လူ့အခွင့်ရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ယက်(HRWDN)သို့ အကူညီတောင်းခံ၍ လယ်တောင်သူ ဒေါ်မနီ (ငွေဆောင်)မှ လယ်ယာမြေများအား မတရားကျုးကျော် သိမ်းပိုက် ရယူချင်နေသည့် အေရှားဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူဟု ဆိုသော ဦစိုးသိန်းနှင့် ဦးသန့်ဇင်တို့အား ပုသိမ်မြို့မြို့နယ် တရားရုံးထံသို့ ၁.၉.၂၀၁၁နေ.က တရားစွဲဆိုလိုက်ပါသည်။
အသေးစိတ် သိရှိလိုပါက.. ဒေါ်မနီ(၀၉၄၈၇၃၄၁၀၈)သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။ အထက်တန်းရှေ့နေ ဦးအောင်သူရိန်ထွန်း (၀၉၇၃၀၄၄၆၄၄)မှ ရှေ့နေခမယူပဲ အမှုအား လိုက်ပါကူညီ ဆောင်ရွက်ပေးပါသည်။
တိုင်ကြားစာနှင့် ဓာတ်ပုံများ အောက်မှာ ဆက်လက်ဖတ်ရှုပါရန်...
မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းကြီးများအား စစ်အာဏာပိုင်များနှင့် ပူပေါင်းလုပ်ကိုင်နေသည့် အေရှဝေါလ်ကုမ္ပဏီဟာ ဧရာဝတီမြစ်ဆုံ စီမံကိန်းအား တရုတ် ကုမ္ပဏီများနဲ့ ပူပေါင်းလုပ်ဆောင်နေပြီး ပိုင်ရှင်ကတော့ ဘိန်းဘုရင် လောစစ်ဟန်ရဲ့သား စတီဗင်လော(ခ) ဦးထွန်းမြင့်နိုင်ဖြစ်ပါတယ်...။
ကျူပ်တို့မြန်မာပြည်လဲအတော်ကိုဘဲစိတ်ပျက်စရာဘဲ..ဒီစစ်ဗိုလ်သူခိုးဒမြရန်ကဘယ်တော့များမှလွတ်မှာလဲ..ဟိုတုံးကဆိုသတင်းစာကနေရေးလိုက်တာ ဘိန်းဘုရင်လော်စစ်ဟန်.သူခိုးဂျပိုးနဲ့.ခုတော့.သူခိုး သူခိုးချင်းပေါင်းမိသွားတော့လဲ.ဘာမှရေးတာမတွေ့ရတော့ဘဲ.
ReplyDeleteဦးထွန်းမြင့်နိုင် တွေဘာတွေချက်ချင်းဖြစ်နေပြန်ရော..
တတ်လဲတတ်နိုင်တဲ့ မအေ--ိုးစစ်ဗိုလ်တွေ..ထိပ်ပြောင်ခွေးမသားကလဲ..လိမ်နေပြန်ပီ.တကယ့်ကို ဗိုလ်ချူပ်အောင်ဆန်းပြောခဲ့တဲ့ ဖါသယ်နိုင်ငံကြီးကိုဖြစ်နေပီ..
နှစ် ၅ဝ လုံးလုံး လိမ်လာတဲ့ အစိုးရအမည်ခံ စစ်အုပ်စုခေါင်းဆောင် ဆိုတဲ့ လူလိမ်တွေရဲ့ စကားကို မယုံသင့်တာကို သက်သေပြနေတဲ့ သတင်းကတော့ အောက်မှာ မြင်ရတဲ့အတိုင်းပါပဲ။
ReplyDeleteမြန်မာပြည်ပြန်သူ ဦးစိန်ကျော်လှိုင်ကို ဖမ်းဆီးစစ်ဆေး
Tuesday, 06 September 2011 16:38
လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
သမ္မတဦးသိန်စိန်၏ ပြည်ပရောက်ရှိနေသူများ ပြန်လာနိုင်ကြောင်း ပြောဆိုပြီးနောက် ဦးစိန်ကျော်လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက မြန်မာ စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိတချို့ဖြင့် ညှိနှိုင်းကာ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဦးစိန်ကျော်လှိုင်၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။
“မြန်မာပြည်ပြန်မယ်ဆိုပြီး မဲဆောက်ကို အရင်ဆင်းတယ်။ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) တချို့နဲ့ ညှိပြီး အခြေအနေကောင်းတယ်ဆိုပြီး လေယာဉ်နဲ့ ပြန်တာ” ဟု ၎င်းက ဆိုသည်။
ရန်ကုန်လေဆိပ်တွင် ခေတ္တမေးမြန်းရန်ဟုဆိုကာ ခေါ်ယူထားပြီးနောက် မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ အထူးသတင်းရဲတပ်ဖွဲ့၏ အောင်သပြေ စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဦးစိန်ကျော်လှိုင်သည် ၀ါရင့်စာနယ်ဇင်းသမားတဦးဖြစ်ပြီး BBC အသံလွှင်ဌာနတွင်လည်း စီးပွားရေးဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနောက် RFA သတင်းဌာနသို့ ပြောင်းရွှေခဲ့သည်။
ဦးစိန်ကျော်လှိုင်သည် ယခင် ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပြီး ယခုလက်ရှိ RFA သတင်းဌာနတွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များကို ရေးသားထုတ်လွှင့်နေသူဖြစ်သည်။
သမ္မတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှုတစ်စုံတရာ ကျူးလွန်မှု မရှိလျှင် အချိန်မရွေး ပြန်လာနိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်သည့် ပြစ်ဒဏ်ခံယူမည်ဆိုလျှင် သဘောထားကြီးစွာဖြင့် စဉ်းစားပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည် စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။
ထို့နောက် ဆက်တိုက်ဆိုသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့သည်။
ပြည်တွင်းမှ စာနယ်ဇင်းသမားတဦးကမူ “သမ္မတက ခေါ်တာလည်း အမှန်တကယ်ပဲ။ ဒါပေမယ့် ဥပဒေတွေကလည်း အရင်အတိုင်း မပြောင်းလဲသေးတာလည်း အမှန်ပဲ။ နောက်ဆက်တွဲ ပြည်ပရောက်တွေ ပြန်လာဖို့ ဥပဒေတွေလည်း မထုတ်တော့ဘူး” ဟု သုံးသပ်ပြောဆိုသည်။
(ရန်ပိုင်၊ ဧရာဝတီ)
http://www.bur.irrawaddy.org/index.php/news/7235-2011-09-06-09-41-23
အားလုံးတန်းတူညီတူတရားဥပဒေရဲ့အကာအကွယ်ကိုရဘို့ကတော့ဒီမိုးဒီရေဒီလူဒီလှေတွေနဲ့ဆိုရင်နေပြည်တော်မျှော်တိုင်းဝေးပြီလို့သာမှတ်ပေတော့ဗျို့။
ReplyDeleteပြန်မယ့်သူတွေ သတိထားနော်
ReplyDeleteမန်းငြိမ်းမောင်နဲ့ ဦးစိန်ကျော်လှိုင်ကို စစ်ကြောရေးမှာ ထုထောင်းနေပြီတဲ့။
မီဒီယာလွတ်လပ်ခွင့် မပေးနိုင်ဟု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ပြော
ReplyDelete08 September 2011 15:03
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည် ယမန်နေ့က ပြည်သူ့လွှတ်တော်တွင် တင်သွင်းသည့် မီဒီယာလွတ်လပ်ခွင့် ရရှိရေး အဆိုကို ဖြေကြားရာတွင် ဘုရားအလောင်း ဆန္ဒန်ဆင်မင်း ဇာတ်ထုပ်ကို နာရီဝက်ကျော် ပြောဆို၍ မီဒီယာလွတ်လပ်ခွင့် မပေးနိုင်ကြောင်း သွယ်ဝိုက် ငြင်းဆိုသွားသည်။
“ဆန္ဒန်ဆင်မင်းက သူရဲ့ မိဖုရားစူဠသုဘဒ္ဒါပေါ်ကို အင်ကြင်းပန်းတွေ ကျစေချင်လို့ လုပ်ခဲ့ပေမယ့် ခါချဉ်ကောင်တွေ ကျပြီး ခါချဉ်ကိုက်လို့ စူဠသုဘဒ္ဒါက ဆန္ဒန်ဆင်မင်းအပေါ်ကို ရန်ငြိုးဖွဲ့တယ်ဆိုတဲ့အကြောင်း၊ မီဒီယာ လွတ်လပ်ခွင့်ဆိုတဲ့ အင်ကြင်းပန်းကို ပေးချင်ပေမယ့် ခါချဉ်တွေကျလာရင် စေတနာက ဝေဒနာဖြစ်မယ် ဆိုတဲ့သဘော ပြောသွားတယ်” ဟု လွှတ်တော် တက်ရောက်နေသည့် ကိုယ်စားလှယ်က ပြောသည်။
ဝန်ကြီးဦးကျော်ဆန်းက မီဒီယာလွတ်လပ်ခွင့်ကို ပေးချင်သော်လည်း ဝေဒနာဖြစ်မည်စိုးသောကြောင့် မပေးနိုင်သေးကြောင်းကို နာရီဝက်ကျော်ကြာအောင် သွယ်ဝိုက်ပြောဆိုသွားခြင်း ဖြစ်သည်ဟု သူက ဆိုသည်။
ထို့အပြင် ၀န်ကြီးဦးကျော်ဆန်းက စာပေလွတ်လပ်ခွင့်ကို အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော ရေစီးကြောင်းနှင့် နှိုင်းယှဉ်တင်ပြလိုက်ပြီး အရှိန်နှင့် စီးဆင်းနေသော မြစ်ရေချောင်းရေသည် မြစ်ချောင်းများ အတွင်း စီးဆင်းသွားပါက အကျိုးများမည် ဖြစ်သော်လည်း မြစ်ဘောင်ချောင်းဘောင်အတွင်း ရှိမနေဘဲ စည်းကမ်းမဲ့စွာ ပျံ့နှံ့စီးဆင်းသွားမည်ဆိုပါက လူသားတို့အတွက် အပြစ်ဆိုးကျိုးက ပိုမိုများပြားစေမည်ဟု ပြောသည်။
(ဧရာဝတီ)
http://www.bur.irrawaddy.org/index.php/news/7256-2011-09-08-08-07-30
သမ္မတ က မီဒီယာလွတ်လပ်ခွင့် ရှိရမယ်လို့ပြောတယ်။
ReplyDeleteပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း မီဒီယာလွတ်လပ်ခွင့် မပေးနိုင်ဟု ပြော......
ဘာတွေလဲ အူကြောင်ကြားတွေရယ်...
ဒါမျိုးနိုင်ငံ ကမ္ဘာပေါ်မှာရှိမယ်မထင်ဘူး။