Pages

Tuesday, January 10, 2012

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှု လွှတ်ယုံကြည်ချက် အကျဉ်းသားစာသားပါ တီရှပ်အကျီင်္၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး..


ဇန္နဝါရီလ (၉)ရက်နေ့ညက ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုခဲ့ ဖျော်ဖြေပေးခဲ့ကြသည့် ဂီတအနုပညာရှင်များနှင့် ပါဝင်ကူညီ ပံ့ပိုးခဲ့သူများအား  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဂုဏ်ပြုပွဲကျင်းခဲ့ပါသည်..။ အဆိုပါ အခမ်းအနားတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှု T Shirt Campaign အကျီင်္အား လက်မှတ်ရေးထိုး ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသော ဂီတအနုပညာရှင်များမှ လွှတ်ယုံကြည်ချက် အကျဉ်းသားစာသားပါ တီရှပ်များအား ဝတ်ဆင်၍ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု၌ ပူးပေါင်း ပါဝင်ခဲ့ကြပါသည်...။

သတင်း၊ ဓာတ်ပုံ.. ဇော်တူး၊ ဒီမိုဝေယံ၊

1 comment:

  1. ကောင်းတယ် ကောင်းတယ် ညီညီညွတ်ညွတ်နဲ့လုပ်ကြ။
    စက်တင်ဘာဦးနေမိန္ဒ ( အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။