Pages

Tuesday, October 18, 2011

အောက်တိုဘာလ ၁၆ရက်နေ့က ကျင်းပတဲ့ BG သွေးကူညီပေးရေးအဖွဲ့၏ ကိုမင်းကိုနိုင် (၄၉နှစ်ပြည့်) မွေးနေ့အကြို အခမ်းအနား (သတင်း၊ ဓာတ်ပုံ)

 ၁၆ ရက်နေ့ အောက်တိုဘာလ ၂၀၁၁ တနင်္ဂနွေနေ့က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ပိဋကတ်သုံးပုံ နိကာယ်ပရိယတ္တိ စာသင်တိုက် ခန်းမဆောင်၌ ကိုမင်းကိုနိုင်၏ (၄၉)နှစ်ပြည့်မွေးနေ့ မင်္ဂလာပွဲအား နေ့လည်(၁၂း၀၀)က BG သွေးအကူအညီပေးရေးနှင့် ပညာဒါနမှကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါပွဲသို့ အဆိုတော် ကိုရဲသွင်၊ ကိုဆောင်းဦးလှိုင်၊ တေးရေးတေးဆို ကိုသားထွေး၊ ကိုသားဖေတင် တို့လည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ အခမ်းအနား အစီအစဉ်အရ ကိုမင်းကိုနိုင်(မွေးနေ့)ဂုဏ်ပြုသီချင်းများ သံပြိုင် သီဆိုခဲ့ကြပါသည်။ ထို့နောက် ကိုမင်းကိုနိုင် မွေးနေ့ အထိမ်းအမှတ် မွေးနေ့ကိတ်အားလှီးပြီး တက်ရောက်လာသော ပရိသတ်များအား ကျွေးမွေးခြင်း နှင့်အဆိုတော် တေးဂီတပညာရှင်များမှ ကိုမင်းကိုနိုင်နှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ အားလုံးအတွက် လွတ်မြောက်ပါစေကြောင်း တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေကြပါသည်။

ထို့နောက် BG သွေးအကူအညီပေးရေး တာဝန်ခံ ကိုညီညီမှ သီချင်းများဖြင့် လာရောက်သီဆိုဂုဏ်ပြုသူများအား လက်ဆောင်ပစ္စည်များ ပြန်လည်ပေးအပ်ပါသည်။

ကိုဟိန်းထက်အား ကျေးဇူးတင်ပါသည်...

2 comments:

  1. ရွှေမြိုင်ထွန်းOctober 18, 2011 at 2:54 PM

    ၂၀၁၂. ခုနှစ်ရဲ့. မွေးနေ့ပွဲမှာ. မွေးနေ့ရှင်ကိုယ်တိုင်. ပြည်သူတွေ. နဲ့အတူ
    ကျင်းပနိုင်ပါစေ။

    ReplyDelete
  2. 18.10.1212မှာအကိုမင်းသူချစ်သောပြည်သူတွေနဲမွေးနေပွဲကိုကျင်းပနှိင်ပါစေ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။