Pages

Sunday, January 15, 2012

ဇလွန်မြို့မှ မတရားပြုကျင့်ခြင်းခံရတဲ့ ဟင်္သာတ GTC ကျောင်းဆင်း မသင်းသင်းကြူလှိုင်အမှု၌ တရားခံအား အမှုမှ တရားသေလွှတ်မိန့်ချခြင်းအပေါ် အရေးယူပေးပါရန် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ တိုင်ကြားခြင်း…

ပြီးခဲ့တဲ့ ဇန္နဝါရီလ (၃)ရက်နေ့က ဇလွန်မြို့မှ မတရားပြုကျင့်ခြင်းခံရတဲ့ ဟင်္သာတ GTC ကျောင်းဆင်း မသင်းသင်းကြူလှိုင်အမှု၌ ဟင်္သာတတရားရုံးမှ တရားခံဦးမင်းသီလအား အမှုမှ တရားသေ လွှတ်ပေးခဲ့ပါတယ်..။ အဆိုပါ အမှုနဲ့ပတ်သက်ပြီး တရားခံအား အမှုမှ တရားသေလွှတ် မိန့်ချခြင်းအပေါ် အရေးယူပေးပါရန် မသင်းသင်းကြူလှိုင်၏ ဦးလေးဖြစ်သူ ဦးစိန်သောင်းမှ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံသို့ ဇန္နဝါရီလ (၁၀)ရက်နေ့ရက်စွဲ တိုင်ကြားတဲ့ တိုင်ကြားစာဖြစ်ပါတယ်..။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး အမှုမှန်၊ အဖြစ်မှန် ပေါ်ပေါက်ရေးအတွက်.. လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက် (HRDP) အဖွဲ့မှ ဆက်လက်လိုက်ပါ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရပါသည်..။ ထို့အတူ အဆိုပါ အမှုနှင့် ပတ်သက်ပြီး အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် ဟင်္သာတ GTC ကျောင်းသူ/ ကျောင်းသားများမှလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ လက်မှတ်ရေးထိုး တိုင်ကြားမည် ဖြစ်ကြောင်း သိရှိရပါသည်...။

7 comments:

  1. တရားသူကြီး ၏ နာမည်။ ဇာတိ၊ အခြားသော အချက်အလက် တွေရှိရင် ဖော်ပြပေးသင့်ပါတယ်။
    နောက်နောင် တရားသူကြီးတွေ မတရားစီရင်မှုမဖြစ်အောင်လို့ပါ။
    တရားခံဦးမင်းသီလ ၏ ရှေ့ နေတွေကိုလည်း တတ်နိုင်ရင်ဖော်ပြပေးပါ။ အသက်မွေးဝမ်းကျောင်းမှုကိုလက်ခံပါတယ်။ တကယ်သာကျုးလွန်မိရင် ရှေ့ နေလည်း ကံနှစ်ပါးကို အလိုတူအလိုပါကျိုးပါတယ်။

    ReplyDelete
  2. It can not do as normal. Do u know ERASER movie? Must kill as that movie because all no scare hell they like only money.

    ReplyDelete
  3. အဖြစ်အပျက်ကိုကိုယ်ကိုင်တိုင်သိရှိခြင်းမရှိဘဲနဲ့သူများပြောစကားများနဲ့တော့မယုံကြည်သ့င်ဘူးလိုံထင်ပါတယ်
    တရားသူကြီးဟာသုအလုပ်သူလုပ်တာပါ၊ရာထူးနဲ့ရင်းရတဲ့အလုပ်တစ်ခုကိုသူသေချာမစဉ်းစားဘဲတေါ့လုပ်လိမ့်မယ်မထင်ပါဘူး၊သု့ကလည်းအမှုကိုခိုင်မာလို့သာလွှတ်တာဖြစ်မှာပါ်၊အခုတင်ပြထားတဲ့စီရင်ထုံးများမှာလည်းEnd Date ဖြစ်နေတယ်၊အဲဒိစီ၇င်ထုံးတွေကိုလေ့လာကြည့်ရင်ယခုအမှုဖြစ်ပျက်နဲံဆန့်ကျင်နေတယ်လို့တင်ပါ
    တယ်၊အမှုတစ်ခုလုံးကိုစစ်ဆေးတဲ့တ၇ားသူကြီးနဲံ ကာယကံရှင်တွေကပိုသိလိမ့်မယ်ထင်တယ်နော်၊၃၇၅ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ကျ့င်ထုံးပုဒ်မ၂၅၈(၁)ရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကိုပြန်လေ့လာကြ့ည်ပါ၊သံသယဒွိဟအကျိုးကိုဘယ်သူခံစားခွင့်၇ှိလဲလေ့လာကြ့ည်ပါ၊



    အခုကေါ့မက်ပေးတဲံသူအားလုံးကိုမေးချင်ပါတယ်၊ဆိုဒ်ပိုင်ရှင်ကိုလည်းမေးချင်ပါတယ်ဦးနှောက်မရှိဘူးလား၊
    သူများပြောစကားတွေကိုယုံတတ်လားလို့၊တစ်ဖက်သတ်ဆုံးဖြတ်တတ်လားလိုါပေါ့၊တော်ပါပီနောက်မှဆက်ရေးဦးမယ်နော်၊အနော်လည်းလေ့လာလိုက်ဦးမယ်၊ကိုယ်ပိုင်အသိလေးနဲ့ဆင်ခြင်နိုင်ကြပါစေ။

    ReplyDelete
  4. ဒီအမှုကို တိုင်ကြားထားတာတဲ့ပတ်သတ်ပြီး ဘေးက ပရိတ်သတ်
    တစ်ယောက်အနေနဲ့နည်းနည်းလောက်ဝေဖန်ကြည့်ချင်ပါတယ်။
    ဒီတိုင်ကြားစာမှာကြည့်မယ်ဆိုရင် အတူနေဦးလေးဖြစ်သူ စိန်သောင်းနဲ့
    မသင်းကြူကြူလှိုင်ရဲ့လိပ်စာနဲ့ လိပ်စာက ကွဲပြားနေပါတယ်။
    ဒါကိုက လိမ်နေတယ်ဆိုတာသိသာပါတယ်။
    နောက်တခုက မိန်းကလေးရဲ့ထွက်ဆိုချက်အရ
    တရားခံက မိန်းကလေးရဲ့ပါးစပ်ကိုနမ်းတဲ့အချိန်မှာ
    ကိုက်လိုက်တယ်ဆိုပေမယ့်
    သက်သေ (ဌ) ရဲ့ ဆရာဝန်ဆေးစာထွက်ဆိုချက်မှာ
    ဒဏ်ရာတစုံတရာမတွေ့ရဘူးလို့ဖော်ပြထားပါတယ်။
    နောက်တခုက တရားလိုနဲ့တရားခံဝင်လာတဲ့အခြေအနေ
    အဲ့ဒီမှာ ၀င်လာတည်းက ခါးဖက်ပြီးအတူဝင်လာကြတာပါ။
    အလိုမတူရင်အဲ့ဒီလိုလာပါ့မလားနော်။
    နောက်တခုက မိန်းကလေးဟာ သတ္တိခေသူတစ်ယောက်
    မဟုတ်လောက်ပါဘူး။ ဘာလို့လဲဆိုတော့
    ဒီအဖြစ်အပျက်ကို ရုပ်သံဖိုင်တောင်တင်ရဲတယ်လေ။
    ဒီလောက်သတ္တိကောင်းတဲ့မိန်းကလေးတစ်ယောက်က
    လူတွေအများကြီး ရှိနေတဲ့စားသောက်ဆိုင်မှာ
    မအော်ရဲဘူး။ အသက်အန္တာရယ်အပေးခံရမှာ ကြောက်လို့ဆိုတာ
    တော်တော်လေးစဉ်းစားဖို့ကောင်းပါတယ်။
    ဒီလောက်သတ္တိကောင်းတဲ့ မိန်းကလေးက
    အဲ့ဒီအချိန်မှာ ရဲရင့်မှုတွေဘယ်ပျောက်သွားပါလိမ့်နော်။
    နောက်စားပွဲထိုးလေးရဲ့ထွက်ဆိုချက်အရ
    သူက တံခါးနဲ့ ၅ တောင်လောက်အကွာမှာဘဲရှိတာပါတဲ့နော်။
    တခုခုဖြစ်ရင် ချက်ချင်းပြေးလာနိုင်တဲ့နေရာပါ။
    လာတည်းက ခါးဖက်ပြီးဝင်လာတယ်ဆိုတာ
    စားသောက်ဆိုင်ပိုင်ရှင်သာမက စားပွဲထိုးလေးကပါ
    သက်သေခံထွက်ဆိုထားပါတယ်။
    နောက်တခုကလေ အလုပ်လက်မဲ့ဖြစ်တဲ့အတွက်
    သူရဲ့ဆရာခေါ်ရာကို ရုံကြည်စွာနဲ့လိုက်တယ်ဆိုတာလေ
    အသိဥာဏ်နဲ့ယှဉ်ပြီးစဉ်းစားကြည့်မယ်ဆိုရင်
    ဘယ်အလုပ်ရှင်ကိုမှ အလုပ်သမား တစ်ယောက်က
    မချစ်မကြိုက် ရလိုမှုတခုခု မရှိဘဲနဲ့
    ခါးမဖက်လောက်ဘူးနဲ့ထင်တယ်နော်။
    မုဒိန်းမှုနှင့်ပတ်သတ်လျှင်စဉ်းစားရန်မှာ
    မိန်းကလေးသဘောတူညီမှုရှိ၊မရှိဆိုသည့်အချက်သာဖြစ်သည်။
    သဘောတူညီမှုရှိခဲ့လျှင်သွေးဆောင်ခြင်း၊ယဉ်ပါးအောင်ပြုလုပ်ခြင်းအစရှိသော
    အချက်များကိုစဉ်းစားရန်မလိုချေဟု မောင်ညွန့်လွင်နှင့်ပြည်ထောင်စု
    မြန်မာနိုင်ငံတော်တရားစီရင်ထုံး ၁၉၇၆ခုနှစ် မြန်မာပြည်တရားစီရင်ထုံး
    စာမျက်နှာ (၃၅) မှာဖော်ပြထားပါတယ်။
    နောက်တော်ဝင်နဂါးစားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူ
    ကိုဖြိုးပိုင်သိန်းကလည်း သူတို့ဆိုင်မှာ ကြမ်းခင်းမျှသာ
    ခင်းထားသောစားသောက်ဆိုင်ဖြစ်ပြီး တကယ်လို့များ
    တစုံတရာအလိုမတူခဲ့ပါက
    အော်ဟစ်ခဲ့ပါက ချက်ခြင်းသိရှိနိုင်ကြောင်း
    ထွက်ကြားထားပါတယ်။
    ဒါပေမယ့်လာထဲက အတူခါးဖက်ပြီးဝင်လာသလို
    ပြန်တော့လည်းရီရီမောမောနဲ့ပြန်ထွက်သွားကြတယ်ဆိုတာကို
    စားသောက်က စားပွဲထိုးနှင့်
    ပိုင်ရှင်တို့က မြင်တယ်လို့ထောက်ခံထွက်ဆိုထားပါတယ်။
    နောက်တခုက သူဟာပညာတက် မိန်းကလေးတစ်ဦးပါ။
    တံခါးလော့ချထားတဲ့အခန်းထဲကိုခေါ်တာ
    ဘာလုပ်ဖို့လဲဆိုတာကို မသိဘူးဆိုတာတော့
    မဖြစ်နိုင်ပါဘူး။
    အလိုမတူဘဲအဓမ္မပြုကြောင်းအထောက်အထားမခိုင်လုံလျှင်မခိုင်လုံသော
    အထောက်အထားကိုအခြေခံက အပြစ်ပေးပါမူ
    တရားစီရင်ရေးတိမ်းစောင်းမည်ဖြစ်သည်။
    မောင်တင်ပါ(၅)နှင့်ပြည်ထောင်စု
    မြန်မာနိုင်ငံတရားစီရင်ထုံး ၁၉၆၇ခုနှစ်
    မြန်မာပြည်တရားစီရင်ထုံးစာမျက်နှာ ၆၆ မှာ
    ဖော်ပြထားပါတယ်။
    ငွေတောင်းခံမှုနှင့်ဒေါ်ဆန်း ခံပြသက်သေ ၂
    ကျော်သူစိုးခံပြသက်သေ ၄ တို့ကလည်း
    ထောက်ခံထွက်ဆိုထားတာကိုတွေ့ရပါတယ်။
    ဒါကြောင့်စတိုင်တည်းက နေရပ်မတူ
    လိပ်စာမတူဖြစ်နေကတည်းက
    တိုင်းကြားသူက အတူနေဦးလေဆိုပြီး
    ခေါင်းစဉ်တပ်ထားတာကို
    ကြည့်ရင်
    အမှုတခုလုံးကိုလိမ်ဖို့လည်းဝန်မလေးဘူးဆိုတာ
    သိသာနေပါတယ်နော်။
    ဆန်းသူရိန်ထွန်းက ကလေးမို့လို့
    သင်ပေးလို့ရတယ်ထားဦး။
    စားသောက်ဆိုင်ပိုင်ရှင်က ကလေးမဟုတ်ဘူးနော်။
    နောက်ပိုက်ဆံကိစ္စနဲ့ပတ်သတ်ပြီး အကြပ်ကိုင်နေတာကို
    တွေ့တယ် မိန်းကလေးဘက်က ပိုက်ဆံတောင်းတဲ့
    ကိစ္စတွေကို
    မျက်မြင်သက်သေတွေရှိနေတာတောင်မှဘာလို့ထည့်မရေးပါလိမ့်နော်။
    နောက်တခုက ဒီအမှုနဲ့ပတ်သတ်ပြီးတိုင်ကြားသူဟာ
    မိန်းကလေးရဲ့မိခင် သို့မဟုတ် အမှန်တကယ် အုပ်ထိန်း
    နေရတဲ့သူသာဖြစ်သင့်ပါတယ်။
    ဒါမှလည်းယုတ္တိရှိမှာပေါ့။
    လက်နက်မှုနဲ့ အချုပ်ကျနေတဲ့ အချုပ်သား
    တစ်ယောက်က မိန်းကလေးရဲ့အမေ
    မင်းသီလနဲ့ ဒီအမှုကို ကျေအေးပေးနိုင်ဖို့အတွက်
    ပိုက်ဆံ သိန်း ၃၀ ဟန်းဖုန်း ၂လုံး ဆိုင်ကယ်တစ်စီး
    တောင်းနေပါတယ်ဆိုတဲ့ ညှိနေကြတဲ့အသံကို
    သူကိုယ်တိုင် ကြားခဲ့ပါတယ်ဆိုတဲ့အချက်ကို
    ရုံးတော်မှာလက်ညှိုးငေါက်ငေါက်ထိုးပြီးထွက်သွား
    လို့များလိပ်ပြာမလုံဖြစ်နေရော့သလားဟင်။
    ကျွန်တော်အကြံဥာဏ်ပေးချင်တာကတော့
    တိုင်နေရုံနဲ့ အောက်ရုံးအမိန့်က မပယ်ဖျက်ပါဘူး။
    ဒီအတိုင်းဘဲရှိနေမှာပါ။
    အထက်ရုံးက ပယ်ဖျက်ပေးမှ
    ပယ်ဖျက်မှာပါ။
    အဲ့ဒီတော့လျှောက်တိုင်နေမဲ့အစားအောက်ရုံးအမိန့်ပယ်ဖျက်လို့ရအောင်
    အထက်အဆင့်အဆင့်တက်သင့်ပါတယ်လို့
    စေတနာစကားနဲ့မှာကြားပါရစေခင်ဗျာ။

    ReplyDelete
  5. ဟုတ်ပါတယ်ခင်ဗျာ၊ မှန်ပါတယ် တရားဥပဒေအရပဲ အကုန်ဖြစ်ရမှာပေါ့
    နောက် သတင်းလေးတစ်ခုက ပျဉ်းမနားက တရားသူကြီးတစ်ယောက်
    လာဒ်ပေးလဒ်ယူကိစ္စလေး(၅) ခုပါ။ သူ့ဟာမှာ အသံဖိုင်တွေရော သူကိုယ်တိုင်ပြောတာတွေပါ
    အကုန်အပြည့်အစုံပါပါတယ်
    သမ္မတကြီးဆီကိုလဲ တင်တော့မှာပါ။ ကိုယ့်ဘက်က တရားသဖြင့်ဖြစ်ဖို့ ခိုင်လုံဖို့လိုတယ်လေ။
    အကုန်စုံပြီဆိုတာနဲ့ တင်ပြီးတော့ တရားစွဲဆိုသွားမှာဖြစ်ပါတယ်
    ပျဉ်းမနားက တရားသူကြီးဆိုတာ နာမည်လေးတော့ အရင်ပြောထားပါ့မယ်။
    နောက်တစ်ခေါက် တိုင်စာတက်လာရင် အပြည့်အစုံအကုန်သိရပါလိမ့်မယ်

    တရားသူကြီးနာမည်ကတော့ ဦးမြသိန်းပါ။
    ငြင်းလို့မရနိုင်တဲ့ တရားလိုကနေ တရားခံပြန်မဖြစ်နိုင်တဲ့
    အလွန်အဖိုးတန်တဲ့ စာရင်းဇယား၊ အသံဖိုင်၊ သူ့ကိုယ်တိုင်ပါဝင်တဲ့ ဗွီဒီယိုဖိုင်တွေ
    အပြည့်အစုံကြည့်ရတော့မှာပါ

    ReplyDelete
  6. ချိန်ခွင်မရှိတဲ့မတရားသူကြီး

    ReplyDelete
  7. ဘာလိုပဲဖြစ်ဖြစ်နောက်ဆုံးထိကြိုးစားပါ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။