မန္တလေး ဈေးချိုတော်ရှေ့ ဗုံးပေါက်ကွဲမှု မြင်ကွင်း (ဓာတ်ပုံ AP,Reuters)
မြန်မာပြည်ရဲ့ အခုလို ဗုံးရာသီ... အဲမှားလို့ မိုးရာသီ ရောက်ရင်တော့ ကျွန်တော်တို့ ငယ်ငယ်က နာမည်ကျော် သီချင်းလေးတစ်ပုဒ်ကို ကလေးတို့ ဘာသာဘာဝ ဆိုခဲ့ဖူးတာလေး သတိရမိပါတယ်.. ဘာတဲ့ လေယာဉ်ပျံကို ခဲနဲ့ ပေါက်ရင်ထိလိမ့်မယ်... ဘူတာရုံမှာ သဘောင်္ကြီးတွေ ဆိုက်လိမ့်မယ် မယုံမရှိနဲ့ ဆိုလားပဲ... နောက်ဆုံးမှာ ဝိုင်းဆိုကြတာ ကတော့ အာလူးလာမပေးနဲ့ လေကိုနည်းနည်းလျှော့တဲ့...။ အဲ့ဒီသီချင်းနာမည်ကြီးပြီး မကြာခင်မှာပဲ ပြည်မြို့မှာ ဧရာဝတီမြစ်ရေကြီးလို့ ပြည်ဘူတာရုံအထိ လှေတွေ သမ္ဗာန်တွေ ကပ်လို့ရတယ်ဆိုလား သတင်းစာမှာ ပါလာတယ်လို့ လူကြီးတွေ ပြောဘူးပါတယ်...။
ထားပါတော့ဗျာ ခုဒီနေ့ပဲ အလုပ်ကနောက်ကျပြီး အိမ်ပြန်ရောက်လာတော့ အင်တာနက်ဖွင့်ဖွင့်ချင်းပဲ... မန္တလေး၊ မေမြို့နဲ့ ကြပ်ပြေးနေပြည်တော်မှာ ဗုံးတွေပေါက်လို့တဲ့...။ မြန်မာပြည်ရဲ့ ၂၃နှစ်တာ ကာလအတွင်း တိုင်းပြည်နိုင်ငံရေး ဒီရေ အတက်အကျပေါ် မူတည်ပြီး ဗုံးတွေ မိုးကြိုးပစ်သလို ဟိုနေရာကျ ဒီနေရာကျပေါ့... တချို့ဗုံးတွေက ပေါက်ပြီးနာရီပိုင်းအတွင်း တရားခံကို ချက်ချင်းစွပ်စွဲ ကြေငြာနိုင်တာ မြန်မာပြည် ထောက်လှမ်းရေးရဲ့ အားသာချက်ပါပဲ...။ စွပ်စွဲလိုက်ရင်လည်း နယ်စပ်က KNU၊ ကျောင်းသားတပ်မတော်၊ ပြည်ပြေး အစရှိတဲ့ အတိုက်အခံ အဖွဲ့ပေါင်းစုံကို လက်တံတွေးဆွတ် နံကြား လက်ထောက် မကောင်းသူထိပ် ကောင်းသူထိပ်ဆိုပြီး စွပ်စွဲနေတာ အလွတ်ကို ရနေလောက်အောင် ပြည်သူတွေ နောကြေနေကြပါပြီ။ တခါတခါ နယ်စပ်က မရှိတဲ့စခန်း၊ မရှိတဲ့ လူနာမည်တွေကို ထည့်ပြီး စွပ်စွဲနိုင်တာလည်း မြန်မာပြည်က သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ စေ့စပ်သေချာမှုတွေပါပဲ...။ ခုလတ်တလော နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပျက်နေတာတွေ နောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်းခရီးစဉ်တွေ မစမှီမှာ တိုက်တိုက်ဆိုင်ဆိုင် ဖော်မြူလာဗုံးတွေ ဆက်တိုက် ပေါက်နေတာကလည်း စဉ်းစားစရာပါပဲ...။
အင်းငယ်ငယ်က သီချင်းလေးလို မြို့တော်အထင်ကရ နေပြည်တော်မှာ ဗုံးခဏခဏ ပေါက်တာကြားဘူးပြီ မယုံမရှိနဲ့ပေါ့..။ ကြည့်ရတာ နေပြည်တော်ဆိုတာ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ဗုံးတွေသယ်ချင်တိုင်း သယ်လို့ရတဲ့ လက်နက်မှောင်ခိုတွေ ခရီးတထောက်နားရာ ဒုစရိုက်မြို့ကြီးလားပဲ...။ ဗုံးတွေကတာ့ မိုးရာသီမှာ ကြေငြာနေတဲ့ မြန်မာ့အသံရဲ့ မိုးလေဝသ သတင်းလိုပေါ့ မန္တလေးမြို့နှင့် အနီးတဝိုက်တွင် နေရာကွက်ကြား ဗုံးထစ်ချုန်း ရွာမည်...။ ကိုအောင်မျိုးထွန်း ပေးပို့လာတဲ့ စိုင်းထီးဆိုင်ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်လို ဆိုပြရရင်တော့..
♫ ♫ ♫ ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန် မရောက်လည်း အရေးမကြီးပါဘူး... ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန်မြို့ကြီး ထွက်မပြေးပါဘူး... ♫ ♫ ♫ တဲ့
ရန်ကုန်မြို့နဲ့ အနီးတဝိုက်တွင်ကတော့ ရွာရန် ရာခိုင်နှုန်းကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေ အပေါ်မှာ မူတည်ပါသည်ပေါ့။ နောက်နေ့တွေမှာ ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အက်ကြောင်းထပ်နေတဲ့ သတင်းစာ ရှင်းလင်းပွဲတွေ ကြေငြာချက်တွေ မထုတ်ခင်မှာ ထပ်ပြီး ပြောလိုက်ပါဦးမယ် အာလူးလာမပေးနဲ့ လေကိုနည်းနည်းလျှော့လို့......
ကျွန်တော်တို့ ပြည်သူပြည်သားတွေ ဘေးရန်ကင်းကြပါစေ...။
ဒီမိုဝေယံ
♫ ♫ ♫ ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန် မရောက်လည်း အရေးမကြီးပါဘူး... ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန်မြို့ကြီး ထွက်မပြေးပါဘူး... ♫ ♫ ♫ တဲ့
ရန်ကုန်မြို့နဲ့ အနီးတဝိုက်တွင်ကတော့ ရွာရန် ရာခိုင်နှုန်းကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေ အပေါ်မှာ မူတည်ပါသည်ပေါ့။ နောက်နေ့တွေမှာ ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အက်ကြောင်းထပ်နေတဲ့ သတင်းစာ ရှင်းလင်းပွဲတွေ ကြေငြာချက်တွေ မထုတ်ခင်မှာ ထပ်ပြီး ပြောလိုက်ပါဦးမယ် အာလူးလာမပေးနဲ့ လေကိုနည်းနည်းလျှော့လို့......
ကျွန်တော်တို့ ပြည်သူပြည်သားတွေ ဘေးရန်ကင်းကြပါစေ...။
ဒီမိုဝေယံ
နေပြည်တော် သပြေကုန်းရပ်ကွက် ငုဝါလမ်းရှိ အိမ်တစ်အိမ်၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်ကို တွေ့ရစဉ် ဓာတ်ပုံ Eleven Media Group
နေပြည်တော်က Police ...
ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၃ အကွက်အမှတ် ၄ရှိ နေအိမ်တစ်ခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြင်ကွင်းအား တွေ့ရစဉ် ဓာတ်ပုံ... Eleven Media Group
ဓာတ်ပုံများ AP,Reutersနှင့် Eleven Media Group မှရယူပါတယ်..။
ဓာတ်ပုံများ AP,Reutersနှင့် Eleven Media Group မှရယူပါတယ်..။







မောင်ဒီမိုရေ...အဘလာသွားတယ်ကွယ်...ဗုံးအတွက်မပူကြနဲ့ကွယ့်.......အဘခွဲခိုင်းလိုက်တာ....
ReplyDeleteဗုံးခွဲတာ ဘယ်သူ့လက်ချက်ပဲဖြစ်ဖြစ် ရှုတ်ချတယ်ဗျာ။ပြည်သူတွေငတ်ပြီးဒုက္ခရောက် နေရတဲ့ကြားထဲ ပြည်သူကြားမှာ ဗုံးခွဲလိုက်ရတယ်လို့ဗျာ.။
ReplyDelete*စစ်အာဏာရှင်အစိုးရရဲ့(မကြာခင် ဒေါ်စု လည်းနယ်ခရီးတွေစထွက်တော့မယ်ဆိုတော့ သတိပေးတဲ့အနေနဲ့ပဲလား/ပြည်သူတွေကို စစ်ရဲ့ဆိုးကျိုး အကြမ်းဖက်မှုရဲ့ဆိုးကျိုးတွေနဲ့ ချောက်လှန့်ချင်လိုပဲလား) နိုင်ငံရေးကစားကွက်ရွှေ့တာလား....?
ReplyDelete*တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်မှုလား ....?
ဘယ်သူ့လက်ချက်ပဲဖြစ်ဖြစ် အပြစ်မဲ့ပြည်သူတွေကို ထိခိုက်နစ်နာစေမ ယ့် အကြမ်းဖက်မှုကိုတော့ လုံးဝ(လုံးဝ) ဆန့်ကျင်ရှုတ်ချပါတယ်....
(ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန် မရောက်လည်း အရေးမကြီးပါဘူး... ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန်တော့ ဖြည်းဖြည်းပေါ့... ရန်ကုန်မြို့ကြီး ထွက်မပြေးပါဘူး... ♫ ♫ ♫ တဲ့
ReplyDeleteရန်ကုန်မြို့နဲ့ အနီးတဝိုက်တွင်ကတော့ ရွာရန် ရာခိုင်နှုန်းကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေ အပေါ်မှာ မူတည်ပါသည်ပေါ့။)
အဖြေကရှင်းပါတယ်။ ရန်ကုန်လဲ မကြာခင်လို့  ချိမ်းခြောက်တာလား ဒီမိုဝေယံ??
တကယ်ကောင်းတဲ့ post ပါ.. သူတို့ စစ်တပ်သတင်းစာတွေ စစ်တပ်ရုပ်မြင်သံကြား တွေကနေ ဘယ်သူ့တွေ တွေကိုပဲအပြစ် ဖို့ဖို့ ဒါစစ်တပ်လက်ချက် ဆိုတာ ပြည်သူတွေက သိပြီးသားပါ.. မြန်မာပြည်မှာ ပြည်သူလူထုကို တိုင်းရင်းသားတွေကို ယုတ်မာစွာ အကြမ်းဖက်နေတာ ဒီသိန်းစိန်စစ်တပ်တဖြစ်လဲ သန်းရွှေစစ်တပ်ပါ..
ReplyDeleteဒီမိုဟန်ဆောင်တို့ ဖတ်ဖို့ 
ReplyDeleteနိုင်ငံရေး ရင်ဖွင့်စကား - ”ပညာတတ်တိုင်း.. ပညာတတ် အသိ ရှိသူ မဟုတ်ကြပါ။” ဘိုဘိုကျော်ငြိမ်း( june23,11)
http://hittai.net/?show=rm&fileid=84&t=home15&id=12
ဒီမိုဟန်ဆောင်တို့ ဖတ်ဖို့ 
ReplyDeleteနိုင်ငံရေးဆိုတာ လန်း လေ ကောင်းလေပဲ- ဘုန်းကျော်
http://hittai.net/?show=rm&fileid=89&t=home3&id=3
အင်မတန်စိတ်ပျက်စရာကောင်းတဲ့ Anonymous တွေရဲ့ comments တွေပါပဲ... နင်တို့ဆောင်းပါးတွေ ကို ဖတ်တဲ့သူ မရှိလို့ link တွေပေးနေတာလား.. ဟေ့ အမှန်တရားဆိုတာ ဆောင်းပါးတွေ လိုက်ဖတ်မှ သိတာမဟုတ်ဘူး.. ဖြစ်နေတဲ့ ဖြစ်ခဲ့တဲ့ အခြေအနေတွေ ကို ဆင်ခြင် သုံးသပ်နိုင်ရင် သိတယ်ဟေ့.. အလကား ပြည်သူကျွေးတဲ့ ထမင်းကိုစားပြီး ပြည်သူကို ပြန်ကိုက်တဲ့ ပြည်သူ့စစ်တပ်မဟုတ်တဲ. လူတစုကိုအကာအကွယ်ပေးနေတဲ့ စစ်တပ်နောက်လိုက်ခွေးတွေ
ReplyDeleteဒီမိုဟန်ဆောင် megan
ReplyDeleteအပေါ်ကလင့်ခ်တွေက စစ်တပ်က ရေးတာလား သေချာကြည့်ပါအုံး။ အလကားနေ စစ်တပ်ကို စွပ်စွဲချင်တဲ့ သောက်ကျင့်ကိုဖျောက်။
အလကားနေ စစ်တပ်လူ င်္ကြဖွံ့ လူလို့  စွပ်စွဲချင်တဲ့ သောက်ကျင့်ကိုဖျောက်။
အေး ဒီ site ပေါ် ကိုလာရေးနေတဲ. သူတွေ ကိုလည်း အားနေလို့ ဟန်ဆောင်ပန်ဆောင်တက်ပြီး ရေးနေတယ်လို့ မထင်နဲ့ link ကို ကောင်းကောင်း မပေးဘဲ ဒီမိုဟန်ဆောင်လေး ဘာလေး အောက်ကလိသံ နဲ့ရေးတတ်တဲ့ နင်တို့သောက်ကျင့်တွေကိုလဲဖျောက် နားလည်လား.. နေစမ်းပါအုံး နင်က စစ်တပ်နောက်လိုက်ခွေးမို့နာနေတာလား.. ဟေ့ ဒီsite title က ဒီမိုဝေယံနော် ဟိုလိုလို ဒီိလိုလို လာလုပ်မနေနဲ့ ကိုယ်ဘယ်ဘက်က ရပ်တည်လဲ သေချာသိမှလာရေး
ReplyDeleteဗုံးကွဲလိုက်တိုင်း အစိုးရဆန့် ကျင်ရေးအုပ်စုက အစိုးရကိုစွပ်စွဲ၊ တဖက်မှာလည်း အစိုးရ က KNU, ABSDF, စသည်စသည်...ကိုစွပ်စွဲ။ ၂ ဘက်စလုံး ကသံသယဖြစ်စရာချည်းပဲ။ ကိုယ်ခွဲတဲ့ဗုံးကို ကိုယ်ဝန်ခံတာဆိုလို့ ...တလောက KIO က၀န်ခံသွားတာ တခါပဲကြားဖူးတယ်။ ပြည်သူတွေမှာ တော့ ရှုံ့ ချရုံ၊ သေကြေဒဏ်ရာရ ရုံကလွဲလို့ ...အမြဲတမ်းခံဘက်ကချည်း။ ဒေါ်စု နယ်ခရီးထွက်လို့ တခုခုဖြစ်ပြန်ရင်လည်း ကြားထဲက မြေဇာပင်ပဲဖြစ်မှာ။ လက်သည်ကပေါ်မှာမဟုတ်။ စစ်အစိုးရက ဒေါ်စုကို မုန်းတာမေးခွန်းထုတ်စရာမရှိသလို အတိုက်အခံထဲမှာလည်း အစိုးရနဲ့ ပြည်သူကို ရန်တိုက်ပေးဖို့  ညစ်နည်းမျိုးစုံသုံးပြီး ဒေါ်စုကို လုပ်ကြံချင်မယ့်သူ ကလည်း ဒုနဲ့ ဒေး။ လူမိုက်မှာ သစ္စာမသိသလို၊ လက်နက်ရှိတဲ့သူမှာ မေတ္တာတရားဆိုတာ ချိုနဲ့ လားဆိုရမှာပဲ။
ReplyDeleteပြည်သူတွေဘက်က "ဘယ်သူဘာလဲ" ဆိုတာ ဆင်ခြုံတုံတရားနဲ့ အသိ၊ သတိ ရှိရှိ စောင့်ကြည့်ကြဖို့ လို ပြီ။ အာယာတအစွဲတွေနဲ့ ဟိုလူ၊ဒီလူ စွပ်စွဲနေရင်တော့ ကြားထဲက သွေးမြေကြရမှာ အပစ်မဲ့ပြည်သူတွေဖြစ်နေဦးမှာပဲ။ ဒီနေ့ တိုင်းပြည်မှာလိုနေတာက စစ်မှန်ရိုးသားတဲ့ ခေါင်းဆောင်တွေပဲ။ ဒီလိုခေါင်းဆောင်ကောင်းကို ထစ်ကနဲရှိ လက်ညှိုးထိုးစွပ်စွဲတဲ့ ကလေးကလား အကျင့် နဲ့ တော့ မရတန်ရာ....။ ရင့်ကျက်မှုရှိကြဖို့  လိုပြီထင်ပါရဲ့ ။
မmegan ခင်ဗျား ခုလို ဝင်ရောက် ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..
ReplyDeleteမMegan လို နာမည်တောင် ဖော်မရေးတဲ့သူတွေ ဆိုတော့ သဘောပေါက်ပေါ့ဗျာ.. ဘယ်လိုလူတွေလည်း ဆိုတာ သိမှာပါ..။ သူတို့လည်း သူတို့ အလုပ် ပြောင်းပြန်လုပ်နေရသလို ကျွန်တော်တို့တွေလည်း ကျွန်တော်တို့အလုပ် လုပ်ကြတာပေါ့ဗျာ...
ကျေးဇူတင်ပါတယ်..
ဒီမို
Socretes ဆိုသူ (အတိုက်အခံထဲမှာလည်း အစိုးရနဲ့ ပြည်သူကို ရန်တိုက်ပေးဖို့  ညစ်နည်းမျိုးစုံသုံးပြီး ဒေါ်စုကို လုပ်ကြံချင်မယ့်သူ ကလည်း ဒုနဲ့ ဒေး) မိန်းမလို မိန်းမရ ဆိုက်ဝါးတွေ လာလုပ်နေပါလား။ ဒီပဲယင်းက အတိုက်အခံတွေလား မင်းပထွေးတွေလား မင်းပါပါကြီး သန်းရျွှေ သိန်းစိန်ပြည်သူတွေထဲ ဒီအတိုင်းသွားရဲလား ဒီမိုဆိုက်မှာ သိန်းစိန်သန်းရွှေ ဖွတ်တွေ ကွန်မာန့်ရေးရတာ တော်တော်ပျော်နေပုံရတယ်
ReplyDeleteသတ္တိရှိသော သူသည် နေပြည်တော် စစ်ရုံးကို ဗုံးခွဲတက်ဧ။်..။သူရဲဘောကြောင်သော သူသည် အပစ်မဲ့ပြည်သူများကိုသာ ဗုံးခွဲ သတ်ဖြတ်တက်ဧ။်....။(ဘဇ)
ReplyDelete"စစ်အစိုးရသည် သူကို ဆန့်ကျင့်သော သူများကိုသာ ဖမ်းစီး ထောင်ချ သတ်ဖြတ်တက်ဧ။် အကြမ်းဖက်သမားများသည် အပစ်မဲ့ပြည်သူများကိုသာ ဗုံးခွဲ သတ်ဖြတ်တက်ဧ။်..။(ဘဇ)
ReplyDeleteCome on folks! Let's be reasonable and mature.
ReplyDeleteBlasting in Naypyidaw, the controversial capital, though unacceptable by any decent international norm, is understandable. But why Mandalay which is a cultural city usually peaceful and free from politicking? Despite the fact that a huge Chinese migrants under various economic guises and military cronyism are virtually displacing most of native Burmese, who have to move to the shanty satellite towns to survive there precariously. Obviously anti-Chinese sentiments are growing there for the last two decades. Couldn't it be possible it was something behind the incidents, the matter is not as simple as pointing fingers and finding scapegoats. All parties - government, military, dissidents inside and outside, ethnic arm-groups - must work together and nip any potential conflict in the bud to not let the atrocities recur in history. We have had enough.
Every peace-loving community including the world's body should see it through and do more seriously lest it slips into global carnage.
(LOKAPALA)
(ဟေ့ ဒီsite title က ဒီမိုဝေယံနော် ဟိုလိုလို ဒီိလိုလို လာလုပ်မနေနဲ့ ကိုယ်ဘယ်ဘက်က ရပ်တည်လဲ သေချာသိမှလာရေး)
ReplyDeleteဒီsite title က ဒီမိုဝေယံ တပ်တိုင်း ဒီမိုကရေစီ ဘက်တော်သားလို့  ပြောလို့ ရလို့ လား ဒီမိုဝေယံ စလုပ်တဲ့ အချိန်တုံးက ကွန်မြူနစ် လက်ဝဲအရောင် အနီ နဲ့ အ၀ါ လေ။ မြောက်ကိုရီးယား အလုပ်သမားပါတီ အလံကြီးလိုဘဲလေ- မှတ်မိကြသေးရဲ့လား။ ဒီမိုဟန်ဆောင် ကွန်မြူနစ်တွေလို့ ဘဲ မှတ်ယူတယ် - ဟေ့။