Pages

Sunday, January 15, 2012

သူ့အလှည့် ကိုယ့်အလှည့် (ကဗျာရှင် နေရဲနီ)

ဓာတ်ပုံ  Messenger News Journal

 သူ့အလှည့် ကိုယ့်အလှည့်
(ကဗျာရှင် နေရဲနီ)

ဒုတိယကမ္ဘာ စစ်ပြီးတော့
နူရင်ဘတ်စစ်ခုံရုံးက
နာဇီတွေကို
ထိုသူများသည် စစ်ရှုံးသောကြောင့် မဟုတ်ဘဲ
စစ်ဖြစ်စေရန် ဖန်တီးခဲ့သောကြောင့် ဆိုတဲ့
အကြောင်းပြချက်နဲ့ သေဒဏ်ပေးခဲ့ကြတယ်။

ကြိုးမိန့်ကို အတည်ပြုဘို့ လက်မှတ်ထိုးပေးရတဲ့အတွက်
ဘယ်တော့မှ နောင်တမရဘူးလို့ ၀င်စတန်ချာချီ ကပြောခဲ့တယ်။

နာဇီတွေ ကြိုးစင်ပေါ်တက်တဲ့အခါ
သေရတော့မယ် ဆိုတာသိထားလေတော့
တချို့က ပြော့ခွေယိုင်နဲ့လို့
ကြိုးစင်ပေါ်ကို တွဲတင်ရတယ်
တချို့က ရုန်းကန်တွန်းထိုးလို့
အတင်းချုပ်ပြီး ဆွဲတင်ရတယ်
တချို့က ရူးသွပ်အော်ဟစ်လို့
ခုန်ပေါက်ကန်ကြောက်ပြီး တက်သွားကြတယ်။

ဒါပေမဲ့နာဇီတွေ တန်ခိုးထွားစဉ်အခါက
သူတို့ကြိုးပေးခဲ့တဲ့ တော်လှန်ရေးသမားတွေလိုမျိုး
ကြိုးစဉ်ကိုခေါင်းမော့ ရင်ကော့ပြီး တက်သွားတဲ့ လူတစ်ယောက်မှ မပါဘူး။
တော်လှန်ရေးသမားတွေရဲ့ တောက်ခေါက်သံဟာ
ယနေ့ထက်တိုင် လွင့်ပျံ့နေဆဲ။

ဆက်ဒန်ဟူစိန်ကြီးကိုမိတော့ သူ့လက်ထဲမှာ
ကျည်အပြည့်နဲ့ ပစ္စတိုတစ်လက်
အာဏာအတွက် သားမက်ကိုတောင် အရှင်မထားခဲ့တဲ့လူက
တိုက်ပွဲမှာ သေနတ်ကျည်ဆန်နဲ့
ရဲရဲဝံ့ဝံ့ ဂုဏ်အသရေရှိစွာ မကျဆုံးရဲလေတော့
ကြိုးစင်ထက်မှာ မချိမဆန့် အသက်ထွက်ရရှာတယ်။

အာဇာနည်အဖြစ် ရဲရဲဝံ့ဝံ့ အသေခံသွားမယ်လို့ ပြောခဲ့တဲ့ မိုမာကဒါဖီ
ရေဆိုးထုတ်တဲ့ ပြွန်ခေါင်းထဲကနေ
လေးဘက် ထောက်ထွက်လာပြီး
ရွှေသေနတ်လေးကမ်းပေးလို့ သူ့ကိုမပစ်ဘို့ကပြောသတဲ့
တော်လှန်ရေးသမားတွေ ၀ိုင်းရိုက်လိုက်ကြတာ
သွေးသံရဲရဲနဲ့ ခွေးသေ၀က်သေ သေရတယ်။
၂၀၀၃ခုနှစ်ဇန္နဝါရီလ ၁၅ရက် တရုတ်ပြည် ခရီးစဉ် ညာအစွန်မှ ဗိုလ်ချုပ်ခင်ညွန့်ဇနီး ဒေါ်ခင်ဝင်းရွှေ

ဦးကြည်မောင် ခင်ဗျားတိုင်းပြည်ကို ဘယ်လောက်ချစ်သလဲ
ကျုပ်က ခင်ဗျားထက် ပိုချစ်တယ်လို့ပြောခဲ့တဲ့
တချိန်တုန်းက အတွင်းရေးမှူးတစ်
နောက်တော့ ၀န်ကြီးချုပ်
ဦးတဲ့သူဆော် လျင်တဲ့သူစား
ဘက်တူရင် ဗိုလ်မထား
ခွက်စောင်းခုတ်တဲ့ အာဏာလုပွဲမှာ
သူ့ရွာကို မြေလှန်ခံရတော့
တောခွေးတွေ ယုန်သူငယ်ဘ၀ ရောက်သလို
သူ့တပည့်တပန်း အပေါင်းလည်း
တချို့လည်း ထောင်ထဲမှာသေ
တချို့လည်း ဘ၀တွေပျက်
ဟိုအတန်း မီးလောင်သလို
အုံးအုံးကြွက်ကြွက်ညံလို့
သူလည်း နရသိန်ဘုံနန်းမှာ
မဟေသီနဲ့ အတူစံရပေမဲ့
သိပ်မကြာပါဘူး ဇာတိသရုပ် ပေါ်လာတယ်။

ခလေးတွေရဲ့ပညာရေး
မိသားစုရဲ့ စားဝတ်နေရေး
ဟိုအရေး ဒီအရေးတွေ
စတာတွေအတွက် တနိုင်တပိုင်
သစ်ခွပန်းရောင်းလို့ ဖြေရှင်းနေရပါတယ်။
ထို့အတွက် ထောက်ထားညှာတာသင့်ပါသည့် အကြောင်း
မနှစ်ကတော့ သဲ့သဲ့ ကြားလိုက်မိပါရဲ့။
ဦးခင်ညွန့် ခြံထဲမှာတွေ့ရတဲ့ ဇေကမ္ဘာခင်ရွှေ

ခုတဖန် လွတ်လာပြန်တော့လည်း
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါတယ်တဲ့။
ဟိုအရင် တန်ခိုးထွားစဉ်က
ပုလင်းတူဘူးဆို့ ဆရာအရှင်နဲ့ပေါင်းပြီး
ဒေါ်စုကြည်ဆိုတဲ့ အသုံးအနှုန်းနဲ့
NLD ကိုချောင်ပိတ်ကြိုးတုပ်ပြီး 
နွံအတွင်းဇွတ်အတင်း ဆွဲနှစ်ခဲ့ပေမဲ့
နွံကိုထိုးဖောက် ထွက်လာတဲ့ ပတ္တမြားအရောင်က
ပွတ်လေပြောင်လေဖြစ်ပြီး အရောင်ပိုတောက်ခဲ့တယ်။

ခွပ်ဒေါင်းတွေကို ယှဉ်ပြိုင်ဘို့အတွက်
သူ့ကိုယ်သူ တိုက်ကြက်လို ကြိုးပမ်းခဲ့ပေမဲ့
ဆရာသမားနဲ့မှ ခွပ်လတ်ချမိလေတော့
တိုက်ကြက်မဖြစ်ဘဲ အသားစားကြက် ဖြစ်ရရှာတယ်။
(၂၀၁၂ခုနှစ် ဇန္နဝါရီလ ၁၃ရက်နေ့က ဦးခင်ညွန့်နှင့် ဇနီးဒေါ်ခင်းဝင်းရွှေ)
(ဓာတ်ပုံ Messenger News Journal) 

သူပို့ခဲ့တဲ့ တော်လှန်ရေးသမား ခွပ်ဒေါင်းတွေ
တန်ခိုးအနန္တထွားပါတဲ့ ပုဒ်မ ၅(ည) နဲ့အတူ
မဆုံးနိုင်တဲ့ အကာလ ညများစွာကို ယုံကြည်ချက်ပြင်းစွာ ကျော်ဖြတ်ရင်း
စစ်ခွေးတိုက်ကို ပို့မလား
အစာငတ်ခံ ဆန္ဒပြရမှာလား
မတရားမှုကို ဆန့်ကျင် အံတုပြီး
မြန်မာပြည်ဒီမိုကရေစီအတွက်
ခွပ်ဒေါင်းတို့ရဲ့ သွေးဟာ ရဲရဲနီနေတုန်း
အတောင်တွေက တဖျပ်ဖျပ်ခတ်နေဆဲ
နှုတ်သီးဖျားက ချွန်မြထက်နေမြဲ
ကမ္ဘာမကြေဘူးဟေ့ သီချင်းသံ မိုးယံတိုင်နေဆဲ။

ကြွေတလှည့် ကြက်တခုန် နိုင်ငံရေးဇာတ်ခုံပေါ်မှာ
အတုံ့အလှည့် ဝဋ်လည်တယ်ဆိုတာ ဒါပါဘဲ။
ပတ္တမြားမစစ်လို့ နွံနစ်ခဲ့တာ 
အချိန်ကာလက စကားပြောခဲ့တယ်
အာဃာတကင်းစွာနဲ့ သူ့စကားကိုကြိုဆိုပါတယ်။

နေရဲနီ

ကဗျာရှင် နေရဲနီအား ကျေးဇူးတင်ပါသည်။

18 comments:

  1. Vvvvvvvvvvvverrrrrrrrrrrrrry gooddddddddddd poem. Much more than this, he was killer, merdurer, did kidnapping, and voilent to all the inocent people in Burma along side in his power. Some were killed in prison, some are killed in slient place, some were in unknown place. 7yrs of his feeling was nothing to compare with the families of those who have been treated.

    ReplyDelete
  2. ပြည်ဖျက်တရားခံ နံပါတ် (၂) ခင်ညွန့် 

    ခေါင်းစဉ်ကို click ပြီး လေ့လာ ဖတ်ရှုနိုင်ပါတယ်။


    "1-1-1996 AND 1-1-2012 (၁၆ နှစ်မြောက် အမှတ်တရ)"
    ပို့စ် အောက်က COMMENTS အောက်တွင် ဖတ်ပါ။

    ဒီ မှတ်ချက်ဟာ ဒီနေ့ (၁၅-၁-၂၀၁၂ ရက်) မှာ လူဖတ် အများဆုံး မှတ်ချက် ဖြစ်ပါတယ်။

    ပြည်ဖျက်တရားခံ နံပါတ် (၂) ဖြစ်တဲ့ ခင်ညွန့်  အကြောင်းကို ကွင်းကွင်းကွက်ကွက် မြင်သာအောင် အတိုချုပ် ရေးပြထားတာပါ။



    မြန်မာပြည်ကို ဒီလောက် ဘက်ပေါင်းစုံ ဆိုးရွားသွားစေခဲ့တဲ့ အဓိကတရားခံ နံပါတ် (၂) ဟာ ဗိုလ်ချုပ်ခင်ညွန့် ပါ။

    ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်နည်းကို ဥာဏ်နည်းတဲ့ ဗိုလ်ချုပ်စစ်စစ်တွေက မလုပ်တတ်ခဲ့တာကို ကောက်ကျစ်ယုတ်မာတဲ့ စစ်သား စစ်စစ် မဟုတ်တဲ့ ခင်ညွန့် က အဓိက ကြိုးကိုင် စီစဉ်ခဲ့တာပါ။

    ပြည်သူတွေက အကြောက်တရားကြောင့် ဘာကိုမှ မပြောရဲ၊ မလုပ်ရဲ ဖြစ်ပြီး လူညွန့်တုံးသွားအောင် လုပ်ခဲ့တာ ခင်ညွန့် ပါ။

    ခင်ညွန့် ရဲ့ ထောက်လှမ်းရေးတွေက မတရား ဖမ်းဆီး နှိပ်စက်ရင်း ထောင်ထဲမှာ လူမသိ သူမသိ လုံးပါးပါးပြီး ဘဝဆုံးသွားတဲ့၊ အသက်ပါ ဆုံးသွားတဲ့ အပြစ်မဲ့ ပြည်သူတွေ အများကြီးပါ။

    ခင်ညွန့်က ပြည်သူတွေရဲ့ စိတ်ထဲမှာ အကြောက်တရား အမြစ်တွယ်နေအောင် ဘာ သက်သေမှ မရှိဘဲ အချိန်မရွေး ဖမ်းဆီး ထောင်ချ နှိပ်စက်တဲ့ ကျင့်စဉ်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာပါ။

    ReplyDelete
  3. နေ့သစ် မှJanuary 15, 2012 at 9:59 PM

    ဦးခင်ညွန့်ကို လွှတ်လိုက်တာဟာ သူတို့ကို လူတွေက ဘယ်လောက် ခွင့်လွှတ်နိုင်လဲဆိုတာ စမ်းသပ်ကြည့်တာ ဖြစ် ကောင်းဖြစ်နိုင်တယ်။ ပြီးတော့ ဒီလောက် ဆိုးခဲ့တဲ့လူဟာ ပြန်လည် ထင်ပေါ်လာနိုင်သေးလား ဆိုတာ စမ်းကြည့်တာ လဲ ဖြစ်နိုင်တယ်။သူလုပ်ခဲ့တာ ကောင်းခဲ့တာတွေရှိတယ် ဘာဘာညာညာ။

    မြန်မာပြည် ဒီလောက် ဆိုးရွားသွားခဲ့တဲ့ အဓိက တရားခံထဲမှာ သူပါတယ်။ တရားခံ နံပါတ် ၁ ဟာ ဦးနေ၀င်းဆိုရင် တရား ခံ နံပါတ် ၂ ဟာ ဦးခင်ညွန့်ပဲ။ ၈၈ မှာ အတိုက်အခံတွေဘက်က ကြားဖြတ်အစိုးရဖွဲ့ဖို့ နှောင့်နှေးခဲ့ရတဲ့ အခြေအနေမှာ သပိတ်တန်ပြန်ရေး ဖော်ဆောင်သွားတာ သူနဲ့ ထောက်တွေပဲ။ ၈၈ မှာ ခေါင်းဖြတ်ပြ၊ စက်ရုံတွေဖောက်ပြ မင်းမဲ့ စရိုက် ဆိုတဲ့ ဘက်ကို လုပ်ပြသွားတာသူပဲ။ အဲ့ဒါကြောင့် ဒီနေ့တချို့ လူငယ်တွေ ၈၈ မှာ တပ်မတော်က ကယ်တင်လိုက်ရ တယ်ဆိုတဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့  အလှည့်စားခံလေးတွေ ဖြစ်သွားတာပဲ ဒီနောက်မှာ သပိတ်နှိမ်နှင်းရေးတွေကို လူမဆန် အောင် ကြူပင်ခုတ် ကြူငုတ်မကျန် လုပ်ခဲ့တာ သူပါပဲ။

    ရေကြည်အိုင်လိုမျိုး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ကြောရေးစခန်းတွေက ငရဲခန်း နှိပ်စက်ခန်းတွေဟာသူ့စနက်တွေ ချည်း ပါပဲ။ ဆိုင်ကယ် မောင်းခိုင်းတာက အစ သောက်တဲ့ ရေထဲ မာကျူရီထည့်ပြီး ဦးနှောက်ပျက်အောင် လုပ်တဲ့အထိ ဆိုးရွား ခဲ့တာ သူပါပဲ။

    ရေကြည်အိုင်ကို ၀င်သွားတဲ့သူ မှန်သမျှ အကောင်းအတိုင်း ပြန်ထွက်လာတယ်ဆိုတာ အလွန်ရှားပါတယ်။ လူမသိ သူမ သိ လက်လွန်သွားတဲ့သူတွေ ဘယ်လောက်ရှိသလဲဆိုတာ ရေတွက်လို့ မရပါဘူး။ တကယ်တော့ မြန်မာတပြည်လုံးကို အကြောက်တရားနဲ့အုပ်ချုပ်ခဲ့တာမျိုးကို စစ်ဗိုလ်ချုပ်တွေ မလုပ်တတ်ခဲ့ပါဘူး။ ညအချိန်မတော် အိမ်တံခါးလာခေါက်ပြီး ညီလေး အစ်ကိုတို့နဲ့ ခဏလိုက်ခဲ့ပါလို့ ဘယ်တော့များ အခေါ်ခံရမလဲဆိုတဲ့ အကြောက်တရားမျိုးကို လူတွေစိတ်ထဲ ရိုက် သွင်းခဲ့တာ ဗိုလ်ချုပ်ခင်ညွန့်ပါ။ နိုင်ငံရေးဆိုတာ လုပ်တာနဲ့ သင်္ချိုင်းကုန်းပဲ ပြေးမြင်အောင် လုပ်ထားတာ သူပါ။

    စစ်သားတွေဟာ မျက်ကန်းမျိုးချစ်နဲ့ငါတကောကော အမှားတွေလုပ် တိုင်းပြည်ကို စစ်တပ်လို အုပ်ချုပ်ဖို့ကြိုးစားပါတယ်။ တကယ်တော့ စစ်ဗိုလ်ချုပ်တွေချည်းပဲဆို စစ်တပ်က ဒီလောက် ဖိနှိပ်ဖို့ မလွယ်ပါဘူး။ ဗိုလ်ချုပ်ခင်ညွန့်လို ပါးပါးနပ်နပ်နဲ့ ကောက်ကျစ်တဲ့ စစ်သားမဟုတ်တဲ့ သူကြောင့်သာ စစ်တပ် သက်ဆိုးရှည်ခဲ့တာပါ။ အာဏာရှင်တွေရဲ့ ကယ်တင်ရှင်ပါပဲ။ ဒါကြောင့် သူဟာ တပ်ထဲမှာ နေရာပေးခြင်း ခံခဲ့ရတာပါ။

    ဦးနေ၀င်း ဆင်းပြီးသူ့သြဇာခံတွေလဲ ထည့်မရတဲ့အဆုံးမှာ ဗိုလ်ခင်ညွန့်ကို နောက်ဆုံးလက်နက်အဖြစ် သုံးခဲ့တာပဲ။ အဲ့ဒီ အချိန်မှာ ဗိုလ်ချုပ် စောမောင် ဆိုတာ ရုပ်သေးပဲ။ နောက်က တကယ် လှုပ်ရှားခဲ့တာ တွင်း ၁ ၊့  တွင်း ၂ နဲ့ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့်တို့ပဲ။အဲ့ဒီ ၃ ယောက်မှာ စီမံခန့်ခွဲသူက ဗိုလ်ချုပ်ခင်ညွန့်ပဲ။ ဗိုလ်ချုပ် သန်းရွှေကိုလဲ အစက ဟန် ပြ အဖြစ် တင်ခဲ့တာပဲ။ နောက်မှ သူတို့အပေါ်ရောက်သွားလို့ ခံလိုက်ရတာ။

    သေနတ်ရှိမှ နေရာမြဲတဲ့ စစ်တပ်ထဲမှာ စစ်ကောင်းကောင်း မတိုက်တတ်၊ စစ်တပ်ကျောထောက် နောက်ခံမရှိတဲ့ ဗိုလ်ခင် ညွန့်ဟာ အခြေအနေ မကောင်းဘူးဆိုတာ သိပါတယ်။ ဒါကြောင့် တိုင်းရင်းသားတော်လှန်ရေး အုပ်စုတွေနဲ့ စစ်ပြေငြိမ်း ရေးလုပ်တာကို ဘန်းပြပြီး ဘိန်းမှောင်ခိုအဖွဲ့ ၊လက်နက်ကိုင် သူပုန် အဖွဲ့ တချို့ကို ငြိမ်းအဖွဲ့တွေအဖြစ် ဖန်တီးပြီး ကျော ထောက်နောက်ခံရအောင် ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ကိုးကန့်တို့ဟာ မြန်မာလူမျိုးထဲတောင် ပါဝင်ခွင့်ရခဲ့ပါတယ်။ ငြိမ်းအဖွဲ့တွေ သူတလူငါတမင်း လုပ်ချင်တိုင်းလုပ်တာကို ခံခဲ့ရပါတယ်။ စစ်တပ် ကျောထောက်နောက်ခံ မရှိတဲ့ သူအဖို့ ဒီလို ရည်ရှည်သွားတာဟာ နောက်ဆုံး သူ ဒုက္ခရောက်မယ်ဆိုတာကို သဘောပေါက်လာပါတယ်။

    စစ်အစိုးရ အနေနဲ့ ရည်ရှည်သွားတာဟာ မကောင်းဘူးလို့အစောဆုံး သဘောပေါက်တာလဲ ပါမယ် ထင်ပါတယ်။ ဒါကြောင့် အခု ပုဆိုးဝတ် စစ်သားကြီးတွေ ကပြနေတဲ့ ဇာတ်ကို သူက အရင် ရေးသွားခဲ့တာပါ။ အဲ့ဒီအချိန်မှာသာ သူ့ကို ပေးကခဲ့ရင် အခု ပုဆိုးဝတ်ကြီးတွေကို ဗီလိန်နေရာထားပြီး သူက မင်းသားနေရာကနေ ကမှာကို မြင်ခဲ့လို့ စင်ပေါ်ကနေ ကန်ချခံခဲ့ရတာပါ။

    တကယ်တော့ ဗိုလ်ချုပ်ခင်ညွန့်ဟာ စစ်သား စစ်စစ် မဟုတ်ပါဘူး။ ရှေ့ တန်းတောင် ကောင်းကောင်း ရောက်ဖူးရဲ့ လား မပြောတတ်ဘူး။ စစ်တက္ကသိုလ် ဆင်းလဲ မဟုတ်ပါဘူး။ စစ်သားတွေဟာ သေနတ်ကို သုံးပြီး ဉာဏ်နည်းနည်းနဲ့ပဲ လုပ် တတ်ပါတယ်။ သူကတော့ ဉာဏ်ရှိပြီး ကောက်ကျစ်တဲ့သူပါ။ ကဲ ဘယ်သူဟာ ပိုကြောက်စရာကောင်းလဲ စဉ်းစားကြည့် ကြပါ။ သူလို လူမျိုးကို ကျနော်တို့ အာဃာဋ ထားစရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအတွက် အချိန်မရှိလို့ပဲ။ တခြားတိုးတက်ရေးလုပ်စရာတွေ အများကြီးရှိနေတယ်။ ဒါပေမယ့် နိုင်ငံတိုးတက်ရေးမှာ ၀င်မနှောင့်ယှက်နိုင်အောင် တော့ သတိထားနေရမယ်။ သူလုပ်ခဲ့တာတွေကိုတော့ မေ့မပစ်ဘဲ ထပ်မခံရအောင် သင်ခန်းစာတော့ ယူရမယ်။

    မောင်ညီ MMCP

    နေ့သစ် မှ

    ReplyDelete
  4. ဒီလိုလူကျတော့ပြန်လွှတ်ပေးတယ်။သူသတ်ခဲ့တဲ့၊ထောင်ထဲပို့ခဲ့တဲ့ကျောင်းသားတွေအများကြီးဘဲနော်။သူတို့မိသားစု7နှစ်လောက်ကွဲနေတာ၊သေမတတ်ဖြစ်နေရင်88ထဲကမိသားစုနဲ့ကွဲခဲ့သူတွေဘယ်လိုနေမလဲဆိုတာစဉ်းစားသာကြည့်ကြပါတော့။

    ReplyDelete
  5. သေချာတာကတော့ ဒီအချိန်မှာ တိုက်တာ ခိုက်တာ တွေကိုခဏအနားပေးထားသင့်ပါတယ်။
    ဥပမာအနေနဲ့ပြောရရင် ဦးသိန်းစိန် ပြည်သူရဲ့ရင်ဘတ်ထဲက မြစ်ကာတာအကြောင်းနားလည်လို့ သူ့လက်ထက်မှာဆက်မလုပ်သေးဘူးဆိုတဲ့စကားလို့ပေါ့ မိတ်ဆွေများ နားလည်နိုင်ကြပါစေ...

    ReplyDelete
  6. " ဗိုလ်ချုပ် ဒီကောင်လေးသုံးကြည့်ပါ " ဆိုတဲ့ မဆလ ပို.ဆောင်ရေးဝန်ဗိုလ်စောဖြူ မိတ်ဆက်ပေးမှုနဲ. ဗိုလ်နေဝင်းရဲ. ထီးတော်မိုး၊ ဖိနပ်တော်စီး ဘဝကို ကျေကျေနပ်နပ်စတင်ခံယူခဲ့တဲ့ ဗိုလ်ခင်ညွှန်.ကလေးဟာ ဖွတ်ကနေမိကျောင်းဖြစ်လာတော့ နောင်အခါမှာမြစ်လည်းမချမ်းသာရတော့ဘူးပေါ့။ ၁၉၈၁/ ၈၂ တစ်ဝိုက်ကသတင်းစာတွေမှာ ဗိုလ်နေဝင်းသွားလေရာနောက်မှာ သူ.ပုံကို ဝါဒဖြန်.ကြေးမုံ၊ မြန်မာ့အလင်း၊ လုပ်သားနဲ.ဗိုလ်တထောင်သတင်းစာတွေမှာ စတွေ.ရပါတော့တယ်။
    ပန်းကောင်းပန်တဲ့ သူ.ဆရာသမားနဲ. သူ.ဆရာသမားရဲ.ဆရာ သခင်စိုး၊ သခင်ရှုမောင်တို.ဆိုတာ ကိုယ်ကျင့်တရားနဲ.ပတ်သက်ရင် ဝါးလှည်းတောင်အရှေ.အဖြတ်မခံရဲလောက်အောင် ပြောင်မြောက်ကြပေမယ့် သူကတော့ တစ်ဘာသာပါ။ နားပါဦးမယ်။

    ကိုမိုက်

    ReplyDelete
  7. ဒီလိုနဲ. ကိုရွှေ ကင်အီဆွန်းတို.ကောင်းမှုနဲ. ချန်ဒူးဝှမ်ရဲ. ဝန်ကြီးအဖွဲ.သားတွေသေကြေကြတဲ့အချိန်မှာ အဲဒီကာလက ထောက်လှမ်းရေးညွှန်ကြားရေးမှူးဟာ ဂေါက်ကွင်းမှာ ရစ်ရွှေရည်မှီဝဲပြီး ဂေါက်ရိုက်နေပါသတဲ့။ သူ.တိုင်းပြည်ထဲ ဗုံးခွဲခံရတော့ တိုင်းပြည်ကိုချစ်လို.တော့မဟုတ် ငါ့များသတ်ချင်ရင် လွယ်သားဘဲလို. စဉ်းစားမိတဲ့ ဗိုလ်နေဝင်းခင်မြာ ထောက်လှမ်းရေးရဲ.ခေါင်းကိုင်တစ်ဦးကတိုက်ကရိုက်တင်ရဖို.ရှိလာပါပြီ။
    ကျောက်ဆင်းတုငုတ်တုတ် စကားပြောလာရလောက်အောင် ရက်စက်ခြင်းအရာတစ်ဖက်ကမ်းခတ်တဲ့ အာဏာသားလက်ဝဲတော်ရံ ဗိုလ်တင်ဦးကလည်း Prince Of Burma လို.တစ်မျိုး၊ One ဖြစ်တဲ့ဗိုလ်နေဝင်းနဲ. Two ဖြစ်တဲ့ ဗိုလ်စန်းယုအကြားမှာ One And A Half လို.ရေပန်းစားလာလို.တစ်ဖုံ ဖင်ထိုင်ခုန်လှုပ်လာပဟဲ့ လို.ခြောက်အိပ်မက်နဲ. မငြိမ်းချမ်းရလို. ဖယ်ရှားပြီးကာစဆိုတော့ပြန်ခေါ်ဖို.ကလည်းအခက်။ ဒါနဲ.ဘဲ ငါတို.ထောက်လှမ်းရေးထဲ အရက်မသောက်၊ ဂေါက်မရိုက်၊ Track Record ကောင်းတာဘယ်သူလဲ ဆိုတာနဲ.ဘဲ ဘိန်းသူပုန်တွေကို ချေမှုန်းတဲ့ စစ်ဆင်ရေးမှာတွဲပေးထားတဲ့ ဗိုလ်ခင်ညွှန်.ကို Senior တွေရှိရက်နဲ.စင်တော်ကောက်ခဲ့ပါတော့တယ်။ နားပါဦးမယ်။

    ကိုမိုက်

    ReplyDelete
  8. နကိုယ်ကမှ ရုပ်ရှင်မင်းသားဖြစ်ချင်တဲ့အပြင် ဖေဖေကြီးနားကိုရောက်သွားပြီး ဗမာ့အာဏာနိုင်ငံရေးသီးသန်.သုံး မြင်းပွဲကွက်ကျော်များကို ကိုယ်တိုင်မလောင်းဘဲမြင်နေရခဲ့တဲ့ ဗိုလ်ခင်ညွှန်.တစ်ယောက် အာဏာတည်ဆောက်ရေးရဲ. အခြေခံသဘောတရားတွေကို လက်တွေ.ဆည်းပူးခွင့်ရခဲ့ပါတော့တယ်။ ရဲဘော်သုံးကျိပ် ဂျပန် စစ်ပညာသင်စဉ်က တိုက်ခိုက်ရေးကလာတာမဟုတ်တဲ့ သူ.ဖေဖေကြီးလိုဘဲ၊ ခမာနီပိုပေါ့ထုံး နှလုံးမူပြီး သိမ်သိမ်မွေ.မွေ.ပြောဆို ကောက်ကျစ်ယုတ်မာမည်းညစ်တဲ့ နှလုံးသားကိုဖွံ.ဖြိုးစေခဲ့ပါတော့တယ်။
    လူစိတ်ကင်းမဲ့တဲ့ ဗိုလ်နေဝင်းရဲ. ဥာဉ်နဲ.၊ မှားယွင်းစွာ စီမံခန်.ခွဲမှုများကြောင့် ရာတန်ကိစ္စမှာတစ်ကြိမ်၊ ၇၅ကျပ်တန်ကိစ္စမှာတစ်ကြိမ် ရဟန်းရှင်လူတွေရဲ. ချွေးနှဲစာနဲ.ဘဝများစွာကို နစ်မွန်းကြွေလွင့်စေခဲ့ပြီးနောက်မှာတော့ စက်မှုတက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုကစတဲ့ တပြည်လုံးပါဝင်သော အထွေထွေလှုပ်ရှားမှုကြီးကနေ ဗိုလ်နေဝင်းကို နန်းဆင်းမိန်.ခွန်းပြောစေခဲ့ပါတော့တယ်။ နားပါဦးမယ်။

    ကိုမိုက်

    ReplyDelete
  9. ဗိုလ်နေဝင်းဟာ အဲဒီနောက် အခြေအနေကို အရင်လိုဘဲ ၆၂ Roadmap အတိုင်း ဓားပြကျင့်ဓားပြကြံ၊ သူပုန်ကျင့်သူပုန်ကြံလုပ်လို.ရဦးမယ်အောက်မေ့တာနဲ.ဘဲ ပါးကွက်သား လက်ျာတော်ရံ ဗိုလ်စိန်လွင်ကို ထောင်ပေးလိုက်ပါတယ်။ မြိုသိပ်နိုင်စွမ်းကင်းမဲ့သွားပြီဖြစ်တဲ့ လူထုဟာ ကျည်ဆံမိုးရွာတာကို ဥမ္မာဒန္တီပန်းကြဲသလောက်သာ သဘောထားကြတဲ့အပြင် မြင့်မားလာတဲ့နိုင်ငံရေးရေချိန်ကြောင့် တစ်ပြည်လုံးအတိုင်းအတာနဲ. ထကြွကြတာကြောင့် ဆင်မလိုက်နဲ.မအူကုန်းသားသတ်ရုံကဆရာများ ဆလံ ၁၀ ခါလောက်ပေးရတဲ့ ဗိုလ်စိန်လွင်လည်း ဗမာ့သမိုင်းမှာ နန်းသက်အတိုဆုံး ဖောင်းကားစားမောင်မောင်နောက်ကလိုက်လို. ဒုတိကစွဲပါတော့တယ်။

    စာတတ် ပညာမဲ့ ဒေါက်တာမောင်မောင်ကိုသုံးပြီး ခဏတာအချိန်ကို ဆွဲဆန်.ရင်း တစ်ခုခုကိုစီစဉ်ဖို.ကြံစည်နေရင်းနဲ.ဘဲ ပြည်လုံးကျွတ်လှုပ်ရှားမှုကနေ ကြားဖြတ်အစိုးရကိုတောင်းဆိုပြီဆိုတဲ့ အချိန်မှာတော့ ဗိုလ်နေဝင်းတစ်ယောက် မီးခဲကိုင်မိတဲ့မျောက်လို နေလို.ထိုင်လို.မရတော့ပါဘူး။ တပ်မတော် ကြည်း၊ရေ၊လေ မှတပ်မတော်သားများ သပိတ်ထဲပါဝင်လာတာဟာလဲ သူတို.ရဲ.အကြောက်တရားကို အဆုံးစွန်ဆုံးအဆင့်အထိတိုင်အောင် တွန်းပို.တဲ့အချက်တစ်ခုပါဘဲ။ ဒါနဲ.ဘဲ အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်စောမောင်ကို အာဏာသိမ်းဖို.ဖိအားပေးတော့တာပါဘဲ။ စစ်သားစစ်စစ်ဘဝကတက်လာတဲ့ ဗိုလ်စောမောင်ဟာ လူလှိုင်းတွေကိုကြည့်ပြီး အာဏာလုံးဝမသိမ်းရဲခဲ့ကြောင်း၊ လူအမြောက်အများကို ပစ်ခတ်သတ်ဖြတ်ပြီးမှသာ အခြေအနေကိုထိန်းလို.ရနိုင်မှာဖြစ်ကြောင်း ကိုသူ.စစ်သက်အရသိတာမို. တင်းခံနေခဲ့ကြောင်း အခုချိန်ထိသက်ရှိထင်ရှားရှိနေသေးတဲ့ အဲဒီအချိန်က တပ်မှူးတွေနဲ.စစ်ကောင်စီဝင်တွေကို ဒီမိုကရေစီခေတ်ရောက်ရင် မေးကြည့်ကြနိုင်ပါတယ်။ သူတို.က ပုလင်းတူဗူးဆို.မဟုတ်ဘဲ ဘညွှန်.တွေဖြစ်နေမယ်ဆိုရင်ပေါ့လေ။ နားပါဦးမယ်။

    ကိုမိုက်

    ReplyDelete
  10. ဗိုလ်မှူးကြီးဖြစ်နေတဲ့ ဗိုလ်ခင်ညွှန်.ကို ဗိုလ်မှူးချုပ်ရာထူးတိုးပေးပြီးတာနဲ.ဘဲ နီးရာဓားကိုကြောက်ရရှာတဲ့ ဗိုလ်စောမောင်ခမြာ ပစ် နဲ. တက် သာနားလည်သော တိုင်းရင်းသားတပ်များ၊ ဆေးထိုးလို.ကြောင်နေတဲ့ လည်စည်းနီတပ်များကို သုံးပြီး သမိုင်းတွင်မယ့် ရာဇဝတ်မှုကြီးကို ၁၉၈၈ စက်တင်ဘာ ၁၈ ညနေ ၁၆၀၀ နာရီမှာ နိုင်ငံအနှံ.စတင်ကျူးလွန်ပြီး စစ်ရာဇဝတ်ကောင်အဖြစ် စတင်ခံယူပါတော့တယ်။

    သေကြေကြတာတွေရဲ. Update တွေဟာ စစ်ရုံးချုပ်ကိုအချိန်နဲ.တပြေးညီသတင်းပို.ရတာကြောင့် ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်၊ အာဏာသိမ်းစစ်ကောင်စီဥက္ကဌလည်းဖြစ်တဲ့ ဗိုလ်စောမောင်တစ်ယောက် မတွေ.ချင်မြင်ရက်သားဖြစ်လာတာကြောင့် သူ.ကိုယ်သူအရက်ထဲစိမ်ပါတော့တယ်။ ပွင့်လင်းတဲ့ခေတ်ကို ရောက်လာတဲ့အခါမှာ ဒီသေကြေ၊ ဒဏ်ရာရစာရင်းကို သေသေချာချာပြုစုသင့်ပါတယ်။ ခန်.မှန်းချက်အရ သတင်းတစ်ပတ်အတွင်းမှာ ကြွေလွင့်ခဲ့ရသူတွေဟာ တစ်နိုင်ငံလုံးအနေနဲ. အောက်ထစ် ရှစ်ထောင်နီးပါးရှိလိမ့်မယ်လို.ခန်.မှန်းရပါတယ်။ ရန်ကုန်မှာတင် လူပြောများတဲ့ သပိတ်စခန်းဖြိုခွဲမှုတွေကြောင့် ဒဏ်ရာရ၊ မပြေးနိုင်ဖြစ်နေတဲ့ ကျောင်းသား၊ အရပ်သားတွေကို ကြံတောမီးသဂြိုလ်စက်ထဲထည့်ရှို.တာတွေဟာ ယုံတမ်းတွေမဟုတ်ပါ။ အဲဒီကာလာက နာနတ်တောနေ ရပ်ကွက်သားတွေကို မေးကြည့်နိုင်ကြပါတယ်။ ဒါပေမယ့် ဒီသမိုင်းတွေကိုဖျောက်ချင်တော့ ဗိုလ်ခင်ညွှန်.ဟာ အတိတ်တစ္ဆေကလွတ်ရာ လွတ်ကြောင်းအဖြစ် ရပ်ကွက်ကြီးလည်းဖျက်ပစ်ပြီး၊ သချိုင်းကြီးလည်းရွှေ.ပစ်လိုက်ပါတော့တယ်။ တစ်စုတစ်စည်းတည်းထားရင် တစ်ယောက်မဟုတ်တစ်ယောက်ရဲ. နှုတ်က ဗူးအပေါက်တစ်ရာထက် ပိတ်ရခက်တာမို. ဖြိုခွဲပစ်တာပါ။

    နောက်တစ်ခုက အာဏာသိမ်းစစ်ကောင်စီရဲ. ဘဏ်စာရင်းမှာ နိုင်ငံခြားငွေလုံးဝမရှိသလောက်ဖြစ်တာမို. ကန်တော်ကြီးစောင်း ဂျပန်သံရုံးငှားထားတဲ့ မြေကွက်ကို ဂျပန်နိုင်ငံအား ဒေါ်လာ ၄ သန်း (လွဲကောင်းလွဲနိုင်ပါသည်၊ အမှန်သိသူများပြင်ကြပါ။) ဖြင့်ရောင်းချပြီး စစ်အာဏာရှင် ယန္တယားကို စတင်လည်ပတ်ပါတော့တယ်။ အဲဒီအချိန်မှာတော့ ဗိုလ်စောမောင်တစ်ယောက် မနက်စာ သေရည်၊ နေ.ခင်းစာ အရက်နဲ. ညစာ ယစ်မျိုးဆိုတဲ့ဘဝကိုရောက်နေခဲ့ပါပြီ။ ပေါကြောင်ကြောင် နဲ. ငါ့စကားနွားရ မိန်.ခွန်းရှည်များလည်း ကျူးဘားခေါင်းဆောင် ကက်စ်ထ်ရိုနဲ.မခြားပြောနေပါပြီ။ ပိုဆိုးသွားတာကတော့ ရွေးကောက်ပွဲပြီးလို. အာဏာရပါတီကိုလွှဲပြောင်းပေးပြီးရင် စစ်တန်းလျားပြန်မယ်လို.ပြောမိခြင်းပါဘဲ။ အဆိုးတကာ့အဆိုးဆုံးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ဟာ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ခြင်းပါ။ ဗိုလ်စောမောင်ရဲ. ကတိကဝတ်ဟာ တိုင်းရင်းသားစည်းလုံးရေးပါတီကိုသာ ရည်ညွှန်းကြောင်းကိုတော့ တပြည်လုံးက မပြောလည်းသိပါတယ်မောင်ရယ် ဆိုသလိုပါဘဲ။

    ချောင်ပိတ်မိသွားတဲ့ ဗိုလ်စောမောင်ရဲ. ယွင်းပုံတွေကလည်း ပိုလို.သာစိတ်လာပါတော့တယ်။ အကြံတူတဲ့ ဗိုလ်သန်းရွှေနဲ. ဗိုလ်ခင်ညွှန်.ကတော့ အသာလွှတ်ပေးထားလိုက်ကြပြီး နောက်ဆုံးတော့ ဗိုလ်ခင်ညွှန်.ဟာ ဖေဖေကြီးကို ဗိုလ်သန်းရွှေအတွက် ထောက်ခံပေးပြီး တင်ပေးလိုက်ပါတယ်။ သူ.အနေနဲ.လည်း ကာကွယ်ရေးဦးစီးချုပ်ဖြစ်ရန် လုံးဝအကြောင်းမရှိတာလည်း တစ်ကြောင်းဖြစ်ပါတယ်။ ဗိုလ်ခင်ညွှန်.သာ ကာချုပ်ဖြစ်ထိုက်သူဟုတ်ခဲ့ရင် ဗိုလ်သန်းရွှေဟာ ၁၉၉၂မှာတင် အဆိုတော် မေခလာရဲ. ပြန်ပေတော့ကို အိမ်မှာကြိတ်ဆိုရတဲသူဖြစ်ခဲ့မှာပါ။ နားပါဦးမယ်။

    ကိုမိုက်

    ReplyDelete
  11. ဦးခင်ညွန့်က ဖိတ်ခေါ်တဲ့အတွက် သွားရောက်တွေ့ဆုံကြောင်း ဇာဂနာ ခေါ် ကိုသူရက အာအက်ဖ်အေကို ပြောပါတယ်။

    “ကျွန်တော် ထောင်ကထွက်တဲ့အခါကျတော့ ကျွန်တော်က ဗိုလ်ချုပ်ခင်ညွန့်တို့ကိုလည်း ထောင်ထဲမှာ ထားတဲ့ကိစ္စ မသင့်တော်ပါဘူး။ လွှတ်ပေးသင့်ပါတယ်လို့ ကျွန်တော် တောင်းဆိုခဲ့တယ်လေ။ အဲဒီဟာနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ခင်ညွန့်က ကျေးဇူးတင်စကား ပြောချင်ပါတယ်ဆိုပြီး ဖိတ်ကြားတဲ့အတွက် ကျွန်တော် ရောက်သွားတာပါပဲ။
    WHY ????ထောင်ထဲမှာ ထားတဲ့ကိစ္စ မသင့်တော်ပါဘူး။ လွှတ်ပေးသင့်ပါတယ်လ ??? You idiot joker zaganar

    ReplyDelete
  12. စိတ်ပျက် အော်ဂလီ ဆန်လွန်းလို့ ပြောစရာ ရေးစရာ စကားမရှိတော့ပါ။ သူ့ဆိုဖာ ထိုင်ခုံကြီးက ကောင်း လိုက်တာနော် တဲ့။နိုင်ငံရေး အကျဉ်း သမားလဲ မဟုတ်ဘဲ နဲ့ တဲ့ အသက် ၁၃ နှစ် အရွယ် ကလေး တစ်ယောက် ဝေဖန်စကား

    ReplyDelete
  13. JUST I WANT TO SAY ...........U CAN CONTROL UR COUNTRY ...OR NOT?/?

    ReplyDelete
  14. *** I just don't understand why in the hell this Zagana guy requested a release of Khin Nyunt instead of his own colleagues !

    *** What the hell was he thinking???

    *** How the hell did he come up with that idea???

    American Master

    ReplyDelete
  15. I agreed with Zaganar... He is doing right thing. He is showing his forgiveness..That is the most importance thing about National Unity.

    ReplyDelete
  16. Khin Nyunt committed grave crime against humanity. You should send him to International Criminal Court for his committing crime against humanity and War Crime.

    ReplyDelete
  17. Once upon a time Myakyunthar tekkathilar (RASU) And RIT has disappear by his arrangement.Now How much glory of University Student not just like as our old time.Due to this one he must be sentenced to death.

    ReplyDelete
  18. (
    ခေါင်းစဉ်ကို click လုပ်ပြီး လေ့လာ ဖတ်ရှုနိုင်ပါတယ်။ )


    လူသတ်ကောင် ခင်ညွန့် ၏ အမိန့်အရ လူသတ်ပြီး အလောင်းဖျောက်မှု

    ("ခင်ညွန့် video ပို့စ်" အောက်က ကွန်မန့် မှာ ဖတ်ပါ။)

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။