ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖျာပုံ ခရီးစဉ် မြင်ကွင်းတွေပါ..။ အားကစားကွင်း ငှားမရတဲ့အတွက် ဖျာပုံမြို့နဲ့ ၁မိုင်ကျော် ဝေးတဲ့ သဲသောင်ပြင်မှာ ပြုလုပ်တဲ့ ဟောပြောပွဲဟာ ယခင်မြို့တွေမှာ ပြုလုပ်တာထက် လူဦးရေ ၂ဆများပါတယ်...။ ဖျာပုံ တမြို့လုံးနီးပါး ကြိုဆိုကြတာပါ..။
ဓာတ်ပုံများ AP, Getty Images, Reuters











ဒီလောက်ဆို သဘောပေါက်လောက်ပါပြီး ပြည်သူ ခေါင်းဆောင်ဟာ ဘယ်သူလဲ ဆိုတာ အရှက်မရှိတဲ့ မျက်နှာကြီးတွေနဲ့ ထိုင်မနေသင့်တော့ပါဘူး ဖယ်ပေးသင့်ဖို့ရန်အချိန်တန်ပါပြီး ကြိုက်တဲ့ အချိန် ကြိုက်တဲ့နေရာမယ် မလုပ်ရဘူးလို့ ကြိုက်သလို လုပ်ပါ ကြိုက်သလိုပိတ်ပင်ပါ ဒီလောက်ဆိုသဘောပေါက်ပါတော့ အချိန်မနှောင်သေးပါဘူး ရူးချင်ယောင်ဆောင်မနေကြပါနဲ့ တော့ ယနေ့ပြည်သူတွေက ဘယ်သူကိုအလို ရှိသလဲ ဘယ်သူ့ကို တန်းဘိုးထားလဲ ဘယ်သူ့ကို သူတို့ရဲ့ စံပြ ခေါင်းဆောင်အဖြစ်သတ်မှတ်သလဲ အားလုးံအသိပါ အခုကတည်း က ဒီထက်ပိုပြီးတော့ ပြုပြင်ပါ နောက်ကြမှ ဆိုရင်တော့ အကြနာမယ် သတိထား အရင်ခေတ်နဲ့ ဒီခေတ်မတူတော့ဘူး ရူးချင်ယောင်ဆောင်မနေကြပါနဲ့လို့ ထပ်တလဲလဲ ပြောပါရစေ။
ReplyDeleteစက်တင်ဘာဦးနေမိန္ဒ ( အမှန်တရားကိုဘယ်သူ အနိုင်ရဖူးလဲ)
1990 ရွေးကောက်ပွဲမှာထဲက တပ်မတော်သားနဲ့ ပြည်သူတွေက စစ်တပ်အုပ်ချုပ်တာကို မကြိုက်ဘူးဆိုတာ အဖွဲ့ချု့ပ်ကို အင်တိုက် အားတိုက် ထောက်ခံမဲပေးခြင်းဖြင့် ပြသခဲ့ပြီးပါပြီ။ အရှက်မရှိတဲ့ သန်းရွှေက တပ်မတော်ကို ခုတုံးလုပ် အသုံးချပြီး အာဏာကို ဖက်တွယ်ထားခဲ့တာပါ။ အာဏာကို ကိုင်ထားလေ ကြံ့ဖွံ့မဲခိုးအစိုးရ အရှက်ကွဲလေဖြစ်မှာပါဘဲ။
ReplyDeleteAbsolutely correct! Every one in this world knows what Myanmar people like and want.
ReplyDeleteဒီလိုမေး ၊ ဒီလိုတွေး ရွေးကောက်ပွဲမှာ မဲလေးပေး
ReplyDeleteကြားဖြတ်ရွေးကောက်ပွဲ ၀င်မည့် နိုင်ငံရေးပါတီများအနေဖြင့် တိကျတဲ့ ရွေးကောက်ပွဲ ကတိစကားများ မူဝါဒများ လမ်းစဉ်များကို ချပြဖို. အချိန် ရောက်ပါသည်။ ဒီမိုကရေစီရေး၊ လူ.အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး-- စတာတွေဟာ ယေဘူယျသာ ဖြစ်ပြီး လက်တွေ. လူထုက မဲထည့်ပေးလိုက်ရင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေ မဲပေးသူတွေအတွက် ဘာတွေကို လက်တွေ.ကျကျ တကယ် လုပ်ပေးမလဲဆိုတဲ့ တိကျတဲ့ ကတိစကားတွေ ဖြစ်ဖို. လိုပါသည်။
Be Specific and Achievable Promise ဖြစ်ပြီး အဲဒီ ကတိစကားတွေ တည်မတည် လုပ်ပေးနိုင်ခဲ့ခြင်း ရှိမရှိကို မဲထည့်သူတွေက Measurable ဖြစ်ဖို.လိုပါသည်။ ဒါမှသာ နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတွေဟာ ပေးထားတဲ့ ကတိတွေအတိုင်း ဘယ်အတိုင်အတာအထိ ဘယ်လောက်ထိ လက်တွေ.ကျကျ လုပ်ပေးခဲ့သလဲဆိုတာ တိုင်းတာလို. စစ်ဆေးလို. ထောက်ပြလို.ရမည် ဖြစ်ပါသည်။
ဒီမိုကရေစီ။ လူ.အခွင့်အရေးနဲ. တရားဥပဒေစိုးမိုးရေး---ဆိုတာ ကျယ်ပြန်.ပြီး အမေရိကန် ဗြိတိန်နဲ. ဥရောပနိုင်ငံတွေမှာတောင် အခုထိ မြင့်တင်နေရ ကာကွယ်နေရတဲ့ အရာတွေ မဟုတ်ပါလား။ ။ ဒါကြောင့် ရွေးကောက်ပွဲ ၀င်ကြမည့် နိုင်ငံရေး ပါတီတွေ ကိုယ်စားလှယ်တွေ အနေဖြင့် တိကျတဲ့ ကတိစကားတွေ လက်တွေ. ကျကျ ဖြစ်နိုင် လုပ်ပေးနိုင်မည့် အာမခံချက်တွေ ပေးဖို. မဲပေးကြမည့် ပြည်သူတွေက တောင်းဆိုရမည် မေးခွန်း ထုတ်ရမည် ဖြစ်ပါသည်။
ဒေါင်းအလံနဲ့ မသမာမှုတွေကို ဗျောင်းဆန်အောင်သာ မွှေပစ်လိုက်စမ်းပါဗျာ ကျနော်တို့ နိုင်ငံကြီး ကမ္ဘာ့အလယ်မှာ ထည်ဝါဘို့ (ကျနော့်ရဲ့ အမအရွယ်ပဲ ရှိပါတယ် ဒါပေမဲ့လေ လေးစားလွန်းလို့ အမေ လို့ ခေါ်ပါရစေ၊ ကျနော့်ရဲ့ အမေဟာ ကျနော် (၉) တန်းကျောင်းသား ဘ၀မှာ ဆုံး ခဲ့တာပါ ၊ အမေအရွယ်တွေ့တိုင်း အမေလို့ မခေါ် တတ်ခဲ့ပါဘူး) အမေ့ ရဲ့ မွန်မြတ်သန့်စင် တဲ့ လက်နှစ်ဖက်နဲ့ မြှင့်တင်ပေးပါ အမေရယ်.. ကျနော်ဟာ ဘာကောင်မှ မဟုတ်ပါဘူး၊ တတ်နိုင်သမျှ တဖက်တလမ်းက ကူညီပါ့မယ်။.. လောလောဆယ် ကျနော့်ရဲ့ ၀င်ငွေလေးထဲက လက်လှမ်းမီသလောက် ဆင်းရဲ့လို့ ၊ ဒုက္ခိတ ဖြစ်လို့ တောင်းစားနေရတဲ့ သူတွေတွေ့ရင် အနည်းဆုံး တစ်ထောင်လှူပါတယ်။
ReplyDelete