ရွှေတိဂုံဘုရား နှစ်(၂၆၀၀) ပြည့်ဘုရားပွဲတော်ဈေး၌ BG သွေးအကူအညီပေးရေး အဖွဲ့ဝင်များမှ ရံပုံငွေ အမှတ်တရ ဆိုင်နှစ်ဆိုင် ဖွင့်လှစ် ရောင်းချခဲ့ပါတယ်..။
ယခင်ကလည်း ယခုကဲ့သို့ ဈေးရောင်းပွဲများ ပြုလုပ်ခဲ့ပြီး ရရှိလာတဲ့ အမြတ်ငွေများအား မိဘမဲ့ကလေးများ၊ လမ်းပေါ်မှ ကလေးများ အမှိုက်ကောက်ပြီး ဝမ်းစာရှာနေရတဲ့ ကလေးတွေ ပညာရေးအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုခဲ့ပါတယ်..။ မိမိတို့ရဲ့ ကိုယ်ပိုင် ဝမ်းစာရှာဖွေနိုင်ရန်အတွက် ကွန်ပျူတာသင်တန်း၊ ယဉ်ကျေးလိမ်မာ ဘာသာရေးသင်တန်း၊ စက်ချုပ်သင်တန်း၊ ဆံပင်ညှပ်သင်တန်း၊ အခမဲ့ပညာဒါနအနေနဲ့ သင်ကြားပေးနေပါတယ်..။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနဲ့ ဖွဲ့စည်းထားတဲ့BGရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ သွေးအကူညီပေးရေးနှင့် အသိပညာ အတတ်ပညာ သင်ကြားပေးရေး ပညာဒါနတွေဖြစ်ပါတယ်..။
ယခု ဘုရားပွဲတော်မှာ ရောင်းလို့ရတဲ့ အမြတ်ငွေတွေကိုလည်း ပညာရေးမှာ အသုံးပြုသွားဖို့အတွက် BGအဖွဲ့နဲ့ ကျောင်းသားတွေ ဆရာတွေမှ ၀ိုင်းဝန်းပြီးကူညီ ရောင်းချပေးခဲ့ ကြကြောင်း သိရှိရပါတယ်..။
အနာဂတ်ရဲ့ ကလေးငယ်များရဲ့ ပညာရေးအတွက် BG သွေးကူညီရေးအဖွဲ့မှာ သွားရောက် လှူဒါန်းနိုင်ပါတယ်..။
ဓာတ်ပုံများအတွက် ညီငယ်လေး လင်းဆက်အား ကျေးဇူးတင်ပါသည်။





ဒယ်အိုးဆရာတော်က ဘီဲဂျီအဖွဲ့ကို ထောက်ပံ့မယ်လို့ လူမှုကူညီရေး အစည်းအဝေးမှာ မိန့်ကြားလို့ ပြောင်းလဲနေပါပြီဆိုတဲ့ သန့်ရှင်းသော အစိုးရက တရားပွဲ တစ်နှစ်ပိတ်လိုက်ပါသည်။ မနာလိုဝန်တိုသောစိတ် ရှိနေရင် သန့်ရှင်းမှု မရှိနိုင်ပါ သာသနာရေး ၀န်ကြီး သူရမြင့်မောင်ခင်ဗျားး။
ReplyDeleteမလျှော့သော ဇွဲ လုံ့လနဲ့ အကူအညီလိုအပ်နေသူတွေကို ကူညီနိုင်ကြပါစေ။
ReplyDeleteစစ်ဗိုလ်လူထွက်ပြီး ကြံ့ဖွံ့ အရေခွံထဲ ၀င်အောင်းတဲ့ အာဏာရှင်တွေက
လူမှုရေးသမား ကိုကျော်သူကို အသင်းတရားဝင် မှတ်ပုံတင်မပေးခြင်း၊
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ချခြင်း ဆိုတဲ့ လူမှုကူညီရေးသမားတွေကို ဒုက္ခပေးခြင်းဖြင့် သူ့အလုပ်သူလုပ်နေသလို ဘီဂျီအဖွဲ့ကလည်း မြင့်မြတ်သော မိမိအလုပ်ကို ဆက်လုပ်ပါလို့ တိုက်တွန်းပါတယ်။
ကျေးဇူးအရမ်းတင်ပါတယ် ဘီဂျီကညီအကိုမောင်နှမတွေကိုယ်စား ဘီဂျီမှ အခြားသော ညီအကိုမောင်နှမတွေကိုလဲ နွေးထွေးစွာကြိုဆိုပါတယ်ရှင် 1.3.2012မှာ စတင်ရောင်းချပေးမည့် NLD အောင်နိုင်ရေးသီချင်းအသစ်လေးတွေကိုလဲလာရောက်အားပေးကြပါရှင်။
ReplyDelete