုင်ငံ့အာဇာနည် ခေါင်းဆောင်များကို အလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲ အတွင်း အသက်ပေး လှုခဲ့ကြသော ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူများအား တစ်မိနစ်တိတိငြိမ်သက်စွာ အလေးပြုခဲ့ကြပါသည်။ အဲ့ဒီနောက်မှာတော့ ဘဘဦးတင်ဦး နှင့် ဘဘဦးဝင်းတင်တို့မှ မွန်မြတ်သော သြ၀ါဒစကားတို့ကို ပြောကြားသွားခဲ့ပါသည်။ ကဗျာ ဆရာ(ဖျာပုံ)လုံနီဦး မှ ဘဘဦးဝင်းတင်ရေးသားသော ကဗျာနှင့် အဖွဲ့ချုပ်မွေးနေ့ကဗျာများကို ဖတ်ကြားသွားပါသည်။ ထို့နောက်
အဖွဲ့ချုပ်မွေးနေ့အခမ်းအနားကိုအောင်မြင် စွာကျင်းပပြီးစီးကြောင်း ကြေငြာပြီးနောက် ကြွရောက်လာကြသော ဧည့်ပရိသတ်များအား ခေါက်ဆွဲကြော်၊ ပန်းသီး တို့ဖြင့်တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ပါသည်။ ဘဘဦးတင်ဦး၏ သြ၀ါဒမိန့်ခွန်းမှ ကောက်နှုတ်ချက် (ခုလက်ရှိမှာ မတရားမှုတွေဖြစ်နေတယ်။ မတရားတာကို လုံးဝလက်မခံဘူး။) ဘဘဦးဝင်းတင်၏ သြ၀ါဒမိန့်ခွန်းမှ ကောက်နှုတ်ချက် ( မတရားသဖြင့် နှိပ်စက်ညှဉ်းပန်းမှုတွေကို ကုန်းမခံဘူး၊ ရုန်းခံမယ်။)

လေးစားဦးညွှတ်လျှက်
BP
BP
No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။