သေချင်းဆိုး မှတ်တမ်း
ဒုတိယကမ္ဘာစစ်ကာလမှာ
ဖက်ဆစ်ဝါဒရဲ့ အရှင်သခင်ကြီး
မူဆိုလိုနီကို တော်လှန်ရေးသမားတွေက
မီလန်မြို့လယ်မှာ
ဇောက်ထိုးဆွဲပြခဲ့တယ်။
ဂျာမဏီရဲ့ အရှင်သခင်ကြီး
အာဏာရှင်ကြီး ဟစ်တလာကတော့
သူ့နားထင်သူပစ်ပြီး
သူ့ကိုယ်သူ သေနတ်နဲ့အဆုံးစီရင်ခဲ့တယ်။
ဖိလစ်ပိုင်က မားကို့စ်
ဟာဝိုင်ယီကို ခွေးပြေးဝက်ပြေး ပြေးခဲ့ရတယ်။
စိတ်ကျရောဂါနဲ့ ငရဲကျသွားတယ်။
ရိုးမေးနီးယားက
နီကိုလိုင်ချောင်ချက်စကူးတို့ လင်မယားကို
သေနတ်နဲ့ပစ်ပြီး သေဒဏ်ပေးတဲ့ အခမ်းအနားကို
ရုပ်မြင်သံကြားကနေ ပြည်သူကို
တိုက်ရိုက် ပြခဲ့တယ်။
ပါကစ္စတန်မှာ ဇီယာအူဟတ်
လေယာဉ်ပျက်ကျတော့
ပြည်သူတွေ ကျိတ်ဝမ်းသာခဲ့တယ်။
အီရတ်မှာ ဆတ်ဒမ်ဟူစိန်ကို
ကြိုးပေးတော့ ကမ္ဘာကို တိုက်ရိုက်ပြခဲ့တယ်။
မြန်မာပြည်ကဦးနေ၀င်း
စိတ်ဆင်းရဲခြင်းကြီးစွာနဲ့
တမလွန်ကိုလားရတယ်။
လစ်ဗျားက ကဒါဖီ
၄၂ နှစ်ပြည့်ဖို့ ၂ ရက်အလိုမှာ
ထရီပိုလီက ထွက်ပြေး
ဇာတိမြို့ဆာအတ်နဲ့ မလှမ်းမကမ်း
ရေဆိုးထုတ်တဲ့ ပိုက်ခေါင်းထဲမှာ
ခွေးပုန်းဝက်ပုန်း ပုန်းနေတုန်း
တော်လှန်ရေးသမားတွေက
သူခိုးကြမ်းပိုးဖမ်းသလို ကုပ်ကနေဆွဲထုတ်ခဲ့တယ်။
အပြင်ကိုရောက်တော့
ထိုးကြိတ်ရိုက်ပုတ် လိုက်ကြတာက
ဦးခေါင်းမှာသွေးသံရဲရဲနဲ့
ဝမ်းဗိုက်က သေနတ်ဒဏ်ရာက
ပစ်ရင်းခတ်ရင်းထိတာ
နားထင်က သေနတ်ဒဏ်ရာက
နာကျည်းနေတဲ့ တော်လှန်ရေးသမား လက်ချက်လား
ထိုးကြိတ်နေတာကို မမြင်ရက်တဲ့
စာနာစိတ်ရှိတဲ့ သူရဲ့လက်ချက်လား
သစ္စာရှိတဲ့ တပည့်ရဲ့ လက်ချက်လား
ဘယ်ဒဏ်ရာနဲ့ သေရတယ်ဆိုတာ
သူ့ကိုယ်သူတောင် သိမှာမဟုတ်ဘူး
တိရိစ္ဆာန် အသားတွေထည့်တဲ့
အအေးခန်း ကွန်တိန်နာရဲ့ ကြမ်းပြင်ပေါ်မှာ
အပေါ်ပိုင်း အ၀တ်မပါတဲ့
ခေါင်းဆောင်ကြီး ကဒါဖီရဲ့အလောင်းကို
ပြည်သူတွေနှာခေါင်းပိတ်ပြီး
ဂါရ၀ပြုကြတယ်။
ရွှေဝါမြေက
ကြက်ဆူပင်တို့ရဲ့ အရှင်သခင်ကြီးကတော့
ခုလောက်ဆို ကြောက်ဒူးတုန်နေရော့မယ်။
နေရဲနီ

ကောင်းလိုက်တဲ့မှတ်တမ်းလေးဗျာ၊
ReplyDeleteMore records to come...from Myanmar...
ReplyDeleteဟေ့ မှတ်ထားကွ ။ ဒီလိုသေချင်းဆိုးနဲ့ သေနိုင်တာသိလို့  လှိုင်ခေါင်းတွေအများကြီးတူးထားတာပေါ့။ ရွှေရွှေကို ငတုံးထင်နေလား ။ အဲဒီသေချင်းဆိုးတွေက ပြည်သူတွေသူ့ ကိုထောက်ခံတယ်လို့ အထင်မှားခဲ့လို့ ခံရတာ။ ငါကအမှန်ကိုအမှန်အတိုင်းသိထားတယ်။ ပြည်သူတွေငါ့ကို ဒုတ်ထိုး လုပ်စားမှာသိထားလို့  ပုန်းဖို့  ရယ်ဒီ။ ဒိုးဖို့  ကြယ်နီ ။
ReplyDeleteအေးဗျာ သန်းရွှေကြီး သေရင် ရေစက် ဘယ်ဘုန်းကြီးက ချပေးမလဲတော့ မသိဘူး မဟန ဆရာတော်တွေ ကို စောင့်ကြည့်ရဦးမယ် မကြာခင် ရောက်တော့မယ် ထင်ပါတယ် ..။
ReplyDeleteစက်တင်ဘာဦးနေ ( အမှန်တရားကိုဘယ်သူ အနိုင်ရဖူးလဲ)