Pages

Tuesday, February 7, 2012

ပြည်ထောင်စု မြန်မာနိုင်ငံတော်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ သန်လျင်မြို့ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံစဉ်...

ယနေ့မနက်ပိုင်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားမှုအား သန်လျင်မြိုတောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် ခရိုင်ကော်မရှင်ရုံးက ကော့မှူးမြို့နယ် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

မြင်ရတဲ့ မြင်ကွင်းကတော့ သန်လျင်ကော်မရှင် ဥက္ကဋ္ဌလို့ ၂ဘက် ရေးထားတဲ့စာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဥက္ကဋ္ဌအဖြစ် တွေ့မြင်ရတဲ့ ဓာတ်ပုံကို Getty Images ဓာတ်ပုံဆရာက မှတ်တမ်းတင် ရိုက်ကူးထားတာပါ...။

ကျွန်တော်တို့ နေထိုင်ရာ မြန်မာပြည်ဟာ ဇဗ္ဗူဒီပါ လက်ယာတောင်ကျွန်း နိမိတ်ထွန်းတဲ့ ကျွန်းဆိုလား..။
 မနက်ဖြန် ပုသိမ်အကြို သန်လျင်လူထုရဲ့ မြင်ကွင်း..
 
Getty Images, AP, Reuters

2 comments:

  1. မေစုရေ ..........
    လုံခြုံရေးကို အလေးထားပြီး ဂရုစိုက်ပါနော်

    ReplyDelete
  2. ထပ်ပီးပြောပါရစေ..
    မေစုရေ ..........
    လုံခြုံရေးကို အလေးထားပြီး ဂရုစိုက်ပါနော်..
    ခေတ်သစ်ဂဌုန်ဦးစောတွေရှိနေတယ်..
    မပြောကောင်းမဆိုကောင်း.အမေတစ်ခုခုဖြစ်လို့ကတော့..
    ကျုပ်တို့ဘယ်လိုမှ.ဘာနဲ့မှဖြေလို့ရမှာမဟုတ်ဘူး..
    အဲ့ဒီလိုဘယ်သောအခါမှမဖြစ်ပါရစေနဲ့..
    မြတ်စွာဘုရားမစတော်မူပါဘုရား.
    ကယ်တင်တော်မူပါ..

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။