Pages

Sunday, April 1, 2012

ပေးပို့ရရှိလာတဲ့ မြန်အောင်နဲ့ မြိတ်မှ သတင်းများ..

ယနေ့ နံနက်ပိုင်း ကော့မှူးမဲဆန္ဒနယ်မှ မဲရုံတရုံ မြင်ကွင်း (Getty Images)
မြန်အောင်သတင်း ဧရာဝတီတိုင် မြန်အောင်မြို့မှာ မဲစာရင်းထပ်မှုများနဲ့ မဲစာရင်းပျောက်ဆုံး မှုများ ရှိနေကြောင်းသိရှိရပါတယ်..။

မြိတ်ခရိုင် (ကျွန်းစုမြို့နယ်) (ပထက်ကမ်းရွာ ပြည်သူများ)အား မောင်လှသန်း(လုပ်ငန်းရှင်)မှ .ခြင်္သေ့အား မဲမပေးရင်ကျွန်းက မောင်းထုတ်မယ်ဟု ခြိမ်းခြောက် ပြောဆိုနေကြောင်း ပေးပို့လာပါတယ်..။ ပထက်ကမ်းဟာ၊ လုပ်ငန်းရှင် မောင်လှသန်းနဲ့ ကြံ့ဖွံ့အမတ် ကျားမောင်ပိုင်တဲ့ အအေးခန်းစက်ရုံတွေနဲ့ လှေထောက်ကျင်းတွေမှာ လုပ်ကိုင်နေကြရတဲ့ အလုပ်သမားတွေနဲ့ မိသားစုတွေဟာ သူတို့ကို မှီခိုနေရတဲ့အတွက် ယခုကဲ့သို့ ကျွန်းမှ မောင်းထုတ်မည်ဟု ပြောဆိုခြင်း ဖြစ်ကြောင်းသိရှိရပါသည်..။

ဒေါ်အောင်ဆန်းစုကြည်လာရောက်စဉ်က ရှပ်ပြေးယာဉ်ငှားခွင့် ပိတ်ပင်တာလည်း ၎င်းတို့(၂)ဦးဖြစ်ကြောင်း ရေးသားပေးပို့လာပါတယ်..

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။