Pages

Friday, January 20, 2012

ဗန်းမော်ဆရာတော်ကြီး သိရှိခြင်းမရှိလိုက်တဲ့ (၄၇)ပါးစုံညီအစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ရွှေညဝါဆရာတော်ကြီးအား ၁၅ရက်အတွင်း ကျောင်းတိုက်အတွင်းမှ ထွက်ခွာရန် မူလပထမ စီစဉ်ခဲ့ပြီးမှ ၁လသို့ ပြောင်းလဲစီစဉ်ခဲ့ခြင်းဖြစ်...


 ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးအား ယနေ့ တိုင်းသံဃ မဟာနာယက အဖွဲ့မှ ကျောင်းတိုက်မှ တလအတွင်း ထွက်ခွာရန် ဝန်ခံကတိပြုစာ ရေးထိုးခဲ့ပါတယ်..။ အဆိုပါ ဝန်ခံကတိပြုစာရဲ့ ပထမ မူလအစီအစဉ်၌ ၁၅ရက်အတွင်း ထွက်ခွါပေးရန်  ယနေ့ခေါ်ယူ အမိန့်ချပွဲမှာ မဟနမှ ညွှန်ကြား သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်...။ အဆိုပါ ၁၅ရက်အတွင်း ကျောင်းတိုက်မှ   မူလပထမ စီစဉ်ထားတဲ့ ဆုံးဖြတ်ချက်အား  ရွှေညဝါဆရာတော်မှ   အလျှင်အမြန် ထွက်ခွာစေရန် ပြုလုပ်ခြင်းသည် မိမိအား ကိုရင်၊ ကျောင်းသားများအား ကျောင်းမှ နှင်ထုတ်သကဲ့သို့ ဖြစ်နေကြောင်း ချက်ချင်းလက်ငင်းထွက်ခွာဖို့ မိမိ၏ အခြေအနေကိုလည်း ကြည့်ပါဦးဟု ပြောဆိုသဖြင့် တလပြန်လည် ပြင်ဆင် သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်...။ ဆရာတော်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်း အခြေအနေနဲ့ ငြိမ်းချမ်းရေး ပျက်ပြားမှုများ မဖြစ်ပေါ်စေလိုသောကြောင့် ဝန်ခံကတိ ပြုခဲ့ခြင်းဖြစ်ပါတယ်...။

ယခုကဲသို့ အခြေအနေများအား ဖြစ်ပေါ်လာစေတဲ့ အကြောင်းအချက်များရဲ့ အစကို ပြန်လည် တင်ပြပါရစေ...။ သံဃမဟာနာယကရဲ့ အဓိက ဆုံးဖြတ်ချက်ထဲမှာ တခုအပါအဝင်ဖြစ်တဲ့ စွပ်စွဲ ပြောဆိုချက်ကတော့ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မန္တလေးတိုင်း)ရုံးမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားမှာ သြဝါဒပေးခဲ့တာနဲ့ ပတ်သက်တယ်ဆိုပြီး အကြောင်းတခု ချပြထားခဲ့ပါတယ်..။ ယခုအချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း တရားဝင် ပါတီအဖြစ် ရပ်တည်နေပါပြီ..။ အများ သုံးသပ်နေတာကတော့ အဆိုပါ အဖွဲ့ချုပ်မှာ ဟောပြောချက်သာမက တခြားမမြင်ရတဲ့ နောက်ကွယ်မှ မဟနအဖွဲ့အား ဖိအားပေးမှုများလည်း ရှိနေကြောင်း သုံးသပ်ပြောဆိုကြပါတယ်..။

မန္တလေအဖွဲ့ချုပ်ရုံးမှ ပင်ဝါးရုံဆိုတဲ့ သြဝါဒရုပ်သံ
ဒုတိယ အချက်ကတော့ နိုင်ငံတော် သံဃမဟာနာယက (၄၇)ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်ဆိုတာနဲ့ ပတ်သက်ပြီး သိထားသမျှ ပြောပြပါရစေ..။ ရွှေညဝါ ဗုဒ္ဓတက္ကသိုလ်ရဲ့ အဓိပတိ ဖြစ်ပြီး ယနေ့နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရဲ့ အမြင့်ဆုံး ဥက္ကဋ္ဌဖြစ်သူကတော့ ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာကုမာရပါ။ သီလ၊ သမာဓိပညာနဲ့ ပြည့်စုံပြီး အများလေးစား ကြည်ညိုတဲ့ ဆရာတော်ဘုရားကြီးဟာ အဆိုပါ နိုဝင်ဘာလ ၂၈ရက်နေ့က  (၄၇)ပါးစုံညီ အစည်းအဝေးသို့ ဆွမ်းစားကြွနေတဲ့ အတွက် တက်ရောက်နိုင်ခြင်း မရှိသလို ရွှေညဝါဆရာတော်အား.. အရေးယူမည့် ကိစ္စအား သိရှိခဲ့ခြင်းမရှိခဲ့ပါဘူး..။
နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး သိရှိခြင်း မရှိတဲ့ ၄၇ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်

ထိုကဲ့သို့ သံဃမဟာနာယက ဥက္ကဋ္ဌ တက်ရောက်ခဲ့ခြင်း မရှိသလို သိရှိခဲ့ခြင်းမရှိတဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အား ထုတ်ပြန်ခြင်းဟာ နိုင်ငံတော်၏ အမြင့်ဆုံး ဘာသာရေး အဖွဲ့အစည်းကြီးအနေနဲ့ မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စဖြစ်ပါတယ်...။ သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ကိုလည်း စော်ကားရာ ရောက်ပါတယ်..။ မဟနမှ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၂)ရက်နေ့ရက်စွဲပါ ရွှေညဝါဆရာတော်ကြီးအား အချက်(၃)ချက်နဲ့ အတူ အရေးယူ ဆောင်ရွက်မည့် ထုတ်ပြန်စာအား ဒီဇင်ဘာလ(၁၄)ရက်နေ့ ညနေ ၅နာရီ၁၀မိနစ်မှာမှ ပေးပို့လာပြီး ရွှေညဝါကျောင်းတိုက်မှ ဗုဒ္ဓတက္ကသိုလ် အဓိပတိလည်းဖြစ်တဲ့ ဗန်းမော်ဆရာတော်ကြီးအား ညနေ ၆နာရီမှာ ဖက်စ်ဖြင့်ပေးပို့ခဲ့သလို ကျောင်းတိုက်မှ ဆရာတော်တစ်ပါးအား အဆိုပါ ထုတ်ပြန်စာအား သွားရောက်ပေးပို့ စေခဲ့ရာမှ ဗန်းမော်ဆရာတော်ကြီး သိရှိခဲ့ရပြီး ဗန်းမော်ဆရာတော်ကြီးမှ လုပ်ရက်လိုက်လေခြင်းဟု ပြောဆိုကာ ငိုင်ကျသွားတယ်လို့ ဆိုပါတယ်..။
 ဒီဇင်ဘာလ ၇ရက်နေ့က ရွှေညဝါကျောင်းသို့ ဗန်းမော်ဆရာတော်ကြီး ကြွရောက်လာချိန်အထိ အဆိုပါ ထုတ်ပြန်ချက်အား ဗန်းမော်ဆရာတော်ကြီးကိုယ်တိုင် သိရှိချင်း မရှိခဲ့ပါဘူး...
ဒါတွေဟာ အမှန်တရားတွေပါ..။ စကားချပ်အနေနဲ့ ယခုကြံ့ဖွံ့အစိုးရ တက်လာပြီး ၂လအကြာ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် ၅လပိုင်းက သတင်းစာထဲမှာ မပါလိုက်တာ အဖြစ်အပျက်တခုကတော့ ကြံ့ဖွံ့အစိုးရသစ်ရဲ့ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများရဲ့ သြဝါဒခံယူပွဲ အခမ်းအနားမှာ ဗန်းမော် ဆရာတော်ကြီးမှ တက်ရောက်လာတဲ့ ဒု(သမ္မတ) စိုင်းမောက်ခမ်းနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား မိန့်ဆိုခဲ့ရာမှာတော့ အရင်အစိုးရလို သံဃာတော်တွေကို နှိပ်စက်၊ ညှင်းပန်း၊ သတ်ဖြတ်တာတွေ မလုပ်ဖို့ မိန့်ကြားခဲ့ပါတယ်..။ အဆိုပါ သြဝါဒကထာ မိန့်ကြားပွဲမှာ ကြံ့ဖွံ့အဖွဲ့ဝင် ဝန်ကြီးများ မျက်စိ၊ မျက်နှာပျက်ဖြစ်ခဲ့ရပြီး နောက်တနေ့ အစိုးရပိုင် သတင်းစာတွေမှာတော့ အဆိုပါ အခမ်းအနားအား ရေးသားဖော်ပြခြင်း မရှိခဲ့ပါဘူး...။

ယခုအဖြစ်အပျက်များမှာ သံဃမဟာနာယက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး ဆရာတော်ကြီးများအား ပြီးခဲ့တဲလက ရွှေညဝါဆရာတော်ရဲ့ အသနားခံစာအား သွားရောက်ပေးပို့ချိန်မှာတော့ အတွင်းရေးမှူးဆရာတော်မှ စာနဲ့သာမက လူကိုယ်တိုင် လာရောက်တောင်းပန်ဖို့ လိုကြောင်း အကြောင်းပြန်ခဲ့သလို ဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်ထားတာဟာ ကောင်းတဲ့အလုပ်ဖြစ်ကြောင်း မဟန အတွင်းရေးမှူး ဆရာတော်ကြီး ကိုယ်တိုင် မိန့်ကြားခဲ့တာ ဖြစ်ပါတယ်...။ ယခုဖြစ်ပျက်မှုများရဲ့ နောက်ကွယ်မှာ တစုံတခုသော နောက်ကွယ်မှ လှုပ်ရှား ကြိုးကိုင်နေတာ သံသယပွား စရာမလိုတဲ့ အဖြစ်အပျက်ကတော့ ရွှေညဝါ ဆရာတော်ကြီး ထိုင်းနိုင်ငံမှာ တရားဟောပြောဖို့ ရောက်ရှိနေချိန်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာတဲ့ ပြီးခဲ့တဲ့ ၁၃ရက်နေ့မှာ အသနားခံစာအား ပယ်ချကြောင်း ပေးပို့လာတာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ... ဆင့်ခေါ်စာ ပေးပို့လာတာ ဖြစ်ပါတယ်...။ ယနေ့ဆုံးဖြတ်ချတဲ့ နေ့မှာ ထူးခြားချက် တခုကတော့ အာဏာပိုင်များမှ မီဒီယာများအား ဓာတ်ပုံရိုက်ခွင့်သာ ပေးပြီး ဆရာတော်ကြီးများအား မေးမြန်းခွင့် မပြုဟုဆိုပါတယ်..။ အကြောင်းပြချက်ကတော့ ဆရာတော်ကြီးများ မဖြေကြားတတ်တဲ့ အတွက်ကြောင့်လို့ ဆိုကာမေးမြန်း သတင်းယူခွင့်အား ကြိုပိတ်ထားပါတယ်...။ မဖြေတတ်မှာ စိုးသည်ဟု ဆိုပါလျှင် သံဃမဟာနာယက ဆရာတော်ကြီးများမှာ စာတတ်ပေတတ် ပုဂ္ဂိုလ်ကြီးများ ဖြစ်ပါတယ်... မေးခွန်းများအား မဖြေတတ်စရာ အကြောင်းမရှိပါဘူး ကြိုတင် ပိတ်ပင်ထားလေသလားလို့ တွေးတောစရာဖြစ်နေပါတယ်..။

ထေရ်ကြီးဝါကြီး မဟန ဆရာတော်ကြီးများဟာ အများအားဖြင့် နယ်မြို့များမှ ဖြစ်ပါတယ်..။ မျက်စိပိတ် နားပိတ်ခံရတဲ့ မဆလ၊ နဝတ၊ နအဖခေတ်များမှာ အစိုးရရဲ့ဝါဒဖြန့် သတင်းဋ္ဌာနတွေဖြစ်တဲ့ မြဝတီ၊ MRTV၊ အစိုးရသတင်းစာများနဲ့သာ အများအားဖြင့် ထိတွေ့နေရတာဖြစ်ပါတယ်...။ ယခုကဲ့သို့ မဟနဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ကိုယ်တိုင် ပါဝင်ခဲခြင်းမရှိ၊ အကြာင်းကြားမှုမရှိပဲ. ဆုံးဖြတ်ချက်ချခြင်းဟာ ဆရာတော်ကြီးအား မထီမဲ့မြင် စော်ကားရာ ရောက်စေပါတယ်..။ ဗန်းမော်ဆရာတော်ကြီး ပါရှိသယောင်၊ သိရှိသယောင် ဆုံးဖြတ်ချက် ချခြင်းဟာလည်း. အမြင့်ဆုံး သာသနာပိုင် အဖွဲ့အစည်း တခုအနေနဲ့ မလုပ်သင့် မလုပ်ထိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်.။ ထိုကိစ္စမှာ အကြောင်းမှန်အား သိရှိခြင်းမရှိတဲ့ အချို့သော (အားလုံးကို မဆိုလိုပါ) မဟနအဖွဲ့ဝင် ဆရာတော်ကြီးများအား အများပြည်သူမှ အမြင်တမျိုး သက်ရောက် စေပြီး အဆိုပါ နောက်ကွယ်မှ ဖိအားပေး ကြံစည်နေမှုဟာ သံဃာသင်းခွဲမှုကဲ့သို့ အင်မတန်မှ အပြစ်ကြီးတဲ့ လုပ်ဆောင်မှုဖြစ်စေသလို အာဏာအတွက် သာသနာကို ခုတုံးလုပ်ခံနေတဲ့ အနာဂတ် သာသနာအတွက် အင်မတန် ရင်လေးစရာ ကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်...။

အချုပ်အားဖြင့် ဆိုရသော် နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး သိရှိခြင်းမရှိပဲ သိရှိ၊ ပါဝင်သယောင် အမိန့်စာထုတ်ပြန်ခြင်း၊ မဟန ဆရာတော်ကြီးများအား မှားယွင်းသော သတင်း အချက်အလက်များ ပေးပို့ခြင်း၊  စတဲ့လုပ်ကြံဖန်တီးမှုများရဲ့  နောက်ကွယ်မှာ အာဏာပိုင် အဖွဲ့အစည်းတခုခုမှ ရည်ရွယ်ချက်ကြီးကြီး အကြံအစည်ကြီးကြီးနဲ့ လုပ်ဆောင်မှုများ ရှိနေကြောင်း ရေးသား တင်ပြလိုက်ရပါတယ်..။ အဓမ္မကို ဓမ္မဖြင့် အောင်ပွဲ ခံစေရမည်...။

ဒီမိုဝေယံ
 ယနေ့ ရွှေညဝါကျောင်းတွင်း မြင်ကွင်း ဓာတ်ပုံများ..
ဓာတ်ပုံ၊ ရုပ်သံ.. ဒီမိုဝေယံ

၂၀ရက်နေ့မှာတော့ အဖွဲ့ချုပ်ခေါင်းဆောင်များနဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များမှ ရွှေညဝါဆရာတော်ကြီးအား သွားရောက်တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်...။

17 comments:

  1. သံဃာ့ကိစ္စမှာ သံဃာတွေသာ ၀ိနယ ဓမ္မနှင့်အညီ ဆောင်ရွက်ပါလိမ့်မယ်၊ နိုင်ငံရေးအဖွဲ့အစည်းများ ဒီလိုကိစ္စမျိုးမှာ မပါဝင် မပတ်သက်လျှင် ပိုကောင်းလိမ့်မယ်ဟု ထင်ပါသည်၊ ပါဝင်ခဲ့လျှင် ဒီထက် ပိုပြီး
    ပြဿနာ ကြီးထွားလာနိုင်ပါသည်။

    ReplyDelete
  2. ပြသနာ က မပါဝင် မပတ်သက်တာက အဓိကဘဲ ..ဒီလိုမတရားလုပ်နေတာကို ခေါင်းငုံ့ ခံစရာ ဘာတကွက်မှမရှိဘူး ..ဒါက အဓမ္မဘဲ ပါဝင်တာက ဓမ္မဘဲ..နအဖ ဆိုရင် အကြွေးမထားချင်ဘူး ရွှေည၀ါဆရာတော်ကို ကျောင်းတိုက်မှတစ်လအတွင်း ထွက်ခွာဖို့ ကတော့ ဖြစ်နိုင်မလား စဉ်းစားပေးလေ..မတရားတဲ့အမိန့် တွေပါလာရင် ဆူပူကြမှာ ဓမ္မတာဘဲ..ရွှေည၀ါဆရာတော်က.သာသနာ့အာဇာနည်ဘဲ..သိလား..လွတ်လပ်စွာပြောဆိုရေးသား စီတန်းလှည့်လည်ခွင့်နဲ့ အဓမ္မ ကိုတိုက်ဖို့ ရာက မွေးရာပါ လူ့အခွင့်အရေးဖြစ်တယ်။ ဖိနှိပ် ကန့်သတ်ချုပ်ချယ်လို့မရဘူး။ အခုလိုလုပ်တာဟာ ဓမ္မ၀ါနယနဲ့လည်းမညီပါဘူး.. လူ့အခွင့်အရေးကိုလည်း ချိုးဖောက်တာဖြစ်တယ်...အဲဒါကြောင့် နအဖဘုန်းကြီးတွေကိုလဲ အတိအလင်း ကန့်ကွက်ပါတယ်......ကျွန်တော်တို့  လိုလားသောအရာသည်... အဓမ္မမဟုတ်ဘူး
    ဓမ္မတရားသာဖြစ်ကြောင်း.ဓမ္မဖက်မှရပ်တည်ပေးကြခြင်းကို.ပြသကြပါခင်ဗျား..။

    ReplyDelete
  3. မင်းတို့ဟာတွေကလဲကွာ.
    ကျော်မကောင်းကြားမကောင်း..ဘာဘုန်းကြီးတွေလဲကွ.
    နာဇီဘုန်းကြီးလား.
    ဖက်ဆစ်ဘုန်းကြီးလား
    ဟစ်တလာဘုန်းကြီးလား..အာဏာပြလှချေကလား..
    မြင်ယောင်သေးတယ်.ကဒါဘုန်းကြီးဖြစ်ပီး.ပြေးပေါက်မရှိမဲ့ကိန်း.
    သန်းရွှေ....သန်းရွှေ.ခုထိကိုတရားမရသေးပါလား..
    မိုက်ပြီးရင်းမိုက်ပဲ..

    ReplyDelete
  4. မအေ -ိုး အောင်းသောင်း ဒီနောက်ကွယ်မှာ အဓိကပါနေတယ်။

    ReplyDelete
  5. မင်းတို့ကိုပြောခဲ့သားဘဲသံဃာထဲမှာဒို့လူတွေရှိတယ်ဆိုတာလေ။အခုလို
    ဒို့လုပ်နေကျအတိုင်းဖြုတ်ထုတ်မောင်းလုပ်လိုက်တော့အောင်သောင်းဝမ်း
    သာသွားတာပေါ့။

    ReplyDelete
  6. ကျွန်တော်တို့ဘာသာမှာဒီလိုဖြစ်နေတာကို အခြားဘာသာတွေသိရင်တာ့ဝမ်းသာတော့မှာပဲ အထူးသဖြင့်ဒီဘာသာပေါ့
    http://messengerforbuddhist.blogspot.com/
    ဗုဒ္ဓဘာသာကိုစော်ကားထားတဲ့လင့်ပါ ကွန်တော်တို့ ဗုဒ္ဓဘာသာမှာဒီလိုဖြစ်နေတာ ဒီဘလော့ရေးတဲ့ကောင် သိရင်တော့ဝမ်းသာတော့မှာပဲ အခြားဘာသာတွေဝမ်းသာအောင်တော့မလုပ်ပါနဲ့..ကျွန်တော်တိုဗုဒ္ဓဘာသာမှာ
    ဒီလိုကြီးတဲ့သူကနိင်ပြီး ငယ်တဲ့သူကရှုံး ဖြစ်နေတာ့ အမှန်တရားတာကိုပြောတာနဲ့ ပြောတဲ့သူကနေရာမရှိတော့ဘူး ဒါကြောင့်အင်အားနည်းတဲ့သူဘက်က အမှန်တရားဟာ လူရာမဝင်ပါဘူး ခုဖြစ်နေတဲ့ကိစ္စဟာသက်သေပါ

    ReplyDelete
  7. ကျနော်လဲ ပရိသတ် တယောက်ပါဗျာ၊ ဒါပေမယ့် ထမင်းစားပြီး အုံးနှောက်တွေတော့ သုံးလိုက်ပါအုံး။ သူတို့ကြားမှာ ချိတ်တွေ ရှိတယ်။ မဟနနဲ့ ရွှေည၀ါ၊ ရွှေည၀ါနဲ့ သာသနာရေးဋ္ဌာနတွေမှာ သူ့ကွင်းဆက်နဲ့သူ ရှိတယ်။ ဒါဆိုတော့ ကျနော်တို့ ပရိသတ်တွေ အချိန်အခါကို စောင့် ကြည့်ကြပါဆို့။ မြှားဆိုတာ သားကောင်ရှိမှ ပြစ်ရတာပါ၊ အားလုံးသိတဲ့ အတိုင်း လမ်းစပြုလာပါပြီ။ ဒါကြောင့် မလိုအပ်သေးခင် ၀ိတ်တွေ ထွိတ်တွေ မသုံးပါနဲ့။ ရွှေည၀ါဆရာတော်က ပထမပြောတဲ့ စကားနဲ့ ဒုတိယအကြိမ် ထွက်လာတဲ့ စကားက မညီချင်ပါဘူး။ မယုံရင် သူဟောတဲ့ တရားတွေကို သေချာနားထောင်ကြည့်ပါ။ စကားတွေကလဲ ဘေးကို ထွက်လွန်းတယ်။ ဒါဆိုတော့ ကျနော်တို့ (သံဃာ၊ကျောင်းသား၊ ပြည်သူ)တွေ အနေနဲ့ အချိန်အခါ တခုကိုဘဲ စောင့်ကြည့်ကြပါစို့ဗျာ။ အခုအချိန်မှာ စောင့်ကြည့်နေတာဟာ အကောင်းဆုံး ဗျူဟာပါဘဲ။

    ReplyDelete
  8. မြန်မာပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးသိသာရန်အသိပေးအပ်ပါတယ်
    ကြားဖြတ်ရွေးကောက်ပွဲမှာမိမိတို့ရဲ့ ဆန္ဒအမှန်အတိုင်းသတ္တိရှိရှိအားလုံးမဲပေးကြဘို့ လိုပါတယ်
    မဲဆွယ်စရာအကြောင်းမရှိပါဘူး။ဘာကြောင့်လည်းဆိုရင်ဘယ်နိုင်ငံရေးမှပါတီမှာမှမပါဝင်ပါဘူး။
    ပြည်သူထဲကပြည်သူတယောက်မို့ လို့ ပါ။မြန်မာနိုင်ငံရဲ့ အရှည်ကောင်းစားရေးကိုကြည့်ကြဘို့ လို
    ပါတယ်။အခုဒီအခွင့်အရေးကိုလက်လွှတ်လိုက်မယ်ဆိုရင် အားလုးံမျှော်လင့်ထားတဲ့ ဒီမိုကရေစီနဲ့ 
    ဝေးသွားကြလိပ်မယ်။ဘာဖြစ်လို့လည်းဆိုတော့ ငါတို့ နဲ့ မဆိုင်ဘူးဆိုပြီးအေးအေးနေတတ်ကြလို့
    ပါဘဲ၊သေသေခြာခြာစဉ်းစားကြပါ နိုင်ငံအရေးဟာမြန်မာနိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်ဆိုတာသ
    တိထားသင့်ပါတယ်။အားလုံးတိုင်ရင်းသားစုံညီပါမှအားလုံးမျှော်လင့်ကြတဲ့ဒီမိုကရေစီလမ်းပေါ်ကို
    ရောက်မယ်။ဒါတောင်ဘာတွေအကောက်ကြံပြီးရက်ရွေ့ တာ၊ဖျက်သိမ်းတာ၊ပြသနာတခုခုရှာ
    မယ်ဆိုတာမသိနိုင်သေးဘူး။အိမ်နီးနားခြင်းနိုင်ငံတွေကိုကြည့်မယ်ဆိုရင် မြန်မာတွေဘယ်လောက်နောက်
    ကျသွားပြီဆိုတာ သိသင့်ကြပါပြီ၊အခုအချိန်မှီသေးတယ်။ပြောသာ
    ပြောရတာ ဘယ်လောက်မှန်မှန်ကန်ကန်။စေတနာမှန်နဲ့ လုပ်ပေးမယ်ဆိုတာအားလုံးစောင့်ကြည့်
    ကြတာပေါ့ ။လုပ်ပေးမယ်ဆိုရင်တောင်ဟိုနာဂစ်အချိန်တုန်းကရွေးကောက်ပွဲလိုလုပ်မလားမသိ
    သေးဘူး။အာဏာရှိတယ်၊ငွေနဲ့ လမ်းခင်းမယ်၊နည်းအများကြီးရှိပါတယ်၊အခုကြည့်လေဆရာတော်
    ကြီးတွေတောင်၊သာသနာနဲ့ ဘုရားမျက်နှာတော်မကြည့်ဘဲ(၊အချို့ ဆရာတော်တွေပါ။)အာဏာနဲ့ ငွေ
    ၊ချမ်းသာမှုကိုသာယာပြီး ဦးသိန်းစိန်အစိုးရရဲ့ အမိန့် အတိုင်းဆောင်ရွက်ခဲ့ ကြတယ်။အားလုံးသေ
    သေချာချာစဉ်းစားကြပါ။မြန်မာနိုင်ငံဖွားလူတိုင်းသိကြပါတယ်။ပြည်သူလူုထုအားလုံးအမှန်ကိုသိ
    မြင်နိုင်ကြပါ။၊မြန်မာနိုင်ငံတော်ကြီး၊အထူးသဖြင့်တနေ့လုပ်မှတနေ့ စားရတဲ့ ဆင်းရဲသားညီအကို
    မောင်နှမတွေဘဝအဆင်ပြေဘို့ ကြည့်ပေးကြပါ ။ ဒီအတိုင်းသွားနေရင်ဘယ်လိုမှတိုးတက်လာ
    တော့မှာမဟုတ်ဘူး။နိုင်ငံတော်တိုးတက်မှဆင်းရဲမှုကိုခါးသီးစွာခံစားခဲ့ ရတဲ့ လယ်သမားနဲ့ လက်လုပ်
    လက်စားဆင်းရဲသားများကို ကူညီစောင့်ရှောက်နိုင်ပါမယ်။ကိုယ်အဆင်ပြေနေတာတခုထဲနဲ့ 
    ကျေနပ်မနေကြပါနဲ့ ။အားလုံးဟာတိုင်းရင်းသားညီအကိုမောင်နှမတွေပါ။စောင့်ရှောက်ကြပါ။စည်း
    လုးံညီညွတ်ကြပါလို့အားလုးံကိုစေတနာသန့်သန့်နဲ့  နိုးဆော်လိုက်ပါတယ်။လူအချင်းချင်းလှည့်
    ပတ်ခြင်းကင်းရှင်းကြပါစေ။ ။

    ReplyDelete
  9. ဘဘကြီး(ကမ္ဘာအေး)January 21, 2012 at 3:10 AM

    အပေါ်ကပုဂ္ဂိုလ်! ဝမ်းနည်းပါတယ်. ဆုဟာနဲနဲပိုတောင်းရလိမ္မယ်၊သံဃာ
    အချင်းချင်းလဲ. လှည့်ပတ်ခြင်းကင်းရှင်းကြပါစေ၊လူနဲ့သံဃာလဲ လှည့်ပတ်ခြင်း
    ကင်းရှင်းကြပါစေလို့၊ ဟိုး~~~~~အပေါ်ကစောင့်ကြည့်တာဝါသနာပါတဲ့ပုဂ္ဂိုလ်!
    စောင့်ကြည့်ရမှာဒီကိစ္စမဟုတ်ဘူး။ စုံစမ်းရမှာဗျ၊မြန်မာနိုင်ငံရဲ့ထေရဝါဒသာသနာ
    ဆုတ်ယုတ်ဘို့အကြီးအကျယ်ဆုံးစလိုက်တာကတော့၂၀၀၇ရွှေဝါရောင်မှာရဟန်း
    သံဃာတွေကိုရက်ရက်စက်စက်စော်ကားနှိပ်စက်တဲ့ဆီကဘဲ။ပြုသူအသစ်ဖြစ်သူ
    အဟောင်း၊ရန်သူမျိုးငါးပါးထဲမှာ " မင်း” ကိုထည့်ထားပေမဲ့သံဃာကိုစော်ကားရင်
    ဘယ်သူမဆိုအပြစ်ကိုပြန်ခံရမှာဖြစ်ပါတယ်၊အခုရွေညဝါဆရာတော်ဘုရားကျောင်း
    ထွက်သံဃာတွေဟာအိန္ဒြိယ၊သီရိလင်္ကာတို့မှာတက္ကသိုလ်တက်ချင်တယ်ဆိုလို့ရှိရင်
    ဝင်ခွင့်စာမေးပွဲဖြေစရာမလိုဘဲတက်ရောက်ခွင့်ရှိပေမဲ့မဟနကဦးစီးဖွင့်လှစ်တဲ့ဗုဒ္ဓ
    တက္ကသိုလ်ကျောင်းထွက်တွေကတော့ဝင်ခွင့်စာမေးပွဲဖြေဆိုရပါတယ်။ကျန်တာ
    ဆက်တွေးပေးကြပါ။အဓမ္မဝါဒီတွေများလာရင်သာသနာမြန်မြန်ကွယ်မှာစိုးလို့
    တိပိဋကဆရာတော်တွေထွက်ပေါ်ရေးအတွက်မင်းကွန်ဆရာတော်ဘုရားကြီး
    ဟာနေ့မအားညမအားကြိုးစားခဲ့ပြီးမျက်နှာလွှဲရမဲ့ဆရာတော်အတွက်ကြောင့်ကြ
    တော်မူခဲ့ပါတယ်၊အဲဒါကိုသိတဲ့ဗန်းမော်ဆရာတော်ဘုရားကြီးဟာငါးနှစ်တိတိပိဋက
    သုံးပုံစလုံးကိုအပြန်ပြန်အလှန်လှန်ဆန်းစစ်ပြီးပိဋကသုံးပုံစလုံးကိုအလွယ်ကူဆုံး
    လေ့လာကျက်မှတ်နိုင်မဲ့နည်းကိုသိရှိခဲ့ပြီးမှမင်းကွန်းဆရာတော်ဘုရားကြီးကိုစိတ်ချဘို့
    လျှောက်ထားခဲ့ပါတယ်၊မင်းကွန်းဆရာတော်ဘုရားကြီးကစိစစ်မေးမြန်းပြီးစိတ်ချလို့
    ခန္ဓာဝန်ချသွားတာဖြစ်ပါတယ်။အခုတိပိဋကစာမေးပွဲ၆၃ကြိမ်အတွင်းမှာသုံးပုံစလုံး
    အောင်တာ ၁၂ပါးဘဲရှိတာမို့မြန်မာပြည်မှာသံဃာငါးသိန်းရှိတာနဲ့အချိုးကျပြီးတွက်ကြည့်ရင်
    ဘယ်လောက်ခက်ခဲတယ်ဆိုတာခန့်မှန်းနိုင်လောက်ပါတယ်။သုံးပါးကပျံလွန်တော်
    မူသွားလို့သက်ရှိထင်ရှား၉ပါးဘဲရှိပါတယ်။အချိန်မရတော့လို့နောက်မှဆက်ရေးတော့မယ်။

    ReplyDelete
  10. နိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့နဲ့ ရွှေည၀ါဆရာတော်နဲ့ ဖြစ်တဲ့ကိစ္စမှာ မဟန ဘက်ကပဲရပ်ပါတယ် ၊ ဘုရားဟောပိဋကတ်တော်တွေ အမြောက်အများ ရှိတဲ့ကြားထဲက အလယ်တန်းဖတ်စာထဲက ပင်ဝါးရုံ အကြောင်းကို ဟောတဲ့ ဘုန်းကြီးနောက်ကို မလိုက်နိုင်ပါဘူး ......

    ReplyDelete
  11. မိတ်ဆွေအပေါင်းတို.အားသတိပေးချင်တာကတော. ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မည့်အချိန်သည်
    မြန်မာနှစ်ကူးသင်္ကြန်ချိန်တွင်းဖြစ်သောကြောင့် လူစုလူဝေးများအတွင်းပြဿနာတစ်စုံတစ်ရာ ဖန်တီး
    လုပ်ဆောင်လာနိုင်သည်။ ပြည်သူအားလုံးသတိရှိကြစေလိုပါသည်။

    ReplyDelete
  12. အပေါ်က ၄တန်းလောက်ပဲ ဦးနှောက်ရှိတဲ့ ကြံ့ဖွတ် ပင်ဝါးရုံ ကဗျာကို နက်နက်နဲနဲ တွေးခေါ်တက်ရဲ့လား အရိုးကိုက်ပြီး ဘလော့တကာ လိုက်အူမနေနဲ့ ဗန်းမော်ဆရာတော်ကြီးနဲ့ ရွှေညဝါ ရာတော်ကြီးအား လူထုမှထောက်ခံသကဲ့သို့ ထောက်ခံပါသည်။

    ReplyDelete
  13. ကျနော်တို့ စာဖတ်ပရိသတ်၊ နောက်ပြီး ရဟန်း၊ ရှင်လူပြည်သူ ကျောင်းသားတို့ အခုချိန်ဟာ ကျနော်တို့ နှစ်ရှည်လများစွာ စောင့်မျှော်ခဲ့ရတဲ့ ဒီမိုကရေစီ လမ်းကြောင်းဘက်သို့ ဦးတည်လာနေပါပြီ။ လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ဘူးဆိုတာ အားလုံးအသိပါဘဲ။ ဒါကြောင့် ကျနော်တို့အနေနဲ့ စောင့်ကြည့်ဆဲကာလ တခုပါလို့ အသိပေးချင်ပါတယ်။ စောင့်ကြည့်တဲ့ အတိုင်းအတာ အချိန်ကာလထိ ပြောင်းလဲမှု မရှိဘူးဆို ကျနော်တို့ ပြည်သူ ကျောင်းသား သံဃာတွေရဲ့ သတ္တိကို သမိုင်းက သက်သေပြပြီးသားပါ။ စက်တင်ဘာ အရေးခင်းကာလချိန်က ရွှေည၀ါ ဘယ်ပျောက်နေလဲ? ဘယ်မီဒီယာနဲ့ စကားပြောခဲ့သလဲ? ဒေါ်စုအိမ်ရှေ့ ဘယ်နှစ်ခေါက် ရောက်ခဲ့သလဲ? ဘယ်နိုင်ငံခြားရေးဝန်းကြီးနဲ့ တွေ့စုံခဲ့လဲ? အခုလို ပြောင်းလဲစ ပြုလာချိန်၊ တဖန် သမ္မတအစိုးရ ပြည်သူ့ဆန္ဒကို လိုက်လျောစ ပြုချိန်ကြမှ ပလ္လင်ပေါ်တက် မိုက်ကိုင်ပြီး စည်းလွတ်ဝါးလွတ် မပြောသင့်ပါဘူး။ လူကြီးဆိုတာ လူကြီးပီပီ စည်းရှိရှိ ဘောင်ရှိရှိ ပြောသင့်ပါတယ်။ မဟနဆရာတော် အများစုဟာ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် အားဖြင့် သာလွန်မြင့်မြတ်ပါတယ်။ ဒါကြောင့် ကျနော်တို့ သာမာန်လူတွေဟာ အပေါ်ယံ အဖြစ်အပျက် သိရုံနဲ့ ရမ်းကောတမ်းကော ဝေဘန်လို့ မကောင်းပါဘူး။ ဘာဘဲဖြစ်ဖြစ် ဖူးပွင့်စ ပြုလာတဲ့ ဒီမိုကရေစီ ပန်းလေး ညှိုးမှာ စိုးတယ်ဗျာ။ ရွှေည၀ါဆရာတော်ကို မုန်းတီးလို့ အလိုမကျလို့ ပြောတာမဟုတ်ပါဘူး အများအကျိုးကို ငဲ့ညှာသောအားဖြင့်......။

    ReplyDelete
  14. အတွင်းသိJanuary 21, 2012 at 11:18 PM

    ဘာမှလှည့်ကွက်တွေမဟုတ်ဘူး လာဝါးမနေနဲ့ မြှောက်သလိုလိုပင့်သလိုလိုနဲ့
    သွေးလာမခွဲနဲ့ ကြံ့ဖွတ်အကွက်တွေရိုးနေပြီ။
    အဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ
    ဘာကြောင့်ရွှေညဝါဆရာတော်ကို ထောက်ခံလဲ ရိုးရိုးလေး
    စဉ်းစားကြည့် အမှန်တရားဘက်က ရပ်တည်ထောက်ခံနေကြတာ
    လာသပ်လျွှိုမနေနဲ့

    ReplyDelete
  15. အော်....စော်ကားကြပြန်ပြီ...ဒါဟာ ကြိုတင်ကြံစည်ပြီး အကွက်ဆင်လုပ်ကြံတာပါ.ဘုရားသားတော်ကို စော်ကားသူအားလုံးအဝီစိမှာ ချိုးကပ်မှာပါ..

    ReplyDelete
  16.ိကြံ့ဖွတ်မဲသူခိုးတွေ ဒီတကြိမ်သူတိုမရှုမလှရှုံးမယ်ဆိုတာသိနေတော့ တိုင်းပြည်ဆူအောင်ပူအောင်လုပ်နေတာပါ။ တို့ပြည်သူတွေလူမျိုးဘာသာမခွဲခြားဘဲ ညီညီညွတ်ညွတ်နဲ့ by election မှာ မဲမသမာမှု့တွေမရှိအောင်ဝိုင်းဝန်းကြပါ၊

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။