Pages

Monday, April 16, 2012

မနက်ဖြန်မှာ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့မှ မနက်ဖြန် သင်္ကြန်အတက်နေ့မှာလည်း အစီအစဉ်အတိုင်း ဆက်လက်ဖျော်ဖြေမည်...

၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ မောင်မောင်ဆိုလေ ထီးရိုးရှည်သံချပ်အဖွဲ့ ဖျော်ဖြေနေစဉ် 
(ဓာတ်ပုံ Burma VJ)
သံလျင်မှာ ကိုမင်းကိုနိုင်တို့ အဖွဲ့တိုက်ခိုက်ခံရတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက် ကျောင်းသားအဖွဲ့နဲ့ နီးစပ်သူတဦး ထံဖုန်းဆက်သွယ်မေးမြန်းရာမှာ သိရှိရတာကတော့....

၈၈မျိုးဆက်ကျောင်းသားအဖွဲ့ သံလျင်မှ အပြန် သံလျင်တံတားပေါ်မှာ ခိုက်ရန်ဖြစ်ပွားနေတဲ့ လူအုပ်စုကို တွေ့ရှိခဲ့ရကြောင်းနဲ့ ကိုမင်းကိုနိုင်တို ညနေပိုင်းမှာ နေအိမ်သို့ ချောချောမောမော ပြန်လည် ရောက်ရှိကြောင်း ပြောဆိုပါတယ်..။ မနက်ဖြန်သင်္ကြန်အတက် နေ့မှာလည်း  မနက် ၇နာရီခွဲမှ စ၍ အစီအစဉ်အတိုင်း လှည့်လည် ဖျော်ဖြေမှာ ဖြစ်ကြောင်း သိရှိရပါတယ်..။

သံလျင်တံတားပေါ်မှာ ခိုက်ရန်ဖြစ်ပွားနေတဲ့ လူအုပ်စုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ အဆိုပါ သတင်း အနေအထားကို အတိအကျ မသိရှိရပေမယ့် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ မသက်ဆိုင်ကြောင်း ပြောဆိုပါတယ်..။ မနက်ဖြန်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့မှာ ဖျော်ဖြေတင်ဆက်မှာ ဖြစ်ကြောင်း သိရှိရပါတယ်..။

သံလျင်မှ ကိုညီညီဦးထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း အချိန်လင့်နေတဲ့အတွက် အဆက်အသွယ် မရရှိခဲ့ပါ..။

ဒီမိုဝေယံ

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။