မြောက်ဥက္ကလာပ အမေ့အိမ်(၂)
အမှတ်(၉၂) မုတိတာလမ်း (၂)ရပ်ကွက်၊ မြောက်ဥက္ကလာပမှာ ဖွင့်လှစ်ထားတဲ့ အမေ့အိမ် ပညာဒါနကျောင်း ကိုပြီးခဲ့တဲ့ စနေနေ့ (၂၂.၁၀.၁၁) ကလှိုင်သာယာ အမေ့အိမ် ပညာရေးကော်မတီမှ အဖွဲ့ဝင်များ သွားရောက်ပြီး ပညာသင်ကြားရေး၊ ရေ၊ မီး၊ ပံပိုးကူညီရေး ကိစ္စများကို ညှိနှိုင်း ဆွေနွေးခဲ့ကြပါတယ်။
လက်ရှိ (၉) တန်းကျောင်းသား (၁၇)ယောက်နဲ့ (၁၀)တန်း ကျောင်းသား (၃၂)ယောက်တို့ကို အခမဲ့ စေတနာထက်သန်စွာနဲ့ လူငယ်များမှ ဦးဆောင်ပြီး ပညာသင်ကြား ပေးလျှက်ရှိပါတယ်။ အတန်းကြီးများ ဖြစ်တဲ့အတွက် Statement များကို မိတ္တူကူးပြီး သင်ကြားပေးရတာကြောင့် မိတ္တူကူးခ ငွေနေ့စဉ် ကုန်ကျလျှက် ရှိပါတယ်။ ရေချိုမရှိသောကြောင့် ရေသန့်ဘူးကြီးများ ၀ယ်ယူ လှူဒါန်းထားပါတယ်။ လျှပ်စစ်မီး မရှိသောကြောင့် ရပ်ကွက်မီးကို လပေးနဲ့ သုံးစွဲနေကြရပါတယ်။ ကျောင်းလေးရဲ့ တစ်လတာ ကုန်ကျစါးရိတ်ကတော့...
Statement : ၆၀၀၀၀ ကျပ်
ရေသန့် ဘူး : ၁၂၀၀၀ ကျပ်
မီးဖိုး : ၃၀၀၀၀ ကျပ်
------------------------------------
စုစုပေါင်း : ၉၂၀၀၀ ကျပ်( တစ်လကုန်ကျငွေ )
Volunteer စေတနာရှင်လူငယ်များမှ တတ်နိုင်သည့်ဘက်မှ ပညာရေးကဏ္ဍ တိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက် နေကြသည့်အပေါ် အများပြည်သူမှလည်း ပါဝင်ကူညီ သင့်လှကြောင်း ရေးသား တင်ပြအပ်ပါသည်။
ကျောင်းတာဝန်ခံ ကိုနိုင်ငံလင်း
(၀၉ ၅၀၇၁၄၆၁)
လေးစားစွာဖြင့်
ကိုငယ်( ၀၉ ၅၁၆၂၀၆၀)
အမေ့အိမ်ပညာရေးကော်မတီ (လှိုင်သာယာ)

မွန်မြတ်တဲ့အလုပ်တခုဖြစ်ပါတယ်.အလူငွေလဲထည့်ပါမယ်..
ReplyDeleteသို့သောလည်းတခုတော့သတိပေးချင်တယ်..ကြာလာတာနဲ့အမျှစစ်ဗိုလ်သူခိုးတွေရဲ့စရိုက်.
စစ်တပ်အစိုးရဝန်ထမ်းသူခိုးတွေရဲ့စရိုက်(အကြံအဖန်)လုံးဝမမွေးမိပါစေနဲ့.
မိမိတာဝန်ယူဆောင်ရွက်ပေးရလို့.ဝန်ဆောင်ခအနေနဲ့သော်လည်းကောင်း(ယူခဲ့မယ်ဆိုရင်)
စမလုပ်ခင်ထဲကပြတ်ပြတ်သားသားနဲ့အပေးအယူတခုလုပ်ထား
ဖို့လိုပါမယ်.အများတကာလျူထားတာတွေကို.သန်းရွှေနဲ့အပေါင်းအပါတွေလိုမလုပ်မိပါစေနဲ့လို့..
ကျေဇူးတင်ပါတယ်..