Pages

Sunday, April 15, 2012

ယနေ့ တိုကျိုမြို့မှာ ကျင်းပ ပြုလုပ်တဲ့ (၂၁)ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲ မှတ်တမ်း ဓာတ်ပုံများနှင့် အိုင်တီတိုကျိုရဲ့ သင်္ကြန်တေးသီချင်း ရုပ်သံ..

ယနေ့ ရာသီဥတု သာယာကြည်လင်တဲ့ တိုကျိုမြို့ရဲ့ အထင်ကရ Gin Za ရပ်ကွက်ရှိ Hibya ပန်းခြံမှာ အစဉ်အလာ မပြတ် (၂၁)ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန်အား ကျင်းပပြုလုပ်ခဲ့ပါတယ်...။ နှစ်စဉ်နှစ်တိုင်း ဖျော်ဖြေပါဝင်နေကြ ဂီတဝါသနာရှင်များရဲ့ ဖျော်ဖြေမှုများ၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ယိမ်းများ၊ အစဉ်အလာမပြတ် တိုကျိုမြို့မှ နာမည်ကြီး မင်္ဂလာဒိုးအဖွဲ့တို့မှ ကြွရောက်လာသော ပရိသတ်များအား ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်...။ အမိမြန်မာပြည် အမှတ်တရ မြန်မာ့ရိုးရာ အစားအသောက် ဆိုင်များ၊ အမှတ်တရ အရောင်းဆိုင်များနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်...။ ယခုနှစ် ၂၁ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲအား မြန်မာ၊ ဂျပန်နှင့် နိုင်ငံအသီးသီးမှ ပရိသတ် ၁၀၀၀ကျော်ခန့် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်..။

အိုင်တီတိုကျိုသင်္ကြန်မှ သင်္ကြန်ချစ်တဲ့ ဂီတဝါသနာရှင်များရဲ့ ဖျော်ဖြေသီဆိုမှုများ.. ရုပ်သံ.... ကိုသော်၊ ကိုထွန်းလွင်၊ ကိတ္ထိမ၊ ကိုအောင်သူ)
 တိုကျိုမြို့လယ် အထင်ကရ ဘုရင့်နန်းတော်၊ Ginza အရပ်မှာရှိတဲ့ ယနေ့ သင်္ကြန်ပွဲ ကျင်းပြုလုပ်ရာ
 Hibiya ပန်းခြံမြင်ကွင်း

10 comments:

  1. ဒီမိုရေ နိုင်ငံခြားမှာ ကျင်းပတဲ့ မြန်မာ့သင်္ကြန်မှာ မြန်မာ အမျိုးသမီးများ ၀တ်ပုံစားပုံနဲ့ ပြည်တွင်း အမျိုးသမီးလေးတွေ (တစ်ချို့)ရဲ့ ၀တ်ပုံစားပုံကို ယှဉ်ပြပြီး ပို့စ်တစ်ခုလောက် တင်ပေးပါလား ...

    ReplyDelete
  2. သင်းသင်းဝေ(နယူးယော့)April 16, 2012 at 9:06 AM

    အိုင်တီတိုကျိုသင်္ကြန်ဖန်တီးတဲ့ ကိုသော်(ဂျပန်)ကို. ချီးကျူးပါတယ်ရှင် အိုင်ဒီယာ ကောင်းလို့ပါ။

    ReplyDelete
  3. မောင်အောင်ကိုဦး(နေပြည်တော်)April 16, 2012 at 9:13 AM

    ကိုသော် အိုင်ဒီယာကောင်း တယ်ဗျို့။ကိုသော်တို့. အားလုံး အဆိုကောင်းကြတော့ အံ့သြမိပါတယ်ဗျာ။

    ReplyDelete
  4. တင်တင်နွယ်April 16, 2012 at 9:22 AM

    ကိုသော် ကိုထွန်းဝေကြီးကော မပါဘူးလားဟင်။ ကိုသော့် ရဲ့ သူငယ်ချင်း. တွေက စိတ်ဝင်စားစရာ. ကောင်းတဲ့ အသံတွေ. နဲ့. ကိုသော်ရွေးချယ်မှုဟာ ကွက်တိပါဘဲ

    ReplyDelete
  5. Oh !!! my god!!! great man!!!

    ReplyDelete
  6. Ko Thaw ! Yours are good singers.

    ReplyDelete
  7. အရမ်းအော်တဲ့လမ္မတော်ကဆန်းကျော်April 16, 2012 at 4:20 PM

    ကိုသော်ရေ""အိုင်ဒီယာကောင်းကောင်းနဲ့ဖန်တီးမှုအတွက်ဝမ်းသာ. ဂုဏ်ယူလျှက်ပါ

    ReplyDelete
  8. သန္တာ(ဆစ်ဒနီ)April 16, 2012 at 11:35 PM

    ကိုသော်(ဂျပန်)ရေ မြန်မာ့ရိုးရာကို ထိန်းသိမ်း တန်ဘိုးထားတဲ့အတွက် ချီးကျူးပါတယ်ရှင်။ကျမတို့ဆစ်ဒနီ သင်္ကြန်. ကိုလဲ. ရှုစားကြည့်ပါအုံးရှင်

    ReplyDelete
  9. ကိုထွန်းဝေထက်တော့ အပြတ်အသတ် သာသွားပြီ။. ကိုထွန်းဝေ. ကြီး. ဒိုးကြီးဘဲတီးမနေနဲ့. သူတို့တတွေလို. ကောင်းကောင်းမွန်မွန်. ဆိုတတ်အောင် ကြိုးစားပါအုံးရှင်

    ReplyDelete
  10. ကိုထွန်းဝေ မဆိုဘူးလား

    သိချင်လို့

    ဘိတ်သားလေး

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။