Pages

Thursday, January 19, 2012

ရွှေညဝါဆရာတော်ကြီးသည် အမျိုးဘာသာ၊ သာသနာအတွက်နှင့် အများအကျိုးအတွက် ကျောင်းတိုက်မှ ထွက်ခွာရန် ဝန်ခံကတိ လက်မှတ် ထိုးပေးခဲ့ပါသည်..။ ဤစကားသည် မှန်ပါသည် ဤမှန်ကန်သော သစ္စာစကားကြောင့် အဓမ္မဝါဒီများ ကျဆုံးပါစေ...။

 ယနေ့ ကျောင်းတိုက်မှ မြင်တွေ့ရတဲ့ ရွှေညဝါဆရာတော်ကြီး..
ရွှေညဝါဆရာတော်ကြီး ယနေ့သာဓုကျောင်းတိုက်မှ ဖယ်ရှားပေးမည်ဟု ဝန်ခံလက်မှတ် ကတိထိုး ပေးလိုက်ပါတယ်..။ အလုပ်ကပြန်လာလာချင်း ဒီသတင်းကို ကြားရတဲ့ အတွက် အင်မတန်မှ စိတ်မကောင်းဖြစ်ရပါတယ်..။ လောလောဆယ် ဒီသတင်းနဲ့ ပတ်သက်ပြီး ဘာမှမရေးနိုင်သေးခင် တခုပဲပြောလိုက်ပါမယ်..။

ရွှေညဝါဆရာတော်ကြီးသည် အမျိုးဘာသာ၊ သာသနာ၊ ငြိမ်းချမ်းရေးနှင့် အများပြည်သူအကျိုး အတွက် ကျောင်းတိုက်မှ ထွက်ခွာရန် ဝန်ခံကတိ လက်မှတ်ရေးထိုးခဲ့ပါသည်..။ ဤစကားသည် မှန်ပါသည် ဤမှန်ကန်သော သစ္စာစကားကြောင့် ယခုလုပ်ရပ်၌ ဘာသာရေးကို ခုတုံးလုပ်ပြီး နောက်ကွယ်မှ ကြိုးကိုင်နေသူ အဓမ္မဝါဒီများ ကျဆုံးပါစေ...။
ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရနှင့် သံဃာတော်များ..
ဆရာတော်ကြီးအား ထောက်ခံသူလူထုနှင့် သတင်းမီဒီယာများ..
အရှင်ဂမ္ဘီရမှ ရွှေညဝါဆရာတော်အတွက် ဤသို့ ထောက်ခံဆန္ဒပြသနေစဉ်
ရွှေညဝါဆရာတော်ကြီး ကျောင်းတိုက်မှ ထွက်ခွာပေးမည် ဖြစ်ကြောင်းဝန်ခံကတိ လက်မှတ်ထိုးစာ...

အမှန်တရားအတွက် ရပ်တည်ခဲ့ပြီး အများအတွက် ပေးဆပ်ခဲ့တဲ့ ရွှေညဝါဆရာတော်ကြီး ကျန်းမာ၊ ချမ်းသာ ဘေးအန္တရာယ် ကင်းဝေးပါစေ..
အဓမ္မဝါဒီများ ကျဆုံးပါစေ

ဒီမိုဝေယံ

ဆက်လက်ဖော်ပြပါမည်..
ဓာတ်ပုံများ။...။ ဒီမိုဝေယံ၊ ခမိခဆဲ
ရွှေညဝါဆရာတော် အသံဖိုင် (DVB)

3 comments:

  1. သြော် ...........
    ဘယ်လိုကြီးလည်း မသိဘူး ဦးသိန်းစိန် က ငြိမ်းချမ်းရေး လုပ်နေတယ် ဘုန်းကြီး တွေက သာသနာပြုနေတဲ့ ဆရာတော် တစ်ပါးကို ကျောင်းက နေ နှင်ထုပ်တယ် ဆိုတော့ လူကြားလို့ ကောင်းကြရဲ့လား အရပ်ကတော်တို့ရေ လို့ အော်ရမဲ့ အဖြစ် ဆိုဒ်နေပြီး ။
    စက်တင်ဘာဦးနေမိန္ဒ( အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)

    ReplyDelete
  2. အားလုံးက အမိမြန်မာပြည်အပြောင်းအတွက် အားတက်သရောလုပ်နေကြချိန်မှာ မဟနတို့ကတော့ ဇာတ်တူသားစားလေ့ရှိတဲ့ လူအာဏာပိုင်တွေခိုင်းတဲ့အတိုင်း ဇာတ်တူသားစားလိုက်ကြပြီ တို့သံဃာတွေအားလုံး မဟနဖျက်သိမ်းဖို့။ မဖျက်သိမ်းပါကလဲ ဘယ်သူရဲ့လက်အောက်မှာမှမနေပဲ သီးခြားလွတ်လပ်စွာရပ်တည်ပြီး သံဃာဘက်ကအမြဲတမ်းရှိရမယ်.....
    အခုတော့ ဇာတ်တူသားစားနိုင်လွန်းတဲ့တိုင်းပြည်က လူနဲ့ဘုန်းကြီးပဲရှိတော့တယ်....
    ရက်စက်လွန်းပါတယ်... ဒီအတိုင်းဆို မဟနကိုဘယ်လိုကြည်ညိုရတော့မှာလဲ.... တနေ့ ငါတို့ကိုလဲ ဒီလိုပဲ အနိုင်ကျင့်နေအုံးမှာပါ.... အဆိုးဆုံးကတော့ လူတွေခုင်းတာလုပ်တာပဲ...
    အထူးသဖြင့် ဘုန်းကြီးလူထွက်လို့ဆိုတဲ့ အံ့မောင်ခိုင်းတာလုပ်နေရတယ်ထင်တယ်...
    မဟန မဟန မဟန မလွယ်တဲ့အဖွဲံစည်းပါလား ... ယုတ်မာတဲ့ မဟနတွေကို ဝေဖန်ရင် ငရဲကြီးတယ်လိုံထင်ကြတယ် ..တကယ်ကအဲလိုမဟုတ်ပါ.. အမျိုးဘာသာ သာသနာတွက် မဟုတ်တာတွေလုပ်လာပြီဆိုရင် အားလုံးကိုဝေဖန်၇မယ်....

    ReplyDelete
  3. I live in USA.I ever eaten with MaHaNa sayardaw at dinner.Do you believe me ,I never lie all of you .Some time we ate lunch at 1pm.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။