ဆရာဦးထွန်းလွင်
ရန်ကုန်မြို့က ပညာရပ်ဆိုင်ရာ ဟောပြောပွဲတွေကို မသွားဖြစ်တာ ကြာပါပြီ။ ဆရာဦးထွန်းလွင်ရဲ့ မိုးလေ၀သကိစ္စကို ကျွန်တော် စိတ်မ၀င်စားပါဘူး။ သဘာဝ ဘေးအန္တာရယ်ဆိုတာ ဖြစ်ခဲပါတယ်။ ပက်ပင်းတိုးခဲ့ရင်လည်း ရှောင်ဖို့သိပ်မလွယ်လှဘဲ လည်စင်းခံကြရုံဘဲလို့ တွေးယူထားလို့ပါ။ ဒါပေမယ့် တာချီလိတ်မှာ ငလျင်လှုပ်၊ မတ်လလယ်ကြီး ထူးထူးခြားခြား အေးလိုအေး၊
ဂျပန်က ဆူနာမီကို မျက်ဝါးထင်ထင်မြင်ရ၊ ဂီရိမုန်တိုင်းကြီး ရခိုင်ကို ၀င်မွှေနဲ့ ကမ္ဘာကြီးနဲ့ ကျွန်တော်တို့ဆီမှာ သဘာဝကပ်ဆိုးကြီးတွေ ဘာကြောင့် ခပ်စိပ်စိပ် ဖြစ်လာရသလဲဆိုတာ မစဉ်းစားလို့ မနေနိုင်အောင် ဖြစ်လာရပါတယ်။ ဆရာ့ကို ဒီဘက်နောက်ပိုင်းမှာ ပိုလက်ခံ လူကြိုက်များလာကြပါတယ်။ ၀န်ထမ်းဘ၀က ကင်းဝေးသွားတာရယ်၊ နိုင်ငံခြားမီဒီယာတွေက မေးရင် ကိုယ်ယုံကြည်တာကို ရဲရဲတင်းတင်း ပြန်ဖြေခဲ့တာတွေက ဆရာ့ကို အရောင်လက်စေခဲ့ပါတယ်။ ဆရာ့ရဲ့ကိုယ်ပိုင် ၀က်ဆိုဒ်တစ်ခုကို လွှင့်တင်နိုင်ခဲ့ခြင်း ကလည်း အဓိကနေရာက ပါပါလိမ့်မယ်။
ဟောပြောပွဲကို ၂၆- ၃-၂၀၁၁ နေ့ ၊ နေ့ လယ် ၂း၀၀ နာရီမှာ အနောက်ကြို့ ကုန်းမှာရှိတဲ့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်မှာ လုပ်ပါတယ်။ ပရိသတ် ၄၀၀ နီးပါး တက်ရောက်ကြပြီး အဲဒီခန်းမရဲ့ တက်ရောက်သူ စံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။ သဘာဝဘေးအန္တရယ်ကို လူတွေ ပိုဂရုပြုမိလာတာ၊ စိတ်ပါဝင်စားလာတာ ကောင်းတဲ့လက္ခဏာတစ်ရပ်လို့ မြင်ပါတယ်။ တက်ရောက် နားထောင်သူတွေကို ဆရာ့ရဲ့“ မုန်တိုင်းအကြောင်း သိကောင်းစရာ” စာအုပ်လေး ဝေငှပါတယ်။ ဒါလည်း သိပ်ကောင်းတဲ့ အစီအစဉ်လေးပါ။
နောက် ပန်းဖလက် တစ်ရွက်ကို ဆရာ့စာအုပ်လေး ကြားထဲ ထည့်ပြီး ပေးလိုက်ပါသေးတယ်။ “ မြန်မာနိုင်ငံ အသွင်ကူးပြောင်း ရေး မှန်းဆချက်များ ” ဆိုတဲ့ The Voice Weekly Issue ( 7-15 ) ရဲ့ (ပေါ်လစီ) နိုင်ငံရေး ဆောင်းပါးတစ်ပုဒ်ပါ။ ကျွန်တော်တို့ စိတ်ပျက်သွားပါတယ်။ ပြီးတော့ ၀မ်းနည်းမိပါတယ်။ ဒါမျိုး မလုပ်ကောင်းပါဘူး။ မလုပ်သင့်ပါဘူး။ ဟောပြောပွဲကို လာတဲ့သူတွေဟာ ဆရာဦးထွန်းလွင်ရဲ့ ကမ္ဘာ့ ရာသီဥတုပြောင်းလဲ လာခြင်းနဲ့ နောက်ဆက်တွဲ အကျိုးအပြစ်တွေ အကြောင်း လာနားထောင်ကြတာပါ။ ဒီထဲမှာ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူ ပါချင်ပါမယ်၊ မပါချင် မပါဘူး။ နိုင်ငံရေး စိတ်ဝင်စားသူဆိုရင်လည်း ခံယူချက် အမျိုးမျိုးရှိပါဦးမယ်။ စစ်တပ်က စပွန်စာလုပ်တဲ့ နိုင်ငံရေး အခင်းအကျင်းကို ခေါင်းညိမ့်သူ ရှိသလို၊ မနှစ်မြို့ သူတွေလည်း ရှိမှာပါ။
နောက် ပန်းဖလက် တစ်ရွက်ကို ဆရာ့စာအုပ်လေး ကြားထဲ ထည့်ပြီး ပေးလိုက်ပါသေးတယ်။ “ မြန်မာနိုင်ငံ အသွင်ကူးပြောင်း ရေး မှန်းဆချက်များ ” ဆိုတဲ့ The Voice Weekly Issue ( 7-15 ) ရဲ့ (ပေါ်လစီ) နိုင်ငံရေး ဆောင်းပါးတစ်ပုဒ်ပါ။ ကျွန်တော်တို့ စိတ်ပျက်သွားပါတယ်။ ပြီးတော့ ၀မ်းနည်းမိပါတယ်။ ဒါမျိုး မလုပ်ကောင်းပါဘူး။ မလုပ်သင့်ပါဘူး။ ဟောပြောပွဲကို လာတဲ့သူတွေဟာ ဆရာဦးထွန်းလွင်ရဲ့ ကမ္ဘာ့ ရာသီဥတုပြောင်းလဲ လာခြင်းနဲ့ နောက်ဆက်တွဲ အကျိုးအပြစ်တွေ အကြောင်း လာနားထောင်ကြတာပါ။ ဒီထဲမှာ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူ ပါချင်ပါမယ်၊ မပါချင် မပါဘူး။ နိုင်ငံရေး စိတ်ဝင်စားသူဆိုရင်လည်း ခံယူချက် အမျိုးမျိုးရှိပါဦးမယ်။ စစ်တပ်က စပွန်စာလုပ်တဲ့ နိုင်ငံရေး အခင်းအကျင်းကို ခေါင်းညိမ့်သူ ရှိသလို၊ မနှစ်မြို့ သူတွေလည်း ရှိမှာပါ။
ဟိုးတုန်းက မဆလပါတီခေတ်က အချိုးမျိုးပါ။ သမ၀ါယမတွေက လူတွေသိပ်လိုချင်တဲ့ပစ္စည်းနဲ့ ရောင်းမစွံတဲ့ပစ္စည်းကို တွဲထုတ်ပေးတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ ဒါမျိုး နားလှည့်ပါးရိုက်တာမျိုးတွေကို မလုပ်သင့်တော့ပါဘူး။ ငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ စေတနာဟာ မစင်ကြယ်တော့သလို ဖြစ်ရပါတယ်။ ဆရာဦးထွန်းလွင်လည်း ကြံရာပါလို ဖြစ်ခဲ့ရပါတယ်။ စင်ပေါ်တက်ပြီး ဟောကြပြောကြမယ့် ပညာရှင်တွေ အနေနဲ့လည်း နောက်ဆိုရင် ငါ့ဟောပြောပွဲမှာ ဘာတွေဝေဦးမှာလဲလို့ အရင် တီးခေါက်ကြည့် ထားသင့်ပါတယ်။ ဖြစ်နိုင်ရင် တားမြစ်စေချင်ပါတယ်။ ဝေချင်သပဆိုရင် အနီးဆုံးဖြစ်တဲ့ ဘုရင့်နောင်လမ်းဆုံ မီးပွိုင့်မှာ သွားဝေရင် ပိုပြီး အရာရောက်ပါလိမ့်မယ်။ ဘယ်လိုနိုင်ငံရေး အယူအဆစာရွက်တွေဖြစ်ဖြစ် ပညာရှင်များ ဟောပြောပွဲနဲ့ မအပ်စပ်ဘူးဆိုတာ ကျွန်တော့် ဆိုလိုရင်းဘဲဖြစ်ပါတယ်။ ရန်ကုန်မြို့ဟာ ပညာတတ်တွေ များတဲ့အပြင် လူလတ်တန်းစားတွေ များတဲ့အတွက် ယဉ်ကျေးမှုအဆင့် မင့် ကြပါတယ်။ အောက်ကြေး နိုင်ငံရေးအလုပ်ကို ရွံမုန်းကြပါတယ်။ ဒါလေးတစ်ခုက လွဲရင် ကျန်တာ အလွန်ကောင်းတဲ့ ဟောပြောပွဲဖြစ်ခဲ့ပါတယ်။
“ ဒီနေ့ ကျွန်တော်တို့ ပခုံးပေါ်မှာ ကျ နေတဲ့ ၀န်ထုပ်ဝန်ပိုးဟာ Climate Change ပါဘဲ ”
“ဒီအတိုင်း ဆက်သွားနေရင် လာမယ့် ၂၀၉၀မှာ ကမ္ဘာကြီးရဲ့ အပူချိန်ဟာ ထိတ်လန့်စရာ ကောင်းလောက်အောင် ပိုများလာမယ် ”
“ လွန်ရောကျွံရော သက္ကရဇ် ၂၁၀၀ ရဲ့ ဟိုဘက်ကို ကျွန်တော်တို့ မရောက်နိုင်တော့ဘူး ” “ ပူတဲ့နေ့ တွေ တိုးနေတယ်၊ မအေးတဲ့ညတွေ များလာတယ် ”
“ ကမ္ဘာကြီး အပူချိန်တိုးအောင် လုပ်နေတဲ့ လက်သည်တရားခံ ဘယ်သူလဲ ”
စတာတွေနဲ့ ပတ်သက်ပြီး ဆရာဦးထွန်းလွင် ဟောပြောသွားတာ နားထောင်လို့ ကောင်းလှသလို ဗဟုသုတတွေလည်း တနင့်တပိုးကြီး ရခဲ့ပါတယ်။ ပညာရပ်ဆိုင်ရာအသုံးအနှုန်းတွေကို သာမန် လူနားလည်အောင် ရှင်းလင်းပြောဆိုသွားနိုင်ခဲ့တာ ဆရာ့ရဲ့ အရည်အချင်း ဖြစ်တဲ့အပြင် ပုံတိုပတ်စလေးတွေ၊ ရယ်မောစရာလေးတွေ ကြားညှပ်ပြီး ငြီးငွေ့မသွားအောင် ပရိသတ်ကို ဆွဲဆောင် သွားနိုင်ခဲ့ပါတယ်။
“ မိုးလေ၀သဦးထွန်းလွင်ဆိုတာ မြန်မာပြည်မှာ ရှိတယ် ” လို့  ကျွန်တော်တို့ အသိအမှတ်ပြုလိုက်ပါတယ်။ ဟောပြောပွဲအပြီး အပြန် ဘတ်စ်ကားပေါ်မှာ ကလေးဘ၀ ငယ်ငယ်တုန်းက ရွတ်ဆိုခဲ့တဲ့ ကဗျာစလေးကို စိတ်ထဲက ညဉ်းပြီး အိမ်ပြန်ခဲ့ပါတယ်။
ယုန်ကလေးက နားရွက်ထောင် ပညာရှိဟန်ဆောင်...
ကြောင်ကလေးက လက်သည်းဖွက် ချောင်းလိုက်ရတဲ့ ကြွက်...
ရွှေဇီးကွက်ရဲ့ အိနြေ္ဒ ဘုရင်ကြီးလိုနေ...
မိုးလေ၀သမှန်မှန်ဟော တောက်တဲ့ကိုလူချော...
အောင်မျိုးထွန်း
၂၇-၃-၂၀၁၁


No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။