Pages

Monday, October 24, 2011

ဘယ်သူ့အတွက်လဲ........

ဒီနေ့ ရောက်ရှိလာတဲ့ ရှောင်မိန် (SM.. Kumin) (谢谢) ပေးပို့လာတဲ့ ၂၀၀၉ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့က ထင်ပါသည်...။ (ယခင်ရရှိထားသော ပုံတစ်ပုံနှင့် တိုက်ကြည့်ချက်အရ) မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ဖွင့်ပွဲ အခမ်းအနားကို ရောက်ရှိလာတဲ့ ဝန်ကြီး၊ ဝန်လေးများအား လက်နက်အပြည့်အစုံနဲ့ လုံခြုံရေး တာဝန် ယူပေးနေရတဲ့ မြင်ကွင်း ဓာတ်ပုံတွေပါ...။
ဒီဓာတ်ပုံတွေကို မြင်တွေ့ရတဲ့အချိန်မှာ တနေ့က ပေးပို့လာတဲ့ တိုင်ကြားစာထဲက တောင်ဒဂုံမြို့နယ်မှာ ပြည်သူတွေ လုံခြုံရေးကင်းမဲ့နေပြီး ကျီးလန့်စာစားနေရတဲ့ အဖြစ်ကို နှိုင်းယှဉ် တွေးတောမိလာပါတယ်..။ ပြည်သူတွေကြားမှာ ပေါက်ဖွားလာတဲ့ လူအတူတူချင်းတွေပါပဲ။ အစိုးရလို့ မိမိကိုယ်ကိုယ် လက်ခံထားသူ၊ သတ်မှတ်ထားသူတွေ အနေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တရားဥပဒေ အစောင့်အရှောက်ကို ခံစားပိုင်ခွင့် ရရှိရေးကို ဖြည့်ဆည်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်...။ ဒီတိုင်ကြားစာဟာ လက်ရှိ မြို့တော်ရန်ကုန်ရဲ့ ပကတိအခြေအနေကို ထင်ဟပ်ပေါ်လွင်စေပါတယ်...။ အလျဉ်းသင့်လို့ တောင်ဒဂုံမြို့နယ်နဲ့ ထူးမခြားနား မြို့တော် ရန်ကုန် ဧရိယာ ကြည့်မြင်တိုင် မြို့နယ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ တရားဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့ အဖြစ်အပျက်တွေကို တင်ပြပေးပါ့မယ်..။

ပြီးခဲ့တဲ့ သြဂုတ်လကုန်က ဂျပန်နိုင်ငံ တိုကျိုမြို့ကို ကြွရောက်သီတင်း သုံးခဲ့တဲ့ (ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယကဆရာတော်) စာသင်သား သံဃာအပါး ၁၀၀၀ ခန့်ရဲ့ အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးအား သွားရောက်ဖူးမျှော်ရင်းက ယခင် ကြည့်မြင်တိုင်မြို့နယ်မှာ တရားဥပဒေ ကင်းမဲ့နေခဲ့တဲ့ အခြေအနေကို ဆရာတော်ကြီးမှ မည်သို့မည်ပုံ ဖြေရှင်းလိုက်ရကြောင်း မိန့်ကြားခဲ့တာလေးကို ရေးသားတင်ပြပါ့မယ်...။

ဆရာတော်ကြီးစတင် မိန့်ကြားခဲ့တာကတော့ ၂၀၁၀ခုနှစ် စက်တင်ဘာလခန့်က ကြည့်မြင်တိုင်မြို့နယ်မှာ လူဆိုးဂိုဏ်းတွေမှ မားဖီးယားဂိုဏ်းဆန်ဆန် ဆိုးသွမ်းမင်းမူလာပါတယ်..။ လူမိုက်၊ ဆပ်ကြေးတောင်းတဲ့ ဂိုဏ်းရဲ့ မင်းမဲ့စရိုက် ဆန်ဆန်ကြီးထွားလာပြီး အနီးအနားမှာ ရှိတဲ့ စတိုးဆိုင်တွေမှ နေ့စဉ် အနုကြမ်းစီးတဲ့ပုံစံ၊ ဆပ်ကြေးတောင်းလာတယ်လို့ ဆိုပါတယ်..။ အဆိုပါ စတိုးဆိုင်များမှ ပစ္စည်းများကိုလည်း အဆိုပါဆိုးသွမ်းဂိုဏ်းများမှ ငွေပေးချေခြင်း မရှိပဲလက်ညိုးထိုး ဒါးတင် တောင်းယူလာပါတယ်...။ အဆိုပါ အနီးအနားရှိ အစုစုသော လူမိုက်ဂိုဏ်းတွေရဲ့ ခေါင်းဆောင်ရာထူးကို လိုချင်သူမှ မင်းမဲ့ စရိုက်ဆန်ဆန် ပြုလုပ်လာတာကတော့ တရက် ကားသမားတစ်ဦးမှ ကားမောင်းလာရင်း လမ်းဘေးမှာ ထီးမိုးရောင်းနေတဲ့ ဈေးဆိုင်မှ ထီးနဲ့ မတော်တဆ ထိခိုက်မိပြီး ဈေးဆိုင်မှ ထီးလဲပြို သွားပါတယ်..။ မည်သူမျှလည်း ထိခိုက်မိခြင်း မရှိဘူးလို့ဆိုပါတယ်...။ ထိုအချိန်မှာ လူမိုက်တစ်ဦးမှ ကားသမားအား ကားပေါ်မှဆွဲချပြီး ဒါးနဲ့အချက်ပေါင်းများစွာ ခုတ်ပါတယ်... ကားသမားလည်း ဒါးခုတ် ဒဏ်ရာပေါင်းများစွာနဲ့ အူပွင့်သွားပြီး အူကိုမကာ ထွက်ပြေးသွားပါတယ်...။ ထိုအခါမှ သေပြီအထင်နဲ့ လိုက်လံကြည့်ရှုခြင်း မရှိတော့ပဲ လူမိုက်များအကြား ခေါင်းဆောင်အဖြစ် အလိုလို ရောက်ရှိသွားပါတယ်..။

ထိုသို့ အူပွင့်ထွက်ပြေးသွားတဲ့ ကားသမားမှာ တနေရာအရောက်မှာ လဲကျသွားတော့မှ ထိုကားသမားအား ရဲများက လာရောက် ခေါ်ဆောင်သွားပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်...။ ဆေးရုံကြီး၌ ဒါးခုတ်ဓာတ်ရာများနဲ့ အတူအချက်ပေါင်းများစွာ ရရှိလာတဲ့ ဒါးခုတ်ဒဏ်ရာများအား ခက်ခက်ခဲခဲ ခွဲစိတ်ကုသရယူပြီး အဆိုပါ ကားသမားမှာ အသက်ဘေးမှ ချမ်းသာရာရခဲ့ပါတယ်...။ ထိုအဖြစ်အပျက်အား အစအဆုံးသိနေသည့် ရဲဝန်ထမ်းများနှင့် အာဏာပိုင်များမှ တစုံတရာ အရေးယူခြင်း မရှိလို့ဆိုပါတယ်...။ ထိုမှတစတစ အဆိုပါ အရပ်မှ လူမိုက်ဂိုဏ်းများမှ ယခင်စတိုးဆိုင်၊ စားသောက်ဆိုင်များအား ဆပ်ကြေးတောင်းနေရာမှ စီးပွားရေးလုပ်ငန်းရှင်များပါ... ပစ်မှတ်ထား ရဲတင်းစွာ တောင်းခံလာပါတယ်..။
ဆရာတော်ရဲ့ ဒကာရင်းတဦးအား အဆိုပါ အဖွဲ့မှ မင်းမဲ့စရိုက်ဆန်ဆန် မတရားမှုတွေ ပြုလုပ်လာပြီး အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်လာတဲ့အတွက် မြို့နယ်တာဝန်ရှိ ရဲစခန်းကို တိုင်ကြားရာမှာတော့ မည်သို့မျှအရေးယူ ဆောင်ရွက်ပေးခြင်းမရှိခဲ့ပါဘူး..။ ထို့အတွက် ဆရာတော်ကြီးအား အကူအညီ တောင်းခံလာသည့်အတွက် ဆရာတော်ကြီးမှ မြို့နယ်တာဝန်ကျ ရဲအရာရှိနှင့် သွားရောက် တွေ့ဆုံရာမှာတော့ တာဝန်ကျရဲအရာရှိမှ ရက်သတ္တပတ် အနည်းငယ် စောင့်ဆိုင်းပေးဖို့ ပြောဆိုလာပါတယ်..။ ဆရာတော်မှ အမြန်အရေးယူ ဆောင်ရွက်ပေးခြင်း မရှိပါက မိမိနည်း မိမိဟန်ဖြင့် ဖြေရှင်းမည် ဖြစ်ကြောင်း ပြောဆိုရာပြီး ပြန်ထွက်လာရာမှာတော့ တာဝန်ကျ ရဲအရာရှိမှ ဆရာတော်နဲ့ နောက်လိုက် သံဃာအားကို သိရှိတဲ့အတွက် ချက်ခြင်းလိုက်လံ တောင်းပန်တယ်လို့ ဆိုပါတယ်..။

ထိုနေ့ညမှာပင် ဆရာတော်နဲ့ သံဃာအပါး ၂၀၀ရာခန့် ရပ်ကွက်များနှင့် လမ်းများပေါ်သို့ တလမ်းဝင် တလမ်းထွက်ခါ... အုပ်စုအုပ်စုလိုက် ရှိနေသော အဆိုပါ လူမိုက်ဂိုဏ်းများအား ခေါ်ယူဆုံးမ ပါလေတော့သည်။ ကြည့်မြင်တိုင်မြို့နယ် အတွင်းရှိ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းမှာလည်း ဆရာတော်အား အထူးလေးစား ကြည်ညိုကြပါတယ်..။ (အလျဉ်းသင့်လျှင် ဆရာတော်နှင့် နောက်ပါရဟန်းတော် ၁၀၀၀ကျော်တို့၏ ဆွမ်းခံထွက်ချိန်၌ ရပ်ကွက်သူ ရပ်ကွက်သားတို့မှ မည်မျှကြည်ညို သဒ္ဓါပွားများကြသည် ဆိုသည့် မြင်ကွင်း  ဗီဒီယိုဖိုင်အား ဖော်ပြပေးပါမည်) ထိုနေ့မှ စ၍ရက်သတ္တပတ် ဆရာတော်နှင့် နောက်ပါသံဃာတော်များ (နွေရာသီ ရွှေညဝါ သင်တန်းဖွင့်ချိန်၌ သံဃာအပါး ၁၅၀၀ခန့်လာရောက် စာသင်ယူကြပါတယ်) ဟာနေ့စဉ်ရက်ဆက် အလှည့်ကျ ရက်သတ္တပတ် ၁ပတ်ခန့် ညစဉ်လှည့်လည်ကာ ဆိုးသွမ်းဂိုဏ်းဝင်များ၏  ခေါင်းဆောင်နှင့် နောက်လိုက်ဆိုသူများအား ရိုက်နှက်တန် ရိုက်နှက်၊ ဆုံးမတန် ခေါ်ဆုံးမကာ ခေါ်ယူ သတိပေးခြင်းများ ပြုလုပ်ခဲ့ပါတယ်..။

အဆိုပါ သတင်းရန်ကုန်တိုင်း အာဏာပိုင်များအထိ ပြန့်နှံ့သွားပြီး သက်ဆိုင်ရာမှ လာရောက်ကာ အဆိုပါ ဆိုးသွမ်းဂိုဏ်းဝင်များအား လိုအပ်လျှင် ပစ်သတ်ခွင့် အမိန့်ပါ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်..။ ထို့နောက် အဆိုပါ မာဖီးယားဆန်ဆန် ဂိုဏ်းခေါင်းဆောင်နှင့် အဖွဲ့သားများ ဆရာတော်ကြီးအား မိမိတို့၏ အပြစ်များအား ခွင့်လွှတ်ပေးရန် လာရောက် ရှိခိုးတောင်းပန်ကြပြီး ဆရာတော်မှလည်း ကတိကဝက်များ ရယူကာ သင်္ကန်းစည်းလိုသူများအား သာသနာ့ဘောင်သို့ သွတ်သွင်းပြီး အကြောင်းကြောင်းကြောင့် သင်္ကန်းမဝတ် နိုင်သူများအားလည်း အဆိုပါ နယ်မြေများအတွင်း ဒုစရိုက်မှုများလုပ်ကိုင် နေမှုများအား နောက်ထပ် မမြင်တွေ့လိုကြောင်း သတိပေးကာ ကတိကဝက်များ ရယူခဲ့ပါတယ်...။ အများစုမှာ အမြင်မှန်ရရှိပြီး ကောင်းမွန်စွာ လုပ်ကိုင်စားသောက်ကြပြီး တချို့မှာတော့ အလုံ၊ ကြည့်မြင်တိုင်နယ်မြေအတွင်း မလှုပ်ရှားဝံ့ကြတော့ပဲ ပိတောက်ချောင်းရှိ သီရိမင်္ဂလာဈေးသစ်၌ သွားရောက်ကျက်စား လုပ်ကိုင်နေကြကြောင်း ရွှေညဝါ ဆရာတော်ကြီးမှ မိန့်ကြားပြောဆိုပါတယ်..။
အထက်ပါ ဖြစ်ရပ်များကို ကြည့်ခြင်းအားဖြင့် မြို့တော်ရန်ကုန် ဧရိယာ အတွင်းမှာပင် ပြည်သူတွေဘဝ လုံခြုံမှုရှိမရှိဆိုတာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်..။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် စောင့်ရှောက်ဖို့အတွက် ပြစ်မှုကျူးလွန်သူများအား ဒေသဆိုင်ရာ ရဲဝန်ထမ်းများမှ တင်းကြပ်တဲ့ အရေးယူမှုများ ပြုလုပ်ခြင်း မရှိတာကို မြင်တွေ့နိုင်သလို ယုံကြည်ချက်အတွက် မိမိတိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုးအတွက် လှုပ်ရှားသူတွေ အပေါ်မှာတော့ အာဏာထိပါးမည်ဟု အစိုးရိမ်လွန်ကဲကာ မယောင်ရာဆီလူး မလိုအပ်ပဲ လူတဦးတယောက်အား ထောက်လှမ်းရေး၊ စရဖ ၃၊၄ဦးမှ မျက်ခြေမပြတ် စောင့်ကြည့်နေမှုနဲ့ လုပ်ပိုင်ခွင့်ဘောင် ကျော်လွန်ကာ အာဏာကို အလွှဲသုံးစားပြု ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်၊ ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေတာဟာ ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိမြင်တွေ့နေရတဲ့ ဥပဒေမဲ့ ပကတိ အခြေအနေတွေပါ...။

ထိုကဲ့သို့သော အုပ်ချုပ်သူ လူတန်းစားများမှ  ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို စောင့်ရှောက် ကာကွယ်နေသူအဖြစ် မိမိကိုယ်ကိုယ် ယုံကြည်မှု မရှိတော့တဲ့အတွက် ပြည်သူတွေအပေါ်မှာလည်း ယုံကြည်မှု မရှိတော့တာ မဆန်းပါဘူး...။ ယခု ဓာတ်ပုံတွေမှာ မြင်တွေ့ရတဲ့ အတိုင်းမြစ်ဆုံ လျှပ်စစ်စီမံကိန်း အတွက်လုံခြုံရေး ယူထားတဲ့ မြင်ကွင်းတွေဟာ ကျွန်တော်တို့ လက်တလော မြင်တွေ့နေရတဲ့ အီရတ်တို့၊ လစ်ဗျားတို့က စစ်မြေပြင်မြင်ကွင်းတွေအလား အထင်မှားစရာ ရှိပါတယ်..။ ပြည်သူအတွက် ပြုလုပ်တဲ့စီမံကိန်း၊ ပြည်သူ့အကျိုးအတွက် ပြုလုပ်တဲ့စီမံကိန်းလို့ မိမိတို့ကိုယ်ကိုယ် မိမိ သံသယမပွား ယုံကြည်နေမယ် ဆိုရင်တော့ ကချင်ပြည်သူတွေက အဆိုပါ ဖွင့်ပွဲအခမ်းအနား တက်လာတဲ့ လျှပ်စစ်ဝန်ကြီးဆိုသူနဲ့ အပေါင်းအပါများအား လှိုက်လှဲဝမ်းသာစွာ ကြိုဆိုကြမှာပါ...။ အခုတော့ တွေ့မြင်ရတဲ့မြင်ကွင်းတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြည်သူကို ရန်သူလို့မြင်.. ပြည်သူထောက်ခံမှု မရှိတဲ့ အာဏာပိုင်တွေနဲ့ တရုတ်တွေအပေါ်မှာတော့ မှဲ့တပေါက် မစွန်းစေရဆိုတဲ့ အချိုးတွေ ချိုးနေတဲ့ မြန်မာနိုင်ငံရဲ့ ပြည်သူ့အသက်အိုးအိမ်ကို စောင့်ရှောက်မယ့် ပြည်သူ့ဘဏ္ဍာစား ဝန်ထမ်းတွေရဲ့ မြင်ကွင်းပါပဲ...။

အချုပ်အားဖြင့် ဆိုရသော် တောင်ဒဂုံမြို့နယ်မှာ တိုင်ကြားစာမှာ ပါရှိတဲ့ ကလေးငယ်များ ပျောက်ဆုံးနေရတဲ့ သတင်းတွေနဲ့ ပြည်သူတွေ အသက်အိုးအိမ် စည်းစိမ် မလုံခြုံ အခြိမ်းချောက်ခံနေရတဲ့ သတင်းဟာ အင်မတန်မှ အရေးကြီးလှပါတယ်..။ ကလေးပျောက်ဆုံးသူ ကလေးတွေရဲ့ မိဘတွေခမျာမှာလည်း ဘယ်လောက်တောင် ရင်တွင်းမှာ ပူပင်သောက ရောက်နေမယ်ဆိုတာ ကိုယ်ချင်းစာ ခံစားကြည့်နိုင်ပါတယ်..။ ဒါဟာရန်ကုန်မြို့တော်မှာ ဖြစ်ပျက်နေတဲ့ သတင်းတွေပါ..။ နယ်တွေမှာသာဆို စဉ်းစားသာကြည့်ကြပါ...။ ပြည်သူတွေအနေနဲ့လည်း အဆိုပါ မြို့နယ်တွေမှ ရွေးချယ်တင်မြှောက်လိုက်တဲ့ အမတ်ဆိုသူများအား မိမိတို့၏ လက်တွေ့ခံစားနေကြရတဲ့ ဒုက္ခများအား ဖော်ထုတ်တိုင်ကြားကြည့်ပါ...။ မထူးခြားပါက မိမိတို့ရဲ့ ရပိုင်ခွင့်အတိုင်း လွှတ်တော်အမတ်ဆိုသည့် ကြံ့ဖွတ်အမတ်များအား ကန့်ကွက်လက်မှတ် ရေးထိုးတောင်းဆိုပြီး လွှတ်တော်အမတ်အဖြစ် ရုပ်သိမ်းနိုင်ပါတယ်...။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို စောင့်ရှောက်ပါမည်ဟု နေ့စဉ်သစ္စာ အဓိဋ္ဌာန် ရွတ်ဆိုနေတဲ့ လုံခြုံရေးဝန်ထမ်းဆိုသူတွေ အနေနဲ့လည်း ဘယ်သူ့အတွက်လဲ ပြည်သူ့အတွက်ပဲလား ဘယ်သူ့အတွက်လည်း ဗိုလ်ချုပ်တွေနဲ့ အာဏာရှိသူ၊ ငွေရှင်ကြေးရှင်တွေ အတွက်ပဲလားဆိုတာ မိမိကိုယ်ကိုယ် ဝေဖန်သုံးသပ်ကြပါဦးလို့ ရေးသားတင်ပြလိုက်ရပါတယ်...။

ဒီမိုဝေယံ
 မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဖွင့်ပွဲအခမ်းအနား မြင်ကွင်း

10 comments:

  1. ဟုတ်ကဲ့ တောင်ဥက္ကလာမှာအဖွားကြီးကို သားမယားပြုကျင့်လို့ ဆေးရုံတက်ရတယ်ဆိုတာတော့ မယုံနိုင်ပါဘူး နောက်တော့ အသက်ငါးဆယ်ကျော်ပဲရှိပါသေးတယ် ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် တင်ပြပေးတာ ကျေးဇူးပါ ယုံတာ မယုံတာကတော့ ကို့အပိုင်းပေါ့ ကျေးဇူးပါ

    ReplyDelete
  2. အပေါ်ဆုံးက မိတ်ဆွေခင်ဗျား ယခုသတင်းဆောင်းပါးမှာ တောင်ဥက္ကလာအကြောင်း တလုံးတပါဒမှ မပါရှိပါဘူး... ပြန်လည် စီစစ်ဖတ်ရှုစေလိုပါတယ်...

    ReplyDelete
  3. ဗမာပြည်ကပြည်သူ့တပ်မတော်မှမဟုတ်တာ..ဒမြစစ်တပ်ဖြစ်နေတာ.ဘယ်မှာလာပီးပြည်သူဘက်ကပါလိမ့်မလဲ.ဝေးသေး.ဒမြဗိုလ်သန်းရွှေနဲ့.သိန်းစိန်ပဲတို့ပဲ.သူ့အဖေတွေထင်တဲ့ဒမြတွေ.
    အခုခိုးဆိုးနေတဲ့သူတွေက.ဒမြပုလိပ်တွေတွေကိုဆက်ကြေးလစဉ်ပေးနေရတယ်လေ..
    ပုလိပ်တွေကဘယ်နေရာမှာဒမြတိုက်ရင်ဘယ်သူ့လက်ချက်ဆိုတာသိပီးသား..နောက်တစ်နေ့ကျဝေစုသွားတောင်းတော့တာပဲ..
    တစ်ခါ.အဲ့ဒီပုလိပ်တွေက.စစ်ဗိုလ်တွေ.ဘာမူးညာမူကြီးတွေဆီ.ဆက်ကြေးထပ်ပေးရတယ်.
    အဲ့ဒီလိုမဟုတ်ရင်နေရာပြောင်းပြစ်မှာကြောက်ရတယ်လေ.
    ပြောရမယ်ဆိုရင်.ဗမာပြည်ဟာတစ်ကယ့်ကိုဖါနုင်ငံကြီးဖြစ်နေပါပီ.
    ကိုဇာဂနာပြောတဲ့.ဆိုမြန်မာလီဒမြတွေဆိုလား.ဘာလားပဲ.

    ReplyDelete
  4. ငါအပေါ်ဆုံးက ကွန်းမင့်ပေးတဲ့သူပဲ မင်းငါ့ကိုအဲလိုပြောချင်ရင် မင်းကိုသတင်းစုံအောင်ဖတ်ဘို့ ပြောချင်တယ် ဆိုလိုတာက သတင်းဆိုတာ အမှန်ကိုအမှန်အတိုင်းသိဘို့အတွက် ကြားခံအထောက်အကူဖြစ်တယ် အဲဒါကို အပို အလိုတွေ ပြောလာမယ်ဆိုရင် ဒါလဲမသမာမှု့တစ်မျိုးပဲလို့သိစေချင်တာ ဒါပဲ

    ReplyDelete
  5. ကိုဒီမိုရေ.
    ဖတ်ရတာအတော်ကိုစိတ်ပျက်ဖို့ကောင်းပါတယ်.ဒီစစ်တပ်တခုထဲမဟုတ်သေးဘူးဗျ.
    ရန်ကုန်လေဆိပ်ကနေနေ့စဉ်ဆက်ကြေးထိုင်ကောက်နေတဲ့.လဝက.အကောက်ခွန်နဲ.ဘာကောင်မှန်းမသိ
    walking talking ခါးကြာထိုး.အေးဒမြတိုက်စားနေတဲ့အကြောင်းလေးဘာလေးလဲ.ချက်ကျလက်ကျရေး
    ပီးတင်ပြပေးပါဦး.နိုင်ငံခြားမှာတောဒါမျိုးဘယ်မှာမှမတွေ့ဘူးပါဘူး.

    ReplyDelete
  6. ပုံတွေကို အသုံးပြုချင်ပါတယ်ခင်ဗျာ..။ကျေးဇူးတင်ပါတယ်..။

    ReplyDelete
  7. all burmese will disappear soon because of stupidity and low IQ , selfish !!!

    ReplyDelete
  8. အောင်မြင်November 12, 2011 at 4:42 PM

    u r fucking stupid suck my d... whoever wrote this dumb ass fucking comment....Ha..Ha..Ha......Ha......

    ReplyDelete
  9. i leave taiwan jan 2011 with a friend who carry more than US5000 for her school fee.the three customs (at the last gate before going down to waiting room to wait to board the plane )ask US200 blatantly if she dun wanna get into trouble.does custom mean robber with legal license?

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။