ဇန္နဝါရီလ (၉)ရက်နေ့ညက ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုခဲ့ ဖျော်ဖြေပေးခဲ့ကြသည့် ဂီတအနုပညာရှင်များနှင့် ပါဝင်ကူညီ ပံ့ပိုးခဲ့သူများအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဂုဏ်ပြုပွဲကျင်းခဲ့ပါသည်..။ အဆိုပါ အခမ်းအနားတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှု T Shirt Campaign အကျီင်္အား လက်မှတ်ရေးထိုး ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသော ဂီတအနုပညာရှင်များမှ လွှတ်ယုံကြည်ချက် အကျဉ်းသားစာသားပါ တီရှပ်များအား ဝတ်ဆင်၍ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု၌ ပူးပေါင်း ပါဝင်ခဲ့ကြပါသည်...။
သတင်း၊ ဓာတ်ပုံ.. ဇော်တူး၊ ဒီမိုဝေယံ၊



ကောင်းတယ် ကောင်းတယ် ညီညီညွတ်ညွတ်နဲ့လုပ်ကြ။
ReplyDeleteစက်တင်ဘာဦးနေမိန္ဒ ( အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)