Pages

Friday, September 30, 2011

အော်သံပေးနေပြီ ဧရာဝတီ (ကဗျာရှင် ရွှေဝါရောင်အရှင်နန္ဒာစရိယ)

အော်သံပေးနေပြီ ဧရာဝတီ 
(ကဗျာရှင် ရွှေဝါရောင်အရှင်နန္ဒာစရိယ)

Thursday, September 29, 2011

မေခမြစ်အား တရုတ်ပြည်မှ မြစ်ဖျားခံစီးဆင်းတဲ့ အကြောင်း အတင်းဓမ္မ ဆက်စပ် သရုပ်ဖော်ပြသပြီး ဧရာဝတီမြစ်ဆုံစီမံကိန်းကို တင်ပြထားတဲ့ တရုတ်ကုမ္ပဏီ(ရုပ်သံဖိုင်)

မြစ်ဆုံစီမံကိန်းမှာ UPSTREAM AYEYAWADY CONFLUENCE BASIN HYDROPOWER ကုမ္ပဏီရဲ့ မေခ၊ မလိခ၊ မြစ်ဆုံ စီမံကိန်းတွေရဲ့ စီမံကိန်း ၁၈မိနစ်ကြာ သရုပ်ပြရုပ်သံဖိုင်ပါ...။ မေခမြစ်ရဲ့ မြစ်လက်တက်တခုဟာ တိဘက်ပြည်နဲ့ ယူနန်နယ်တွေကို မြစ်ဖျားခံပြီး ဧရာဝတီမြစ်အဖြစ် စီးဆင်းဖြစ်ပေါ်လာပုံကို အနီရောင်နဲ့ ပြသပြီး တရုတ်ပြည်က မြစ်ဖျားခံတဲ့ ပုံစံ ပုံဖော်၊ တရုတ်ပိုင်မြစ်(သို့) တရုတ်နဲ့ သက်ဆိုင်တဲ့ မြစ်ပုံသဏ္ဍာန် ပေါ်အောင် အတင်းဓမ္မ ဆွေမျိုးစပ် ပုံဖော်ထားတာပါ...။ 

ထိုင်းနိုင်ငံ မဲဆောက်နဲ့ ချင်းမိုင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရွှေဝါရောင် လေးနှစ်ပြည့် အခမ်းအနားများ...

ဆရာတော် ဦးဣသရိယ
ဆရာတော် ဦးနေမိန္ဒ
၂၇ရက်နေ့က မဲဆောက်မှာ ကျင်းပတဲ့ ရွှေဝါရောင် လေးနှစ်ပြည့် အခမ်းအနား
အောက်မှာ ဆက်လက်ကြည့်ရှုပါရန်

ခရမ်းမြို့  အမေ့အရိပ် ပညာဒါနကျောင်းလေး ပြုပြင်ရန်အတွက် ပါဝင်လှူဒါန်းကြပါရန်....

ခရမ်းမြို့  အမေ့အရိပ် ပညာဒါနကျောင်းလေးပြုပြင်ရန်

သူငယ်ချင်းများ အားလုံး မင်္ဂလာပါ...

(25.09.2011)က ခရမ်းမြို့  အမေ့အရိပ် ပညာဒါနကျောင်းလေးပြုပြင်ရန် စေတနာ ထက်သန်စွာ လှူဒါန်းခဲ့ကြတဲ့ အောက်ပါ အလှူရှင်များရဲ့ အလှူငွေများကို ခရမ်းမြို့ အမေ့အရိပ် ပညာဒါန ကျောင်းလေးထံ အမေ့အိမ် ပညာရေး ကော်မတီမှ သွားရောက် လှူဒါန်းခဲ့ကြပါတယ်။

(၁) မသက်သက်ထွန်း( ကနေဒါ )....................... ၁၀၀,၀၀၀ ကျပ်
(၂) ကိုနောင်+ မစပါယ်( ရန်ကုန်)........................၁၀၀,၀၀၀ ကျပ်
(၃) ကိုဌေးဝင်း+ မဌေးဌေးဝင်း( ရန်ကုန် )...............၅၀,၀၀၀ ကျပ်

စုစုပေါင်း အလှူငွေ( ၂၅၀,၀၀၀ ) ကျပ် အပြင် အခြားစေတနာရှင်များလှူဒါန်းသော....

Wednesday, September 28, 2011

အတိုက်အခံနိုင်ငံရေး ခေါင်ထိအကုန် မဟုတ်သေး (ဆောင်းပါးရှင် အောင်မျိုးထွန်း)

 အတိုက်အခံနိုင်ငံရေး ခေါင်ထိအကုန် မဟုတ်သေး
(ဆောင်းပါးရှင် အောင်မျိုးထွန်း)
အတိုက်အခံနိုင်ငံရေးဘဲ ပြောပြော၊ မြန်မာ့ဒီမိုကရေစီရေးဘဲ ပြောပြော၊ လူထုတော်လှန်အုံကြွမှုဘဲ ပြောပြော မြန်မာပြည်နိုင်ငံရေးမှာ တစ်နည်းနည်း တစ်ထောင့်ထောင့်က ပါဝင်ပက်သက်သူတွေအတွက် မှတ်သားလောက်တဲ့ “ရှောင်ရန် (၂) ချက်” ရှိခဲ့ဖူးပါတယ်။ အခု ထောင်ထဲရောက်နေတဲ့သူတွေကိုယ်တိုင် နှုတ်မြွက်ဖွင့်ဟခဲ့ကြတာ ဖြစ်သလို ကျွန်တော်ကိုယ်တိုင်လည်း ရာနှုန်းပြည့်နီးပါး ကသိုဏ်းရှု နှလုံးသွင်းခဲ့ရပါတယ်။

(၂၇)ရက်နေ့က ရွှေတိဂုံစေတီတော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေး(၄)နှစ်ပြည့် အထိမ်းအမှတ်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ရေး ဆုတောင်း၊ မေတ္တာပို့သပွဲ... (ဓာတ်ပုံသတင်း)

၂၀၁၁ စက်တင်ဘာ ၂၇ ရက်
စက်တင်ဘာ (၂၆)ရက်နေ့ ရွှေဝါရောင်(၄)နှစ်ပြည့် နှစ်ပတ်လည်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ကြားက ဆူးလေစေတီတော်မှာ ရွှေဝါရောင် (၄)နှစ်ပြည့် အခမ်းအနားအား အခက်အခဲများကြားမှ ဆုတောင်းမေတ္တာပို့သပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်မှ စက်တင်ဘာရွှေဝါရောင် တော်လှန်ရေး(၄)နှစ်ပြည့် အထိမ်းအမှတ်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်နိုင်ရေးအတွက် ယနေ့ (၂၇)ရက်နေ့ နေ့လည်(၂)နာရီအချိန်က ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် တနင်္လာဒေါင့်နှင့် ရာဟုဒေါင့် အောင်မြေတို့တွင် ပန်း၊ ရေချမ်းကပ်လှုပြီး ဆုတောင်းမေတ္တာပို့သခဲ့ ကြပါသည်။
ဓာတ်ပုံများ အောက်မှာ ဆက်လက်ကြည့်ရှုပါရန်..

Tuesday, September 27, 2011

ဧရာဝတီ မေးခွန်း (၂၀)

Irrawaddy 20 Questions[1]
ဧရာဝတီ မေးခွန်း (၂၀) ဒုတိယပိုင်း အောက်မှာ ဆက်လက်ဖတ်ရှုပါရန်...

လူငယ်များရဲ့ ဧရာဝတီ ဟောပြောပွဲမှာ ဟောပြောသွားတဲ့ ဆရာအောင်ကြည်ညွန့်ရဲ့ (အသံဖိုင်)

ဆရာအောင်ကြည်ညွန့် by Demo Waiyen လူငယ်များရဲ့ ဧရာဝတီ ဟောပြောပွဲမှာ ဟောပြောသွားတဲ့ ဆရာအောင်ကြည်ညွန့်ရဲ့ (အသံဖိုင်)ပါ..။ ဆရာ့ရဲ့ (အမိဧရာဝတီနှင့် နိုင်ငံသားတို့၏ တာဝန်) ဟောပြောချက်တွေကို သေသေချာချာ နားဆိုက်ထောင်ကြည့်ကြပါ...။

အသံဖိုင် အတွက် ညီငယ် ခမိခဆဲအား ကျေးဇူးတင်ပါသည်...
 အသံဖိုင် ဒေါင်းလုပ်ရယူရန်.. http://www.mediafire.com/?97qnpakm2dav4c6

ရွှေဝါရောင် လေးနှစ်ပြည့် ချီတက်၊ ဆုတောင်းပွဲ အသံဖိုင် (ဆူးလေစေတီတော်)

ရွှေဝါရောင် လေးနှစ်ပြည့် ချီတက်၊ ဆုတောင်းပွဲ အသံဖိုင် by Demo Waiyenဆူးလေစေတီတော် ဆုတောင်းပွဲ အတွင်းမှ အသံဖိုင် ဖြစ်ပါတယ်..။
အသံဖိုင် ဒေါင်းလုပ်ရယူရန်... http://www.mediafire.com/?xl9nd6uc74l92w6

လူငယ်များရဲ့ ဧရာဝတီ ဟောပြောပွဲမှာ ဟောပြောသွားတဲ့ ဆရာအောင်ကြည်ညွန့်ရဲ့ (အမိဧရာဝတီနှင့် နိုင်ငံသားတို့၏ တာဝန်)

အမိဧရာဝတီနှင့် နိုင်ငံသားတို့၏ တာဝန်
ဆောင်းပါးရှင် အောင်ကြည်ညွန့်
အမိဧရာဝတီသည် တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ပိုင်မဟုတ်။ ပြည်ထောင်စုမြန်မာနိုငံဟူသည် ဖြစ်တည်မှု စတင်ရာ၊ အမှီပြုရာ မိခင်နှင့်တူသည့် မြစ်မင်းဧရာ။ အမိဧရာဝတီ။

“ ဒီမြစ်က နှစ်ပေါင်း ၁၀၀၊ ၂၀၀ ဘယ်သူမှ မထိန်းသိမ်းလို့ ပျက်စီးနေသောမြစ်၊ ရေကစီးချင်ရာ စီးနေသောမြစ် ’’ ဟူ၍ လုပ်ချင်သလို လုပ်ခွင့်မရှိ။ ယခင်က မထိန်းသိမ်းလျှင် ယခု ထိန်းသိမ်းရမည်။ ယခင်က မစောင့်ရှောက်လျှင် ယခု စောင့်ရှောက်ရမည်။ လူကြီးတို့က မစောင့်ရှောက်ခဲ့သော် လူငယ်တို့က စောင့်ရှောက်ရမည်။ အမိဧရာဝတီသည် ပရမ်းပတာ၊ စည်းမဲ့ကမ်းမဲ့ မြစ်တစ်စင်းမဟုတ်ခဲ့။ အမိဧရာဝတီတွင် အပြစ်မရှိ။ စည်းမဲ့ ကမ်းမဲ့ ပရမ်းပတာ ကိုယ်ကျိုးစီးပွား ရှာသူ လူတို့၏ ပယောဂအောက်တွင် ခါးသီးစွာ ရုန်းကန်နေရခြင်းသာ ဖြစ်သည်။ သို့တိုင်အောင် ယနေ့အထိ အမိဧရာဝတီသည် တာဝန်ကျေပွန်စွာ ထမ်း ဆောင်နေ ဆဲဖြစ်သည်။

ရွှေဝါရောင် လေးနှစ်ပြည့် အထိမ်းအမှတ် (ရုပ်သံ၊ သီချင်း၊ဓာတ်ပုံ)

အကြမ်းမဖက် ငြိမ်းချမ်းစွာ ပြည်သူ့ ဆန္ဒထုတ်ဖော် ပြသခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီး အာဏာရှင်တွေရဲ့ အကြမ်းဖက် ဖြိုခွင်းခံရတာ ယနေ့မှာဆိုရင် လေးနှစ်တင်းတင်း ပြည့်မြောက်ခဲ့ပါပြီ....။ လူမဆန်တဲ့ ကိုယ့်ဘာသာ၊ သာသနာကို စော်ကားတဲ့ အာဏာရှင်တွေ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့  ဖြစ်ရပ်တွေကို ယနေ့ထက်တိုင် မေ့မရနိုင်သေးပါ..။  ယနေ့တိုင် ရွှေဝါရောင်တော်လှန်ရေးကြီးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ရဟန်း ရှင်လူ၊ ကျောင်းသားအပေါင်းတို့လည်း အာဏာရှင်ရဲ့ အကျဉ်းထောင်အသီးသီးမှာ ဆက်လက် မတရားဖမ်းဆီး အကျဉ်းကျခံနေရဆဲပါ..။

Sunday, September 25, 2011

“ မြစ်ဆုံစစ်တမ်း ” (ဧရာဝတီမြစ် ရေတိမ်နစ်မည်လော) (ဆောင်းပါးရှင် မော်ဒန်စာရေးဆရာ သစ္စာနီ)

စေတီပုထိုးတွေနဲ့ တင့်တယ်လှပနေတဲ့ ဧရာဝတီရဲ့ အလှ...
မြစ်ဆုံစစ်တမ်း
(ဧရာဝတီမြစ် ရေတိမ်နစ်မည်လော)
(ဆောင်းပါးရှင် သစ္စာနီ) 

(အရင်းခံအကြောင်း)

ဧရာဝတီမြစ်ဟာ သက်တမ်းအားဖြင့် အနှစ် (၁၅) သန်းရှိပါပြီ။ လူ့သက်တမ်းနဲ့ တွက်ကြည့်ရင် ရှည်လျှားလှပြီ ဆိုနိုင်ပေမယ့် ဘူမိသက်တမ်းနဲ့ ဆိုလျှင်တော့ နုပျိုတဲ့အရွယ်လို့ ဆိုနိုင်ပါတယ်။ ကျနော်တို့ ကမ္ဘာမြေကြီးဟာ သက်တမ်းအနှစ် သန်း (၅၀၀) ရှိပါပြီ။ နေစကြာဝဠာရဲ့ သက်တမ်းကတော့ နှစ်သန်း (၄၅၀၀)ပါ။ မဟာစကြာဝဠာ၊ အနန္တစကြာဝဠာတွေရဲ့ သက်တမ်းကတော့ မှန်းစလို့တောင် မရပါဘူး။ ကျနော်ပြောချင်တာက ဘူမိ သက်တမ်းအရ နုပျိုလှပါတယ်ဆိုတဲ့ ဒီမြစ်ကြီးဟာ အရွယ်နဲ့မမျှအောင် အခုအချိန်မှာ ယိုယွင်း၊ အိုမင်း ပျက်စီး နေပါတယ်ဆိုတဲ့ အကြောင်းပါပဲ။

လူငယ်များရဲ့ ဧရာဝတီ ဟောပြောပွဲမှာ ဟောပြောသွားတဲ့ အမိဧရာဝတီကို ချစ်တဲ့ အဆိုတော် ဆောင်းဦးလှိုင်၊ အနဂ္ဂနဲ့ ရသတို့ရဲ့ ဧရာဝတီအတွက် ရဲရဲတောက် ဟောပြောချက်များ (အသံဖိုင်)

ပြီးခဲ့တဲ့ ၂၃ရက်နေ့က နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများတို့ ပူးပေါင်းစီစဉ်သော လူငယ်များရဲ့ ဧရာဝတီ.... ဟောပြောပွဲမှာ ဧရာဝတီကိုချစ်တဲ့ ပြည်တွင်းမှ ပြည်သူ့အဆိုတော် ဆောင်းဦးလှိုင်၊ အနဂ္ဂနဲ့ ရသတို့ရဲ့ ဧရာဝတီအတွက် ရဲရဲတောက် ဟောပြောချက်(အသံဖိုင်) တွေပါ။ အောက်မှာ ဆက်လက် နားဆင်ကြည့်ကြပါ..

လေမှာဝဲပျံ ခွပ်ဒေါင်းအလံ....

- မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ အာဏာရှင် ဆန့်ကျင်ရေးသမိုင်း၊ ဒီမိုကရေစီနှင့်လူ့အခွင့် ရေးကြိုးပမ်းမှု သမိုင်းများတွင် ကျောင်းသားထု၏ ကိုယ်စားပြု တိုက်ပွဲဝင်ခွပ်ဒေါင်းအလံအား အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့တွင် ဒေသဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင်လွှင့်ထူခွင့် ပေးခဲ့သည်မှာ ယခုအကြိမ်သည်.. ဒုတိယအကြိမ်မြောက်ဖြစ်ပါသည်။

တရုတ် (CPI) ကုမ္ပဏီ၏ အစီအစဉ်ဖြင့် မြန်မာရေအား လျှပ်စစ်ဝန်ထမ်း (၂၀)ဦး ကူမင်းမြို့သို့ သင်တန်းတက်ရန်ရောက်ရှိ...

 စက်တင်ဘာလ ၁၉ရက်နေ့က ယူနန်ပြည်နယ် ကူမင်းမြို့သို့ ရောက်ရှိလာတဲ့ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဋ္ဌာနမှ ပထမအသုတ် သင်တန်းသား(၂၀) ဦးအား ကြိုဆိုသူများနှင့် အတူတွေ့ရစဉ်

မြန်မာနိုင်ငံ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဋ္ဌာနနှင့် တရုတ်China Power Investment Corporation (CPI) ကုမ္ပဏီတို့၏ နှစ်ဘက်သဘောတူ အစီအစဉ်အရ သင်တန်းသား (၂၀)ဦးပါ အဖွဲ့ဟာ စက်တင်ဘာလ ၁၉ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ရောက်ရှိလာပါတယ်..။  အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဋ္ဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ လျှပ်စစ်ပညာရှင် သင်တန်းသား (၆၀)ဦးအား ရေအားလျှပ်စစ်၊ နည်းပညာဆိုင်ရာနှင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းများအတွက် ဘာသာရပ်ဆိုင်ရာ သင်တန်းများပေးရန် ခေါ်ယူမှာ ဖြစ်ပြီး ပထမအသုတ်အနေနဲ့ သင်တန်းသား (၂၀)ဦးအား စတင်ခေါ်ယူတာ ဖြစ်ပါတယ်...။

ဧရာဝတီရဲ့ ပဲ့တင်သံများ...

ဧရာဝတီရဲ့ ပဲ့တင်သံများ
နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ၂၃.၉.၂၀၁၁ (သောကြာနေ့) နံနက် (၁၀း၀၀) နာရီမှ ညနေ (၅း၀၀) နာရီအချိန်ထိ ဧရာဝတီနှင့်ပတ်သက်၍ “လူငယ်များရဲ့ ဧရာဝတီ” ဟူသော ဧရာဝတီ မြစ်ဆုံ စီမံကိန်းအား ဆန့်ကျင် ကန့်ကွက်မှုအတွက် တတ်သိပညာရှင်များ၊ စာပေ၊ ရုပ်ရှင်၊ ဂီတ ပညာရှင်များ၊ တိုင်းရင်းသားပေါင်းစုံတို့၏ ကိုယ်စားပြုလူငယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေး လှုပ်ရှားသူများ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများ၊ အခြေခံလူတန်းစားများ၊ ဧရာဝတီကို ချစ်မြတ်နိုး ကြသော လူမျိုးဘာသာ ဆင်းရဲချမ်းသာ မြန်မာပြည်တွင် နေထိုင်ကြသော ဧရာဝတီကို စိတ်ပါဝင်စား သူများနှင့် စည်ကားသိုက်မြိုက် စည်းလုံးညီညွတ် တက်ကြွစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

Saturday, September 24, 2011

ကော့သောင်းကမ်းလွန်ပြင်မှသည် စင်ကာပူနိုင်ငံဆီသို့..... (အပိုင်း ၁)

 မြန်မာပိုင် ကော့သောင်း ပင်လယ်ပြင်မှ သဲများသယ်ဆောင်လာတဲ့ HAM 318 သဲစုပ်သင်္ဘောမှ  စင်ကာပူ ကုန်းတွင်းပိုင်းသို့ သဲများ မှုတ်တင်နေသောပုံ 
(ဓာတ်ပုံ စင်ကာပူရောက် တာဝန်သိ ပြည်သူ့သတင်းထောက်အား ကျေးဇူးတင်ပါသည်)

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ရက်နေ့က မြန်မာပြည်မြောက်ဖျား ဧရာဝတီမှသည်.. ကော့သောင်း ကမ်းလွန်ပင်လယ်ပြင်ဆီသို့... ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့မြေ ကော့သောင်းပင်လယ်ပြင်မှာ စင်ကာပူမှ သဲတင်သဘောင်္များနဲ့ သဲများစုပ်ယူ ပို့ဆောင်နေတဲ့ အကြောင်း တင်ပြခဲ့ပါတယ်...။ (ပြန်ဖတ်ချင်ရင် Click) ယနေ့ကော့သောင်း ပင်လယ်ပြင်အနီး တဝိုက်မှာ သဲများစုပ်ယူ သယ်ဆောင်နေမှုကြောင့် ပတ်ဝန်းကျင် ကျေးရွာတွေနဲ့ ငါးဖမ်းလုပ်ငန်းများ ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်...။ ကော့သောင်းမြို့မှ သဲများစင်ကာပူနိုင်ငံသို့ ရောက်ရှိလာပြီး မည်သို့ အသုံးပြုနေပုံ အကြောင်း ပေးပို့လာတဲ့ စင်ကာပူရောက် မြန်မာတဦးမှ မှတ်တမ်းတင် ရိုက်ကူးထားတဲ့ သတင်း၊ ဓာတ်ပုံများအား ဖော်ပြလိုက်ရပါတယ်...။

Friday, September 23, 2011

သမ္မတကြီးဦးသိန်းစိန်ခင်ဗျား..


ပေးပို့သူ Lungatay အားကျေးဇူးတင်ပါသည်...။

စာသားများအား ဘာသာပြန်ပေးပို့ပေးတဲ့ ကိုနစ်နေမန်းအားလည်း ကျေးဇူးတင်ပါသည်...
Dear Mr. President, come take a walk with me
သမ္မတကြီးခင်ဗျာ …

(Take a walk with me)
ကျွန်တော်နဲ့အတူ လမ်းလျှောက်ထွက်ကြရအောင် ...

ဧရာဝတီ၊ မြန်မာပြည်နဲ့ လိမ်ညာနေတဲ့ နဂါးအနီ (ဆောင်းပါးရှင် အောင်ဒင်)

၂၀၀၉ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့က မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်းစတင်ခြင်း 
အခမ်းအနားမှာ တွေ့ရတဲ့ လုံခြုံရေး အထူးတပ်ဖွဲ့ဝင်များ 
ပြည်သူကို အကာအကွယ်ပေးဖို့လား တရုတ်လုပ်ငန်းရှင်တွေကို အကာအကွယ် ပေးဖို့လား ဆိုတာကတော့...

ဧရာဝတီ၊ မြန်မာပြည်နဲ့ လိမ်ညာနေတဲ့ နဂါးအနီ
ဆောင်းပါးရှင် အောင်ဒင်
စက်တင်ဘာ ၂၂၊ ၂၀၁၁

မြန်မာနိုင်ငံရဲ့ မြောက်ဖက်ဖျား၊ ကချင်ပြည်နယ်က ဧရာဝတီမြစ်ကြီးရဲ့ မူလအစမှာ မြစ်ဆုံဆည်ကြီး တည်ဆောက်နေတာကို မြန်မာပြည်သူတရပ်လုံးက အုန်းအုန်းကြွက်ကြွက် ကန့်ကွက်နေကြပါတယ်၊ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူများရဲ့ အသက်သွေးကြောကြီးပါ၊ တရုတ်ပြည်အတွက် ရေအားလျှပ်စစ်ဓာတ်တွေ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆောက်လုပ်နေကြတဲ့ မြစ်ဆုံဆည်ကြီးဟာ မြန်မာပြည်အတွက် ကြီးမားလှတဲ့ ပြန်ပြင်လို့မရတဲ့ ပျက်ဆီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေမှာပါ၊ အခုအချိန်ကဖြင့် မြန်မာအာဏာပိုင်များအတွက် အပြောင်းအလဲတခုဆီ ရွေ့လျားရမည့် အချိန်ပါပဲ၊ သူတို့ဘယ်လို ရပ်တည်ကြမလဲ၊ ပြည်သူလူထုရဲ့ အသံကိုနားထောင်၊ ပြည်သူလူထုရဲ့ ဆန္ဒကိုလက်ခံပြီး ဒီမကောင်းဆိုးဝါးစီမံကိန်းကြီးကို ရပ်တန့်ဖို့ ကြိုးစားမှာလား? ဒါမှမဟုတ် တရုတ်အစိုးရရဲ့ အကျိုးစီးပွါးကို ကာကွယ်၊ တရုတ်က ပေးကမ်းနေတဲ့ အထောက်အပံ့တွေကို ဆက်လက်တပ်မက်ပြီး ဆည်ကြီးကို ဆက်ဆောက်စေမှာလား? ပြည်သူလူထုက ရှေ့က ဖုန်းကွယ်ထားတာတွေကို ဖော်ထုတ်ပြီး အမှန်တရားကို ပို၍ပို၍ သိချင်နေချိန်မှာ တွေ့နေရတာကတော့ တရုတ်အာဏာပိုင်များနဲ့ မြန်မာအာဏာပိုင်များရဲ့ မစားရ ဝခမန်းပြောနေတဲ့ ဆည်ကြီးကြောင့်ရရှိမည့် အကျိုးစီးပွါးတွေအကြောင်း လိမ်ညာမှုတွေပါပဲ၊ သမ္မတဦးသိန်းစိန်အစိုးရဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့ လက်အောက်ခံ ဖြစ်စေတော့မှာလား?

(၁) အစော်ကားခံရတဲ့ ကချင်ပြည်သူများ

(ဧရာဝတီ) ပြည်ထောင်စုရဲ့သား၊သမီးအားလုံး သွေးစည်းညီညွတ်ရေးအတွက် အစဉ်တည်ရှိနိုင်ပါစေ ဆိုတဲ့THE SKETCH OF A RIVER THE AYEYARWADY ပြပွဲ...

အမေစုမှတ်တမ်း ရေးခဲ့တဲ့ (ဧရာဝတီ) ပြည်ထောင်စုရဲ့သား၊သမီးအားလုံး သွေးစည်း ညီညွတ်ရေးအတွက် အစဉ် တည်ရှိနိုင်ပါစေတဲ့.. ကျေးဇူးပါအမေ...

ဧရာဝတီမြစ်နှင့် ပတ်သက်သည့် ဓါတ်ပုံ၊ ပန်းချီ၊ ကာတွန်းနှင့် ကဗျာပြပွဲအား၂၀၁၁ ခု စက်တင်ဘာလ (၂၂) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အမှတ်(၆၅) ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်ရှိ GALLERY 65 တွင် ဖွင့်လှစ်ကျင်းပ ခဲ့ပါသည်။ အဆိုပါပြပွဲသို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒု-ဥက္ကဌ ဘဘဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဘဘဦးဝင်းတင်တို့ လာရောက် အားပေး ကြည့်ရှုခဲ့ပါသည်။

အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနား.... (သတင်း၊ ဓာတ်ပုံ)

 စက်တင်ဘာလ ၂၁ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ပွဲအား အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၂၀၀၇ စက်တင်ဘာ အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူမ ဦးဆောင်ပြီး အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းမှာ ကျင်းပကြပါတယ်။ နံနက်ပိုင်းမှာ သံဃာတော် အရှင်သူမြတ်ငါးပါး အာရုဏ်ဆွမ်းနဲ့ သင်္ကန်းများ ဆပ်ကပ်ပြီး နံနက်၉း၃၀မှ နေ့လည်၁၁း၃၀ထိ ဖိတ်ကြားထားသူများအား ကြက်သားပလာတာဖြင့် ကျွေးမွေးဧည့်ခံပါတယ်။

Thursday, September 22, 2011

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း လက်ရှိ အခြေအနေ(သတင်း ဓာတ်ပုံများ..).(၂)

ကြွရောက်လာကြသော ဧည့်သည်တော်ကြီးများ အားလှိုက်လှဲစွာကြိုဆိုပါ၏တဲ့... (ဇူလိုင်လကပုံပါ) စစ်တပ်က လုံခြုံရေးယူထားတယ် ဆိုတော့ ဘယ်သူဆိုတာ ခန့်မှန်းကြည့်ပါ...။ တရုတ်ပြည်အတွက်တော့ ဧည့်သည်တော်တွေပေါ့.. ကျွန်တော်တို့ အမိဧရာဝတီနဲ့ မြန်မာပြည်သူတွေ အတွက်ကတော့...

ရန်ကုန်မြို့ တော်စည်ပင်သာယာ၏ မြို့နေလူထုအပေါ်ဆိုးရွားသောလုပ်ရပ်.. (တိုင်ကြားစာ)

ရန်ကုန်မြို့မြို့နယ် အချို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေပေးဝေရေးဌာနမှ ပို့လွှတ်နေသော ရေသည် ယခုရက်ပိုင်းအတွင်း ပြည်သူအများသုံးစွဲပါက ကျန်းမာရေးဆိုးရွားစွာထိခိုက်စေမည့် ရေများကို ပို့လွှတ်လျှက် ရှိပါသည်။ လူနေတိုက်ခန်းများမှ ရေစုတ်တင်လိုက်လျှင် ပုံများတွင် မြင်တွေ့ရသည့် အတိုင်းသံချေးရောင်နှင့် နွံနှစ် များ ပေါင်းစပ်နေသော ရေများကျလာပါသည်။ ယခုကဲ့သို့ ဖြစ်နေသည်မှာ ၂ရက်ခန့်ရှိနေပြီဖြစ်ပြီး ၊ နောက်ထပ်မည့်မျှ ကြာမြင့်ဦးမည် မသိပါ။

နိုင်ငံတော် လျှို့ဝှက်သတင်းများအား ကြိုတင် သိရှိနေကြသူများ...

နိုင်ငံတော် လျှို့ဝှက်သတင်းများအား ကြိုတင် သိရှိနေကြသူများ
သူရဦးရွှေမန်း၏ သားဖြစ်သူ ဦးအောင်သက်မန်း ပိုင်ဆိုင်တဲ့
(RED LINK) အင်တာနက် ဆက်သွယ်ရေး ကုမ္ပဏီ

ယခင်ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ယခုပြည်သူ့လွှတ်တော် ဥက္ကဌသူရဦးရွှေမန်း၏ သားဖြစ်သူ ဦးအောင်သက်မန်း ပိုင်ဆိုင်သော(RED LINK) အင်တာနက် ဆက်သွယ်ရေး ကုမ္ပဏီသည် အောက်တိုဘာလ(၁၅)ရက်နေ့မှ စတင်ပြီး အင်တာနက်လိုင်း ငှားရမ်းသုံးစွဲခများအား FECဖြင့် ပေးဆောင်ခြင်းကို လုံးဝလက်မခံတော့ကြောင်း သိရှိရပါသည်။ ပြည်သူ့လွှတ်တော်တွင် နိုင်ငံခြားငွေကြေးကိစ္စနှင့် ပတ်သက်သည့် အဆိုကို​တင်သွင်း ဆွေးနွေးခဲ့ပြီးနောက်FEC ကိုဒေါ်လာငွေနှင့် အစားထိုး လဲလှယ်ပေးမည်ဟု ပြောကြားခဲ့ပြီးသည့် နောက်ပိုင်းတွင် ယခုကဲ့သို့FECငွေကို ကုမ္ပဏီ အများစုမှ လက်ခံခြင်းမရှိတော့ပေ။

Wednesday, September 21, 2011

ရန်ကုန်မြို့ တရုတ်သံရုံးရှေ့  တစ်ကိုယ်တော်ဆန္ဒပြသမားနဲ့ နောက်ဆက်တွဲများ...

 ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်းက တရုတ်သံရုံး..ရန်ကုန်မြို့ တရုတ်သံရုံးရှေ့ 

တစ်ကိုယ်တော်ဆန္ဒပြသမားနဲ့ နောက်ဆက်တွဲများ...
(သတင်းရေးသားသူ ကိုအောင်မျိုးထွန်း)

ရန်ကုန်တရုတ်သံရုံးရှေ့မှာ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းပေးဖို့ ဆန္ဒပြကြမယ် ဆိုတဲ့သတင်းဟာ ကောလဟာလ မဟုတ်ဘဲ အမှန်တကယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။ မနေ့က(၂၀- ၉- ၂၀၁၁)၊ နေ့လည် ၁း ၃၀ နာရီ ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အမှတ် (၉၄)၊ ခရေပင်လမ်းမှာ ရုံးစိုက်ထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြန်ကြားရေးရုံးရှေ့မှာ တစ်ကိုယ်တော် ဆန္ဒပြမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။