နေပြည်တော် တိုင်းဒေသကြီး ဥတ္တရသီရိမြို့နယ်မှာ ဆန္ဒမဲပေးပြီးတဲ့ နေရာ ၂ခုအနက် ငလိုက်ချောင်းအထက် အောင်သပြေ ကျေးရွာမှာ မဲဆန္ဒရှင်အားလုံး မဲပေးပြိးလို့ မဲရုံပိတ်ပြီးတဲ့ အချိန်အထိ လာရောက် မဲပေးသူ ၂၁၅ဦးအနက် အဖွဲ့ချုပ်မှ ဦးမင်းသူမှ ၁၅၈မဲ အနိုင်ရရှိခဲ့သည်။
နေပြည်တော်တိုင်းဒေသကြီး၊ ဥတ္တရသီရိမြို့နယ် မင်းကုန်ကျေးရွာ မဲရုံအမှတ်၇/၁၉ တွင် လေကြောင်းရန် ကာကွယ်ရေးတပ် ၁၀၁၆ တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၂၀၀ကျော်အနက် ကြံ့ဖွံ့ပါတီက ၁၉၇မဲရရှိပြီး နံနက် ၁၁ အချိန်က မဲရုံပိတ်သွားကြောင်း သိရသည်။ ထိုမဲရုံတွင် မဲရုံမှူးမှာ တပ်ရင်းမှူး ဇော်မင်းသိန်း ဦးစီးသောကြောင့် ၎င်းမဲရုံကော်မရှင်က ဘာမှမလုပ်ပေးနိုင်ကြောင်း သိရှိရသည်။ အနီးကပ် စောင့်ကြည့်ဖို့လည်း အခြေအနေ မပေးခဲ့ကြောင်း သိရသည်..။ လေကြောင်းရန် ကာကွယ်ရေးတပ်၁၀၁၆ရဲ့ မဲရုံဟာ တပ်ထဲမှာမဲရုံဖွင့်ထားတာ ဖြစ်ပြီး ဂိုဒေါင်လို ဟာမျိုးထဲမှာပါ။ တပ်ရင်းမှူးက ကြံ့ဖွံ့ကိုပေးခိုင်းတယ်လို့  သိရှိရပါတယ်..။ မဲတွေပေါ်မှာ အမှန်ခြစ်ထားတာက တဦးထည်းက ခြစ်ထားသလိုမျိုး ဖြစ်နေကြောင်း သိရှိရပါသည်..။
ဒီမိုဝေယံနဲ့ ကောင်းစုလင်း ဆက်သွယ်မေးမြန်း ထားတာပါ..။
ဆက်လက် မေးမြန်းစုံစမ်းနေပါသည်..။ ဒါကတပ်နယ်မြေနဲ့ ပြည်သူတွေ နယ်မြေ ယှဉ်ပြတာပါ..။ နေပြည်တော်မှာ ၄ဦးလုံး အခြေအနေကောင်းတယ် လို့လည်း သိရှိရပြီး ယနေ့မြန်မာမှ ဆက်သွယ် မေးမြန်းချက်ကို မကြာမှီတင်ပေးပါမယ်.။
အေးလေသူတို့ကတော့ကြံ့ဖွတ်ကိုပဲပေးမှာပဲ
ReplyDeleteကြိုက်သလောက်ပေးပါစေပြည်သူတွေရဲ့
နှလုံးသားထဲကမဲနဲ့တော့လုံးဝယှဉ်နိုင်မှာမဟုတ်ဘူး
......
ဒီလောက်န့မည်ကြီးနေတဲ့ NLD မနိုင်တဲ့ မြို့နယ်တွေလဲတင်ပေးပါဦးဗျ။ ဥပမာ- ဝင်ပြိုင် ဘယ်နှစ်မြို့နယ်၊ နိုင် ဘယ်နှစ်မြို့နယ်၊ ရှူံး ဘယ်နှစ်မြို့နယ်၊ ပြိုင်ဘက်ပါတီနဲ့မဲ အရေအတွက်တူ ဘယ်နှစ်မြို့နယ် စသည်ဖြင့်ပေါ့ဗျာ။ By-Election မှတ်တမ်းပေါ့ဗျာ။
ReplyDeleteအပေါ်ကခွေးမသား NLDကရှုံးမလားကွ မင်းအမေလင်တွေဘဲရှုံးံးံးမှာမှ
ReplyDelete