Pages

Monday, January 9, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်...။ လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပါက အစိုးရအဖွဲ့အတွင်း ပညာရေးဝန်ကြီးနေရာ ပေးမည်ဟု သတင်းထွက်ပေါ်...

 ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပါတီမှတ်ပုံတင်ရန် သွားရောက်မည့် အဖွဲ့ချုပ်ခေါင်းဆောင်များအား ရန်ကုန်လေဆိပ်မှာ တွေ့ရစဉ်.. (ဓာတ်ပုံ ဒီမိုဝေယံ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ပြိုင်မည်.
(ဆက်သွယ် မေးမြန်းချက်)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ လာမည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြင့် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်...။ လာမည့် ဧပြီလ(၁)ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်တဲ့ နေရာ(၄၈)နေရာ အတွက် ယှဉ်ပြိုင်အရွေးခံမည့် အမည်စာရင်းများအား လာမည့်(၁၁)ရက်နေ့ နောက်ပိုင်းမှာ ထုတ်ပြန်ကြေငြာမှာ ဖြစ်ကြောင်း သိရှိရပါတယ်..။

ယနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါတယ်..။ အဖွဲ့ချုပ် ဖွဲ့စည်းပုံအားလည်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပြီး သဘာပတိအဖွဲ့နဲ့ စီအီးစီ အဖွဲ့ဟူ၍ ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါတယ်..။ 

အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်များ
ဦးတင်ဦး (သဘာပတိအဖွဲ့ နာယက)
ဦးသန်းထွန်း၊
ဦးလှဖေ၊
ဦးညွှန့်ဝေ၊
ဦးဝင်းတင်၊
(နောက်ထပ် ဆက်လက်ထည့်သွင်း ဖွဲ့စည်းမည်ဟုသိရ)

စီအီးစီ အဖွဲ့ဝင်များ
ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ)
ဦးဥာဏ်ဝင်း၊
ဦးဟံသာမြင့်၊
ဦးထွန်းထွန်းဟိန်၊
ဦးဝင်းမြင့်၊
ဦးအုန်းကြိုင်၊
ဒေါ်မေဝင်းမြင့်၊
(နောက်ထပ် ဆက်လက်ထည့်သွင်း ဖွဲ့စည်းမည်ဟုသိရ)
လစ်လပ်နေသော မဲဆန္ဒနယ် (၄၈)ခုနဲ့ ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်၊ ကြေငြာခြင်း မပြုသေးတဲ့ ပြီးခဲ့တဲ့ ဇန္နဝါရီလ (၆)ရက်နေ့က ကျန်းမာရေး အခြေအနေကြောင့် နှုတ်ထွက်ခွင့် ပြုလိုက်တဲ့ ဦးကျော်စွာခိုင် (ယခင် စက်မှု၁ ဝန်ကြီး)နဲ့ ဦးခင်ဇော် (တနင်္သာရီတိုင်း ဒေသဝန်ကြီးချုပ်)တို့ရဲ့ လစ်လပ်သွားသော မဲဆန္ဒနယ်(၂) နေရာ ပါဝင်ပါက မဲဆန္ဒနယ် နေရာ(၅၀)ထိ လစ်လပ်မှာ ဖြစ်ပါတယ်..။

လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပါက  
အစိုးရအဖွဲ့အတွင်း ပညာရေးဝန်ကြီးနေရာ ပေးမည်ဟု သတင်းထွက်ပေါ်...
(ပေးစာ)

နောက်ဆက်တွဲ ရရှိထားတဲ့ သတင်းတစ်ခုကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပပြုလုပ်တဲ့ ပညာရေးဝန်ကြီးဋ္ဌာန အဆင့်မြင့် အစည်းအဝေးတစ်ခု၌ လက်ရှိ ပညာရေးဝန်ကြီး ဒေါက်တာမြအေးမှ မိမိတာဝန်မှ အနားယူသည့် နောက်ပိုင်းမှာ မိမိနေရာသို့ ရောက်ရှိလာမည့် နိုင်ငံခေါင်းဆောင်မှာ မိမိထက် ပိုမိုလုပ်နိုင် ကိုင်နိုင်ပြီး၊ နိုင်ငံတကာနဲ့ ဝင်ဆန့် ဆက်ဆံနိုင်သူ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်း ပြောဆိုသွားတယ်လို့  အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့တဲ့ အမည်မဖော်လိုတဲ့ အဆင့်မြင့် ပညာရေးဝန်ထမ်းတဦးမှ ပေးပို့လာပါတယ်..။ ထို့အတွက်ကြောင့်လည်း မိမိတို့ ပညာရေးလောကမှာ ဝမ်းသာအားတက် ဖြစ်နေရကြောင်း၊ နှစ်ပေါင်းများစွာ နိမ့်ကျနေတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးအတွက် အားတက်မိကြောင်း ပညာနဲ့ နိုင်ငံကို တိုးတက်အောင် အမြန်ဆုံး တည်ထောင်ရမှာ ဖြစ်ကြောင်း ရေးသား ပေးပို့လာပါတယ်..။ တခြားအတည် မပြုရသေးတဲ့ သတင်းများအရ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်း ရောက်ရှိလာပါက.. အစိုးရအဖွဲ့အတွင်း ပညာရေးနဲ့ ကျန်းမာရေးအား တွဲဘက် တာဝန်ပေးအပ်မှာ  ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်..။

သတင်း၊ ဓာတ်ပုံ (ဒီမိုဝေယံ)

8 comments:

  1. ပြသာနာက ဒေါ်စုနဲပုံသင့်တော်တာက နိုင်ငံခြားရေး။ ခက်တာက ဘယ်ဝန်ကြီးတွေရော သမ္မတရောက
    သူ့ခြေဖျားမမီတော့ သူ့ကို ဘယ်နေရာပေးရမလဲဆိုတာ ပြည်သူသာဆုံးဖြတ်ကြပါစေ။
    တရားသောနည်းနဲ့ နိုင်ငံကောင်းစားစေချင်တဲ့စိတ်ဓါတ်နဲ့ အမှန်တကယ် စဉ်းစားလာပြီဆိုရင်
    တဖြည်းဖြည်းပုံပေါ်လာမှာပါ။ ဒီလောက်ပါပဲ ကိုပြောင်ကြီးရယ်။ ရှက်တတ်ရင် ဘေးထွက်နေလိုက်ပါ။

    ReplyDelete
  2. ပြည်သူကရွေးချယ်ထားသော အစိုးရကနေ ဆုံးဖြတ်မှာပါ။

    နိုင်ငံခြားရေးဝန်ကြီးလုပ်ဖို့  ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာပါတဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို အကောင်အထည် ဖော်ရမှာပါ။

    ပညာရေးနှင့်ကျန်းမာရေးဝန်ကြီးလုပ်ဖို့  ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာပါတဲ့ ပညာရေးနှင့်ကျန်းမာရေး နိုင်ငံတော် အခြေခံမူများဖြစ်တဲ့

    (က) ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေး တိုးတက်စေရေးတို့အတွက်အလေး ထားဆောင် ရွက်ရမည်၊
    (ခ) ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေးတို့တွင် တိုင်းရင်းသားပြည်သူများက ပါဝင်ဆောင် ရွက်နိုင်ရန် လိုအပ်မည့် ဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ရမည်၊
    (ဂ) အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ် ဖော်ဆောင်ရမည်၊
    (ဃ) ဘက်စုံအတွေးအခေါ် အယူအဆမှန်ကန်၍ အကျင့်စာရိတ်္တကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေး အတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင်ရမည်။

    ပညာရေး နဲ့ ကျန်းမာရေး ၀န်ကြီးဆိုရင် နေ့ စဉ် ပြည်သူလူထု နဲ့  တိုက်ရိုက် ထိတွေ့ နိုင်ပြီး သူစိတ်စွမ်း ညဏ်စွမ်းရှိသလောက် စေတနာရှိသလောက် ပိုပြီး လုပ်ဆောင်ပေးနိုင်မယ်လို့  ထင်ပါတယ်။

    ReplyDelete
  3. The Financial Times has decided to change its style and from today will use the name Myanmar rather than Burma.

    http://blogs.ft.com/the-world/2012/01/whats-in-a-name-myanmar-or-burma/#axzz1iyFeYnN8

    Will Daw Aung San Suu Kyi call "Myanmar", if she become Foreign Minister?

    ReplyDelete
  4. အမေစု ကိုဘာမှလုပ်မရတဲ့  ဘတ်ဂျက်ချပေးမှ ၇တဲ့  ပညာေ၇းဝန်ကြီးပေး ပြီး နိုင်ငံရေးသတ်ဖို့ ကြံနေပုံပဲ အတော်လည်တဲ့ ပြောင်ကြီး နဲ့  သူ့ အဖေ ငရွှေပဲ့  အမေစု ကို ၀န်ကြီးချုပ်ပေးမှရမယ် ဒါမှမဟုတ် ကာကွယ်ရေးဝန်ကြီး ပေး ကွာ ခွေးမသားတွေ၇ဲ့  တိုင်းပြည်တိုးတက်အောင်မလုပ်နိုင်လဲ လုပ်နိုင်တဲ့သူကိုပေးလိုက် နှစ် ၂၀ လဲ ကျော်နေပြီ မလုပ်နိုင်တာ အသိသာကြီးကွာ အာဏာသိတ်ရှူးပြီး ခုံ ကမဆင်းချင်ရင် လဲ့  ၇ှိသမျှစည်းစိမ်တွေယူပြီး မြောက်ကိုရီယားသွားနေကြ

    ReplyDelete
  5. That's right. နိုင်ငံရေးသတ်ဖို့ ကြံနေပုံပဲ

    ReplyDelete
  6. ပညာရေးဝန်ကြီး သို့ ကျန်းမာရေးဝန်ကြီးမလုပ်စေချင်ပါ။ နိုင်ငံ့ ခေါင်းဆောင်အဖြစ်သာ ဆက်လက်ရပ်တည်ပေးစေလိုပါသည်။ဒီမိုကရေစီ ကျင့်စဉ် စင်းလုံးချောမှ သာစိတ်ချရပါမည်။

    ReplyDelete
  7. She is nearly full of knowledge in shaping the country in any ways. So, she is such a joker that she can pick the country up from the poor condition and advance the country. But Defence Affairs is not concerned with her, on my opinion, but not others. It may be sure that if she leaded to Our Education sector, our country would be on a sofa, and every citizen would wear a smiling face.

    If a country has no way to promote Education sector, it dies.

    ReplyDelete
  8. ဒီသတင်းကြားရတာ ၀မ်းသာပါတယ်။ အန်တီစုကို ဘယ်နေရာပေးပေး လက်ခံသင့်ပါတယ် ဒီသက်တမ်းအတွက် သူရှိတဲ့နေရာမှာ အကောင်းလုပ်ပြသွားသင့်တယ်လို့ထင်ပါတယ်။ နောင်သက်တမ်းမှာ မှ သန္မတဖြစ်တဲ့အခါမှ တိုင်ပြည်အတွက် အကောင်းဆုံးလုပ်ပေပါလို့အကြံပြုပါတယ်။ ဆန္ဒအရမ်းစောရင် ဆုံရှုံးခဲ့တဲ့အတွေ့အကြုံရှိပြီမဟုတ်လား...

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။