တို့ပိုင်တဲ့မြေ
ကဗျာရှင် နေရဲနီ
တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ......တို့ပြေ
များလူခပ်သိမ်းငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြေ.........တို့မြေ ။
(နိုင်ငံတော်သီချင်း ခြေဆင်း အပိုဒ်မှ)
မန္တလေး ကျောက်ပွဲမှာ တရုပ်ကမြန်မာကိုထိုးတယ်။
အထိုးခံရတဲ့ ကိုရွှေမြန်မာ ဆေးရုံတက်လိုက်ရပေမဲ့
ထိုးလိုက်တဲ့ ပေါက်ဖော်ကိုတော့
လည်ပင်းဖက်ခေါ်သွားတယ်။
ဟော်တယ်က ဧည့်ကြိုမြန်မာ အမျိုးသမီးကို
နိပွန်ကြီးက ပါးရိုက်တော့
အရိုက်ခံရတဲ့ မြန်မာအမျိုးသမီး
တနေ့လုပ်မှတနေ့စားရတဲ့သာမန်ပြည်သူ
ဟော်တယ် ဝန်ထမ်းတစ်ယောက်ကို
မြန်မာတရားသူကြီးက သိန်း၁၀၀ တန်
အာမခံလူ၂ယောက်တောင်းသတဲ့။
မရရင် အဖမ်းအချုပ်ခံရမယ်ဆိုဘဲ။
တိုင်ရီဖိနပ်စက်ရုံမှာ လုပ်အားနဲ့ လုပ်ခ မမျှတ
လစာတွေ ခေါင်းပုံဖြတ်ခံရလို့
ဆန္ဒပြနေကြတာ ရက်အတန်ကြာခဲ့ပြိ။
တာဝန်ရှိတဲ့ အလုပ်သမားရေးရာဌာနက
ဖြေရှင်းမပေးနိုင်လို့
စေတနာ့ဝန်ထမ်း ရှေ့နေတွေနဲ့
တရားရုံးတက်ဖို့ စီစဉ်နေကြပြီ။
တနင်္သာရီ ဇောတိက ဓာတ်ငွေ့ပိုက်လိုင်းမှာ
အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ
လူကိုလူလို ဆက်ဆံခြင်း မခံရတဲ့ကိစ္စ
အလုပ်သမား တစ်ယောက်ရဲ့ရပိုင်ခွင့်တွေ
ဆုံးရှုံးနေရတဲ့ကိစ္စ
တာဝန်ရှိသူတွေ မသိကျိုးကျွံ ပြုနေကြ။
တရုပ်က သွယ်တန်းတဲ့ ဓာတ်ငွေ့ပိုက်လိုင်းကြောင့်
မဖြစ်စလောက် လျော်ကြေးနဲ့
ဘိုးစဉ်ဘောင်ဆက် တစ်သက်လုံး လုပ်ကိုင်စားလာတဲ့
လယ်သမားယာသမားတွေ
လယ်ပျောက် ယာပျောက်ဖြစ်ပြိး
နောင်လာမဲ့ သားမြေးစဉ်ဆက်
ဘဝတွေပျက်ပြီး ထမင်းအိုးပျောက်ရမှာက
မိုင်၆၀၀ကျော် ပိုက်လိုင်းတစ်လျှောက်မှာ
နေထိုင်ကြတဲ့ပြည်သူတွေ။
ကြောင်သူတော် အခွင့်အရေးသမားတွေ
ဟိုအကြောင်းပြ ဒီအကြောင်းပြ
အာဏာပိုင်တွေနဲ့ပေါင်းပြီး
ရိုးသားတဲ့ တောသူတောင်သားတွေရဲ့လယ်မြေယာမြေတွေကို
မတရားသိမ်းယူနေတာက နိုင်ငံအနှံ့။
ဈေးသစ်ဆောက်မယ့် အကြောင်းပြချက်နဲ့
ဈေးဟောင်းကိုဖျက်လို့ တသက်လုံး လုပ်ကိုင်စားလာတဲ့ ဈေးသည်တွေ
ဆိုင်ခန်းပျောက်ပြီး ဘဝပျက်ရတာက
မြန်မာပြည်တစ်ဝှမ်း ရှိရှိသမျှမြို့အနှံ့။
ရိုးသားတဲ့ ပြည်သူတွေအပေါ်မှာ
အာဏာနဲ့ ချောက်ပြီး
တစ်ကျပ်ရ တစ်ကျပ်စား တစ်မတ်ရ တစ်မတ်စား
မတိုင်ရဲ မတောရဲ မပြောရဲမဆိုရဲ
ငုံ့ခံနေကြရတဲ့အဖြစ်တွေက
မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသအနှံ့။
၁၉၆၂ ခုနှစ်ကစခဲ့တဲ့ တိုင်းရင်းသားတွေရဲ့
စစ်ပြေးဒုက္ခသည်ဘဝက
ယနေ့ထက်တိုင် မလွတ်မြောက်သေး။
အခွင့်အရေးသမားတို့
အတ္တသမားအာဏာပိုင်တွေနဲ့ပေါင်းပြီး
ပြည်သူလူထုအပေါ်မှာ ခေါင်းပုံဖြတ်အမြက်ထုတ်
အခွင့်ထူးခံဘဝအရောက်မှာ
ကာရာအိုကေ နိုက်ကလပ်အမြည်ခံ
ပြည့်တန်ဆာခန်းမှာ တညတည သိန်းသန်းချီပြီး
ပြည်သူ့ဘဏ္ဍာကို ဖြုန်းနေချိန်။
မနက်စာမနက် ညစာည
မြန်မာပြည်အနှံ့ သာမန်ပြည်သူတို့ရဲ့ဘဝ
ရေတစ်ခွက်တောင် ဘယ်နားရှာရမှန်းမသိ။
မတူညီသော အခွင့်အရေး
မဖြူစင်သောဝါဒ
တရားခြင်း မျှတခြင်း လွတ်လပ်ခြင်း ကင်းသော ငါတို့ပြေသည်
ဘယ်သောခါမှ ငြိမ်းချမ်းပါအံ့နည်း။
ကမ္ဘာမကြေ မြန်မာပြေ
ဒါတို့ပြေ ဒါတို့မြေ တို့ပိုင်တဲ့မြေ ။
( နိုင်ငံတော် သီချင်းမှ )
ကျောက်ဖြူမှ ယူနန်အထိ သွယ်တန်းမည့်
ဓာတ်ငွေ့ ပိုက်လိုင်းသည်
မြန်မာပြည်အား အရှေ့အနောက်
ကန့်လန့်ဖြတ်ကာ ပိုင်းခြားထား၏။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ
ရေအား လျှပ်စစ်မှန်သမျှ
ဤသည်တို့ကား တရုပ်အပိုင်။
မုတ္တမကွေ့မှ ယိုးဒယားအထိ ဖောက်လုပ်ထားသော
ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည်လည်းကောင်း
တနသာင်္ရီမှာ ဖောက်လုပ်နေသော
ဇောတိက ပိုက်လိုင်းသည်လည်းကောင်း
ဤသည်တို့ကား ယိုးဒယားအပိုင်။
ဘယ်တိုင်တိုင် အရီမပျက် အပြုံးမပျက်သော
တိုင်ရီ ဖိနပ်စက်ရုံဟူသည်ကား
လူမျိုးခြား ပေါက်ဖော်တို့အပိုင်။
ရခိုင်နှင့်ချင်းပြည်နယ်တို့တွင်
အိန္ဒိယနှင့်ဘင်္ဂလားတို့က
အခြေချရန် ကြိုးပမ်းနေကြ၏။
အခြားအခြားသော
စက်ရုံကြီးငယ် အသွယ်သွယ်တို့သည်လည်းကောင်း
အိမ်ခြံမြေ အိုးအိမ်တိုက်တာ
စက်ရုံကုမ္ပဏီ အပေါင်းတို့သည်လည်းကောင်း
ဆိုင်ရာဆိုင်ရာတို့နှင့် ပေါင်းပြီး
တိုင်းရင်းသား အမည်ခံ
လူမျိုးခြားတို့ ပိုင်ဆိုင်သည်ကား အများအပြား။
မြန်မာစကား လုံးဝလုံးဝ မပြောတတ်သော
မြန်မာနိုင်ငံသား သည်ပင် ရှိချေသေး၏။
ကမ္ဘာမကြေ မြန်မာပြေ
ဒါတို့ပြေ ဒါတို့မြေ တို့ပိုင်တဲ့မြေ ။
ကမ္ဘာသည်ကား မကြေသေး
မြန်မာပြည်သည်လည်း ကမ္ဘာ့မြေပုံပေါ်၌
ထင်ထင်ရှားရှား။
သို့သော်
မြန်မာလူမျိုးတို့၏ ဘဝသည်ကား
အမှုန့် မဖြစ်ရုံတမယ်
ဖွတ်ဖွတ် ညက်ညက် ကြေခဲ့လေပြီတကား။
နေရဲနီ


A Very Good Poem! May all Myanmar read it and know it.
ReplyDeleteAll Myanmar should have patriotism
တခြားတော့မသိဘူးဗျာ........
ReplyDeleteမြန်မာပြည်ကတော့ တရုပ်ကိုလိုနီဖြစ်နေတာကြာပါပေါ့လား....
ဘုရင်ခံကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ.....
ဦးသိန်းစိန်တို့အုပ်စုကတော့
ဘုရင်ခံခန့်အပ်တဲ့အုပ်ချုပ်ရေးအဖွဲ့......
ကျုပ်တို့ပြည်သူတွေကတော့
တရုပ်ကျွန်ဖြစ်နေပါပြီ။
တရုပ်လက်အောက်က လွပ်လပ်ရေးရဖို့တွန်းလှန်ဖို့လိုနေပြီ။
Another master-piece of brilliant poet Nay Ye' Ni...
ReplyDeleteMay all citizens of Burma should get Patriotic Spirits and
motivated by poems of Nay Ye' Ni.
We all must wake up and fight for our freedom
and future of our lives...
There is nothing to be afraid of.......
thein sein can not put thousands of people in
prison.
All we need is UNITY and fight with Patriotic
people like Ko Min Ko Naing.
Let our dear leader Daw Aung San Suu Kyi
do her job.
We all must do our part too,
We must not avoid that.
Let's get started....!
Comment ရေးကြတဲ့မိတ်ဆွေများခင်ဗျား
ReplyDeleteEnglish ဖြင့်အပြည့်မရေးဘဲ
မြန်မာလိုကြားညှပ်ပြီးသော်လည်းကောင်း
မြန်မာလိုသက်သက်သော်လည်းကောင်း
ရေးပေးစေလိုပါတယ်ခင်ဗျား။
English ညံ့သောကျွန်တော်၏အားနည်ချက်ကြောင့်
မိတ်ဆွေတို့၏ Comment ကိုဖတ်ချင်သော်လည်း
အခက်အခဲဖြစ်ရပါသည်။
ထိုကြောင့် မြန်မာလိုဖြင့်ရေးပေးကြစေလိုပါသည်။
ကျေးဇူးတင်ပါတယ်ခင်ဗျား။
. . . . အောင်ကို
ဟုတ်ပါတယ်...တရုတ်တွေကိုအရမ်းရမ်းကိုမုန်းမိပါတယ်....သူများနိုင်ငံကိုလာပီး...သူများမြေမှာနေပီးး...သူတို့ကလုပ်ငန်းရှင်တွေ..ဖြစ်နေကြတယ်...တကယ်ပဲ..စီးပွားရေးဈေးကွက်မှာလဲသူတို့တွေချည်းပဲ...နေပြည်တော်..မန်းလေး..ရန်ကုန်..မြို့ကြီးတွေမှာ..ဈေးကြီးတဲ့နေရာတွေမှာ..သူတို့ပိုင်တာတွေချည်းပဲ...ငါတို့နိုင်ငံသားတွေဘာလုပ်ကြမှာလဲ...အမှန်အကန်ကိုနှိမ်နှင်းစေချင်ပါတယ်
ReplyDelete