(၆၄)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အား အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူများမှ ပူးပေါင်းပြီး အလုံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပကြပါတယ်။ နံနက်၅နာရီမှာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးပြီးဆွမ်း၊ သင်္ကန်း ဆပ်ကပ်လှုဒါန်း၊ ရေစက်သွန်းချ အမျှဝေပါတယ်။
နံနက်၇နာ၇ီမှာ အာဇာနည်နေ့ ဂုဏ်ပြုတေးများနဲ့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများဖွင့်ပြီး မြို့နယ်ခံများအား မုန့်ဟင်းခါးများ ဝေငှခဲ့ပါတယ်။ ထို့နောက် ဒီမိုကရေစီအင်အားစုများကို မုန့်ဟင်းခါး ဖြင့်တည်ခင်းဧည့်ခံပြီး (၆၄)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို အကျဉ်းရုံး ကျင်းပရာ အခမ်းအနားမှုးအဖြစ် ရွှေပြည်သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဝင် ဦးသိန်းအောင်မှ အစီအစဉ်ကြေငြာပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံအား အလေးပြုပါတယ်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုပါတယ်။
ထို့နောက် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများအား အလေးပြုပြီး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြသူ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူအပေါင်း ကိုအလေးပြုကြပါတယ်။ သဘာပတိအဖြစ် စာရေးဆရာ မုံရွာအောင်ရှင်မှ သဘာပတိ အမှာစကား ပြောကြားပါတယ်။ ထို့နောက် အလုံမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင်လဲဖြစ်၊ ၂၀၀၇ စက်တင်ဘာ အကြမ်းမဖက် အမျိုးသားလှုပ်ရှားမှု တာဝန်ခံ ကိုလူမော်လတ်မှ အာဇာနည်နေ့ အထိမ်းအမှတ် ကျင်းပရတဲ့ အကြောင်းအရင်းကို ပြောကြားခဲ့ပါတယ်။ ထို့နောက် ကဗျာဆရာများမှ အာဇာနည်နေ့ ဂုဏ်ပြုကဗျာများအား ဖတ်ကြားခဲ့ပြီးနောက် အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါတယ်..။
(၆၄)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ကြည်းနုးဝမ်းမြောက်မိပါသည်။ နောက်နောင်နှစ်ပေါင်းများစွာကျင်းပခွင့်ရနိုင်အောင်ကြိုးစားကြပါစို့
ReplyDeleteဆက်ကျိုးစား ဗျာ ဒိထက်မက ပိုပြီးတော့ ကျင်းပနိုင်အောင် ဒီလိုမျိုး ရဲရဲဝံ့ဝံ့ လုပ်ဆောင်ပေးနေမှသာလျှင် ရှေ့လည်း မထွက်ရဲ နောက်ကလည်း မလိုက်ရဲတဲ့ လူတွေ အားလုးံ ကိုယ့်လုပ်ဆောင်ချက်အပေါ်မယ်ကြည့်ပြီးတော့
ReplyDeleteချုံကွယ်ရာကလူတွေ လမ်းမပေါ်ရောက်လာပြီး တော့ အာဇာနည်စိတ်ဓာတ်တွေ ပေါက်ဖွားကုန်မှာ ..။
စက်တင်ဘာဦးနေမိန္ဒ ( အမှန်တရားကို ဘယ်သူအနိုင်ရဖူးလဲ)
အခုလို အလုံမြို့နယ်မှာ ၆၄နှစ်မြောက် အာဇာနည်အခမ်းအနားကို ကျင်းပနေတာကို မြင်ရတာ ကျနော့်အလွန် ဂုဏ်ယူဝမ်းမြောက်မိရပါတယ်။ ဂုဏ်ယူရတဲ့အကြောင်းကတော့ ကျနော်ဟာ ၈၈အရေးတော်ပုံကြီး အာဏာသိမ်းပြီး နှစ်ရက်မြောက်မှာ ထွက်လာခဲ့တဲ့ အလုံမြို့နယ်သားတယောက် ဖြစ်လို့ပါ။ အခုလက်ရှိလည်း ကျနော်နိုင်တဲ့နေရာကနေ သမိုင်းတာဝန်တွေကို ထမ်းဆောင်နေပါတယ်။ ရှေ့လျှောက်လည်း အဖိနှိပ်ခံ အမျိုးသားပြည်သူတရပ်လုံးနဲ့အတူ ကျနော်တို့တတွေ အာဏာရှင်စနစ်အောက်ကနေ ကိုယ့်အားကိုယ်ကိုး ညီညွတ်စွာနဲ့ ဆက်လက်တိုက်ပွဲဝင်သွားရင်း အမျိုးသားဂုဏ်သိက္ခာကို ၀ိုင်းဝန်းဖော်ဆောင်သွားကြမယ်လို့ အခု၆၄နှစ် အာဇာနည်နေ့မှာ ဦးညွတ်ဂါရ၀ပြု ၀န်ခံကတိပြုကြောင်းပါခင်ဗျား၊ (ဇာတိအလုံကိုလွမ်းသူ)
ReplyDelete