Pages

Sunday, February 19, 2012

ရွှေညဝါဆရာတော် သီတင်းသုံးနေထိုင်မည့် မှော်ဘီမြို့သို့ ရောက်ပြီ...

မှော်ဘီမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော် ဘဒ္ဒန္တ ဇနိန္ဒအား ဦးစွာဝင်ရောက် ဖူးမြော်ခဲ့သည်။
ရွှေည၀ါဆရာတော် သီတင်းသုံးမည့် မြေကွက်လပ်အတွင်းရှိ ကြက်ခြံဟောင်းတွင် ဆရာတော်အား စောင့်ဆိုင်းနေကြသည့် ရဟန်း၊သံဃာ၊ သီလရှင်များအား တွေ့ရစဉ်။
ရွှေည၀ါဆရာတော် သီတင်းသုံးနေထိုင်မည့် ကျောင်းသင်္ခန်းအား ယခုမှ ဆောက်လုပ်နေကြသည်ကို တွေ့ရစဉ်...
ရွှေည၀ါဆရာတော် သီတင်းသုံးမည့် ခြံဝန်းအတွင်း ၀င်ရောက်လာစဉ် ကြိုဆိုနေကြသည့် ပရိသတ်များ.
 ရွှေည၀ါဆရာတော် ခြံဝန်းအတွင်းရောက်ရှိလာစဉ်
ခံဝင်းအတွင်း လာရောက်ဖူးမြော်ကြသည့် ပရိသတ်များ။
သတင်း၊ ဓာတ်ပုံ 7Day News Journal
ဆရာတော်နှင့် တသားတည်းရှိသည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ...
ဓာတ်ပုံ...The Voice Weekly
သာဓုကျောင်းတိုက်မှ ထွက်ခွာလာသော ရွှေညဝါဆရာတော် ဦးပညာသီဟကို သီတင်းသုံးဖော် သံဃာတော်များနှင့် တပည့်ဒါယကာ ဒါယိကာမများက လိုက်လံပို့ဆောင်ကြရာ BM ကား အစီး ၂၀ ခန့်နှင့် အိမ်စီးကား အများအပြား ပါဝင်ကြောင်း၊ ဆရာတော် ဦးပညာသီဟသည် အဆိုပါ ယာဉ်တန်း ရှေ့ဆုံးမှ လင်ခရူဆာ အမျိုးအစား ၃ခ/၂၂၃၄ မော်တော်ယာဉ်တွင် စီးနင်း လိုက်ပါလာကြောင်း၊ ဆရာတော်သည် မှော်ဘီမြို့ သဲအင်းဂူရှိ ကြက်ခြံနှစ်ခြံကို ဖျက်၍ ယာယီ ဆောက်လုပ်ထားသော ကျောင်းသင်္ဃန်းတွင် သီတင်းသုံးမည် ဟုသိရကြောင်း အဆိုပါ ခရီးစဉ်တစ်လျှောက် လိုက်ပါ သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

6 comments:

  1. ဘုရားသားတော်ဆိုတာ အဲဒီလို ပြတ်သားရမယ်။ ဒါဟာ ကျရှုံးတာ မဟုတ်ဘူး။ ဘောင်းဘီချွတ်ကြံ့ဖွံ့အစိုးရရဲ့ သရုပ်မှန်ကို တစ်တိုင်းပြည်လုံး သိအောင် ဖော်ပြပေးလိုက်တာဖြစ်တယ်။

    ReplyDelete
  2. သာသနာ ကိစ္စဆိုတော့ ကျွန်တော့်အနေနဲ့ကတော့ ဘာမှတော့ မပြောချင်ဘာဘူး
    ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်က ကောင်းမလိုလိုနဲ့ ပိုပြီးဆိုးလာတော့မဲ့ပုံပဲ
    ဒီလောက်ပဲပြောချင်ပါတယ်

    ReplyDelete
  3. တဖက်မှာတော့စစ်အုပ်ချုပ်ရေးတရားဝင်ဖြစ်ဖို့နဲ့စီပွါးရေးတံခါးတွေပွင့်လာဖို့အတွက်ဟန်ပြမဲဆွယ်လွတ်လပ်ခွင့်တွေပြု့ထားပြီး
    တဖက်မှာကြတော့လယ်သမားမခွင့်အရေးတောင်းဆိုမှုတွေနဲ့
    သံဃာတော်တွေကိုနည်းမျိုးစုံနဲ့ဖိနှိပ်နေတာတွေ
    ဧရာဝတီမြစ်ဆုံကိုရပ်ဆိုင်းထားကြောင်းကြေညာပြီးဧရာဝတီမြစ်ဝှမ်းဘက်မှာ
    ဆက်လုပ်ပြန်တယ်ကလိမ်ကကြစ်တွေပါဘဲ
    တကယ်တော့အရာကြီးနဲ့ဘာဘူကြီးအတူတူပါဘဲဗျာ

    ReplyDelete
  4. အာဏာရူးတွေကျဆုံးပါစေ။
    ပြုပြင်ပြောင်းလဲရေးသမားများအောင်မြင်ပါစေ။
    သူရဦးရွှေမန်းလွှတ်တော်မှာပြောကြားချက်များကိုထောက်ခံပါတယ်။
    နောက်ပြန်လှည့်ရင် ချောက်ထဲကျမယ်
    သမတကြီးခင်များ ရှေ့မသွားပဲ နောက်ပြန်လှည့်နေတဲ့ ၀န်ကြီးများကို ဖြုတ်ပါ
    ပြုပြင်ရေသမားများကို နေရာပေးမှ တိုင်းပြည်ချမ်းသာမှာဖြစ်ပါတယ်

    ReplyDelete
  5. ဘုန်းတော်ကြီးတွေ ၊ မယ်သီလရှင်တွေကို ကြက်ခြံထဲမှာမြင်တွေ့ရတာ အလွန်စိတ်မကောင်းဖြစ်မိပါတယ်။
    ဘယ်လိုမှမအပ်စပ်ပါဘူး။ သက်ဆိုင်သူတွေကတော့ တူသောအကျိုးပေးကိုရကြမှာပါ။
    ဗိုလ်ခင်ညွန့်တောင် ဘယ်လိုဘဝမျိုးရောက်သွားလည်းကြည့်ကြပါ။ ယခုခေတ်က သေပြီးမှဝဋ်လည်တာ
    မဟုတ်ပါဘူး။ အကျိုးပေး သိပ်မြန်တယ်နော်။ သက်ဆိုင်ရာတာဝန်ရှိသူတွေနေရာက ကြည့်ရင်တော်တော်ကို
    ကျောချမ်းစရာကောင်းပါတယ်။ တူသောအကျိုးပေးကြပါစေ။

    ReplyDelete
  6. ကန်းကုန်အောင် မိုက်တဲ့ဟာတွေ ဘုန်းကြီးကို တောင် အာဏာပြတဲ့ ကောင်တွေ။ ဘုန်းကြီးတွေ သီလရှင်တွေ ကြက်ခြံထဲမှာ တွေ့ရတာ စိတ်မကောင်းလိုက်တာ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။