Pages

Sunday, February 19, 2012

အာဏာစက်ထက် ခဲတံချွန်စက်ကမှ ပိုအသုံးဝင်ဦးမယ်.... (ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား အာဏာစက်ဖြင့် အရေးယူမည်)

ဗန်းမော်ဆရာတော်ကြီးရဲ့ ဓမ္မစက်နဲ့ထုတ်ပြန်ခဲ့တဲ့ အမိန့်စာကို ပယ်ချတဲ့
အာဏာပိုင်တွေကို ဘာစက်နဲ့ အရေးယူမလဲ...

ဒီကနေ့ထုတ် သတင်းစာမှာ ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား အာဏာစက်ဖြင့် ဆောင်ရွက်မည်တဲ့။ နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့အစည်းကိုပါ ထိ...ပါးစော်ကားမှု ကျူးလွန်ခဲ့တယ်ဆိုလို့ ပြောရပါဦးမယ်။

နိုင်ငံတော်အဆင့် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးက ရွှေညဝါဆရာတော်ကြီး တရားပြန်လည် ဟောခွင့်ပြုမိန့်အား ဗန်းမော်ဆရာတော်ကြီးရဲ့ ဓမ္မစက်လုပ်ပိုင်ခွင့်နဲ့ ထုတ်ပြန်တာကို ဥပဒေနဲ့ မညီဆိုပြီး ပြန်လည် ပယ်ချပိတ်ပင်တာ နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့အစည်း ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးကို စော်ကားတာ မဟုတ်လို့ ဘာလဲဗျ...။

ရွှေညဝါဆရာတော်ကြီးအား ကျောင်းတိုက်မှ အဓမ္မဖယ်ရှားရေး ၄၇ပါးစုံညီ ထုတ်ပြန်စာကို `ဥက္ကဋ္ဌဆရာတော်ကြီး မသိပဲထုတ်ပြန်တာလည်း အမြင့်ဆုံးအာဏာပိုင် ဥက္ကဋ္ဌဗန်းမော်ဆရာတော်ကြီးကို စော်ကားတာ မဟုတ်ဘူးလား၊ လုပ်ရပ်လေခြင်းလို့ ဗန်းမော်ဆရာတော်ကြီး မိန့်တော်မူခဲ့တာ အတိအကျသတင်းပါ။

ဒီတော့ ဗန်းမော်ဆရာတော်ကြီးရဲ့ အမိန့်စာကို မထေမဲ့မြင်ပြု၊ ဗန်းမော်ဆရာတော်ကြီး မသိပဲ အစည်းအဝေးဆုံးဖြတ်ချက်တွေချပြီး ထိပါးစော်ကားတဲ့ အာဏာပိုင် အာဏာစက် သာသနာရေးဦးစီးဋ္ဌာနကို ဓမ္မစက်နဲ့ သာသနာတော်ကို အာဏာဖြင့် ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိလို့ ပြန်အရေးယူ ထုတ်ပြန်ရင် လက်ခံမလား..

လက်ရှိ အာဏာအတွက် သာသနာကို ခုတုံးလုပ် အကြပ်ကိုင်နေသူ အာဏာပိုင် ပုဂ္ဂိုလ်တချို့သည် အပြောင်းအလဲတခုကို သွေဖည်အောင် လမ်းကြောင်းတခုခုပေါ် မရောက်ရောက်အောင် အတင်းတွန်းပို့ နေသည်ဟု သုံးသပ်မိသည်...။ အရှုံးကို ရင်မဆိုင်ရဲသည့် လောင်းကစားဝိုင်းမှ ပွဲဖျက်လုယူ သူများ၏ အောက်တန်းကျသော အဆင့်သာသာ သာ ရှိပေတော့သည်။

10 comments:

  1. By seeing all the recent events, it is very obvious that what intention the government really has and why they are pretending and persuading people. At last, a fox is just fox, and will never become a rabbit. They cannot pretend more longer.

    ReplyDelete
  2. ရဟန်းခံပြီးသား သိက်ခါ မချသေးပါဘဲ။ ကိုယ်တိုင်လည်း သိက်ခါ မချသေးပါဘဲ ထောင်ကလွတ်လာတဲ့ ရဟန်းတစ်ပါးကို သင်္ကန်းပြန်ဝတ်ခွင့် တောင်းပြီး ၀တ်ခွင့်ရမှ ၀တ်ရမည်ဆိုတဲ့ ညွှန်ကြားလွာက ဘယ်သိက်ခါပုဒ်ကို အခြေခံပြီး ထုတ်တာပါလဲ။ ၂၂၇ သွယ်တယ် ဘယ်အခန်းမှာပါပါသလဲ ရဟန်ပညာရှိ ဘုန်းကြီးလူထွက် ပညာရှိများ ဖြေကြားတော်မူပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။ (ဒကာတစ်ဦး)

    ReplyDelete
  3. ၁။ သာသနာ့အာဇာနည် ရွှေဝါရောင်ဦးဆောင် ဘုရားသားတော် အရှုင်ဂမ္ဘီရကို ဖမ်းပြီး လူဝတ်လဲတုန်းက ဘယ်သံဃာနာယကဆရာတော်ကိုများ လျှောက်ထားခွှုင့်ပန်ခဲ့ပါသလဲ။
    ၂၊ ထောင်ထဲမှာ ခေါင်းကို အိတ်စွပ်ပြီး စိတ်ကြီုက်ရိုက်နှက်တုန်းကေ၇ာ မဟနများတားမြစ်ခဲ့ပါရဲ့လား။
    ၃။ ထောင်ကလွတ်လာသော သံဃာတစ်ပါးကို နေစရာ မရှိအောင်လုပ်၊ တံခါးဖွင့်ပြီး ကျောင်းထဲဝင်နေတော့ ဥပဒေချိုးဖောက်တယ်ဆိုပြီး ထောင်ချဘို့ စီစဉ်ပြန်ပြီလား။
    ၄။ ရွှေဝါရောင်တော်လှန်ရေးကြီးကြောင့် စစ်အာဏာရှုင်ကြီးတွေ ရာသက်ပန်အာဏာထိုင်ခုံအိပ်မက် ပျက်ခဲ့လို့ အငြိုးအတေးနဲ့ ထောင်ထဲပြန်ထည့်တာလား။
    ၅။ အရှင်ဂမ္ဘီ၇ဘက်ကပြန်ပြီး ဖြေရှုင်းချက်ထုတ်မယ်ဆိုရင်ကော လွတ်လပ်ခွင့်ရှိတယ်ဆိုတဲ့ အစိုးရက သတင်းစာထဲမှာ ထည့်ပေးမလား။

    ReplyDelete
  4. အသုးံမကျလိုက်တဲ့ အစိုးရ သုးံစားမရတဲ့ မဟန ၊ မဟန ကိုရင်ကြီးများ အဖွဲ့ မင်းတို့က ဖိုးသူတော်တွေ ဆိုတော့ နောက်က ကြိုးကိုင်ပြီး ခိုင်းသမျှ အကုန်လုပ်နေတာပေါ့ ၊အဲဒါကြောင့် မြတ်စွာ ဘုရား ရှင်က ငါဘုရား `၏ သာသနာကို ငါဘုရား ၏ သာသနာတွင်း ရဟန်းသံဃာများက သာလျှင် ဖျက်စီးမည် ဆိုတာ မင်းတို့ လို အသုးံမကျတဲ့ မဟန ကို၇င် ကြီးများ ရည်ညွှန်းပြီး ပြောတာ မဟန ကိုရင်ကြီးများ ကို သပိတ်မှောက်ကြဖို့ အချိန်တန်ပြီး ။
    စက်တင်ဘာဦးနေမိန္ဒ ( အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)

    ReplyDelete
  5. နိုင်ငံရေးဆိုတာ ရဟန်းနဲ.မပါတ်သက်ရဘူးလား၊ ပြည်သူတွေစိတ်ဆင်းရဲနေရလဲ ဒီအတိုင်းထိုင်ကြည်.နေ တော.မှာလား မဟန ဆရာတော်ကြီးများဘုရား

    ReplyDelete
  6. ဘာမှမဖြစ်ခင် ဆရာတော်အတွက်ဝိုင်းဝန်းကန့်ကွက်ပေးကြပါ။ သတင်းစာထဲပါတယ်ဆိုတာ သွေးတိုးစမ်းတာ
    ဖြစ်နိုင်ပါတယ်။ လူတွေသိပ်ပြသနာမရှိလောက်ဘူးထင်ရင် သူတို့ဆရာတော်ကို ပြန်ဖမ်းပြီး နဂို ပြစ်မှု
    တွေပါပြန်တပ်ပြီးအပြီးတိုင် ထောင်ထဲမှာထားဖို့ကြံကြမှာပါ။ သူတို့ဖမ်းချင်ရင် အချိန်မရွေးဖမ်းနေကြပါ။ အခုက အခြေအနေအရ လွှတ်ပြီးခါစ ပြန်မဖမ်း
    ရဲလို့ပါ။ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပြီးထဲက ဘယ်သူ့ကိုမှလည်းပြန်မဖမ်းရသေးဘူးဆိုတော့ ပြန်ဖမ်းဖို့
    မရဲသေးတာပါ။ နိုင်ငံတကာ ဖိအားတွေကြောင့်လည်းအများကြီးပါပါတယ်။ sanction ကိုလည်းရုတ်စေချင်သေးတယ်လေ။ နိုင်ငံတော်အတွက်အားကိုးရတဲ့ဆရာတော်တွေ တိုက်ခိုက်ခံနေကြရပါတယ်။ ကြိုးစားတော်လှန်ပေးကြပါ။

    ReplyDelete
  7. မေ- -ိုး အောင်သောင်း နဲ့ အံ့မောင် သူတို့ လက်ချက် ပါ။

    ReplyDelete
  8. 47 ပါးသော မဟန ဆရာတော် တွေရဲ့နေရပ်လိပ်စာနဲ့ ဘွဲ့တော်တွေကို သိချင်ပါတယ်...ကူညီပါအုံး..

    ReplyDelete
  9. Copy from မောင်သစ္စာ comments_Irrawaddy blog
    သံဃာ့နာယက ဆရာတော်ကြီးများနင့်တကွ အားလုံးသော ရဟန်းများဟာသီလစောင့်ထိန်းထားတဲ့သူတွေဖြစ်လို့ ဝေဖန်မယ်
    ဆိုယင်ကိုယ့်ကိုယ့်ကိုသီလလုံရဲ့လား ပြန်လည်ဆန်းစစ်ကြည့်ကျပါအုန်း။
    သီလမလုံဘဲနဲ့ ပြောဆိုမိရင် ပိုပြီးအပြစ်ကြီးလို့ သတိတရား လက်ကိုင်ထားပြီး ရေးသားကြပါလို့ ။
    သံဃာကို ဘယ်လိုခွဲခြားရမလဲဆိုရင် ဘုရားဟောအတိုင်း အရိုးဆုံး၊ အရှင်းဆုံးနည်းကတော့ဂန္ဓဓူရ၊၀ိပဿနာဓူရ
    နှစ်ပါးကိုကျင့်ဆောင်သူဟုတ်/မဟုတ် ပိုင်းခြားရုံပါပဲ။
    ဆရာတော်ဦးဥတ္တမတို့ ဆရာတော်ဦးဝိစာရတို့ဟာ သာသနာနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေ ဖြည့်တင်းပြီးမှ နိုင်ငံရေးထဲ ၀င်ခဲ့တာ ဖြစ်တယ်။
    နှစ်ပါးလုံးဟာ ပခုက္ကူအလယ်တိုက်ကြီးမှာ ပရိယတ်စာပေတွေကို ကျကျနန သင်ယူခဲ့တဲ့ အပြင်၊ ဆရာတော်ဦးဝိစာရဆိုရင် စာချဘုန်းကြီးတောင် လုပ်ခဲ့သေးတယ်။ နောက် နိုင်ငံရေးလုပ်လို့ အလယ်တိုက်ကြီးက ထွက်ပေးခဲ့ရတယ်။ ဆရာတော်ဦးဥတ္တမဆိုရင်လဲ ကမ္ဘာသုံးဘာသာစကားကို ကျွမ်းကျင်စွာ တတ်မြောက်ပြီး ထိုခေတ်က ကမ္ဘာ့နိုင်ငံရေးကိုပါ ၀င်ဆန့်နိုင်တဲ့ ဆရာတော် ဖြစ်ပါတယ်။
    ဒီလိုအရည်အချင်းမျိုးနဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးဦးဥတ္တမဟာ ဘ၀ဇာတ်သိမ်းတော့ ဘယ်လို သိမ်းခဲ့ရသလဲ။
    တိုင်းပြည်ရဲ့ ကျေးဇူးရှင်ကြီးဟာ အမှိုက်ပုံမှာဟိုဟာကောက်စား ဒီဟာကောက်စားနဲ့ အရူးကြီးပမာ ဖြစ်ခဲ့ရရှာတယ်။
    ပြောချင်တာက နိုင်ငံရေးလောကဆိုတာ ကိုယ်အလိုအကြိုက်နဲ့ လိုက်ဖက်အောင် ဆောင်ရွက်ပေးနေတုန်းသာအလေးထားပေမဲ့ ကိုယ့်အကြိုက်နဲ့ အံမ၀င်တော့ရင်မသိကျိုးကျွံ ပြုလိုက်ကြတယ်
    ဆိုတာပါ။
    အခု ဦးဂမ္ဘီရ ဆိုတဲ့ ကိုယ်တော်က ဆရာတော်ဦးဝိစာရ၊ ဆရာတော်ဦးဥတ္တမတို့လို ပရိယတ်နဲ့ နိုင်ငံရေးအသိပညာ အရည်အချင်းတွေ ရှိနေပါပြီလား။
    မီဒီယာတွေနဲ့ ပြောတဲ့ ဆိုတဲ့ နေရာမှာတောင် ဘုရားသားတော်သံဃာတော်တစ်ပါးရဲ့ ယဉ်ကျေးမှုကို ပြသနိုင်တဲ့ အနေအထားမျိုး မတွေ့ ရပါဘူး။ ပြောရရင် တောသားရဲ ဆွဲထုတ် ဆိုတာမျိုးပဲ။
    ဒီလိုအရည်အချင်းမျိုးနဲ့ နိုင်ငံရေးလုပ်လို့ကတော့ တခြားသံဃာတော်တွေကို အရှက်ရစေလိမ့်မယ်။

    ReplyDelete
  10. ကျေးစေတမန် ကကော်ပီလုပ်ပြီး ဝေမျှသည်။

    ဦးဂမ္ဘီရအပေါ် ပြည်သူတစ်ချို့၏ အမြင်သဘောထား

    လုပ်ပါ ဒီလိုအချိန်မှာ နိုင်ငံရေးလုပ်ပါ..ဘာပဲဖြစ်ဖြစ် အခွင့်ရေးလို့ပဲ သဘောထားထား၊ နာမည် ကြီးချင် လိုပဲဖြစ်ဖြစ်၊ တကယ်ကို ခံယူချက်ကြောင့်ဖြစ်ဖြစ် ရဟန်းဝတ်နဲ့တော့ မလုပ်ကြ ပါနဲ့ဗျာ ..မြင်လည်း မကောင်းဘူး..လွတ်လည်း မလွတ်လပ်ဘူး တကယ် တွေးကြည့်ရင် သင်္ကန်းကို ကာဗာ လုပ်ပြီးတော့ နိုင်ငံရေး လုပ်နေတာလို့ ထင်တယ် လုပ်ချင်ရင် လူထွက် လူထွက်ပြန်တော့ အပြင်မှာ နိုင်ငံရေးမပြောနဲ့ စားရေး သောက်ရေးနဲ့တင် လုံးလည်လိုက်နေတာ အဲဒါကို သိတာပေါ့ ဒါကြောင့် မထွက်ဘဲ ယောင်ယောင် လုပ်နေတာလို့ ထင်တယ် လုပ်ပါ လူထွက်ပေါ့ ခပ်တင်းတင်းလုပ် ဘုန်းကြီးဝတ်နဲ့ နေမယ်ဆိုလည်း ဟောတရားဟော .. တခြားဘာသာတွေ အယူတွေကို မပုတ်ခတ်ဘဲနဲ့ မိမိတို့ဘာသာ အကြောင်းကို ယုံကြည်သက်ဝင်အောင် ပြန့်ပွားအောင် လုပ်ရမယ်..ခုတော့ ဒကာလာပို့တဲ့ ဆွမ်းကိုစားပြီး နိုင်ငံရေးလုပ်ဖို့ အကြောင်းတွေးနေရင် သေလို့ကတော့ လူထက်ဆိုးတယ် ဘုန်းဘုန်းရေ....

    သံဃာကို သံဃာလို့ပဲမြင်ကြဖို့လိုပါတယ်၊ အစိုးရကို မကြည်လို့ အစိုးရနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ကြီးကို အပျက်သဘောဆောင် ပြောဆိုနေတာတွေ ရပ်တန့်သင့်ပါပြီ။ “မဟန” လို့ ခေါ်နေကြတာကိုက အဂါရဝ ဖြစ်နေကြပါပြီ။ သံဃာကို ဘယ်လိုခွဲခြားရမလဲဆိုရင် ဘုရားဟောအတိုင်း အရိုးဆုံး၊ အရှင်းဆုံးနည်းကတော့ ဂန္ဓဓူရ၊ ၀ိပဿနာဓူရ နှစ်ပါးကို ကျင့်ဆောင်သူဟုတ်/မဟုတ် ပိုင်းခြားရုံပါပဲ။ အဲဒီဓူရ (၂) ဖြာ ကျင့်ဆောင်နေသူ မဟုတ်လျင် သမုတိသံဃာ အစစ်အမှန်ရယ်လို့ ပြောလို့ မရပါ၊ (ဂန္ဓဓူရ=ပရိယတ္တိစာပေ သင်အံ့ပို့ချခြင်း၊ ၀ိပဿနာဓူရ=ပရိပတ္တိ ကမဌာန်း တရားများ ကျင့်ကြံ ပွားများခြင်း) အခုလူအများက နိုင်ငံရေးနှင့် ဘာသာရေး ရောထွေးပြီး အမြင်တွေ ကွဲပြားနေခြင်း သာဖြစ်ပါတယ်။ သာသနာအတွက် အရမ်းအန္တရာယ် ကြီးလှပါတယ်။ ရွှေညဝါ ဆရာတော်ကြီး ကြုံတွေ့ နေခဲ့တဲ့ ပြဿနာကလည်း ရောထွေးမှုကြောင့် ဖြစ်လာရတာပါ၊ ပရိယတ္တိ တာဝန်သက်သက် ထမ်းနေရင် ဘာအပြစ်မှ ဖြစ်လာဖွယ်မရှိပါ။ တစ်ခုပဲ သေသေချာချာ စဉ်းစားစေချင်ပါတယ် ထေရဝါဒ သာသနာ ထွန်းကားနေပါတယ် ဆိုတဲ့ မြန်မာပြည်ရဲ့ အနာဂါတ်မှာ တိဗက်က ဒလိုင်းလာမားလို ပုဂ္ဂိုလ်မျိုးတွေ ထွက်လာမှာကို မြင်ချင် နေကြပါသလား၊ ဒလိုင်းလာမားရဲ့ ခေတ်မှာ တရုတ်ပြည်မှာ ဘာသာမဲ့ ဦးရေ အရှိန်အဟုန်နဲ့ တိုးပွားနေတဲ့ ခေတ်ဆိုတာ အမှတ်ထားစေချင်ပါတယ်။

    သံဃာ့အဖွဲ့ အစည်းက ပြဋ္ဌာန်းထားတဲ့ သံဃာ့အဖွဲ့ အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများတို့ ညွှန်ကြားလွှာများတို့ စတဲ့စတဲ့ စည်းမျဉ်း စည်းကမ်းတွေအပြင်၊ ၀ိနည်းဓမ္မကံ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေ၊ ၂၀/၉၀ ဥပဒေ ဆိုတာတွေက တည်ဆဲအနေနဲ့ ရှိနေပါတယ်။
    ဦးဂမ္ဘီရ လုပ်ခဲ့တာတွေဟာ အဲဒါတွေနဲ့ လုံးဝ ဆန့်ကျင်နေတယ်။ ဒီလို ဆန့်ကျင်လုပ်လို့ကတော့-အရေးယူခံရတာက လွဲလို့ ဘာမှ ထူးလာမှာ မဟုတ်ဘူး။ ဒါတွေကို မကြိုက်လို့ ပြင်ချင်တယ် သို့မဟုတ် ပယ်ဖျက်ချင်တယ် ဆိုရင် ဦးဂမ္ဘီရ အနေနဲ့ ပရိယတ် ပဋိပတ် အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ဆရာတော် သံဃာတော်တွေရဲ့ ထောက်ခံမှုရအောင် အရင်ဆုံး လုပ်ရမယ်။ ဒီလို လုပ်နိုင်ဖို့ ဦးဂမ္ဘီရမှာ ပရိယတ် ပဋိပတ် အရည်အချင်း ရှိမှ ဖြစ်မယ်။ ၂၀၀၇၊ စက်တင်ဘာတုန်းက ဦးဂမ္ဘီရ ဘယ်လိုအနေအထား ရှိတယ်ဆိုတာ နာမည်အနေနဲ့သာ သိတာ၊ သာသနာ အရည်အချင်းနဲ့ ပတ်သက်လို့ သိကြတာ မဟုတ်ဘူး။ ဒီတော့ သံဃာ အများစုက အထင်ကြီးတယ်။ အခု ထောင်က လွတ်ပြီးတဲ့နောက် ဦးဂမ္ဘီရရဲ့ လုပ်ကိုင် ပြောဆိုပုံတွေကို မီဒီယာက တဆင့် သိလာကြတော့ ဦးဂမ္ဘီရ ပရိယတ်ပဋိပတ် အရည်အချင်း ဘာမှ မရှိဘူး-ဆိုတာ သိသွားကြပြီ ဖြစ်လို့ ဦးဂမ္ဘီရကို အထင်မကြီးကြ တော့ပါဘူး။ စာတတ်ပေတတ် သံဃာတွေရဲ့ အထင်ကြီးမှု၊ ထောက်ခံမှုကို ရအောင် ဦးဂမ္ဘီရ စာသင်သင့်တယ်။ စာတတ်မှ သံဃာထုရဲ့ ထောက်ခံမှုကိုရမှ ကိုယ်မကြိုက်တဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်မယ်။ အခု ကိစ္စအတွက် အကြံပြုရရင်တော့ မဟန ဆရာတော်ကြီးတွေထံ တင်ထားတဲ့ စာကို ပြန်ရုပ်သိမ်းပြီး တောင်းပန် ဝန်ချလိုက်တာ အကောင်းဆုံးပါ။ နောက်နောင် ဆရာတော်ကြီးတွေ ဆုံးမတဲ့အတိုင်း တသဝေ မတိမ်းလိုက်နာပါမယ်လို့လဲ ဝန်ခံကတိပြုပါ။ ဒီလို မလုပ်လို့ကတော့ ဦးဂမ္ဘီရ “သူရဲကောင်း” မဖြစ်ဘဲ “မိုက်ရူးရဲ” ပဲ ဖြစ်လိမ့်မယ်။

    ကျေးစေတမန်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။