Pages

Wednesday, February 29, 2012

(ဒု) သမ္မတဦးတင်အောင်မြင့်ဦး(ရှစ်လုံး)နဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ဘယ်တွေသွား၊ ဘာတွေလုပ်နေလဲ...

ဝိုင်းပြထားတာကတော့ (ဒု)သမ္မတဦးတင်အောင်မြင့်ဦးနဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းတို့ပါ..
ဖေဖော်ရီလဆန်းပိုင်းက  (ဒု)သမ္မတ ဦးတင်အောင်မြင့်ဦးနဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ဘယ်တွေသွား၊ ဘာတွေလုပ်နေလဲလို့ မေးရပါမယ်...။ လတ်တလော သတင်းစာ မြင်ကွင်းတွေထဲမှာ ပျောက်နေတဲ့ သူတို့(၂)ဦးရဲ့ ခရီးစဉ်တွေပါ...။ ဒီသတင်းနဲ့ ပတ်သက်ပြီး သတင်းစာထဲမှာ ဖော်ပြပါရှိတာ မတွေ့ရသေးပါဘူး..။ သေချာတာကတော့ အင်မိုင်ခမြစ်(ခ) မေခမြစ်ပေါ်က စီမံကိန်းတွေကို ဆက်လက် လုပ်ဆောင်နေတယ် ဆိုတာပါပဲ။
နိုင်ငံပိုင် သတင်းစာတွေကနေ ဖော်ပြမယ့် ယခုခရီးစဉ် သတင်းကို စောင့်မျှော်နေပါတယ်...။ ဒီမိုကရေစီစံနစ်ကို ကူးပြောင်းနေချိန်မှာ ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်းတွေကို ဖော်ပြမယ်လို့ မျှော်လင့်ပါတယ်..။   မီဒီယာတွေ လက်လှမ်းမမှီနိုင်တဲ့ နေရာက အခြေအနေတွေပါ...။ ပြည်သူတွေကိုတော့ မလှည့်စားပါနဲ့လို့ ပြောပါရစေ..။ သတင်း၊ ဓာတ်ပုံများ ဆက်လက်ဖော်ပြပါမယ်..။

23 comments:

  1. ဒီမိုဝေယံကတော့ အာဏာရှင်တွေ ပြည်သူမသိအောင် ခြေပုန်းခုတ်နေတာတွေကို ဖွင့်ချလိုက်ပြန်ပြီ။
    ကြံ့ဖွတ် စစ်ဗိုလ်လူထွက်တွေရဲ့ အပြောတစ်မျိုး အလုပ်တစ်မျိုးလုပ်ရပ်တွေကို ဖော်ထုတ်တဲ့ သတင်းသမားပီသသော ဒီဝက်ဆိုက် အစဉ်အားပေးလျှက်ပါ။

    ReplyDelete
  2. ဆက်ဖော်ပြပေးပါ ရှစ်လုံးနဲ့မောင် ဇော်မင်း ဂွင်ဖန်နေပြီ

    ReplyDelete
  3. ဒီကောင်တွေ ခွေးကျင့်ခွေးကြံ ဖွတ်ကျင့်ဖွတ်ကြံ လုပ်နေပြီ။

    ReplyDelete
  4. အမြဲအားပေးလျက် ဒီမို

    ReplyDelete
  5. မြစ်ကြီးနားသားFebruary 29, 2012 at 8:11 PM

    တကယ့်ကိုတော်ပါတယ်။။ရှာရှာဖွေဖွေတင်ပြပေးတဲ့ ဒီမို အမြဲ အားပေး လျက်ပါ.။

    ReplyDelete
  6. (ဒု)သမ္မတဦးတင်အောင်မြင့်ဦးနဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းတို့ သတ္တိရှိလို့ အင်မိုင်ခမြစ်(ခ) မေခမြစ်ပေါ်က စီမံကိန်းတွေကို ဆက်လက် လုပ်ရင် ငါတို့က လည်း သတ္တိရှိပါတယ်။
    ရဲရင် လုပ်ကြည့်လေ..

    ReplyDelete
  7. Mayor of Mandalay,ဖုန်းဖော်ဟန်တော့ ဌာနပြောင်းခံရပြီ
    ဇော်မင်းတို့၊ မြင့်လှိုင်၊ ကျော်ဆန်း၊ တင့်ဆန်းတို့ရေဘယ်သွားကြမှာလဲ
    ၂၀၁၂-၂၀၁၃ကစပြီးတော့ ဆင်ချင်နေကြတော့ ရှစ်လုံးလဲသတိထားနေ

    ReplyDelete
  8. လူမိုက်တွေ ပေါင်းလျှင် လူမိုက် အလုပ်ပဲ လုပ်မှာပေါ့။ တိုင်းပြည်တော့ ပျက်ဦးမှာပါပဲ။

    ReplyDelete
  9. ခွေးအိုကြီးသေပါစေMarch 1, 2012 at 12:51 AM

    အာဏာရှင်အစစ်က ဘယ်သူဆိုတာသိသင့်ပြီနော်။ နောက်ကွယ်ကကြိုးကိုင်နေတာကို
    အားလုံးကလိုက် က နေကြရတာပါ၊သနားစရာကောင်းလှတဲ့ ၀ံကြီးတွေနော်။
    နောက်ကွယ်ကကောင်ကြီးကလည်းသေဘဲသေနိုင်ခဲတယ်။မြောက်ကိုးရီးယားလို
    မြေးတော်လေးနန်းတက်တာကို ဆန့်ငင်ဆန့်ငင်နဲ့စောင့်ကြည့်သွားမဲ့အနေအထားဘဲ

    ReplyDelete
  10. မီဒီယာသမားတစ်ယောက်ဟာ ဘက်မလိုက်ရဘူးဆိုတာတော့သိပါတယ်နော် ကိုဒီမိုရေ။ ကိုယ်ရေးတဲ့သတင်းကိုလည်း ကိုယ်တာဝန်ယူဖို့လိုတယ်နော်။ ကိုဒီမိုတင်ထားတဲ့ ပုံတွေက ဘယ်နေရာက ပုံတွေဆိုတာ တင်တဲ့သူကိုယ်တိုင်တော့ သိလောက်ပါတယ်နော်။ မသိရင်တော့ ပြောလိုက်ပါမယ်။ အဲဒီပုံတွေက ဒုသမ္မတရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ပါ။ ဒါကို သိသိလျက်နဲ့ ဆွသလိုဖွသလို လုပ်တာတော့ မီဒီယာသမားတစ်ယောက်အနေနဲ့ မသင့်တော်ဘူးလို့ထင်ပါတယ်။ ပြည်သူတွေကို ပြန်လိမ်နေတယ်လို့မြင်မိပါတယ်။ ကျွန်တော်တို့မီဒီယာသမားတွေရဲ့ ဂုဏ်ကိုလည်းထိခိုက်ပါတယ်

    ReplyDelete
  11. မြန်မာဆိုတဲ့ မျိုးချစ်စိတ်ဓါတ် တိုင်းပြည်ချစ်တဲ့ စိတ်ဓါတ် နဲနဲလေးတောင် မကျန့်တော့ဘူးလားဗျာ....
    ရလာမည့် အကျိုးဆက်ကိုလဲ သိနေတာဘဲ ဘာဖြစ်လို့ ဒီလိုဆက်လုပ်နေတာပါလိမ့် သူတဦးကောင်းမှုအတွက် ကျန့်တဲ့သူ အများစုက စတေးပေးရမည် သဘောလားဗျာ...

    ReplyDelete
  12. ဒီမိုဝေယံMarch 1, 2012 at 1:44 AM

    အပေါ်က ပုဂ္ဂိုလ် မေးလို့ ရေးလို့ ဖြေလိုက်မယ်...
    ရေမြေအနေအထားအရ ရခိုင်လား ကချင်လားဆိုတာ သေချာကြည့်ပါ..
    ရခိုင်ကျောက်ဖြူ ခရီးစဉ်က ဒေဝူးကုမ္ပဏီရဟတ်ယာဉ်နဲ့ သွားတာ
    လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းပါလား ဒီနေ့သတင်းစာမှာ သေချာပြန်ဖတ်ပါ..
    ဝေဖန်မယ် ဆိုရင်သေချာလေ့လာပြီးမှ ဝေဖန်ပါ..
    ယခုရဟတ်ယာဉ်က ရုရှားလုပ် MI 17 သေချာလေ့လာစေချင်ပါတယ်...
    ဓာတ်ပုံများ မကြာမှီ ဆက်လက်ဖော်ပြ ပေးသွားပါဦးမယ်..။

    ReplyDelete
  13. ဒီမိုဝေယံMarch 1, 2012 at 2:32 AM

    ကိုညီညီခင်ဗျား အဓိပ္ပါယ်ကောက်လွဲပြီး ရက်စွဲ မှားယွင်းဖော်ပြမိတာဖြစ်ပါတယ်...။ သတင်းစာက ဓာတ်ပုံတွေ ယှဉ်ကြည့်နိုင်ပါတယ်..။ ဒီနေ့သတင်းစာဓာတ်ပုံက ခန်းမအနေအထား၊ ရေမြေအနေအထား၊ အသုံးပြုတဲ့ ရဟတ်ယာဉ်၊ ဝန်ကြီးစာရင်းမှာ ဦးဇော်မင်းပါမပါ... တိုက်ဆိုင်စစ်ဆေးကြည့်ပါ။ ကိုယ်တင်တဲ့ သတင်းကိုယ် အာမခံပါတယ်..။
    အဖြေမှန် ပေါ်လာပါလိမ့်မယ်..။

    ReplyDelete
  14. ဒါမှတို့ ဒီမိုကွ..

    ReplyDelete
  15. လုပ်ထား ဒီမို ရေ...
    အားပေးနေလျှက်ပါ။

    ReplyDelete
  16. တရုတ်ဆီက ဒေါ်လာတွေ စားထားတော့ KIA ကို တိုက်ပေးနေရတယ်လေ။ KIA ကို (၈)လုံး ကြီးက တိုက်ခိုင်းတာပါ။ KIA ပြုတ်မှ ဒီစီမံကိန်းတွေ အကောင်အထည်ဖော်လို့ ရမှာလေ။

    ReplyDelete
  17. သတင်းအမှန်ဖြစ်စေရန်ရည်ရွယ်ပါသည်။ တင်ထားသောပုံများမှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သူဌေးချောင်းစီမံကိန်းမှ ပုံများဖြစ်ပါသည်။

    ReplyDelete
  18. (၈)လုံးကြီးနောက်တွင် ထိုင်နေသောသူများမှာ မည်သည့်ပြည်နယ်မှ လူကြီးများဖြစ်သည်ကိုလေ့လာစေလိုပါသည်။

    ReplyDelete
  19. ဟုတ်ဘူးဗျ။ သူတို့အားလုံးက ဗိုလ်မှူးကြီးနေဝင်းက တဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခိုင်းရာကို လုပ်နေကြရတာပါ။ ဗိုလ်မှူးကြီးနေဝင်းအကြောင်း သိတဲ့လူ ရှိရင်ဖေါ်ထုတ်ကြပါ။သိရသလောက် သူက အခရာ ပါ။

    ReplyDelete
  20. ဒီသတင်းဓာတ်ပုံတွေ အတွက် ထောက်ပြဝေဖန်ပေးတဲ့ အတွက်ကြိုဆိုပါတယ်..။ ဆက်လက် တင်ထားတဲ့ မေခမြစ်ပေါ်က ချီဖွေရေအားလျှပ်စစ်စီမံကိန်း နောက်ဆက်တွဲပုံများကိုလည်း ဝေဖန်ထောက်ပြပါ..။ ကျွန်တော်တို့ ပြည်သူ ပြည်သားတိုင်းနဲ့ ဆိုင်ပါတယ်...။ ချီဖွေစီမံကိန်း ဆက်လက်လုပ်ကိုင် နေလားဘာလားဆိုတာ..။ သက်ဆိုင်သူတွေကို ဖိတ်ခေါ်ပါတယ်..။ ဖွလိုတဲ့ ရည်ရွယ်ချက်ဖြင့် မဟုတ် ပြည်သူတွေ သိရှိစေလိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

    http://www.demowaiyan.co.cc/2012/03/blog-post.html
    ကျွန်တော်လည်း ပေးပို့ ရရှိထားတဲ့ အထောက်အထားပုံတွေကို ဆက်လက်တင်ပြပါမယ်..။ အားလုံးကို ကြိုဆိုဖိတ်ခေါ်ပါတယ်..။

    ReplyDelete
  21. ကိုဒီမိုရေ.....ကျေးဇူးပါပဲဗျာ
    ဒီလူတွေလိမ်စားနေတာကြာပြီဗျ..
    ဟိုအပေါ်က Nyi Nyi ဆိုတာ ငါးမင်းဆွေများဖြစ်နေမလားဗျာ....
    ဒါမှမဟုတ် ရှစ်လုံးက လူငှားေ၇းခိုင်းတာလား........
    နောက်ထပ် Post အသစ်တွေ ထပ်တင်ပေးပါအုံး.....
    ဆက်လက်ယုံကြည်အားပေ့းနေမယ့်
    ...
    ...............................နေမျိုးနိုင်

    ReplyDelete
  22. သတင်းအမှောင်ချ ထားတာကိုမှ ဖော်ပြပေးနိုင်တာ ကျေးဇူးပါ နော် ၊

    ReplyDelete
  23. တရုတ်ကြီးတွေက ပြောတယ်၊ အာ ကုန် လုံ ထမင်းစားတဲ့ လူကြီးတွေပဲတဲ့။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။