Pages

Friday, July 22, 2011

ပြီးခဲ့တဲ့ ဇွန်လ(၂၇)ရက်နေ့က မန္တလေးကျောက်ဝိုင်းအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တရုတ်- မြန်မာရန်ပွဲ မြင်ကွင်း(ရုပ်သံဖိုင်)

အပိုင်း(၂) (ရုပ်သံ ကိုညိုကြီး)
ဘလော့ဂ်ဂါ ကိုညိုကြီး Facebook ကပါ... Tagged ပေးတဲ့ ကိုညိုကြီးအား ကျေးဇူးတင်ပါသည်...။
တချို့အသံတွေတော့ နားနဲ့မနာ ဖဝါးနဲ့နာ နားထောင်ပေးကြပါ...။ ကိုယ်ကိုယ်တိုင် မတရားမှုတွေကို ကြုံလာရင်လည်း မခံမရပ်မနိုင် ပြောမိဆိုမိကြမှာပါ...။ အဖြစ်အပျက်ကတော့ ရက်တိုဗီဇာနဲ့ ခေတ္တရောက်ရှိလာတဲ့ ပြည်ကြီးတရုတ် ကျောက်ကုန်သည်တွေရဲ့ စော်ကားမှုပါ...။ ရုပ်သံဖိုင်မှာ ရိုက်နှက်တဲ့ တရားခံနိုင်ငံခြားသားတွေကို လက်ထိပ်ခတ်ပေးပါလို့ ရဲတွေကို တောင်းဆိုနေတာပါ. .။ ရိုက်ပါနှက်ပါလို့ တောင်းဆိုနေတာ မဟုတ်ပါဘူး...။ ကိုယ့်နိုင်ငံသား ကိုယ့်လူမျိုးပြည်သူတွေရဲ့ တောင်းဆိုချက်တွေကိုလည်း နည်းနည်းပါးပါးလေး လိုက်လျော အသိအမှတ်ပြုပေးကြပါဦး..။ အဓိကတရားခံ ဘယ်သူလဲ ဆိုတာကတော့ ထွေထွေထူးထူး ပြောစရာလိုမယ် မထင်ပါဘူး..။ လက်ကတော့ထိုး ခေါင်းပေါ်ရွက် ခေါ်လာပြီး လူပါးဝခွင့်ပေးထားတဲ့ စစ်အာဏာရှင်တွေက အဓိကတရားခံပါ...။

အပိုင်း(၁)
 ဇွန်လ ၂၇ရက်က မန္တလေး ကျောက်ဝိုင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေ သတင်း ပြန်ဖတ်ချင်ရင်....http://www.demowaiyan.co.cc/2011/06/blog-post_1946.html
ရုပ်သံဖိုင် ဒေါင်းလုပ်ရယူရန်...

5 comments:

  1. ခိုင်မင်းကျော်July 22, 2011 at 11:11 AM

    အရမ်း ရင်နာ စရာ ကောင်းတယ်။ကိုယ့်နိုင်ငံကိုလာပြီး ကိုယ့်နိုင်ငံသားကို အနိုင်ကျင့် စော်ကားတာကို ကိုယ့်နိုင်ငံကို အုပ်ချုပ်နေတဲ့ သူတွေက အကာအကွယ်ပေးပြီး ကိုယ့်နိုင်ငံသားကို နှိမ်ထားတာ ဘယ်လောက် ရင်နာစရာ ကောင်းလဲ။နိုင်ငံတော် သီချင်းကို သံပြိုင်ဆိုတဲ့ ပြည်သူတွေရဲ့ အသံက ရင်ကို ဆို့ တက်စေတယ်။ အုပ်ချုပ်သူ လူတန်းစားတို့ မှာ နှလုံးသားများ မပါလေသလား။ လွတ်လပ်တယ် ဆိုတဲ့ မြန်မာပြည် တရုတ်ကို အရှင်သခင်လို ကိုးကွယ်နေရပြီ ဆိုတာ ဒီဖြစ်ရပ်က သက်သေအဖြစ် မီးမောင်းထိုးပြလိုက် သလိုပဲ။ မြန်မာပြည်က တရုတ်ကို အရှင်သခင် လို ကိုးကွယ် နေရပြီ ဆိုတော့ မြန်မာပြည်ဟာ တရုတ် ကျွန်ပေါ့။ စစ် အစိုးရ လက်ထက်မှာ မြန်မာပြည်သူတွေ အလိုလို နေရင်း ကျွန်ဖြစ်နေရပါပြီ။ကောင်းကြသေးရဲ့ လား ကွယ်။

    ReplyDelete
  2. ရဲလဲ သူ့ လုပ်ပိုင်ခွင့် ဥပဒေ ဘောင်ထဲက လုပ်နေတာ။ သူ့ အပြစ်ရှိတဲ့ အတိုင်း တရားရုံးက စီရင်မှာပေါ့။ လက်ထိပ်ခတ်ဖို့  တောင်းဆိုတိုင်း မလုပ်တာကို အပြစ်ပြောခြင်တဲ့ စိတ်ဓါတ်ရှိသူတွေ ရှက်ဖို့ ကောင်းတယ်။ ၁၉၈၈ မှာ အပြစ်မဲ့တဲ့ သူတွေ ခေါင်းပြတ်တာ အဲဒီလို လက်ထိပ်ခတ်ဖို့  တောင်းဆိုသူတွေ ကြောင့်ပဲ။

    ReplyDelete
  3. ဥပဒေဘောင်ထဲက လုပ်တာဆိုရင် မြန်မာကို ကျတော့ လက်ထိပ်ခတ်တယ်။ တရုတ်ကိုကျတော့ လက်ထိတ်မခတ်တာက ဘာကြောင့်လဲ။ နိုင်ငံတကာမှာ သူ့နိုင်ငံသားဘက်ကနေ ကာကွယ်ပေးတာဘဲ တွေ့ဘူးတယ်။ ကိုယ့်နိုင်ငံသားကို လက်ထိတ်ခတ်၊ နိုင်ငံခြားသားကို ပထွေးလို၊ ဖအေလို ရိုသေနေတဲ့ကောင်တွေကို တော့ မတွေ့ဖူးဘူး။ ခင်ဗျားမယုံရင် ကြိုက်တဲ့နိုင်ငံကိုသွား သူ့နိုင်ငံသားနဲ့ ရန်ဖြစ်။ ခင်ဗျားကို သူတို့ ဘယ်လိုလုပ်မလဲဆိုတာ။ ခင်ဗျားတို့ ပြောလိုက်ရင် ဥပဒေ ဥပဒေနဲ့။ တရုတ်က ခင်ဗျား ပထွေးမို့လို့လား . . . .

    ReplyDelete
  4. ဂျပန်ရဲကို ပြန်လှန်ခုခံနေတဲ့ ဂျပန်က ဂျပန်နိုင်ငံရဲ့  ဥပဒေကို မလေးစား မလိုက်နာသူ ဒီမိုဟန်ဆောင်တို့ ရဲ့  မှတ်တမ်း (ဓါတ်ပုံ-ဦးသန်းဝင်း)
    https://picasaweb.google.com/uthanwin2006/JPPolicesViolenceToDemocraticAtVotingInTokyo

    ReplyDelete
  5. ရက်စက်လိုက်တာရွှေမြန်မာ စစ်အစိုးရရယ် ဘာဖြစ်လို့ တရုတ်ကိုမှ ....ဖြစ်ချင် ရတာလဲ ..ကို့ လူမျိုးကိုကျတော့ မကာကွယ်ပဲ သူ့ ပထွေးကိုကျတော့ ကာကွယ်ပေးတာ သူနှမ တရုတ်မှာ ...အလှူလုပ်နေတယ်ထင်တယ်...

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။