Pages

Sunday, February 19, 2012

ယနေ့ ကျင်းပတဲ့ ရွှေညဝါဆရာတော်ကြီးအား နှုတ်ဆက်ပွဲ အခမ်းအနား.. (ဓာတ်ပုံ)

ယနေ့ မနက်ပိုင်းက ကျင်းပတဲ့ ရွှေညဝါဆရာတော်ကြီး၏ နောက်ဆုံး နှုတ်ဆက်ပွဲ အခမ်းအနားသို့ ဆရာတော်ကြီး၏ တပည့်သံဃာ၊ သီလရှင်များ၊ ၂၀၀၇ရွှေဝါရောင် ဦးဆောင် သံဃာတော်များ၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ မျိုးဆက်သစ် ဗကသကျောင်းသားအဖွဲ့ဝင်များနဲ့ အစရှိသည့် အဖွဲ့အစည်း အသီးသီးနဲ့ ဆရာတော်ကြီးကို ကြည်ညိုကြသော ဒါယိကာ၊ ဒါယိကာမများ လူဦးရေ၁ထောင်ကျော်ခန့် တက်ရောက်ကြပါတယ်..။ ယနေ့နေ့လည် (၁)နာရီမှာတော့ မှော်ဘီမြို့ရှိ ပြောင်းရွှေ့သီတင်သုံး နေထိုင်မည့် ခြံသို့လိုက်ပါ ပို့ဆောင်မည် ဖြစ်ကြောင်း သိရှိရပါသည်...။ မှော်ဘီရှိ ဆရာတော်သီတင်းသုံးမည့် ခြံဝန်းအပြင်၌ သက်ဆိုင်ရာ စရဖနဲ့ လုံခြုံရေးအဖွဲ့ဝင်များ စောင့်ဆိုင်းနေကြောင်း သိရှိရပါသည်။
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ဇော်တူး

1 comment:

  1. လက်ရှိကျောင်းတိုက်ကလဲ နှင်ထုတ်သေးတယ် ။ ရွှေ့ပြောင်းနေမဲ့ မှော်ဘီက ခြံပိုင်ရှင်ကိုလဲ ခြိမ်းခြောက်တယ်ဆိုတော့ ဒါတော့ လွန်ပြီထင်သဗျာ။ ပြောင်းလဲတော့မယ်ဆိုတဲ့စကားက စိတ်ထဲက မပါဘဲ နိုင်ငံတကာအကူအညီ ရရုံသက်သက် ကမ္ဘာကို လိမ်ပြောတာလား ဦးသိန်းစိန်၇ယ်. ဦးဂမ္ဘီ၇ကိုလဲ နေစရာ မရှိအောင်လုပ် ပြဿနာရှာပြီး ထောင်ထပ်ချဦးမယ်ဆိုပါလား။ထောင်ထဲမှာလဲ စိတ်ကြိုက် ခေါင်းကို အိတ်စွပ်ပြီး ရိုက်နှက်ထားလို့ ကျန်းမာရေးကလဲ သိပ်မကောင်းသေးပါဘူး။တကယ်ဆို မဟနက ဦးစီးပြီး သာသနာရေးက ဆေးဝါးကုသပေးသင့်တာပါ.တကယ် ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်မှန်ကြတယ်ဆို၇င်ပေါ့.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။