ပိုင်ရှင်အလိုရှိသည်
လွန်ခဲ့သော ၂၀၀၉ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော် ရဲဖက်၊ လက်တွဲဖော် လက်တွဲဖက် ထူးခြားသောမိတ်ဆွေကြီးတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်လှကြည် (ခ) စာရေး ဆရာမဒေါ်ကြည်ဦး အသက် (၈၄) နှစ်သည် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားပါသဖြင့် ကျွန်ုပ်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ အင်တိုက်အားတိုက် စည်းလုံးညီညွတ်စွာဖြင့် နောက်ဆုံးခရီးအား အဆင်ပြေ ချောမွတ်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ပို့ဆောင်ကူညီ သင်္ဂြိုလ်ပေးခဲ့ရသည်။
အမေ ဒေါ်ကြည်ဦး၏ သားဖြစ်သူ ကျွန်ုပ်၏ ထူးခြားသောမိတ်ဆွေကြီးမှာ ပြင်ပလောကနှင့် ဝေးကွာအဆက်ပြတ်နေသော မြစ်ကြီးနားအကျဉ်းထောင်တွင် ယုံကြည်ချက်ကြောင့် လူမှုရေးလုပ်ငန်း များကို လုပ်ကိုင်ဆောင်ရွက်ပေးမှုကြောင့် ပြစ်ဒဏ် (၅၉)နှစ် အကျဉ်းကျခံနေရသူဖြစ်သည်။ ထို့ကြောင့် ထူးခြားသောမိတ်ဆွေကြီးမှာ မိခင်ဖြစ်သူ၏ နောက်ဆုံးခရီးအား လိုက်ပါပို့ဆောင်ခွင့် မရခဲ့ချေ။ ထိုစဉ်က ထူးခြားသောမိတ်ဆွေကြီးနှင့် အလားတူ ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည်လည်း နေအိမ်အကျယ်ချုပ်ဖြင့် ပြင်ပလောကသို့ ထွက်ခွာခွင့် မရရှိသေးချေ။ သို့သော် အမေစုသည် လူမှုရေးစိတ်ဓါတ် ပြည့်ဝစွာဖြင့် လူသားချင်းစာနာစိတ်ဖြင့် ကျွန်ုပ်၏ ထူးခြားသော မိတ်ဆွေကြီး၏ မိခင်ဈာပနအခမ်းအနားတွင် “ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲ ရပါကြောင်း” စာတမ်းပါ နှင်းဆီပန်းခြင်းအား ဖဲကြိုးအနက်ရောင်ဖြင့် ကျွန်ုပ်ထံသို့ လူကြုံတစ်ဦးဖြင့် မရောက်ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။
ထို့ပြင် ထိုလူကြုံမှ ကျွန်ုပ်အား “အမေကမှာလိုက်တယ်။ ဒီပန်းခြင်းကို ကာယကံရှင်ထံ အရောက်ပို့ပေးပါ” တဲ့။ ကာယကံရှင်မှာ ကျန်ရစ်သူ ထူးခြားသော မိတ်ဆွေကြီး၏ ဖခင်နှင့် အကိုများသာ ရှိတော့သည်။ ကျွန်ုပ်ယုံကြည်မှု တစ်ခုရှိသည်။ ကျွန်ုပ်မသေခင် ကျွန်ုပ်၏ ထူးခြားသောမိတ်ဆွေကြီးသည် အကြောင်းအမျိုးမျိုးကြောင့် ပြင်ပသို့ ပြန်လည်ရောက်ရှိကာ ကျွန်ုပ်နှင့် ပြန်လည်တွေ့ဆုံလိမ့်မည်ဟု ယုံကြည်ထားသည်။ အမေဆိုလိုသော ကာယကံရှင်ဟုဆိုရာ၌ ကျွန်ုပ်၏ ထူးခြားသောမိတ်ဆွေကြီးသာ ဖြစ်တော့သည်။ ထို့ကြောင့် အမေ့၏မှာကြားချက်အား တာဝန် ကျေစွာ ထမ်းဆောင်နိုင်ရန်အတွက် ကျွန်ုပ်ဆုံးဖြတ်လိုက်သည်။
ဤတွင် မိခင်ကြီး ဒေါ်ကြည်ဦး၏ ဈာပနအခမ်းအနားသို့ ကျွန်ုပ်ကိုယ်တိုင် နိဗ္ဗာန်မော်တော် ယာဉ် ပေါ်တင်ဆောင်၍ ရေဝေးသုဿန် ဈာပနအခမ်းအနားပြီးဆုံးသည့် အချိန်အထိ ကျွန်ုပ်၏ လက်မှ အောက်သို့မချပဲ ကိုင်ဆောင်ထားခဲ့သည်။ အခမ်းအနားပြီးဆုံးသည်နှင့် ကျွန်ုပ်သည် ဤလွမ်းသူ ပန်းခြင်းအား ကျွန်ုပ်၏နေအိမ်သို့ သယ်ဆောင်ထားခဲ့သည်မှာ ယခုဆိုလျှင် (၂) နှစ်နှင့် (၇)လခန့် ရှိခဲ့ပြီ ဖြစ်သည်။
ယခု အချိန်တွင် ထူးခြားသောမိတ်ဆွေကြီးသည်လည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြင်ပသို့ လွတ်မြောက်လာပြီ ဖြစ်သည်။ သို့သော် ယခု အချိန်အထိ ထူးခြားသောမိတ်ဆွေကြီးနှင့် တွေ့ဆုံခွင့် မရသေး။ ကျွန်ုပ်တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း (၂) ကြိမ်ခန့် လေလှိုင်းထဲမှ စကားပြောခွင့်သာရခဲ့သည်။ လူကိုယ်တိုင် တွေ့ဆုံခွင့်ကား မရသေးချေ။ ကျွန်ုပ်တို့၏ နာရေးကူညီမှု အသင်း(ရန်ကုန်)သည် တရားဝင်မှတ်ပုံတင် မကျသေး၍ ကျွန်ုပ်တို့၏ အသင်းသို့ ထူးခြားသော မိတ်ဆွေ ကြီးသည် မလာရောက်ခြင်းတော့ မဖြစ်နိုင်။ ထူးခြားသောမိတ်ဆွေကြီးမှာ အလုပ်အလွန် များပြားလွန်းလှ သောကြောင့်ပင် ဖြစ်မည်ဟု ကျွန်ုပ်ယုံကြည်သည်။ ထို့ကြောင့် ဤစာကို ထူးခြားသော မိတ်ဆွေကြီး ဖတ်မိသည့်အချိန်၌ ကျွန်ုပ်ထံသို့ အလျင်အမြန် ရောက်ရှိလာမည်ဟု မျှော်လင့်မိပါသည်။
* ယင်း လွမ်းသူ့ပန်းခြင်း၏ ထူးခြားချက် *
၂၀၀၉ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့မှစ၍ ကိုးရက်တိုင်တိုင် မတ်လ (၂၉) ရက်နေ့အထိ နှင်းဆီပန်း ပွင့်များသည် ညှိုးနွမ်းသွားခြင်း လုံးဝမရှိ။
ယနေ့တိုင် ညှိုးနွမ်းသွားသော နှင်းဆီပန်းခြောက်များသည် ကြွေကျသွားခြင်း လုံးဝမရှိ။
(ကျွန်ုပ်၏ ထူးခြားသောမိတ်ဆွေကြီးဆိုသူမှာ မည်သူမည်ဝါဖြစ်သည်ဟု ဖော်ပြရန်လိုအပ်မည် မထင်ချေ။)




ဒီလို တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ သူတွေ မြန်မာပြည်မှာ အများအပြားရှိပါစေသား.. ထို အများအပြားထဲတွင် ပါဝင်ရပါစေသား
ReplyDeleteမိတ်ဆွေကောင်းပီသပါပေတယ်၊ ကိုဇာကနာရောက်လာမှာပါ။
ReplyDeleteမိတ်ဆွေကောင်း ပီသပါတယ်... လေးစားပါတယ် ကိုကျော်သူ...
ReplyDeleteကိုဇာဂနာ ရောက်လာမှာပါ...
ကိုကျော်သူနဲ့ ကိုဇာဂနာ အတူလက်တွဲပြီး တိုင်းပြည်အကျိုး သယ်ပိုးနိုင်ပါစေ...
ဒီအကြောင်းလေးဖတ်ရတာ ရင်ထဲနင့်နေအောင်ကိုခံစားလိုက်ရတယ်။ မျက်ရည်တောင်ကျတယ်။သက်ဆိုင်သူ တွေကိုအရမ်းလေးစားတယ်။ ဒါဟာလူသားချင်း စာနာထောက်ထား မူ့ဘဲ။ဒါဟာ လူပီသမူ့ဘဲ။
ReplyDeleteကျနော်လဲ အဲဒါကို စဉ်းစားနေတယ်ဗျ. လုပ်ဖော်ကိုင်ဖက်၊၇ဲဘော် ၇ဲဘက်တွေ ခုထိ ဘာလို့ ပြန်မတွေ့ကြသေးတာလဲ။
ReplyDeleteပဟေဠိကိုအ ဖြေညှိနေမိတယ်။
ကိုမောင် နဲ့ ကိုသူရ နှစ်ယောက်လုံးကို ကိုလေးစားကြည်ညိုပြီးသားပါ။
ReplyDeleteရှားလွန်းလှတဲ့ဒီလိုအနုပညာရှင်မျိုးတွေကို လေးစားလျှက်ပါ...ကိုကျော်သူကို အရမ်းလေးစားပါတယ်....ကိုသူရနှင့်အတူတူ ဒီမိုကရေစီအရေး...လူမှုရေးလုပ်ငန်းများစွာကို အောင်မြင်ခြင်းတွေနဲ့အတူဆောင်ရွက်နိုင်ပါစေ.....
ReplyDeleteI think he may be busy with the visitors who go and wish him.
ReplyDeleteWhy don't you go to see him and wish his freedom?
That's right. You should go and meet with him at this time.
ReplyDeleteWell, we can understand how the parties involved in this type of situation would feel.
ReplyDeleteHowever, I personally think that posting (a) sensitive documents (should be personal and confidential) such as death certificates, permit to cremate etc and (b) personal matters between two persons would be quite inappropriate and unethical at a blog which (I think) is meant to be an effective tool to fight for democracy in our country.
But if the blogger is of the view that he will post whichever he wished at his blog and it is thus none of my business, then I have nothing to say.
That's right. I have the same opinion on that matter. U Kyaw Thu should be careful on disclosing other person's private matters such as showing the body of a dead person, especially for a young woman or child. I hope he has had the permission of the family before showing these photos.
ReplyDelete